အေထြအေထြဗဟုသုတ

မွဲ႔ေလးေတြမွေျပာျပေသာ သူတို႔အေၾကာင္္း

မွဲ႔ေလးေတြမွေျပာျပေသာ သူတို႔အေၾကာင္္း

မွဲဲ႔မ်ားတည္ေနရာႏွင့္ ၎တုိိကေျပာျပသည့္ သင့္အေၾကာင္း

မွဲဲ႔ေလးေတြဟာ သင့္ခႏၶာကိုယ္အႏွံ႕မွာ ရွိေနတတ္ပါတယ္။ ဒီမွည့္ေလးေတြက သင့္ရဲ႕အေၾကာင္းကို ေဖာ္ျပေပးေနတယ္လို႔ ဆိုပါတယ္။ တကယ္မွန္လား မမွန္လားဆိုတာကေတာ့ ခုေဖာ္ျပေပးမယ့္ အရာေလးေတြနဲ႔ တုိက္ၾကည့္လိုက္ပါဦး။

(၁) လက္ဖဝါးေပၚကမွဲ႔

ဒီမွည့္ေလးက ဘယ္လက္နဲ႔ညာလက္ေပၚမွာမူတည္ျပီး အဓိပၸါယ္လည္း ကြဲျပားသြားပါတယ္။ သင့္ရဲ႕ဘယ္ဖက္လက္ဖဝါးမွာ ရွိေနရင္ေတာ့ သင္ဟာ ေငြစုမိဖုိ႔ ခက္ခဲတဲ့သူတစ္ေယာက္ျဖစ္ျပီး၊ ညာလက္မွာရွိရင္ေတာ့ သင္ဟာအတြက္အခ်က္၊ အေတြးအေခၚေကာင္းတဲ့ သူတစ္ေယာက္ျဖစ္ပါတယ္။

(၂) နဖူးေပၚကမွဲ႔

ႏွဖူးေပၚကမွည့္ကေတာ့ သင္ရဲ႕ေကာင္းမြန္တဲ့ လူမႈဆက္ဆံေရးကို ေဖာ္ျပေနပါတယ္။ သင္ဟာ တက္ၾကြဖ်တ္လတ္သူ တစ္ေယာက္ျဖစ္ျပီး ေဝဖန္ပိုင္းျခားႏိုင္သူတစ္ဦးပါ။ သင့္မွာ ဦးေဆာင္ႏိုင္တဲ့ စြမး္ရည္ေတြလည္း ရွိပါတယ္။

(၃) ႏွာေခါင္းေပၚကမွဲ႔

ႏွာေခါင္္းေပၚကမွည့္ကေတာ့ သိပ္ျပီးမေကာင္းပါဘူး။ သူတို႔ဟာ ျမွဴဆြယ္တတ္တဲ့ သေဘာသဘာဝကို ပိုင္ဆိုင္ထားျပီး ေလာင္းကစားကို ခံုမင္ၾကပါတယ္။

(၄) ပါးျပင္ေပၚကမွဲ႔

သင့္ရဲ႕ညာဖက္ပါးျပင္မွာမွဲ႔ရွိရင္ေတာ့ သင္ဟာ ထိရွလြယ္သူတစ္ေယာက္ျဖစ္ျပီး၊ မိဘကိုလည္း အရမး္သိတတ္သူပါ။ ဘယ္ဖက္ပါးျပင္ေပၚမွာရွိရင္ေတာ့ သင္ဟာ လူမႈေပါင္းသင္းဆက္ဆံေရး မေကာင္းသလုိ၊ သူငယ္ခ်င္းသစ္ဖြဲ႔ရမွာလည္း သင့္အတြက္ ခက္ခဲပါတယ္။

(၅) နားရြက္္ေပၚကမွဲ႔

သင့္ရဲ႕နားရြက္မွာ မွဲ႔ရွိရင္သင္ဟာ ထူးျခားတဲ့ ပင္ကိုစြမး္ရည္ေတြကို ပိုင္ဆိုိင္ထားရံုသာမက ဥာဏ္ပညာလည္း ထက္ျမက္သူတစ္ေယာက္ပါ။ ဒီလိုိလူမ်ိဳးေတြဟာ ခ်မ္းသာစည္းစိမ္ေတြအျပည့္နဲ႔ ေနထုိင္ရမွာပါ။ တကယ္လို႔သင့္မွဲ႔ဟာ နားရြက္ရဲ႕အေနာက္ဖက္မွာဆိုရင္ေတာ့ သင္ဟာ ေရွးရိုးစြဲတစ္ေယာက္ပါ။

(၆) ႏႈတ္ခမး္ကမွဲ႔

ႏႈတ္ခမ္္းအေပၚဖက္မွာမွဲ႔ရွိရင္ သင္ဟာ စကားေဖာင္ဖြဲ႔ရတာနဲ႔ အတင္းအဖ်င္းေတြေျပာရတာ ၾကိဳက္ႏွစ္သက္သူပါ။ သင့္မွဲ႕က ႏႈတ္ခမ္းေအာက္ဖက္မွာရွိိရင္ေတာ့ သင္ဟာ အစားအေသာက္ေကာငး္ေတြကို ခံုမင္ႏွစ္သက္သူပါ။ ေမးေစ့မွာမွဲ႔ရွိရင္ေတာ့ သင္ဟာ နည္းစနစ္က်က်ေတြး ေခၚတတ္သူျဖစ္ျပီး ႏိုင္ငံေရးအျမင္ရွိသူတစ္ဦးပါ။

