အထွေအထွေဗဟုသုတ

အဖော်အိပ်ပေးမယ့် ကလေးတွေမရောက်ခင် ချိုးချိုးချွတ်ချွတ်သံကြားလို့ မသိမသာကြည့်လိုက်တဲ့အခါ..

အပျိုကြီးပုံပြင် အသက်၄၀ နီးပါးရှိနေပြီဖြစ်သော အပျိုကြီး။ ကူဖော်လောင်ဖက်လည်း မရှိတော့ ညကျရင် အိမ်နီးချင်း သူငယ်မလေးတွေကို ခေါ်၍ အိပ်တယ်။ တစ်ည အဖော်အိပ်ပေးမယ့် ကလေးတွေမရောက်ခင် ချိုးချိုးချွတ်ချွတ်သံကြားလို့ မသိမသာကြည့်လိုက်တော့ သူခိုးကပ်နေမှန်း သိလိုက်တယ်။ ကြောက်လည်းကြောက်တယ် ရှိစုမဲ့လေးတွေပါသွားမှာလည်း စိုးတယ်။အော်လိုက်ပြန်လည်း သူခိုးက ဒီအတိုင်းထွက်ပြေးရင်တော်ရဲ့ သူမကိုရန်ပြုမှဖြင့်။ ခဏနေတော့ အကြံရသွားတယ်။ဟဲ့ ကောင်မလေးတွေ ညည်းတို့ကို ငါပုံပြင်ပြောပြမယ်ဆိုပြီး သူ့ဘေးမှာ လူရှိနေသလို အသံခပ်ကျယ်ကျယ်နဲ့ ပြောတယ် ဟုတ်ကဲ့ နားထောင်မှာပေါ့ရှင့် ဆိုပြီး ကောင်မလေးတွေက ပြန်ပြောလေဟန် အသံဖျက်ပြီး သူ့ဟာသူ ပြောပြန်တယ်။ပြီးတော့ ပုံပြင်စပြောတယ်။ “ရှေးအခါက ရွာတစ်ရွာမှာ အလွန်ကပ်စေးနဲတဲ့ မိန်းမကြီးတစ်ယောက်ရှိတယ်တစ်နေ့တော့ အဲဒီမိန်းမကြီးဟာ ချောင်းတစ်ဖက်ကမ်းမှာရှိတဲ့ ရွာတစ်ရွာကို အကြွေးသွားတောင်းတာပေါ့… သူချောင်းဖြတ်ဖို့ လှေတစ်စင်းကိုခေါ်ပြီး ဟိုဖက်ကမ်းကို အသွားအပြန် ငွေတစ်ပြားပေးမယ်…ပို့ပေးနိုင်မလားမေးတာပေါ့… […]

အထွေအထွေဗဟုသုတ

ချမ်းသာတဲ့လူကိုလက်ထပ်ဖို့ကြိုးစားနေတဲ့မိန်းမတစ်ယောက်ကို ပညာသားပါပါစာပြန်ခဲ့တဲ့သူဌေးတစ်ဦး

သူရှာဖွေရေးဖိုရမ်တစ်ခု မှာ အောက်ပါ ပို့စ်ကို တင်ခဲ့ပါတယ်။ ဒီနေရာမှာ ကျွန်မ ရိုးရိုးသားသားပြောပါရစေ…ဒီနှစ်မှာ ကျွန်မအသက်၂၅ ပြည့်ပါပြီ။ ကျွန်မက အတော်လှပါတယ်။ စတိုင်နဲ့ ဆွဲဆောင်မှုလည်းရှိပါတယ်။ တစ်နှစ်လစာ ဒေါ်လာ၅သိန်းနဲ့ အထက်လောက် ဝင်တဲ့လူကို လပ်ထပ်ချင်ပါတယ်။ ရှင်တို့ကတော့ ပြောမယ်။ ကျွန်မက လောဘကြီးတယ်ပေါ့။ ဒါပေမဲ့ တစ်နှစ် ဒေါ်လာ ၁သန်းလောက် ရတဲ့လူဟာ နယူးယောက်လိုမြို့မှာ လူလတ်တန်းစားအဆင့် ပဲရှိပါတယ်။ ကျွန်မတောင်းတာ မမြင့်ပါဘူး။ ခု ဒီဖိုရမ်ထဲမှာ တစ်နှစ် ဒေါ်လာ ၅သိန်းလာက် ဝင်တဲ့လူများရှိလား။ ရှိတဲ့လူတွေ အားလုံး လပ်ထပ်ထားကြသလားရှင်။ ရှင်တို့လို လူတွေကို လပ်ထပ်ဖို့ ကျွန်မ ဘာတွေများလုပ်သင့်သလဲ???? ကျွန်မ တွဲခဲ့ဖူးတဲ့လူတွေထဲမှာ အချမ်းသာဆုံးက တစ်နှစ် ဒေါ်လာ နှစ်သိန်းခွဲ ရတဲ့လူပါ။ ဒါ […]

အထွေအထွေဗဟုသုတ

အကယ်၍ ကျွန်မယောက်ျားသာ အငယ်အနှောင်း တွေ့နေခဲ့ရင်….

Unicodeဖြင့်ဖတ်ရန် ဟိုမယားငယ်မလဲ ပါးမရိုက်ဘူး။ ကိုယ့်ယောက်ျားလဲ ဘာမှမလုပ်ဘူး။ ကိုယ့်ခွန်အားကို သူတို့ ကို ရိုက်နှက် မသုံးတော့ဘူး။ တခုလတ်မ ဘဝနဲ့ မနက်ဖြန်တွေကို ကျော်ဖြတ်ဖို့ ခွန်အား ချန်ထားလိုက်တော့မယ်။ ကွာရှင်းခွင့်ပဲ တောင်းလိုက်မယ်။ အပျော်အပါးမယားပဲ ရှုပ်ရှုပ်.. သာယာလို့ နောက်မယားပဲ တွေ့တွေ့ ။ အဓိကက ကာယကံရှင် ကိုယ့်ယောကျာ်းက တရားခံပဲ။ အဲမိန်းကလေးကရော လက်ခံရက်လို့ လက်ခံရင် သူ့ဘဝနဲ့သူ သွားလိမ့်မယ်။ ကျွန်မ ဗုဒ္ဓဘာသာဝင် တယောက်အနေနဲ့ ဝဋ်ဆိုတာ လက်ခံတယ်။ တောင်းပန်ပါတယ် နောက်မလုပ်ပါဘူး ဆိုပီး ပြန်လာပြောလဲ ကျွန်မတို့ မိန်းမတွေသာ မှားခဲ့ရင် ရှင်တို့ ယောက်ျား လက်ခံနိုင်မလားပဲ မေးချင်တယ်။ ကိုယ်တွေမိန်းမ ရွံတာထက် သူတို့ယောကျာ်း တွေက ၁၀ ဆ […]

