No.1နမောတသရွတ်ဆို၍ဘုရားရှိခိုးပါငါးပါးသီလခံယူပါ No.2 (အဓိဋ္ဌာန်ပြုပါ)ဘုရားတပည့်တော်သည်(စရွတ်သည့်နေ့)စ၍နေ့စဉ်မပြတ် တစ်လတိတိပဋ္ဌာန်းဒေသနာတော်များရွတ်ဆိုပြီးမြတ်စွာဘုရားကိုပူဇော်ပါမည်ဟုအဓိဋ္ဌာန်ပြုပါသည်အရှင်ဘုရား ထိုကဲ့သို့ တစ်လအဓိဋ္ဌာန်ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ရာတွင် ယနေ့အဓိဋ္ဌာန်အဖြစ် ယခုအချိန်မှစ၍ ပဋ္ဌာန်းဒေသနာတော်များကိုရွတ်ဖတ်ကာမြတ်စွာဘုရားအားပူဇော်ပါတော့မည်အရှင်ဘုရား No.3(နတ်ပင့်)သမန်တာ စက်က-ဝါလေသု၊ အက်တရာ ဂစ်ဆန်တု ဒေဝတာ သတ်ဓမ်မံ မုနိရာဇတ်သ၊ သုဏန်တု သက်ဂမောက်ခဒံ။ (ဓမ်မတ်-သဝန-ကာလော အယံ ဘတ်ဒန်တာ)(ဓမ်မတ်-သဝန-ကာလော အယံ ဘတ်ဒန်တာ)(ဓမ်မတ်-သဝန-ကာလော အယံ ဘတ်ဒန်တာ) No.4(ခွင့်တောင်း)ဘုန်းတော်အနန္တ ဂုဏ်တော်အနန္တ ကံတော်အနန္တဥာဏ်တော်အနန္တ တန်ခိုးတော်အနန္တ ပါရမီတော်အနန္တ မေတ္တာတော်အနန္တတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဘုရား ဘုရားတပည့်တော်မသည် (လက်ရှိရောက်နေတဲ့ခုနှစ် လ ရက် အချိန်)ဤနေရာဤဋ္ဌာနတွင် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး နတ်ပြည်ခြောက်ထပ်တွင် ဟောကြားတော်မူခဲ့သည့် အဘိဓမ္မာမဟာပဋ္ဌာန်းကျမ်းတော်ကြီးကိုရွတ်ဖတ်၍မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအားလေးစားကော်ရော်ပူဇော်တည်းခြင်းဟူသောကုသိုလ်ကောင်းမှုကိုပြုလုပ်လိုပါသဖြင့် ရွတ်ဖတ်ပူဇော်ခွင့်ပေးသနားတော်မူပါရန် တရားတော်၏ပိုင်ရှင်အစစ်ဖြစ်တော်မူသော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးထံမှ ခွင့်တောင်းအပ်ပါသည်အရှင်ဘုရားခွင့်ပေးတော်မူပါအရှင်မြတ်ကြီးဘုရား No.5(တရားနာဖိတ်)အဘိဓမ္မာမဟာပဋ္ဌာန်းကျမ်းတော်ကြီး ရွတ်ဖတ်ပူဇော်ခြင်းကိုနာကြားနိုင်သော နာကြားလိုသောအားလုံးသောစကြဝဠာအနန္တတွင်ရှိကြကုန်သောအပါယ်ဘုံသား လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့နှင့် ဘုရားတပည့်တော်၏ဆွေဆက်မျိုးဆက်ပဋ္ဌာန်းဆက်ဖြစ်သော ဆွေတော်မျိုးတော်အပေါင်းတို့တရားတော်နာကြွရောက်ကြပါရန်ဖိတ်ကြားအပ်ပါသည် No.6(ဖယ်ရှား)အဘိဓမ္မာမဟာပဋ္ဌာန်းကျမ်းတော်ကြီး ရွတ်ဖော်ပူဇော်ခြင်းကို […]