(၇) ေျခဖဝါးကမွဲ႔

သင့္ရဲ႕ေျခဖဝါးမွာမွဲ႔ရွိရင္ေတာ့သင္ဟာ ခရီးသြားရတာကို အထူးၾကိဳက္ႏွစ္သက္သူျဖစ္ျပီး ကမၻာအႏွံ႕ေရာက္ဖူးခ်င္တဲ့သူ ျဖစ္ပါတယ္။

(၈) ရင္ဘတ္ေပၚကမွဲ႔

ရင္ဘတ္ေပၚမွာမွည့္ရွိရင္ေတာ့ သင္ဟာ ေပ်ာ္စရာေတြနဲ႔ ဟာသေတြကို အထူးႏွစ္သက္ျပီး ဇိမ္က်က်ေနခ်င္သူတစ္ဦးပါ။ အပ်င္းလည္္း ႀကီးပါတယ္။

(၉) တံေတာင္ဆစ္နဲ႔ လက္ဖ်ံေပၚကမွဲ႔

တံံေတာင္ဆစ္နဲ႔လက္ဖ်ံမွာ မွည့္ရွိရင္ေတာ့ သင္ဟာ ယဥ္ေက်းသိမ္ေမြ႔ျပီး တည္ျငိမ္တဲ့သူတစ္ေယာက္ပါ။ သူတစ္ပါးရဲ႕ မွီခိုအားထားျခင္းကို္လညး္ ခံရမယ့္သူပါ။

(၁၀) ပုခံုးေပၚကမွဲ႔

ပုခံုးေပၚမွာမွည့္ရွိရင္ေတာ့ သင္ဟာလက္ေတြ႕သမား ျဖစ္ပါတယ္။ ေပါင္းသင္းဆက္ဆံေရး ေကာငး္မြန္ျပီး ခင္ဖု္ိ႔ေကာင္းတဲ့သူပါ။

(၁၁) လည္ပင္းကမွဲဲ႔

လည္ပင္းအေနာက္ဖက္မွာ မွဲ႔ရွိ္ရင္ေတာ့ သင္ဟာ သာမန္ဘဝနဲ႔ ရိုးရွင္းစြာေနရမယ့္သူပါ။ လည္ပင္းအေရွ႔ဖက္မွာ မွဲ႔ရွိ္ရင္ေတာ့ သင္ဟာ လူမႈဆက္ဆံေရး ေကာင္းတဲ့သူတစ္ေယာက္ျဖစ္ျပီး ကံေကာင္းျခင္းေတြၾကံဳရမွာပါ။

Em Em(Auntymay)

Unicode

မှဲ့လေးတွေမှပြောပြသော သူတို့အကြောင်း

မှဲ့များတည်နေရာနှင့် ၎င်းတိုကပြောပြသည့် သင့်အကြောင်း

မှဲ့လေးတွေဟာ သင့်ခန္ဓာကိုယ်အနှံ့မှာ ရှိနေတတ်ပါတယ်။ ဒီမှည့်လေးတွေက သင့်ရဲ့အကြောင်းကို ဖော်ပြပေးနေတယ်လို့ ဆိုပါတယ်။ တကယ်မှန်လား မမှန်လားဆိုတာကတော့ ခုဖော်ပြပေးမယ့် အရာလေးတွေနဲ့ တိုက်ကြည့်လိုက်ပါဦး။

(၁) လက်ဖဝါးပေါ်ကမှဲ့

ဒီမှည့်လေးက ဘယ်လက်နဲ့ညာလက်ပေါ်မှာမူတည်ပြီး အဓိပ္ပါယ်လည်း ကွဲပြားသွားပါတယ်။ သင့်ရဲ့ဘယ်ဖက်လက်ဖဝါးမှာ ရှိနေရင်တော့ သင်ဟာ ငွေစုမိဖို့ ခက်ခဲတဲ့သူတစ်ယောက်ဖြစ်ပြီး၊ ညာလက်မှာရှိရင်တော့ သင်ဟာအတွက်အချက်၊ အတွေးအခေါ်ကောင်းတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

(၂) နဖူးပေါ်ကမှဲ့

နှဖူးပေါ်ကမှည့်ကတော့ သင်ရဲ့ကောင်းမွန်တဲ့ လူမှုဆက်ဆံရေးကို ဖော်ပြနေပါတယ်။ သင်ဟာ တက်ကြွဖျတ်လတ်သူ တစ်ယောက်ဖြစ်ပြီး ဝေဖန်ပိုင်းခြားနိုင်သူတစ်ဦးပါ။ သင့်မှာ ဦးဆောင်နိုင်တဲ့ စွမ်းရည်တွေလည်း ရှိပါတယ်။

