အေထြအေထြဗဟုသုတ

အိမ်ထောင်တစ်ခုမှာရှိရှိသမျှသော အိမ်အလုပ်အားလုံးဟာ အိမ်ကမိန်းမအလုပ်လို့ သတ်မှတ်ထားတဲ့ယောက်ျားများဖတ်ရန်

အိမ်ထောင်တစ်ခုမှာရှိရှိသမျှသော အိမ်အလုပ်အားလုံးဟာ အိမ်ကမိန်းမအလုပ်လို့ သတ်မှတ်ထားတဲ့ယောက်ျားများဖတ်ရန် လူတွေကဘယ်လိုပဲသတ်မှတ်သတ်မှတ်၊ ယောက်ျားတစ်ယောက်အိမ်အလုပ်လုပ်တယ်ဆိုတာနဲ့ မိန်းမကိုကူတယ်လို့ ယောက်ျားအတော်များများက သတ်မှတ်ကြတာ… (၁) ပြန်တွေးကြည့် – တစ်အိမ်လုံးအလုပ်တွေ သူတစ်ယောက်ထဲအကုန်လုပ်ရမယ်ဆို မျှတပါ့မလား.. (၂) ငါ့မိန်းမကို – အိမ်ရှင်းကူတာမဟုတ်ဘူး။ ဒီအိမ်မှာငါလဲနေလို့ ငါလဲအိမ်ရှင်းသင့်လို့ရှင်းတာ… (၃) ငါ့မိန်းမကို – ထမင်းဟင်းချက်ကူတာမဟုတ်ဘူး။ ငါလဲစားချင်လို့ချက်တာ.. (၄) ငါ့မိန်းမကို – ပန်းကန်ဆေးကူတာမဟုတ်ဘူး။ ငါလဲဒီပန်းကန်တွေသုံးထားလို့ဆေးတာ.. (၅) ငါ့မိန်းမကို – ကလေးထိန်းကူတာမဟုတ်ဘူး။ ဒီကလေးတွေက ငါ့ကလေးတွေမို့ ငါထိန်းတာ။ ငါကသူတို့အဖေလေ… (၆) ငါ့မိန်းမကို – အဝတ်လျှော်မီးပူတိုက်ကူတာလဲမဟုတ်ဘူး။ ဒီအဝတ်တွေဟာ ငါနဲ့ငါ့ကလေးတွေရဲ့အဝတ်တွေလဲအများကြီးပါနေလို့ငါလုပ်တာ… ငါ အိမ်မှာကူပေးနေတာမဟုတ်ဘူး။ဒါကငါ့အိမ်၊ ငါ့မိသားစုမို့ ငါလုပ်နေတာ….ဆိုပီး အဲလိုတာဝန်ယူတဲ့ စိတ်ရှိတဲ့သူနဲ့ ရ ထားတဲ့ မိန်းမ မှန်သမျှ […]

အထွေအထွေဗဟုသုတ

ဆုတောင်းပြည့်လွန်းလို့ မင်းညီ မင်းသားတွေ မဖူးရ’ အမိန့်တော် ထုတ်ပြန်ထားတဲ့ဆုတောင်းပြည့်ရုပ်ပွားတော် …

