သမိုင္းအေၾကာင္းအရ ေျပာရမည္ဆိုလွ်င္ ကရင္အမ်ိဳးသားႀကီးစဝ္ဖါ့သန္႔(သိုင့္) ႏွင့္ ဇနီးျဖစ္သူ ေနာ္ေဖါ့ယာ္႕ တို႔တြင့္ စံေစ့ဖိုးႏွင့္ ေနာ္မူးဖါန္ ဟုေခၚေသာ သားသမီး (၂)ဦး ႐ွိခဲ့ေလ၏ အႏွစ္ႏွစ္အလလက ၿခိဳးျခံေခြၽတာၿပီး ႐ိုး႐ိုးသားသား ႀကိဳးစားစုေဆာင္းခဲ့သမွ် သားကေလး ႐ွင္သာမေဏေလာင္းျဖစ္ဖို႔ အလွဴႀကီးလုပ္ရန္ ေတာင္ယာ ထဲ့တြင္ အလုပ္ႀကိဳးစားေနရင္း ကံတရား၏ ဆိုး႐ြားမူေၾကာင့္ ဖခင္ျဖစ္သူ စဝ္ဖါ့သန္႔(သိုင့္) မွာ က်ားကိုက္ရင္း ေတာင္ယာ ထဲ့တြင္ ေသဆုံးသြားေလ၏ …။
ဖခင္ႀကီး ဆုံးပါး သြားသည့္ေနာက္ပိုင္းတြင္ ကရင္အမ်ိဳးသမီး ေနာ္ေဖါ့ယာ္ သည္ မုဆိုးမဘဝအျဖစ္ႏွင့္ သားသမီးႏွစ္ေယာက္ က်န္ခဲ့ေလ၏။ မုဆိုးမ ေနာ္ေဖါ့ယာ့တို႔သားအမိကို ဘဝဆိုးမွ လြတ္ေျမာက္ေစလိုပါသည္ဆိုေသာ ႐ြာသူ႐ြာသားတို႔၏ တိုက္တြန္းခ်က္၊ မိမိဘဝကို သနားက႐ုဏာသက္လွပါတယ္ကေလးေတြကိုလည္း ရင္ေသြးအရင္အခ်ာမ်ားႏွယ္ စာနာညႇာတာစြာျဖင့္ ခ်စ္ခင္ပါသည္ဆိုေသာ တစ္႐ြာတည္း မုဆိုးဖိုျဖစ္သူ ေစာဖါ့ပ်ဳဂ္ႏွင့္ ေနာက္တစ္ပင္ ထူေထာင္လိုက္ပါတယ္ …။
ထိုအခါ အျပစ္မဲ့ေသာ စံေစ့ဖိုးႏွင့္ ေနာ္မူးဖါန္တို႔ လူမမယ္ ေမာင္ႏွမႏွစ္ေယာက္၏ ျဖဴစင္ေသာႏွလုံးသားေလးေတြမွာ စိုးရိမ္ထိတ္လန္႔ျခင္း၊ ပူပင္ေသာကေဝဒနာအေရာင္တို႔ လႊမ္းမိုးညစ္က်ဴလာပါတယ္။ ၿငိမ္သက္ခဲ့ေသာအိမ္ကေလးမွာ ဆဲဆိုသံ၊ ေငါက္ငန္း မာန္မဲသံျဖင့္ ဆူညံလာပါတယ္။ အေဖမုန္းတီးခဲ့ေသာ အရက္ေသစာတို႔ အိမ္ေပၚက မဆင္းေတာ့ ပေထြး၏ ေဒါသႏွင့္ယုတ္မာေသာ ရင့္သီးေသာ ဆဲဆိုႀကိမ္းေမာင္းသံမ်ားေအာက္မွာ ေမာင္ႏွမႏွစ္ေယာက္ မ်က္ရည္ေပါက္ေပါက္ က်ခဲ့ရွာပါတယ္ …။
ေနာက္ဆုံးတြင္ ေနာ္ေဖါ့ယာ့သည္ ဥမမယ္အ႐ြယ္မေရာက္သားသမီးႏွစ္ေယာက္ကို ေတာ့အုံေခ်ာက္ၾကားႏြားေက်ာင္းတဖုံ စပါးေထာင္းတစ္လွည့္ မခိုင္းရက္ ခိုင္းရက္ျဖင့္ ခိုင္းခဲ့ရပါတယ္။ တစ္ေန႔တြင္ ပေထြး ျဖစ္သူမွ ေမာင္ႏွမ ႏွစ္ဦးအား ယာခင္း သို႔ေခၚကာ ယာခင္းသို႔ သြားရာလမ္းတြင္ ျမင့္မားမတ္ေစာက္ေသာ ေတာင္ကမ္းပါးႀကီး ေပၚမွ တြန္းခ်ကာ တစ္ဦးတည္း အိမ္ျပန္လာခဲ့၏။ ေမာင္ႏွမ ႏွစ္ဦးမွာ ေတာင္ေပၚမွ အက်တြင္ ဇြဲကပင္ဘုရားကို အာ႐ုံျပဳကာ ကယ္တင္ဖို႔ဆုေတာင္းၾကၿပီး ေသဆုံးမူ မျဖစ္ပဲ ကမ္းပါးေအာက္ ဝါး႐ုံေပၚတင္ေနလို႔ အသက္ခ်မ္းသာရာရခဲ့ပါတယ္ …။
ညဥ့္နက္သည္အထိ ဘုရားကို ၾကည္ညိဳရင္း အ႐ုဏ္က်င္းလုကာမွ မိခင္ထံျပန္လာကာအက်ိဳးအေၾကာင္း ေျပာျပၿပီး မိခင္ျဖစ္သူ သည္ ကေလးႏွစ္ေယာက္ကို က်စ္ေနေအာင္ ဖက္ထားရင္း ေနာ္ေဖါ့ယာ့ မခ်ိတင္ကဲ ခံစားရေတာ့တယ္။ သို႔ေသာ္ ကေလးႏွစ္ေယာက္ကို အိမ္မွာျပန္လည္၍ ေခၚထားဖို႔ကေတာ့ လုံးဝမျဖစ္ႏိုင္ေသာအခါ ရင္ေသြးႏွစ္ေယာက္ အသက္မေသလုံျခဳံေအာင္ မိမိႏွင့္လည္း အလွမ္းမေဝးရေအာင္ ဇြဲကပင္ေတာင္ေပၚက ေတာအုပ္အငူ လိုဏ္ဂူထဲတြင္ ဝွက္ထာၿပီး ထားခဲ့ပါတယ္ …။
အေမထားခဲ့ေသာ ေတာအုပ္အငူ လိုဏ္ဂူ ထဲကလည္း ေဝးေဝးလံလံကို မသြားဝံ့ၾကည့္ေလရာရာ ေတာအုပ္ႀကီး က ပိန္းပိတ္ညိဳေမွာင္ေနသည္။ တစ္ခါမွ မေရာက္ဖူးသည့္ေနရာ လူသူကင္းေဝး၍ သားရဲတိရစၧာန္တို႔အသံမ်ားကိုသာ ၾကားရသည့္ေနရာ သည္ေနရာမွာ မိခင္က လာပို႔ထားပါတယ္။ ပေထြးရန္ကိုေၾကာက္လြန္းလို႔သာ ေနခဲ့ရေပမယ့္ အေမ့ကို မခြဲခ်င္ၾက၊ လြမ္းေပမယ့္လည္း လမ္းကမသိ၊ေတာတိရစၧာန္တို႔ရန္က ႐ွိေသးတယ္။ အနီးအပါးက ရသမွ် ေတာသီႏွံကေလးမ်ားကို ခူးဆြတ္စားေသာက္ရင္း ဥတုရသီႏွင့္ေတာဒဏ္ကို ၾကံ့ၾကံ့ခံေနၾကရ႐ွာ၏ …။
