ဗေဒင်

တစ်ပတ်စာ ခုနှစ်ရက်သားသမီး ကံကြမ္မာဟောကိန်း (6-7-2020 to 12-7-2020)

တနင်္ဂနွေသားသမီး ပျော်ရွှင်စရာခရီးတစ်ခုမမျှော်လင့်ဘဲထွက်ခွါရပါလိမ့်မည် ထီပေါက်သကဲ့သို့ငွေအစုအပုံဝင်လာပါလိမ့်မည်မိမိအတွက်ကံကောင်းမယ့်အချိန်အခါပါ မျက်နှာတွင်ဝက်ခြံဘုများပေါက်လာတတ်သည် လူမျိူးမတူသူရပ်ဝေးသူနှင့်ဖူးစာဆုံ၍ချစ်သူဖြစ်မည့်ကာလပါ ထီ ၆အစ၉အဆုံးထိုးပါ ယတြာ ဆိတ်သားဟင်းနှင့်ထမင်းအဝစား၍လိုရာဆုတောင်းပါ တနင်္လာသားသမီး အခွင့်အရေးဟောင်းတွေပြန်ပေါ်ပြီးအကျိူးရလာဒ်များခံစားရမည့်အချိန်အခါပါ ပညာရေးကိစ္စ သင်တန်းကိစ္စတွေအထူးကံကောင်းပါမည် ချစ်သူထံမှလက်ဆောင်ပစ္စည်းရရှိမည် အစာမခံပါနှင့်အစာအိမ်ရောဂါခံစားရတတ်ပါသည် ထီ၃အစ၅အဆုံးထိုးပါ ယတြာ ငါး၁၁ကောင်လွှတ်ပေးပါ အင်္ဂါသားသမီး စိတ်တွေထွေပြားပြီးအမှားများတတ်တဲ့ကာလပါ အတွေးတွေ စိုးရိမ်စိတ်တွေအားကြီးပြီးဆုံးဖြတ်ချက်တွေပါမှားတတ်ပါတယ် စိတ်နဲ့ကိုယ်မကပ်တဲ့ကာလပါ အတတ်နိူင်ဆုံးသတိထားဖို့မှာချင်ပါတယ် အိပ်မရဖြစ်နေတတ်သောကာလပါ ငယ်ရွယ်သူများအချစ်ရေးကံစန်းအထူးပွင့်နေပါလိမ့်မည် ထီ ၉အစဝအဆုံးထိုးပါ ယတြာ ဌက်တွေ ခိုတွေအစာမကြာခဏကျွေးပါ ဗုဒ္ဓဟူးသားသမီး အိမ်အနီးအနားတွင်မီးလန့်ခြင်းသူခိုးအခိုးခံရခြင်းမျိုးတွေကြုံရတတ်ပါသည် ရွှေအဝင်မခံသင့်သောကာလပါ အကယ်၍ရွှေဝင်ခဲ့ပါကလည်းအကြောင်းအမျိူးမျိူးနှင့်ပြန်ထွက်တတ်ပါသည် ရေချိုးမှား၍လေဒုက္ခပေးခံရတတ်ပါသည် ငယ်ရွယ်သူများအချစ်ရေးတွင်ကြားလူအနှောင့်အယှက်ကြောင့်နားလည်မူလွဲခံရတတ်ပါသည် ထီ ၈အစဝအဆုံးထိုးပါ ယတြာ သောကြာထောင့်တွင်မိမိသက်စေ့ရေလောင်းလှုပေးပါ ကြာသာပတေးသားသမီး အလုပ်အတွင်းစာရင်းဇယားတွေမှားနေတတ်ပါသည် ရပ်ဝေမှနေ၍အရေးကြီးသတင်းတစ်ခုကြားရတတ်ပြီး သိပ်မကြာခင်မှာ အလုပ်နေရာထိုင်ခင်းပြောင်းရွှေ့ရပါလိမ့်မည် မျက်ရိုးတွေမကြာခဏကိုက်နေလိမ့်မည် ငယ်ရွယ်သူများအချစ်ရေးပြန်လည်အဆင်ပြေပါလိမ့်မည် ထီ ၁အစ၂အဆုံးထိုးပါ ယတြာပဲပြုတ်နှင့်ထမင်းနယ်၍လမ်းဘေးခွေးများအားကျွေးပါလေ သောကြာသားသမီး မြေကိစ္စ အမွေကိစ္စ ပိုင်ဆိုင်မူနှင့်ပါတ်သက်သောကိစ္စများဆောင်ရွက်ထားပါကအလျှင်အမြန်အောင်မြင်ပါလိမ့်မည် […]