(အပိုင်း – ၁ ) အနော်ရထာမင်းကြီးလက်ထက်မှာ တစ်ကြိမ်…၊ နရပတိစည်သူမင်းကြီးလက်ထက်မှာ တစ်ကြိမ်… မည်သည့်မင်းညီမင်းသားမှ မဖူးရလို့အမိန့်တော်ထုတ်ပြန်ပြီး အစာင့်တွေချထားကာ သော့ခတ်ထားခဲ့ရတယ် ဆိုတဲ့ ရုပ်ပွားတော်မြတ်ရှေ့ကို တနေ့ကရောက်ခဲ့တယ်။ဘုရားကိုဖူးတွေ့လိုက်တာနဲ့ .. ‘ အို … သပ္ပါယ်လိုက်တာ ‘ လို့ ပါးစပ်က ရောင်ရမ်းပြီး ထွက်သွားမိတဲ့ အထိပါပဲ …။တကယ့်ကို ရင်ထဲမှာ အေးချမ်းသွားအောင် သပ္ပါယ်လိုက်တာ … ။ စပါယ်နဲ့ ဇွန်းပန်းတွေကို ရင်ဘတ်တော်မှာ ပူဇော်ထားတာကလည်းမွေးကြိုင်နေတာပါပဲ ။ ရွှေသင်္ကန်းကပ်ပြီး ဆုတောင်းခဲ့မိတာလေးဟာတစ်ကယ်ပြည့်ဝခဲ့တာမို့ သူငယ်ချင်းတွေကို မျှဝေပေးချင်မိခဲ့ပါတယ်..။ ဆုတောင်း ပြည့်ဝလွန်းတယ်ဆိုတဲ့ဇတ်ကြောင်းလေးကိုဖတ်မိရင် ပိုပြီးလေးနက်စေမှာမို့ ဇတ်လမ်းလေးကိုအတိုချုပ်လို့ ရေးပါရစေ …။ ပုဂံနေပြည်တော်မှာ မင်းယဉ်နရသိင်္ခ ဘုရင် အုပ်စိုးချိန်မှာ အိမ်ရှေ့စံညီတော်ကတော့ နရပတိစည်သူ ဖြစ်ပါတယ်။နောင်တော်ဘုရင်ဟာညီတော်အိမ်ရှေ့မင်းရဲ့ မိဘုရားဖြစ်တဲ့ […]

အထွေအထွေဗဟုသုတ

၂၀၂၀ ဇူလိုင်လအတွက် နေ့သားအလိုက် အကျိုးပေး ထီဂဏန်းများနှင့် ထီထိုးရမည့်အချိန်အပိုင်းအခြား

ထီထိုးတဲ့သူတိုင်း ထီပေါက်ကိန်းရှိသည် ၂၀၂၀ ဇူလိုင်လအတွက် နေ့သားအလိုက် အကျိုးပေး အောင်ဘာလေထီဂဏန်းများနှင့် ထီထိုးရမည့်အချိန်အပိုင်းအခြား တနင်္ဂနွေသားသမီးများ – အိမ်ရဲ့ဧည့်ခန်းမှာ ထီပေါက်ဂဏန်းရှိနေပါတယ်။ တနင်္ဂနွေသားသမီးတစ်ဦးနှင့် စပ်ပြီးထိုးပါ။ ကြက်ဥကြော်စားပြီးထိုးပါ။ တနင်္ဂနေ့ နေ့လည်(၁)နာရီ(၃၀)မှ – (၃) နာရီအတွင်း အနီရောင်များများပါသော အဝတ်အစားဝတ်ဆင်ပြီးထိုးပါ ။ ( ၁ ၊ ၉ ၊ ၃ ) များများပါတဲ့ လက်မှတ်ကို ရှာပြီးထိုးပါ။ တနင်္လာသားသမီးများ – လမ်းဘေးက ဆိုင်းဘုတ်တစ်ခုမှာ ထီပေါက်ဂဏန်းရှိနေပါတယ် ။ အင်္ဂါသားသမီးတစ်ဦးနှင့် စပ်ပြီးထိုးပါ။ ကြာဇံကြော်စားပြီးထိုးပါ ။ တနင်္လာနေ့ နံနက်(၉)နာရီမှ – (၁၀)နာရီ (၃၀) အတွင်း နီညိုရောင်များများပါသော အဝတ်အစားဝတ်ဆင်ပြီထိုးပါ ။ ( ၃ ၊ […]