ႏွမငယ္ကေလးက ဘာမွ်မသိ႐ွာေသးေတာ့ အစ္ကိုျဖစ္သူမွာ ဂ႐ုစိုက္ေနရပါတယ္။ မ်က္စိေအာက္ကအေပ်ာက္မခံရဲ၊အေဖကိုတမ္းတ၊ အေမ့ကိုလြမ္းရေသာေဝဒနာတို႔ကို ႀကိတ္မွတ္ခံစားရင္း ဒုကၡမုန္တိုင္းဒဏ္ကို အလူးအလဲ အံတူေနၾက႐ွာ၏။ ငယ္႐ြယ္သူ ႏွမေလး ကို ငဲ့ညႇာရလြန္းေတာ့ အစ္ကိုလုပ္သူမွာ ဝလင္သည္ဟုပင္ မ႐ွိခဲ့ပါ …။
တစ္ေန႔ေသာ နံနက္တြင္ ခ်မ္းေအးလွေသာ ရာသီဥတု ကို မီးပုံဖိုၿပီး ေမာင္ႏွမႏွစ္ေယာက္ အံတုရင္ဆိုင္ေနၾကစဥ္ ခံ့ညားေသာ ရေသ့အိုႀကီး တစ္ပါး သူ႕ထံ ေရာက္လာၿပီးရေသႀကီးမွ ငယ္႐ြယ္လွေသာ သနားဖြယ္ ေမာင္ႏွမ ႏွစ္ဦးအား ေ႐ႊေရာင္ဝင္းေနသည့္ ေဆးလုံးသုံးလုံးေပးကာ မီးဖို႔အတြင္းသို႔ ဆင္းခိုင္းရာမွ ငယ္႐ြယ္ႏုပ်ိဳေသာလုလင္ပ်ိဳႏွင့္ လုံမပ်ိဳေလးႏွစ္ဦးအျဖစ္သို႔ ေျပာင္းလဲသြားပါတယ္။ေမာင္ႏွမ ႏွစ္ဦးမွ ရေသးႀကီးေပးခဲ့ေသာ သုံးမကုန္ႏိုင္တဲ့ အစြမ္းေတြ၊ ဣဒၶိပါဒ္တန္းခိုးေတြ ရၾကၿပီ၊ရေသႀကီးအားေပးခဲ့ေသာကတိစကားအတိုင္း သာသနာေတာ္ အတြက္လုံ႔လဝီရိယစိုက္ၾကေပေတာ့ …။
သာသနာေတာ္ကို ၾကည္ညိဳသူေတြရယ္၊ေဟာဒီ ဇြဲကပင္ေတာင္ ကို ဘုရားဖူး လာၾကသူေတြ မွန္သမွ်ရယ္စီးပြားေရး လာဘ္လာဘ တိုးေအာင္ က်န္းမာ႐ႊင္လန္းေအာင္ မင္းတို႔ေမာင္ႏွမ ေစာင့္ေ႐ွာက္ရစ္ၾကေပေတာ့” ဟူေသာ အမွာ စကားအတိုင္း သစၥာျပဳကာ ဇြဲကပင္ ေတာင္ေတာ္ႏွင့္ ဆံေတာ္႐ွင္ ျမတ္အား ေစာင့္ေ႐ွာက္ ေနခဲ့ပါတယ္။ ထိုေၾကာင့္ ဇြဲကပင္ ေတာင္ေျခမွ လြမ္းဆြတ္ေၾကကြဲဖြယ္ရာ ၊ဂ႐ုဏာ သက္ဖြယ္ ဓါတ္နန္း႐ွင္ေမာင္ႏွမ ဓာတ္နန္း႐ွင္စခန္းမွာ လြန္ခဲ့ေသာ ႏွေစ္ပါင္း (၅၀)ခန္႔က ေနာင္းအိမ္ဆိုင္ ဆရာေတာ္ဦးေကတု ဦးေဆာင္တည္ေဆာက္ခဲ့ျခင္းျဖစ္ပါတယ္။ ဇြဲကပင္ ဆရာေတာ္ ဦးကဝိဓဇကဘုရားဖူး မ်ား အပန္းအျဖစခန္းလည္းျဖစ္၊ သတိရ ေအာက္ေမ့ရာလည္း ျဖစ္ေအာင္ လြန္ပင္လွပၾကည္ညိဳဖြယ္ေကာင္းေသာ လုမၺၺနီဥယ်ာဥ္ကိုလဲ ထပ္မံၿပီး မြမ္းမံခဲ့ျခင္းျဖစ္ပါတယ္။
Credit – Source
Unicode