အေထြအေထြဗဟုသုတ

မလှောင်ပါနဲ့ သားရယ် ရှက်စရာမဟုတ်ပါ….အဘွားတို့ကို မလှောင်ကြပါနဲ့ သားတို့ရယ်…

မလှောင်ပါနဲ့ သားရယ် ရှက်စရာမဟုတ်ပါ….အဘွားတို့ကို မလှောင်ကြပါနဲ့ ဝေးလံခေါင်သီတဲ့ ဒေသကနေ ဘုရားလာဖူးတဲ့ အဘွားတွေကို လူငယ်တစ်ယောက် ဓာတ်ပုံရိုက်ပြီး မစူးစမ်းမဆင်ခြင်ဘဲ Onlineပေါ် တင်လိုက်တယ်….. သူတင်လိုက်တဲ့ပုံက ခဏအတွင်းမှာပဲ ပြန့်သွားပြီး တစ်ချို့က လှောင်ကြ တစ်ချို့က မလှောင်သင့်ကြောင်းပြောကြတာပေါ့။ ဒါကို အဲ့ဒီလူငယ်က မသိသေးပါဘူး… အဲ့ဒီနောက် အဘွားတွေရှိရာကို သွားပြီး အဘွားတစ်ယောက်ကို သွားမေးတယ်……. လူငယ် > ဘွားဘွား တစ်ခုလောက်မေးပါရစေ….? ဘွား၂> ရပါတယ်… မေးပါ သား…. လူငယ် > ဘွားဘွားတို့က ဘုရားဖူးလာတာဆိုရင် ဘာဖြစ်လို့ ဝတ်ကောင်းစားလှ ဝတ်ပြီး မလာကြတာလဲ..? သားတို့ မြို့ကြီးက လူတော်တော်များများက ဘုရားဖူးသွားကြရင် ဝတ်ကောင်းစားလှတွေ ဝတ်ကြတယ်…။ ဘွား၂> ဒီလိုကွဲ့သား…အဘွားတို့က ဘုရားကို ဖူးဖို့ပဲလာတာ…ဘုရားဖူးဖို့. ဝတ်ကောင်းစားလှတွေဝတ်မှ […]

အထွေအထွေဗဟုသုတ

ခြေညှိုးက ခြေမထက် ရှည်နေတဲ့သူဆို ဒါကိုဖတ်ဖြစ်အောင်ဖတ်ကြည့်ပါ

ခြေညှိုးက ခြေမထက်ရှည်နေတဲ့ သူဟာ … ၁။ အချစ်ကြီးတယ် အစွဲအလမ်းကြီး ခံစားလွယ်တယ်။ ၂။ အငြိုးကြီးတယ် ရန်ငြိုးထားတတ်တယ်။ ၃။ ချစ်သူကိုဦးစားပေးတယ် ချစ်သူကိုလည်း အနိုင်ယူတယ်။ ၄။ ချစ်ပြီဆို ဘယ်လိုတားတား ဇွတ်ချစ်တယ် မုန်းပြီးဆို လုံးဝလှည့်မကြည့်ဘူး။ ၅။ စကားပြောတည်တယ် ခင်သွားရင် ပေါတောတောလုပ်တတ်တယ်။ ၆။ အိမ်မှာ ဘုရင် အပေါင်းအသင်းကြား သူမပါမပြီး။ ၇။ သူများအားမကိုးတတ်ဘူး အကူအညီယူပြီးရင်လည်း ကျေးဇူးဆပ်ဖို့မမေ့တတ်ဘူး။ ၈။ လူချစ်လူခင်ပေါသလို မနာလိုသူလည်း ပေါများတယ်။ ၉။ ရည်ရွယ်ချက်ကြီးတယ် လုပ်ချင်တာကို ကြိုးစားလုပ်တတ်တယ်။ ၁၀။ ပေးကမ်းလိုစိတ်ရှိတယ်။ မရှိ ရှိတာ လှူ ဒါန်းတတ်တယ်။ Credit: loveshop ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။ မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်… unicode ခွညှေိုးက […]