အထွေအထွေဗဟုသုတ
နှုတ်ခမ်းတစ်ဝိုက်မှာ မှဲ့ပါတဲ့ သူလေးများရဲ့ အမူအကျင့်များ…
နှုတ်ခမ်းတစ်ဝိုက် ”မှဲ့” ပါတဲ့သူ အများစုဟာ သနားစရာ၊ ချစ်စရာ အလွန် ကောင်းကြပါတယ်။ သူတို့တွေဟာ အပြင်ပန်းမှာ ခက်ထန် ကြမ်းတမ်းတယ် ထင်ရပေမယ့် အတွင်းစိတ် သဘောထားကတော့ အလွန် နူးညံ့ သိမ်မွေ့ပါတယ်? ပွစိပွစိလုပ်တာကတော့ ဝါသနာပါ..။ သူများကို ကူညီလိုက်လို့ ကိုယ့်မှာ သုညဖြစ်သွား ခဲ့ရင်တောင် ကိုယ်ကူညီလိုက်တဲ့သူ အဆင်ပြေနေတယ် ဆိုရင် ကြည်နူးပီတိ ဖြစ်နေတတ်တဲ့ သူတွေပါ နှုတ်ခမ်းတစ်ဝိုက် ”မှဲ့” ပါတဲ့သူတွေဟာ စေတနာလည်း အရမ်းကောင်းသလို သံယောဇဉ်လည်း အလွန်ကြီးကြတဲ့ သူတွေပါ။ သူတို့ဟာ စိတ်ဆိုးစိတ်ကောက်လည်း လွယ်ပါတယ်..။ ခဏခဏလည်း စိတ်ဆိုးစိတ်ကောက် တတ်ပါတယ် စိတ်ကောက်လည်း ခဏပဲ။ ချော့မယ့်သူ ရှိရင်တော့ ဟန်အမူပိုပြီး ဆက်ပြီးတော့ စိတ်ကောက်ဟန် ဆောင်နေတတ်ပါတယ် ။ ချော့မယ့်သူ […]
“မိန်းကလေးတိုင်းဖတ်သင့်တဲ့ တန်ဖိုးရှိတဲ့စာပါ”
သတိထား ညီမလေး……. အရေခွံဘယ်လောက်လဲလဲ…… မြွေဆိုတာ တီဖြစ်မသွားဘူး…… ပြောင်းလဲတဲ့လောကကြီးမှာ လိုက်ဖက်ညီအောင်…… အရောင်ပြောင်းနေရင် ပုတ်သင်ညိုသာသာဖြစ်တော့မှာပေါ့။ ပတ္တမြားမှန်တယ်ဆိုတိုင်း နွံထဲဝင်မှိုင်ပြစရာလားကွယ်…… ခြေဆေးမခံရအောင် အိုင်ထဲထိုင်မယ့်အစား…… ရေသန့်လို့တံဆိပ်ကပ်နိုင်ရင် တန်ဖိုးတက်လာပါလိမ့်မယ်။ အိမ်နဲ့ဝေးတိုင်းလဲ….အားငယ်စိတ်မပျက်ပါနဲ့…… အမောပြေရေတစ်ခွက် အိမ်ပြေးလေးအတွက်တဲ့…… အမေ နေ့တိုင်းခပ်ထားတယ်။ ညီမလေး…… စဉ်းစားရတယ်ဆိုတာ…… မိန်းကလေးတိုင်းရဲ့ သမိုင်းပေးတာဝန်…… အရိုးဆို ကြည့်ရှောင်ရမယ်လေ။ ကိုယ်က ခဏတာဝါးမယ့်သွားမဟုတ်ဘူး……… စကားခလုတ်တွေ ဘယ်လောက်တိုက်တိုက်…… ကိုယ့်ကိုယ်ကို မထိခိုက်ဖို့က ပိုအရေးကြီးတယ်။ တကယ်တော့ ဟင်းချေးများတယ်ဆိုတာ…… အစားကောင်းစားရတဲ့သူတွေကို …… သမုတ်တဲ့ အမည်သက်သက်ပါ။ ညီမလေး……. ချစ်တာတော့ ချစ်ပါ …… ပြန်ပြင်လို့မရတဲ့ အခွင့်အရေးတော့ မပေးမိပါစေနဲ့။ ဘဝနဲ့ရင်းတဲ့ လက်ရေးအတွက် ဖျက်ဆေးမရှိဘူး။ ဘဝရဲ့အစိတ်အပိုင်းလေးတစ်ခုအတွက် စိတ်ရိုင်းမမွေးမိပါစေနဲ့ မှတ်ပုံတင်ထဲပြန်ကြည့်ပါ ညီမလေး…… ကိုးကွယ်စရာမှာ အချစ် […]
သင်သတိမထားမိတဲ့ ပလက်စတစ်ဘူးနောက်က အရမ်းအန္တာရယ်များတဲ့ အမှတ်အသားများအကြောင်း
ပလပ်စတစ်ဘူးတွေမှာ တွေ့တော့ တွေ့နေတာပဲ ဘာမှန်းမသိခဲ့ဘူး ခုမှပဲ သိရတော့တယ်..။အိမ်ကခွက်တွေဖင်လှန်ကြည့်လိုက်ပါ..။ ပလပ်စတစ်အသုံးအဆောင်တွေကို ရည်ရှည်သုံးမယ်၊ အကြိမ်ကြိမ် ထည့်မယ်၊ သုံးမယ်လို့ ရည်ရွယ်ထားရင် ဖင်ကိုသာ လှန်ကြည့်လိုက်ပါ..။အောက်ခြေတနေရာမှာ အထူးသဖြင့်ဖင်မှာတြိဂံလေးထဲမှာ 1 ကနေ 7 အထိဂဏန်းတလုံးနဲ စာ ၂လုံး၊ ၃လုံး ပါတာကို တွေ့ရပါမယ်။ အဓိပ္ပါယ်တွေကတော့..၊ 1 ဆိုရင်(PET or PETE ) သုံးတဲ့ပလတ်စတစ်အမျိုးအစားပါ သူကတခါပဲ သုံးလို့ရပါတယ်။ ထပ်ခါသုံးရင် အောက်စီဂျင်နဲပေါင်းမယ်..။နေရောင်ခြည် အပူရှိန်နဲ့တွေ့ရင် အဆိပ်ပစ္စည်းတွေ ရေထဲကိုပျော်ဝင်စေပါတော့တယ်..။ရေသန့်ဘူးနဲ့အချိုရည် တော်တော်များးများ ကိုဒီလိုဗူး နဲ့ထည့်ပါတယ်။ ပြန်လည်း အသုံးများပါတယ်။ မသုံးစေချင်ပါ။ အန္တရာယ် အရမ်းများပါတယ်..။3 / 7 ဆိုရင်(PVC or PC) အဆိပ်ဓာတုတွေထွက်ပြီး စားစရာ ရေတို့အတွင်းသို့ ဝင်နိုင်လို့ […]
လင်မယား ဖြစ်ရခြင်း အခြေခံအကြောင်းရင်း (၂) မျိုး…
၁။ ပုဗ္ဗသန္နဝါသ – ရှေ့ဘဝ၊ ဘဝ မှ လင်မယားဖြစ်ခဲ့ရဖူးသောကြောင့် လင်မယားဖြစ်ရ၏။ ၂။ ယခုဘဝတွင် တစ်ဦး၏အကျိုးကို တစ်ဦးက စေတနာအပြည့်နှင့် သယ်ပိုးဆောင်ရွက်ခဲ့ဖူးခြင်းကြောင့် လင်မယားဖြစ်ရ၏။ အောက်ပါအချက်များနှင့် တူညီတဲ့ အကြင်လင်မယားဖြစ်ပါက သမ္မသဒ္ဓါ – သဒ္ဒါတရားချင်းတူညီ သမသီလာ – အကျင့်ချင်းလည်းတူညီ သမစာဂါ – စွန့်ကြဲပေးကမ်းမှုချင်းလည်း တူညီ သမပညာ – အယူအဆ၊ အတွေးအခေါ်၊ ပညာချင်းလည်း တူညီမည်ဆိုပါက ဤ လင်မယား သည် ယခု ဘဝတွင် ကွဲကွာခြင်း မရှိသည့်အပြင် ယခုလက်ရှိဘဝတွင်သာမက နောက်ဘဝဆက်ဆက်တိုင်အောင်… ၁ – အကျိုးစီးပွား တိုးတက်ခြင်း ၂ – ကိုယ်ချမ်းသာ စိတ်ချမ်းသာ နေထိုင်ရခြင်း ၃ – ရန်သူများ […]
မျက်ခုံး ဘာကြောင့်လှုပ်၊ မျက်ကွင်း ဘာလို့ ညို နဲ့ အခြား သိချင်စရာလေးများ
မျက်ခုံး ခဏခဏ လှုပ်နေရင် ဘာများဖြစ်မလဲဟု စိတ်ထင့်လာတတ်သည်။ မျက်ကွင်းတွေ ညိုလာပြီဆို တစ်ခုခုများ ဖြစ်တော့မလား စိုးရိမ်ကြသည်။ အအိပ်များသွားလျှင် ကိုယ်လက်မအီမသာတွေ ဖြစ်ပြီး လေးလံထိုင်းမှိုင်း သွားရတာကရော ဘာကြောင့်လဲ။ လူပင်ပန်းလာရင်း ဖြူဖတ်ဖြူရော် ဖြစ်သွားတာ ကရော အသို့နည်း။ ၁။ ဇတ်ခနဲ ဇတ်ခနဲ မျက်ခုံးလှုပ်တာ ဘာကြောင့်လဲ။ လူသည် ပင်ပန်း နွမ်းနယ်နေသည့်အခါ၊ စိတ်ဖိစီးနေသည့်အခါ၊ အသောက်လွန်သည့် အခါမျိုးတွင် အာရုံကြောများ အားနည်းလာတတ်သည်။ မျက်လုံးတစ်ဝိုက်က ကြွက်သားများသည် နူးညံ့သိမ်မွေ့ကြသည်။ ၎င်းတို့ကို ထိန်းချုပ်သော အာရုံကြောစနစ် အားနည်းပါက လှုပ်ရှားမှု ဖောက်ပြန်တတ်ပြီး ဇတ်ခနဲ ဇတ်ခနဲ ဆောင့်ပြီး လှုပ်ရှားတတ်ကြသည်။ ထိုသို့ လှုပ်ခြင်းကို မျက်ခုံးလှုပ်ခြင်း (သို့မဟုတ်) မျက်ခွံတွေ လှုပ်နေခြင်းဟု ဆိုကြခြင်း ဖြစ်သည်။ […]
ဇာတ်တော်ထဲက မိန်းမပျက် အင်္ဂါရပ် (၂၅)ရပ် ပြည့်တန်ဆာတူတဲ့ မိန်းမဆိုတာ
မိန်းမပျက်အင်္ဂါ ၂၅ ချက် ၁။ လင်ယောက်ျား အရပ်တစ်ပါးသွားတာကို ချီးမွမ်းတတ်ခြင်း။ ၂။ အရပ်ဝေးသွားသော လင်ယောက်ျားအား အမှတ်မရတတ်ခြင်း။ ၃။ လင်ပြန်ရောက်လာသည်ကို မနှစ်သက်ခြင်း။ ၄။ လင်ယောက်ျား ဂုဏ်ကျေးဇူးမဲ့အောင် ပြောဆိုတတ်ခြင်း။ ၅။ လင်ယောက်ျားအပေါ်တွင် ချီးမွမ်းစကား မပြောဆိုတတ်ခြင်း။ ၆။ လင်ယောက်ျားအပေါ်တွင် အကျိုးမဲ့ကိုသာ ပြုတတ်ခြင်း။ ၇။ လင်ယောက်ျားအပေါ်တွင် အကျိုးရှိသည်ကို မပြုတတ်ခြင်း ၈။ လင်ယောက်ျားအပေါ်တွင် ပြုလုပ်ပေးရမည့်တာဝန်ကို မပြုလုပ်ပေးခြင်း။ ၉။ လင်ယောက်ျားအပေါ်တွင် မပြုလုပ်ပေးသင့်တဲ့အမှုများသာ ပြုလုပ်ပေးခြင်း။ ၁၀။ အဝတ်ကို မြဲစွာဝတ်၍ အိပ်တတ်ခြင်း။ ၁၁။ လင်ကို ကျောပေးအိပ်ခြင်း။ ၁၂။ ကပြောင်းကပြန် အိပ်တတ်ခြင်း။ ၁၃။ အသက်ရှု ကြမ်းတမ်းစွာ အိပ်တတ်ခြင်း။ ၁၄။ လင်ယောက်ျား စိတ်ဆန္ဒကို […]
သတိမမူကြတဲ့ တံမြက်စည်းနိမိတ်
၁။ အပျိုတွေ တံမြက်စည်း ကျော်မိရင် အိမ်ထောင်မကျခင် ဗိုက် ကြီးတတ်ပါတယ်။ ၂။ အပျို၊ လူပျိုတွေ ခြေဖျားပေါ်ကျော်ပြီး တံမြက်စည်း ခတ်မိရင် အဲ့ကလေးတွေ အိမ်ထောင်မကျတော့ပါဘူး။ တံမြက်စည်းကို တံတွေးနဲ့ ပြန်ထွေးခိုင်းပါ။ ၃။ အိမ်နီး ခြံနီးချင်းတွေ ကိုယ့် အိမ်/ခြံဝကစပြီး တံမြက်စည်း လာလှည်းသွားရင် ၀င်မယ့်လာဘ် မ၀င်တော့ပါဘူး။ သူ့အိမ်ဝက ပြန်လိုက်လှည်းယူပါ။ ၄။ တံမြက်စည်းသစ်နဲ့ အိမ်ထဲက အိမ်ပြင် စ မလှည်းရပါဘူး။ ပစ္စည်းတစ်ခုခု အိမ်ဝချပြီး အိမ်ထဲ အရင်လှည်းထည့်ရပါတယ်။ ၅။ ကိုယ့်မိသားစုတွေအကုန် ကံဆိုးနေတယ်ထင်ရင် ရှေ့၊ နောက် အိမ်တံခါးတွေဖွင့်ထားပြီး အိမ်ရှိလူကုန် အိမ်လယ်ကစ ရှေ့နောက်အပေါက်ဘက်ကို တံမြက်စည်း လှည်းခိုင်းပါ။ ၆။ အိမ်ဝင်တံခါးမှာ တံမြက်စည်း ကန့်လန့်ဖြတ်ချထားရင် မကောင်းတဲ့ […]
သင့်အိပ်မက်တွေကနေ တဆင့် သိနိုင်မယ့် သင့်ရဲ့အကြောင်း
အိပ်မက်အများစုဟာ မသိစိတ်က တစုံတခုကို စွဲလမ်းမှုကြောင့် မက်တာလို့ ယူဆနိုင်ပေမယ့် မကြာခဏဆိုသလို မက်တတ်တဲ့ အိပ်မက်တွေကတော့ သင်ကိုယ်တိုင်တောင် သတိမထားမိတဲ့ သင့်အကြောင်းတွေကို ပြောပြနိုင်တယ်လို့ လေ့လာသူတွေ ဆိုပါတယ်။ သင်ဟာ ဘယ်လို အိပ်မက်မျိုးတွေကို မက်တတ်သူလဲဆိုတာကို အခုဖော်ပြပေးမယ့် အိပ်မက်အမျိုးအစားတွေနဲ့ ဆန်းစစ်ကြည့်နိုင်ပါတယ်။ (၁) ပုံမှန်မဟုတ်တဲ့ ထူးထူးခြားခြား အိပ်မက်တွေ(ဥပမာ အားဖြင့် အိပ်မက်ထဲမှာ လေပေါ်ပျံနေတာနဲ့ ကိုယ်ယောင်ဖျောက်တာမျိုး)ကို မက်တတ်သူတွေဟာ သာမန်လူတွေထက် ဖန်တီးနိုင်စွမ်းမြင့်မားပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူတွေ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ (၂) အပြင်လောကနဲ့ နီးစပ်တဲ့ သမားရိုးကျ အိပ်မက်တွေကိုပဲ မက်တတ်သူတွေကတော့ ရှေးရိုးစွဲဆန်ပြီး သဘောထားကြီး တတ်သူတွေ ဖြစ်ပါတယ်။ (၃) ချွေးစေးတွေပြန်ပြီး လန့်နိုးစေတဲ့အထိဖြစ်စေတဲ့ အိပ်မက်ဆိုးတွေ မကြာခဏမက်တတ်တယ်ဆိုရင်တော့ နှလုံးနဲ့ ပက်သက်ပြီး […]
မြန်မာ့ပြက္ခဒိန်တီထွင်ခဲ့သူ
မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ မြန်မာပြက္ခဒိန်ပေါ်ပေါက်လာရတဲ့ သမိုင်းကြောင်းကို မိတ်ဆွေများအတွက် မျှဝေလိုက်ပါတယ်။ ပြောရမယ်ဆိုရင်တော့ ဟိုးရှေးရှေးတုန်းကလို့ပဲဆိုရမှာပါ။ လွန်ခဲ့တဲ့နှစ်ပေါင်း၂၅၀၀တုန်းက ဗုဒ္ဓပြက္ခဒိန်ဆိုပြီး ပထမသင်္ဂါရတနာတင်ပွဲအပြီးမှာ စတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မှုပြီး မဟာသက္ကရာဇ်သက်တမ်း ၁၄၈ နှစ်မှာသာသနာတော်နှစ် ၅၀၀၀ကိုထားခဲ့တဲ့အတွက် အဲဒီအချိန်ကစတင်ပြီး သာသနာတော်နှစ်ကိုစတင်ခဲ့တာဖြစ်ပါတယ်။ မြန်မာ့နက္ခတ်ပညာရဲ့ အစဟာ သူရိယသိန္ဓန္တဖြစ်ပါတယ်။ အဲ့ဒီကျမ်းမှာ ခရစ်နှစ် ၆၂၈ ခုနှစ်က ဗြဟ္မရပ္ပတိ အမည်ရတဲ့ ပညာရှိကြီးရေးသားခဲ့သည်ကို ခရစ်နှစ် ၁၀၉၁ မှာဘရဘတ္တ အမည်ရှိ ပညာရှိကြီးထံမှ ဝါရဟမိဟိရက ကူးယူခဲ့ကြောင်း ၁၈၆၀ ပြည့်နှစ်မှာ အင်္ဂလိပ်လိုဘာသာပြန်ခဲ့တဲ့ အီးဘားဂျက်က ရေးသားဖော်ပြခဲ့ပါတယ်။ အဲဒီပြက္ခဒိန်မှာဆိုရင်တော့ သူရိယသိဒ္ဓန္တ နက္ခနဲ့ဆိုင်တဲ့စည်းမျဉ်းတွေ ကိုအခြေခံပြီးဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ ကောဇာသက္ကရာဇ်နဲ့ သာသနာနှစ်မှာကွဲပြားနေတာကို တွေ့ရပါတယ်။ ကောဇာသက္ကရာဇ်မှာ ၁၃၀၀ကျော်ရှိသေးပေမယ့် သာသနာနှစ်ကတော့ ၂၅၀၀ကျော်နေပြီဖြစ်ပါတယ်။ ဒီလိုကွဲပြားရတာက […]