သမိုင်းအကြောင်းအရ ပြောရမည်ဆိုလျှင် ကရင်အမျိုးသားကြီးစဝ်ဖါ့သန့်(သိုင့်) နှင့် ဇနီးဖြစ်သူ နော်ဖေါ့ယာ့် တို့တွင့် စံစေ့ဖိုးနှင့် နော်မူးဖါန် ဟုခေါ်သော သားသမီး (၂)ဦး ရှိခဲ့လေ၏ အနှစ်နှစ်အလလက ခြိုးခြံချွေတာပြီး ရိုးရိုးသားသား ကြိုးစားစုဆောင်းခဲ့သမျှ သားကလေး ရှင်သာမဏေလောင်းဖြစ်ဖို့ အလှူကြီးလုပ်ရန် တောင်ယာ ထဲ့တွင် အလုပ်ကြိုးစားနေရင်း ကံတရား၏ ဆိုးရွားမူကြောင့် ဖခင်ဖြစ်သူ စဝ်ဖါ့သန့်(သိုင့်) မှာ ကျားကိုက်ရင်း တောင်ယာ ထဲ့တွင် သေဆုံးသွားလေ၏ …။
ဖခင်ကြီး ဆုံးပါး သွားသည့်နောက်ပိုင်းတွင် ကရင်အမျိုးသမီး နော်ဖေါ့ယာ် သည် မုဆိုးမဘဝအဖြစ်နှင့် သားသမီးနှစ်ယောက် ကျန်ခဲ့လေ၏။ မုဆိုးမ နော်ဖေါ့ယာ့တို့သားအမိကို ဘဝဆိုးမှ လွတ်မြောက်စေလိုပါသည်ဆိုသော ရွာသူရွာသားတို့၏ တိုက်တွန်းချက်၊ မိမိဘဝကို သနားကရုဏာသက်လှပါတယ်ကလေးတွေကိုလည်း ရင်သွေးအရင်အချာများနှယ် စာနာညှာတာစွာဖြင့် ချစ်ခင်ပါသည်ဆိုသော တစ်ရွာတည်း မုဆိုးဖိုဖြစ်သူ စောဖါ့ပျုဂ်နှင့် နောက်တစ်ပင် ထူထောင်လိုက်ပါတယ် …။
ထိုအခါ အပြစ်မဲ့သော စံစေ့ဖိုးနှင့် နော်မူးဖါန်တို့ လူမမယ် မောင်နှမနှစ်ယောက်၏ ဖြူစင်သောနှလုံးသားလေးတွေမှာ စိုးရိမ်ထိတ်လန့်ခြင်း၊ ပူပင်သောကဝေဒနာအရောင်တို့ လွှမ်းမိုးညစ်ကျူလာပါတယ်။ ငြိမ်သက်ခဲ့သောအိမ်ကလေးမှာ ဆဲဆိုသံ၊ ငေါက်ငန်း မာန်မဲသံဖြင့် ဆူညံလာပါတယ်။ အဖေမုန်းတီးခဲ့သော အရက်သေစာတို့ အိမ်ပေါ်က မဆင်းတော့ ပထွေး၏ ဒေါသနှင့်ယုတ်မာသော ရင့်သီးသော ဆဲဆိုကြိမ်းမောင်းသံများအောက်မှာ မောင်နှမနှစ်ယောက် မျက်ရည်ပေါက်ပေါက် ကျခဲ့ရှာပါတယ် …။