အထွေအထွေဗဟုသုတ

မှဲ့လေးတွေမှပြောပြသော သူတို့အကြောင်း

မှဲ့လေးတွေမှပြောပြသော သူတို့အကြောင်း မှဲ့များတည်နေရာနှင့် ၎င်းတိုကပြောပြသည့် သင့်အကြောင်း မှဲ့လေးတွေဟာ သင့်ခန္ဓာကိုယ်အနှံ့မှာ ရှိနေတတ်ပါတယ်။ ဒီမှည့်လေးတွေက သင့်ရဲ့အကြောင်းကို ဖော်ပြပေးနေတယ်လို့ ဆိုပါတယ်။ တကယ်မှန်လား မမှန်လားဆိုတာကတော့ ခုဖော်ပြပေးမယ့် အရာလေးတွေနဲ့ တိုက်ကြည့်လိုက်ပါဦး။ (၁) လက်ဖဝါးပေါ်ကမှဲ့ ဒီမှည့်လေးက ဘယ်လက်နဲ့ညာလက်ပေါ်မှာမူတည်ပြီး အဓိပ္ပါယ်လည်း ကွဲပြားသွားပါတယ်။ သင့်ရဲ့ဘယ်ဖက်လက်ဖဝါးမှာ ရှိနေရင်တော့ သင်ဟာ ငွေစုမိဖို့ ခက်ခဲတဲ့သူတစ်ယောက်ဖြစ်ပြီး၊ ညာလက်မှာရှိရင်တော့ သင်ဟာအတွက်အချက်၊ အတွေးအခေါ်ကောင်းတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ (၂) နဖူးပေါ်ကမှဲ့ နှဖူးပေါ်ကမှည့်ကတော့ သင်ရဲ့ကောင်းမွန်တဲ့ လူမှုဆက်ဆံရေးကို ဖော်ပြနေပါတယ်။ သင်ဟာ တက်ကြွဖျတ်လတ်သူ တစ်ယောက်ဖြစ်ပြီး ဝေဖန်ပိုင်းခြားနိုင်သူတစ်ဦးပါ။ သင့်မှာ ဦးဆောင်နိုင်တဲ့ စွမ်းရည်တွေလည်း ရှိပါတယ်။ (၃) နှာခေါင်းပေါ်ကမှဲ့ နှာခေါင်းပေါ်ကမှည့်ကတော့ သိပ်ပြီးမကောင်းပါဘူး။ သူတို့ဟာ မြှူဆွယ်တတ်တဲ့ သဘောသဘာဝကို ပိုင်ဆိုင်ထားပြီး လောင်းကစားကို […]

အထွေအထွေဗဟုသုတ

သောက်မိသူကို အသက်သေစေတဲ့ အထိဖြစ်စေနိုင်တဲ့ မစ်ရှိတ် အအေးဘူး က Bubble အလုံးလေးတွေရဲ့ အန္တရာယ်…

🚫သောက်မိသူကို အသက်သေစေတဲ့ အထိဖြစ်စေနိုင်တဲ့ မစ်ရှိတ် အအေးဘူး က အလုံးလေးတွေရဲ့ အန္တရာယ်… 🚫အအေးဆိုင်တွေမှာ မစ်ရှိတ်တွေ သောက်တဲ့အခါ သာကူစိအကြီးစားကြီးလို အိကျိအိကျိ နဲ့ အလုံးလေးတွေကို တွေ့မြင်ဖူးကြမှာပါ။ အထူးသဖြင့် Bubble Tea လိုအအေးတွေမှာ တွေ့ရပါတယ်။ သူက စားလို့လည်းကောင်းတယ်။ ဒါကြောင့် လူငယ်တွေ တော်တော်များများထဲက မိန်းကလေးတွေက တော့ နှစ်သက်ကြပါတယ်။ 🚫အဲ့ဒီ Bubble အလုံးလေးတွေကိုတော့ ပီလောပီနံ နဲ့ ပြောင်းမှုန့် ရောကြိုပြီးတော့ သကြားနဲ့ သမအောင် လုံးထားတဲ့ အလုံးလေးတွေဖြစ်ပါတယ်။ အလုံး ၁ လုံးတိုင်းမှာ ၁၄ ကယ်လိုရီ ပါဝင်ပါတယ်။အချိုရည်တစ်ဗူးဆိုရင် အလုံး ၁၀၀ နီးပါးပါတာမို့ ၁၄၀ဝ ကယ်လိုရီ ဖြစ်နေပါပြီ။ 🚫အဲ့ဒီ အလုံးလေးတွေကို အရမ်းကြိုက်နှစ်သက်တဲ့ […]

အထွေအထွေဗဟုသုတ

မိဘကျေးဇူး(လောပန်းလောင်းဖိုးဖိုးကြီး)

မိဘကျေးဇူး(လောပန်းလောင်းဖိုးဖိုးကြီး) ဒီနေ့ဖားကန့်မော်ထဲမှာ ဖိုးဖိုးကြီးတယောက်ကိုတွေ့လို့က်တယ်. ဖိုးကြီးဆိုတော့စုပ်ပျက်နေတာပေါ့ကွာ သူ့မှာလဲဝမ်းရေးအတွက်ကျောက်ရှာတုတ်လေးနဲ့(စိန်တူ) တံတိုင်လေး နဲ့ကွာ အသက်တော့(70)ကျော်နေလောက်ပြီ သူများရှာပြီးသား နေရာမှာလိုက်ရှာနေတော့ ကျာက်လဲမရဘူးပေါ့ ကျွန်တော်လေး ဖိုးကြီးကို ကြည့်ရင်းကြရင်း သနားလို့ စကားသွားပြောဖို့ အတွေးထဲဝင်လာမိတယ် အားပေးစကားလေးဘာလေးပေါ့ အဖိုးနားရောက်တော့ ‘ ဖိုးဖိုးကျောက်ရလား, မြေးရယ် ဖိုးဖိုး မျက်စိလဲမကောင်း အားလဲအရင်လိုမရှိ ဆိုတော့ ဖိုးကျောက်မရတာသုံးလေးလလောက်ရှိပြီ ထမင်းစားကျောက်လေးတောင်မှ မရတတ်တော့ဘူးဖိုးဖိုးစကားကြားတော့ ကျွန်တော့် ရင်ထဲမှာမျက်ရည်ကျ မိတယ် ဒီလိုနဲ့ ထပ်မေးကြည့် လိုက်တယ်သားသမီး မရှိဘူးလားပေါ့ဒီမေးခွန်း ကြောင့် ဖိုးဖိုးကြီးမျက်ရည်ဝဲ လာတယ် မေးသူရှိတော့မျက်ရည်ဝဲဝဲနဲ့ ဘဲ ဖိုးဖိုးကြီးပြောလာရှာတယ် ဖိုးမှာ သားသမီး ကိုးယောက်ရှိတယ် သူတို့လေးတွေ ငယ်ငယ်တုန်းကဆို အိမ်မှာ ပွဲကြီးလိုဘဲ ဆူညံ နေတာဘဲ ယောက်ကျားလေးငါးယောက် မိန်းခလေး လေးယောက် ပျော်စရာကြီး […]

အထွေအထွေဗဟုသုတ

ဇွဲကပင်တောင်ကြီးကိုတိုင်တည်လို့ ရုပ်ပုံထင်ရှာ;ဇွဲကပင်မြေမှ သနားစရာ ကရင်မောင်နှမ(၂)ဦး၏ သမိုင်းကြောင်း…