အေထြအေထြဗဟုသုတ

တစ်ကယ်တမ်း ရေစက်ရှိလို့ ဆုံတာထက် တစ်ယောက်ကို တစ်ယောက် ဝဋ်ကြွေးဆပ်ဖို့ ဆုံဖြစ်တာပါ

မတိုက်ဆိုင်လို့ လမ်းခွဲသွားကြရင် ဝမ်းနည်းစရာ မလိုသလို ပြန်ပြီးလည်း မမျှော်လင့်ပါနဲ့ ရေစက်ရှိလို့ ဆုံခဲ့ကြပြီး ကံကုန်ရင် လမ်းခွဲကြရမယ် ကံမကုန်သေးရင် ပြန်ဆုံတွေ့ဖြစ်ကြမယ် ဘဝရဲ့ လှည့်ကွက်တွေအောက်မှာ တစ်ယောက်နဲ့တစ်ယောက် မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ကြပြီး မျှော်လင့်မထားတဲ့ ကံကြမ္မာမုန်တိုင်း ဖန်တီးလာပြီဆိုရင် ထင်မှတ်မထားတဲ့ အခြေအနေတွေကြောင့်လည်း တစ်ယောက်နဲ့ တစ်ယောက် ဝေးကွာသွားကြရတာပါပဲ တစ်ကယ်တမ်းကြတော့ ရေစက်ရှိလို့ ဆုံတာထက် တစ်ယောက်ကို တစ်ယောက် ဝဋ်ကြွေးဆပ်ဖို့ ဆုံဖြစ်ခဲ့ကြတာပါ အနားမှာ ထွက်ခွာသွားသူကို ကျေးဇူးတင်လိုက်ပါ သူ့ကြောင့် ဝဋ်ဒုက္ခမှ လွတ်ကင်းသွားလို့ပါ ဘဝဆိုတာ …? ကိုယ်က ချစ်နေပြန်တော့လည်း တစ်ဖက်သားက မုန်းနေပြန်တတ်တယ် ကိုယ်က မုန်းနေပြန်တော့လည်း တစ်ဖက်သားက ချစ်နေပြန်တတ်တယ် ချစ်ခြင်းမုန်းခြင်းတွေအောက်မှာ သိပ်ပြီးတော့လည်း လိုက်ခံစားမနေပါနဲ့ တွေ့ကြဆုံကြ ခဏလေးပါ… နေရတဲ့ အချိန်လေးမှာ […]

အေထြအေထြဗဟုသုတ

ထီဖွင့်ဖို့ ရက်နီးလာပြီမို့ အစွမ်းထက်မြတ်တဲ့ ထီပေါက်ဂါထာကို တင်ပေးလိုက်ပါတယ်နော်

ထီဖွင့်ဖို့ ရက်နီးလာပြီမို့ အစွမ်းထက်မြတ်တဲ့ ထီပေါက်ဂါထာကို တင်ပေးလိုက်ပါတယ်နော် ထီဖွင့်ဖို့လည်းနီးလာခဲ့ပါပြီ ဒါကြောင့် အစွမ်းထက်မြက်တဲ့ ထီပေါက်ဂါထာ မင်္ဂလာပါ သူဌေး မင်းထီဆိုင်ကြီးမှ ကူးယူဖော်ပြအပ်ပါသည် အစွမ်းထက်မြက်တဲ့ ထီပေါက်ဂါထာ ရှေးကျမ်းရင်းတစ်စောင်မှာ ဖော်ပြထားပြီး အစွမ်းထက်မြက်တဲ့ ထီပေါက်ဂါထာ ဖြစ်ပါတယ် ဂါထာရဲ့အဓိပ္ပါယ်အတိုချုပ်က ဗုဒ္ဓမြတ်စွာဘုရားရှိစဉ်က ကောဏ္ဍဝေန မထေရ်ကြီးသည် ပထမစာရေးတံမဲကို အမြဲတမ်း ပေါက်ခဲ့၏ ထို့အတူ ကျွန်ုပ်သည်လည်းဤသို့ ဖြစ်ရပါစေသတည်း ဟု ဆိုထားပါတယ်။ ရှေးဟောင်းပေစာ တစ်ခုထဲမှာလည်း ဒီဂါထာရဲ့ အစွမ်းကို အထူးအစွမ်းထက်မြက်ကြောင်း ဖော်ပြထားတာကို တွေ့ရပါတယ် အခုဂါထာကို ဆဋ္ဌမအာရုံ ပရိသတ်တွေအတွက် စေတနာရှေ့ထားလို့ ဖော်ပြပေးလိုက်ရပါတယ် ဂါထာကို မဖော်ပြမီမှာ အရင်ဆုံး ထီပေါက်ချင်တယ်ဆိုရင် သင်ဟာ ကိုးကွယ်ရာ ဘာသာရဲ့သီလကို ဆောက်တည်ရပါလိမ့်မယ်။ ဂါထာမန္တန်တွေရဲ့ အစွမ်းဆိုတာ ရွတ်ဖတ်နိုင်မှုအစွမ်း၊ကိုယ့်ရဲ့ […]