(၃) နှာခေါင်းပေါ်ကမှဲ့

နှာခေါင်းပေါ်ကမှည့်ကတော့ သိပ်ပြီးမကောင်းပါဘူး။ သူတို့ဟာ မြှူဆွယ်တတ်တဲ့ သဘောသဘာဝကို ပိုင်ဆိုင်ထားပြီး လောင်းကစားကို ခုံမင်ကြပါတယ်။

(၄) ပါးပြင်ပေါ်ကမှဲ့

သင့်ရဲ့ညာဖက်ပါးပြင်မှာမှဲ့ရှိရင်တော့ သင်ဟာ ထိရှလွယ်သူတစ်ယောက်ဖြစ်ပြီး၊ မိဘကိုလည်း အရမ်းသိတတ်သူပါ။ ဘယ်ဖက်ပါးပြင်ပေါ်မှာရှိရင်တော့ သင်ဟာ လူမှုပေါင်းသင်းဆက်ဆံရေး မကောင်းသလို၊ သူငယ်ချင်းသစ်ဖွဲ့ရမှာလည်း သင့်အတွက် ခက်ခဲပါတယ်။

(၅) နားရွက်ပေါ်ကမှဲ့

သင့်ရဲ့နားရွက်မှာ မှဲ့ရှိရင်သင်ဟာ ထူးခြားတဲ့ ပင်ကိုစွမ်းရည်တွေကို ပိုင်ဆိုင်ထားရုံသာမက ဉာဏ်ပညာလည်း ထက်မြက်သူတစ်ယောက်ပါ။ ဒီလိုလူမျိုးတွေဟာ ချမ်းသာစည်းစိမ်တွေအပြည့်နဲ့ နေထိုင်ရမှာပါ။ တကယ်လို့သင့်မှဲ့ဟာ နားရွက်ရဲ့အနောက်ဖက်မှာဆိုရင်တော့ သင်ဟာ ရှေးရိုးစွဲတစ်ယောက်ပါ။

(၆) နှုတ်ခမ်းကမှဲ့

နှုတ်ခမ်းအပေါ်ဖက်မှာမှဲ့ရှိရင် သင်ဟာ စကားဖောင်ဖွဲ့ရတာနဲ့ အတင်းအဖျင်းတွေပြောရတာ ကြိုက်နှစ်သက်သူပါ။ သင့်မှဲ့က နှုတ်ခမ်းအောက်ဖက်မှာရှိရင်တော့ သင်ဟာ အစားအသောက်ကောင်းတွေကို ခုံမင်နှစ်သက်သူပါ။ မေးစေ့မှာမှဲ့ရှိရင်တော့ သင်ဟာ နည်းစနစ်ကျကျတွေး ခေါ်တတ်သူဖြစ်ပြီး နိုင်ငံရေးအမြင်ရှိသူတစ်ဦးပါ။

(၇) ခြေဖဝါးကမှဲ့

သင့်ရဲ့ခြေဖဝါးမှာမှဲ့ရှိရင်တော့သင်ဟာ ခရီးသွားရတာကို အထူးကြိုက်နှစ်သက်သူဖြစ်ပြီး ကမ္ဘာအနှံ့ရောက်ဖူးချင်တဲ့သူ ဖြစ်ပါတယ်။

(၈) ရင်ဘတ်ပေါ်ကမှဲ့

ရင်ဘတ်ပေါ်မှာမှည့်ရှိရင်တော့ သင်ဟာ ပျော်စရာတွေနဲ့ ဟာသတွေကို အထူးနှစ်သက်ပြီး ဇိမ်ကျကျနေချင်သူတစ်ဦးပါ။ အပျင်းလည်း ကြီးပါတယ်။

(၉) တံတောင်ဆစ်နဲ့ လက်ဖျံပေါ်ကမှဲ့

တံံတောင်ဆစ်နဲ့လက်ဖျံမှာ မှည့်ရှိရင်တော့ သင်ဟာ ယဉ်ကျေးသိမ်မွေ့ပြီး တည်ငြိမ်တဲ့သူတစ်ယောက်ပါ။ သူတစ်ပါးရဲ့ မှီခိုအားထားခြင်းကိုလည်း ခံရမယ့်သူပါ။

(၁၀) ပုခုံးပေါ်ကမှဲ့

ပုခုံးပေါ်မှာမှည့်ရှိရင်တော့ သင်ဟာလက်တွေ့သမား ဖြစ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး ခင်ဖို့ကောင်းတဲ့သူပါ။

(၁၁) လည်ပင်းကမှဲ့

လည်ပင်းအနောက်ဖက်မှာ မှဲ့ရှိရင်တော့ သင်ဟာ သာမန်ဘဝနဲ့ ရိုးရှင်းစွာနေရမယ့်သူပါ။ လည်ပင်းအရှေ့ဖက်မှာ မှဲ့ရှိရင်တော့ သင်ဟာ လူမှုဆက်ဆံရေး ကောင်းတဲ့သူတစ်ယောက်ဖြစ်ပြီး ကံကောင်းခြင်းတွေကြုံရမှာပါ။

Em Em(Auntymay)