သမိုင်းအကြောင်းအရ ပြောရမည်ဆိုလျှင် ကရင်အမျိုးသားကြီးစဝ်ဖါ့သန့်(သိုင့်) နှင့် ဇနီးဖြစ်သူ နော်ဖေါ့ယာ့် တို့တွင့် စံစေ့ဖိုးနှင့် နော်မူးဖါန် ဟုခေါ်သော သားသမီး (၂)ဦး ရှိခဲ့လေ၏ အနှစ်နှစ်အလလက ခြိုးခြံချွေတာပြီး ရိုးရိုးသားသား ကြိုးစားစုဆောင်းခဲ့သမျှ သားကလေး ရှင်သာမဏေလောင်းဖြစ်ဖို့ အလှူကြီးလုပ်ရန် တောင်ယာ ထဲ့တွင် အလုပ်ကြိုးစားနေရင်း ကံတရား၏ ဆိုးရွားမူကြောင့် ဖခင်ဖြစ်သူ စဝ်ဖါ့သန့်(သိုင့်) မှာ ကျားကိုက်ရင်း တောင်ယာ ထဲ့တွင် သေဆုံးသွားလေ၏ …။ ဖခင်ကြီး ဆုံးပါး သွားသည့်နောက်ပိုင်းတွင် ကရင်အမျိုးသမီး နော်ဖေါ့ယာ် သည် မုဆိုးမဘဝအဖြစ်နှင့် သားသမီးနှစ်ယောက် ကျန်ခဲ့လေ၏။ မုဆိုးမ နော်ဖေါ့ယာ့တို့သားအမိကို ဘဝဆိုးမှ လွတ်မြောက်စေလိုပါသည်ဆိုသော ရွာသူရွာသားတို့၏ တိုက်တွန်းချက်၊ မိမိဘဝကို သနားကရုဏာသက်လှပါတယ်ကလေးတွေကိုလည်း ရင်သွေးအရင်အချာများနှယ် စာနာညှာတာစွာဖြင့် ချစ်ခင်ပါသည်ဆိုသော တစ်ရွာတည်း မုဆိုးဖိုဖြစ်သူ […]

အထွေအထွေဗဟုသုတ

မိန်းကလေး အများစု မသိသေးတဲ့ ယောင်္ကျားတွေ ဖောက်ပြန်တဲ့ အကြောင်းရင်းများ

မယားကြီးကလှရဲ့သားနဲ့ ဒီကောင်မယားငယ်နဲ့ ဖောက်ပြန်တာ တော်တော်လွန်တာပဲ တဲ့။ ဒါအခုတလော အရမ်းဟော့နေတဲ့ ဖြစ်ရပ်လေးတစ်ခုမှာ လူပြောများနေတဲ့ စကားတစ်ခွန်းပေါ့ …။ ကျနော့်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ် အိမ်ကပေးစားတာမဟုတ်ဘူး ချစ်လို့ယူထားတဲ့ မိန်းမတစ်ယောက်သူ့မှာရှိတယ် တစ်နှစ်ကျော်‌လောက်ပေါင်းပြီး ဒီကောင် နောက်တစ်ယောက်နဲ့ဇယားကပ်ရော …။ ဒီအဖြစ်အပျက်ကမျိုးစောင့်ဥပဒေတွေဘာတွေ မပြဌာန်းခင် လွန်ခဲ့တဲ့ 3နှစ်လောက်အရင်ကပေါ့ မိန်းမကသိတော့ တငိုငိုတရီရီနဲ့ ကွာရှင်းမယ်မပေါင်းဘူးလုပ်ရော၊ သူ့ပတ်ဝန်းကျင် သူ့အသိုင်းအဝိုင်းကပါ ဒီကောင့်ကို ရွံပြီးလုံးဝလက်မခံတော့ အဲဒီမယားအငယ်လေးနဲ့ တခြားမြို့မှာ လုပ်ကိုင်စားသောက်ပြီးနေတယ် …။ သူ့ပထမမိန်းမက ရိုးရိုးအေးအေး စက်ဆရာမ ကောင်မလေးက အလှကြီးမဟုတ်ပေမယ့် ဖြူဖြူသွယ်သွယ် ရိုးရိုးယဉ်ယဉ် ချစ်စရာလေး၊ နောက်ယူလိုက်တဲ့ မယားငယ်က KTVကဆော်၊ သူ့ပထမမယားရဲ့ ခြေဖျားမမီဘူး …။ ကိုယ်လဲသိသိချင်းက ဒီကောင့်ကိုရွံပြီးစကားမပြောဘူး။ အဲဒီလိုဖြစ်ပြီး 2နှစ်လောက်ကြာပြီးတော့ မန်းလေးသွားရင်းတစ်ရက်ဈေးချိုထဲမှာအမှတ် မထင် […]