အထွေအထွေဗဟုသုတ

ရိုးသားမှုကို မြတ်နိုးတဲ့ သူတွေမှာသာ ရှိတတ်တဲ့ အားနည်းချက်များ../

ရိုးသားမှုဆိုတာ ဂုဏ်တစ်ခုပါပဲ။ ဒီလို ရိုးသားမှုမျိုးက လူတိုင်းမှာ မရှိနိုင်လို့ ရိုးသားသူတွေက လေးစားစရာ ကောင်းလှပါတယ်။ ဒါပေမယ့်လည်း အဆိုးနဲ့ အကောင်း ဒွန်တွဲနေသလို ရိုးသားတာကပဲ အားနည်းချက် ဖြစ်သွားတတ်ပါတယ်။ ရိုးသားမှုကြောင့် ဘယ်လို အားနည်းချက်တွေ ဖြစ်သွားတတ်လဲ ဆိုရင်… အလိမ်ခံရမယ် ရိုးသားတဲ့သူတွေရဲ့ အကျင့်တစ်ခုက စိတ်ခံအတိုင်း တွေးကြတာပါ။ ကိုယ့်လို ရိုးသားမယ် ထင်ပြီး ဟန်ဆောင်တာတောင် မရိပ်မိတတ်ကြပါဘူး။ အဖြောင့်အတိုင်း အမှန်အတိုင်း တွေးတတ်တာက လိမ်ချင်သူတွေအတွက်တော့ သဘောကျစရာ အချက် ဖြစ်နေတတ်ပါတယ်။ ပစ်မှတ်ထားခံရမယ် မကောင်းတဲ့သူတွေက ဘယ်တော့မှ သူတို့လိုလူတွေနဲ့ လည်တဲ့သူတွေကို ပစ်မှတ် မထားကြပါဘူး။ ရိုးသားတဲ့သူ၊ မသိနားမလည်တဲ့သူနဲ့ နုံအသူတွေကိုသာ အဓိက ပစ်မှတ်ထားပြီး လိမ်လည်ဖို့ ရာဇဝတ် ကျူးလွန်ဖို့ ပြုလုပ်တတ်ကြတာပါ။ သင့်ရဲ့ […]