နောက်ဆုံးတွင် နော်ဖေါ့ယာ့သည် ဥမမယ်အရွယ်မရောက်သားသမီးနှစ်ယောက်ကို တော့အုံချောက်ကြားနွားကျောင်းတဖုံ စပါးထောင်းတစ်လှည့် မခိုင်းရက် ခိုင်းရက်ဖြင့် ခိုင်းခဲ့ရပါတယ်။ တစ်နေ့တွင် ပထွေး ဖြစ်သူမှ မောင်နှမ နှစ်ဦးအား ယာခင်း သို့ခေါ်ကာ ယာခင်းသို့ သွားရာလမ်းတွင် မြင့်မားမတ်စောက်သော တောင်ကမ်းပါးကြီး ပေါ်မှ တွန်းချကာ တစ်ဦးတည်း အိမ်ပြန်လာခဲ့၏။ မောင်နှမ နှစ်ဦးမှာ တောင်ပေါ်မှ အကျတွင် ဇွဲကပင်ဘုရားကို အာရုံပြုကာ ကယ်တင်ဖို့ဆုတောင်းကြပြီး သေဆုံးမူ မဖြစ်ပဲ ကမ်းပါးအောက် ဝါးရုံပေါ်တင်နေလို့ အသက်ချမ်းသာရာရခဲ့ပါတယ် …။
ညဉ့်နက်သည်အထိ ဘုရားကို ကြည်ညိုရင်း အရုဏ်ကျင်းလုကာမှ မိခင်ထံပြန်လာကာအကျိုးအကြောင်း ပြောပြပြီး မိခင်ဖြစ်သူ သည် ကလေးနှစ်ယောက်ကို ကျစ်နေအောင် ဖက်ထားရင်း နော်ဖေါ့ယာ့ မချိတင်ကဲ ခံစားရတော့တယ်။ သို့သော် ကလေးနှစ်ယောက်ကို အိမ်မှာပြန်လည်၍ ခေါ်ထားဖို့ကတော့ လုံးဝမဖြစ်နိုင်သောအခါ ရင်သွေးနှစ်ယောက် အသက်မသေလုံခြုံအောင် မိမိနှင့်လည်း အလှမ်းမဝေးရအောင် ဇွဲကပင်တောင်ပေါ်က တောအုပ်အငူ လိုဏ်ဂူထဲတွင် ဝှက်ထာပြီး ထားခဲ့ပါတယ် …။
အမေထားခဲ့သော တောအုပ်အငူ လိုဏ်ဂူ ထဲကလည်း ဝေးဝေးလံလံကို မသွားဝံ့ကြည့်လေရာရာ တောအုပ်ကြီး က ပိန်းပိတ်ညိုမှောင်နေသည်။ တစ်ခါမှ မရောက်ဖူးသည့်နေရာ လူသူကင်းဝေး၍ သားရဲတိရစ္ဆာန်တို့အသံများကိုသာ ကြားရသည့်နေရာ သည်နေရာမှာ မိခင်က လာပို့ထားပါတယ်။ ပထွေးရန်ကိုကြောက်လွန်းလို့သာ နေခဲ့ရပေမယ့် အမေ့ကို မခွဲချင်ကြ၊ လွမ်းပေမယ့်လည်း လမ်းကမသိ၊တောတိရစ္ဆာန်တို့ရန်က ရှိသေးတယ်။ အနီးအပါးက ရသမျှ တောသီနှံကလေးများကို ခူးဆွတ်စားသောက်ရင်း ဥတုရသီနှင့်တောဒဏ်ကို ကြံ့ကြံ့ခံနေကြရရှာ၏ …။