အေထြအေထြဗဟုသုတ

မြန်မာ့ ဂဏန်းသင်္ချာမှာ ကုဋေ ပြီးရင် ဘာလာလဲ မသိသေးသူများအတွက်

ကုဋေ ပြီးရင် ဘာလာလဲ။ ခု ၊ ဆယ် ၊ ရာ ၊ ထောင် ၊ သောင်း ၊ သိန်း ၊ သန်း ၊ ကုဋေ ဆိုပြီး ကျွန်တော်တို့ ငယ်ငယ်တုန်းက ဆိုခဲ့ကြဖူးတယ်။ ကုဋေ ပြီးရင် အစဉ်လိုက်လာတဲ့ ဂဏန်းအခေါ်အဝေါ်တွေကို မင်မင်က ဗဟုသုတအနေနှင့် ဖော်ပြပေးလိုက်ရပါတယ်။ ငယ်၊စဉ်၊ကြီး၊လိုက် ဆိုရသော်ခု ၊ ဆယ် ၊ ရာ ၊ ထောင် ၊ သောင်း ၊ သိန်း ၊ သန်း ၊ကုဋေ ၊ ကောဋိ ၊ ပကောဋိ ၊ ကောဋိပကောဋိ ၊ နဟုတံ ၊ နိန္နဟုတံ ၊ […]

အေထြအေထြဗဟုသုတ

ကိုယ့်ဘ၀ကို အဆုံးစီရင်သွားသူများရဲ့ စိတ်နေစိတ်ထားများ(ဘယ်လိုကုသမလဲ)

လွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်တုန်းက ကိုယ့်အသိုင်းအဝိုင်းထဲက အမျိုးသားတစ်ယောက် သူ့ကိုယ်သူ ဆွဲကြိုးချ သတ်သေတဲ့ အဖြစ်တစ်ခု ကြုံးဖူး ကြားခဲ့ဖူးတယ်.. သူက ငယ်ငယ်လေးကတည်းက ကြိုးမြင်ရင် သိပ်ကြောက်တာ..တဲ့..အဝတ်လှန်းကြိုး..စွန်ကြိုး..စသည်ဖြင့် ကြိုးမြင်ရင် ငိုရော..တဲ့..သေတော့လည်း အသက်က ၂၀..ဝန်းကျင် ခပ်ငယ်ငယ်ပဲ..အမျိုးသမီးနဲ့ စကားများပြီး ရေချိုးခန်းထဲဝင်သွားရာက ပြန်ထွက်မလာတော့တာနဲ့..တံခါးတွေဘာတွေ ဖျက်ဖွင့်ကြည့်တော့..ကြိုးတစ်ချောင်းနဲ့ hang လုပ်ပြီးသေနေတော့တာပဲ.. ထူးတော့ထူးဆန်းတယ်..ကြိုးကိုသိပ်ကြောက်တဲ့ သူက ကြိုးနဲ့ပဲ..ကိုယ့်ကိုယ်ကို အဆုံးစီရင်ဝံ့တယ်ဆိုတာ..။ ကိုယ့်ကိုယ်ကို သတ်သေကြတဲ့ ကိစ္စတွေမှာ..ကြည့်လိုက်ရင် ဘာမဟုတ်တာလေးနဲ့ ဖြစ်သွားကြတာတွေရှိတယ်.. ဆိုက်ကားဆရာလေးက မိန်းမကို ၁၅၀၀ကျပ် ဈေးဖိုးမပေးနိုင်လို့ ကြိုးဆွဲချသေတယ်..သမီးလေးကို ဆေးကုမပေးနိုင်တဲ့အဖေဟာ..တံတားပေါ်ကနေ..ရေထဲခုန်ချပြီးသေတယ်.. တချို့လည်း အထုံပါလာတယ်လို့ ဆိုကြတယ်..ဘယ်လိုဖြစ်ဖြစ်..အသက်သေတဲ့အထိဖြစ်ရပြီဆိုတာ..စိတ်မကောင်းစရာ ကြောက်စရာပါပဲ.. ကိုယ့်ကိုကိုယ်သတ်သေကြသူတွေဟာ စိတ်ပိုင်းဆိုင်ရာ ပြသနာတွေကို မဖြေရှင်းနိုင်သူတွေ ဖြစ်တတ်ကြပါတယ် လူတိုင်းမှာ..အားနည်းချက် အားသာချက်တွေရှိကြပါတယ်..ကိုယ့် အားနည်းချက်ကို ကိုယ်တိုင် ဝေဖန်နိုင်တယ်ဆိုတာ ကောင်းပါတယ်ဒါပေမဲ့ […]

အထွေအထွေဗဟုသုတ

ဘာကြောင့်ဘုရားပန်းကပ်ရတာလဲ .. ဘုရားပန်းကပ်လှူရတဲ့ အကြောင်းအရင်း

ဘာကြောင့်ဘုရားပန်းကပ်ရတာလဲ ကျွန်တော်တို့အိမ်ကဘုရားစင်မှာ ဘုရားပန်းကပ်ကြတဲ့ဓလေ့ရှိပါတယ် အနံ့ရှိတဲ့ပန်း မရှိတဲ့ပန်း…ပန်းအလှ…အောင်သပြေ.စတဲ့ပန်းတွေထိုးကြတယ် အဓိက က ဘာကြောင့်ဘုရားပန်းကပ်ကြရတာလဲ….. မြတ်စွာဘုရားကပန်းကြိုက်လို့လား ပန်းကမွေးတဲ့အနံ့ကိုဘုရားကကြိုက်တာလား … ဒါမှမဟုတ်…. ဘုရားစင်လှနေအောင်လို့လား….. ဘာသာခြားတစ်ချို့ကပြောလေ့ရှိတယ်မင်းတို့ဘုရားကပန်းကြိုက်တယ်….ငါတို့ဘုရားဆိုဘာပန်းမှမကြိုက်ဘူးဆိုပြီးပြောတတ်တယ်…. ကျွန်တေယ်လည်းငယ်ငယ်ကဆို အဲ့လိုအတွေးတစ်ချို့တွေးဖူးပါတယ်…ဘုရားက ပန်းမန်နံ့သာကိုတောင်မဆွတ်ဖြန်းရဘူးလို့ ကိုးပါးသောသီလမှာဟောကြားခဲ့ဖူးတယ်…. ဘာကြောင့်ငါတို့ပန်းကပ်စရာလိုသလဲလို့ပေါ့လေ ကျွန်တော်အိမ်ဘုရားစင်မှာပန်းကပ်လေ့မရှိခဲ့ဘူး … တစ်ခါသာတော့ဒီကိစ္စအမေနဲ့အကြီးအကျယ်အငြင်စအခုန်ဖြစ်ကြတယ်….ကျွန်တော်ကတော့ဘုရားပန်းကပ်စရာမလိုဘူးပေါ့လေ….အမေကရှင်းပြပါတယ်…. အမေကတော့ ဗုဒ္ဓဘာသာကို အကြွင်းမဲ့ယုံကြည်သူဆိုတော့ ပန်းကပ်တဲ့ဘက်ကပေါ့ နောက်ဆုံးအမေ့ရဲ့ အတွေးအခေါ်ကိုအနည်းငယ်တော့လက်ခံလိုက်ရတယ် သဒ္ဒါဆိုတဲ့စကားပါပဲ ကျွန်တော်အသက်ကြီးလာတာနဲ့အမျှတွေးမိတာတွေမှာ … ဒီသဒ္ဒါတရားဆိုတာလေးယှဉ်တွေးတတ်လာတယ် သဒ္ဒါတရားဆိုတာ …စိတ်နှလုံးက အတိုင်းအဆမရှိထွက်ပေါ်လာတဲ့ ပေးကမ်းချင်စိတ်လှူဒါန်းချင်စိတ်…သာဖြစ်ပါတယ်…. သဒ္ဒါစိတ်များရင် ကိုယ့်ဝတ်ထားတာတွေတောင်ချွတ်လှူချင်တဲ့စိတ်ဖြစ်ဖူးမှာပါ တကယ်တော့ကျွန်တော်တို့ဘုရားကိုပန်းကပ်တာဟာ … ဘုရားရှင်ကပန်းကြိုက်လို့လဲမဟုတ်ပါဘူး ပန်းရနံ့ကိုဘုရားကကြိုက်တာကြောင့်လည်းမဟုတ်ပါဘူး ဘုရားစင်တင့်တယ်ချင်လို့လည်းမဟုတ်ပါဘူး မိမိရဲ့စိတ်ကဖြစ်ပေါ်လာတဲ့ ဘုရားရှင်အပေါ်ကြည်ညိုစိတ်ကြောင့်…. ကိုယ့်လှမယ်လို့ထင်တဲ့ပန်းနံ့သာတွေကို ကပ်ကြတာပါ… နောက်ပြီးဒီသဒ္ဒါစိတ်ကြောင့်ပဲ….ဘုရားရဲ့အနားမှာအနံ့ဆိုးတွေမရှိအောင်အမွေးနံ့သာပါတဲ့ပန်းကိုကပ်ကြတယ်…. ဒီသေဘာပါပဲ.. ကိုယ်စိတ်ရဲ့သဒ္ဒါသာဖြစ်ပါတယ် …. ဘုရားရှင်ကြိုက်ခြင်းမကြိုက်ခြင်းနဲ့မဆိုင်ပါဘူး …. သစ္စာလေးပါးကို…. ဆရာမကူပဲသိနိုင်တဲ့အင်အားဉာပညာကိုလေးစားကြည်ညိုလွန်းလို့ဖြစ်ခါတဲ့သဒ္ဒါတရားသာဖြစ်ပါတယ် […]