နှမငယ်ကလေးက ဘာမျှမသိရှာသေးတော့ အစ်ကိုဖြစ်သူမှာ ဂရုစိုက်နေရပါတယ်။ မျက်စိအောက်ကအပျောက်မခံရဲ၊အဖေကိုတမ်းတ၊ အမေ့ကိုလွမ်းရသောဝေဒနာတို့ကို ကြိတ်မှတ်ခံစားရင်း ဒုက္ခမုန်တိုင်းဒဏ်ကို အလူးအလဲ အံတူနေကြရှာ၏။ ငယ်ရွယ်သူ နှမလေး ကို ငဲ့ညှာရလွန်းတော့ အစ်ကိုလုပ်သူမှာ ဝလင်သည်ဟုပင် မရှိခဲ့ပါ …။
တစ်နေ့သော နံနက်တွင် ချမ်းအေးလှသော ရာသီဥတု ကို မီးပုံဖိုပြီး မောင်နှမနှစ်ယောက် အံတုရင်ဆိုင်နေကြစဉ် ခံ့ညားသော ရသေ့အိုကြီး တစ်ပါး သူ့ထံ ရောက်လာပြီးရသေကြီးမှ ငယ်ရွယ်လှသော သနားဖွယ် မောင်နှမ နှစ်ဦးအား ရွှေရောင်ဝင်းနေသည့် ဆေးလုံးသုံးလုံးပေးကာ မီးဖို့အတွင်းသို့ ဆင်းခိုင်းရာမှ ငယ်ရွယ်နုပျိုသောလုလင်ပျိုနှင့် လုံမပျိုလေးနှစ်ဦးအဖြစ်သို့ ပြောင်းလဲသွားပါတယ်။မောင်နှမ နှစ်ဦးမှ ရသေးကြီးပေးခဲ့သော သုံးမကုန်နိုင်တဲ့ အစွမ်းတွေ၊ ဣဒ္ဓိပါဒ်တန်းခိုးတွေ ရကြပြီ၊ရသေကြီးအားပေးခဲ့သောကတိစကားအတိုင်း သာသနာတော် အတွက်လုံ့လဝီရိယစိုက်ကြပေတော့ …။
သာသနာတော်ကို ကြည်ညိုသူတွေရယ်၊ဟောဒီ ဇွဲကပင်တောင် ကို ဘုရားဖူး လာကြသူတွေ မှန်သမျှရယ်စီးပွားရေး လာဘ်လာဘ တိုးအောင် ကျန်းမာရွှင်လန်းအောင် မင်းတို့မောင်နှမ စောင့်ရှောက်ရစ်ကြပေတော့” ဟူသော အမှာ စကားအတိုင်း သစ္စာပြုကာ ဇွဲကပင် တောင်တော်နှင့် ဆံတော်ရှင် မြတ်အား စောင့်ရှောက် နေခဲ့ပါတယ်။ ထိုကြောင့် ဇွဲကပင် တောင်ခြေမှ လွမ်းဆွတ်ကြေကွဲဖွယ်ရာ ၊ဂရုဏာ သက်ဖွယ် ဓါတ်နန်းရှင်မောင်နှမ ဓာတ်နန်းရှင်စခန်းမှာ လွန်ခဲ့သော နှစေ်ပါင်း (၅၀)ခန့်က နောင်းအိမ်ဆိုင် ဆရာတော်ဦးကေတု ဦးဆောင်တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ ဇွဲကပင် ဆရာတော် ဦးကဝိဓဇကဘုရားဖူး များ အပန်းအဖြစခန်းလည်းဖြစ်၊ သတိရ အောက်မေ့ရာလည်း ဖြစ်အောင် လွန်ပင်လှပကြည်ညိုဖွယ်ကောင်းသော လုမ္ဗနီဥယျာဉ်ကိုလဲ ထပ်မံပြီး မွမ်းမံခဲ့ခြင်းဖြစ်ပါတယ်။
Credit – Source