အေထြအေထြဗဟုသုတ

ဒီအိမ်မက်တွေ မက်ခဲ့ရင် မဖြစ်မနေ ထီ ထိုးပါ…။

Zawgyi ဒီအိမ်မက်တွေ မက်ခဲ့ရင် မဖြစ်မနေ ထီ ထိုးပါ … ထီ ပေါက်မယ့် အိမ်မက် (၁) အိမ်မက်မြင်မက်ရာတွင် ဝတ်ဖြူစင်ကြယ်နှင့် လူပုဂ္ဂိုလ် ကြီးဖြစ်စေ ကြွရောက်လာပြီးလျှင် သင်အလိုရှိသော ဆန္ဒပြည့်ဝစေပါမည်။တရားကိုသာ အားထုတ်ပါဟု မိန့်ဆိုခဲ့သည်ဖြစ်စေ၊သို့မဟုတ် မည်သည့်ကိစ္စကို ဆောင်ရွက်၍မည်သို့ပြုလုပ်ပါဟု မှာကြားခဲ့သည်ဖြစ်စေ၊အိမ်မက်တွင် မြင်မက်ရပါက နတ်ကြီး၊ဝိဇ္ဇာကြီးများနှင့်တွေ့ရသော အိမ်မက်သည်။ ထီပေါက်မည့် အိမ်မက်ဖြစ်သည် …။ (၂) ရွံဖွယ်အတိဖြစ်သော မစင်များကို ပိုးလောက်တို့နှင့်တကွ မြိန်ရှက်စွာ သုံးဆောင်ရသည်ဟု မြင်မက်သည်ဖြစ်စေ မိမိကိုယ်၌ မစင်လိမ်းကျံရခြင်း၊မစင်တွင်းကြီးထဲ သို့ကျရောက်ရခြင်း လူတဦးတစ်ယောက်က မစင်များကို ထုတ်ပေးသည်ဟု မြင်မက်ရခြင်း၊ ပိုးလောက်တို့သည် မိမိကိုယ်၌ အထပ်ထပ် ကပ်ရောက်သည်ဟု မြင်မက်ခြင်းတို့သည် ထီပေါက်တတ်သော အိမ်မက်များဟု ဆိုလိုသည် …။ (၃) ဝတ်ဖြူစင်ကြယ်နှင့် လူပုဂ္ဂိုလ် […]