ဗေဒင်

၂၀၂၀ ခုနှစ်အတွက် နေ့သားအလိုက် (၁)နှစ်စာဟောစာတမ်းကြီး…

၂၀၂၀ ခုနှစ်အတွက် နေ့သားအလိုက် (၁)နှစ်စာဟောစာတမ်းကြီး တနင်္ဂနွေသားသမီးများ စီးပွား အရှိန်အဟုန်ဖြင့် တိုးချဲ့သင့်။ လုပ်ငန်းစီးပွား လက်ရှိအခြေအနေထက် များစွားမြင့်တက်လတ္တံ့။ ကံကောင်းအံ့ ။ လုပ်ငန်းသစ်များ စတင်သင့်။ မင်းစိုးရာဇာ ကူညီ မစခြင်း ၊ မင်းစိုးရာဇာများနှင့် ပက်သက် ရခြင်း ၊ အလုပ်တိုင်း နေရာတိုင်းမှာ ရန်အတိုက်အခံ အပြိုင်အဆိုင် များပေါများပြီး ၎င်းတို့ အပေါ် ကံအသာစီး အနိုင်ရရှိခြင်း၊ ဘုန်းတန်ခိုးကြီးခြင်း၊ သြဇာအာဏာ ထက်မြက်ခြင်း၊ အကြံအစည် ရည်ရွယ်ချက်များ အောင်မြင်ခြင်း ၊ သူများ ပြဿနာကြားဝင် ပါရတတ်ခြင်း ၊ မိတ်ဆွေရင်း လူရင်းများ သစ္စာဖောက်ခြင်း ၊ စပ်တူရှယ်ယာ လုပ်ငန်းများ စိတ်အနှောက်ယှက်ဖြစ်ရခြင်း ၊ အခြွေအရံ ပေါများခြင်း ၊ မိမိကို […]

ဗေဒင်

2020 ပြည့်နှစ် ဇူလိုင် လ တစ်လစာ အတွက် ဂဏန်းဗေဒင် ဟောကိန်း..

2020 ပြည့်နှစ် ဇူလိုင် လ တစ်လစာ အတွက် ဂဏန်းဗေဒင် ဟောကိန်း (၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ရက်တွင် မွေးဖွားသူများ) – နိုင်ငံရေး၊ အုပ်ချုပ်ရေး နဲ့ ပတ်သက်တဲ့ အလုပ်မှာ လုပ်နေသူတွေ ဒီလထဲမှာ နေရာ၊ အခွင့်အရေးတွေ ရလာမယ်။ ဒါပေမယ့် ကိုယ်လုပ်သမျှကို အသိအမှတ်ပြု မခံရလို့ လုပ်ရတာ အားမပါသလို ခံစားရမယ်။ လလယ်ပိုင်းမှာ မိသားစုရေး စိတ်ညစ် စရာ ပေါ်မယ်။ လကုန်ပိုင်းမှာတော့ အလုပ်နဲ့ ပတ်သက်တဲ့ အခက်အခဲတွေ အပြိုင်အဆိုင်တွေကို ကျော်ဖြတ်နိုင်မယ်။ ကျန်းမာရေးပြဿနာ မရှိပေမယ့်လည်း စိတ်ညစ်ရ စိတ်ရှုပ်ရတာတွေတော့ များ တတ်တယ်။ (၂ ၊ ၁၁ […]

ဗေဒင်

မိတ်ဆွေများအားလုံးအတွက် မင်းသိင်္ခဗေဒင် တစ်ပတ်စာ ဟောစာတမ်း

(၇)ရက် သားသမီးများအတွက် (5.7.2020)မှ(11.7.2020)ထိ ဆောင်ရန် ၊ ရှောင်ရန် ၊ သတိပြုရန် ၊ ယတြာပြုရန် (၁)ပတ်စာ ဟောစာတမ်း မိတ်ဆွေများအားလုံးအတွက် မင်းသိင်္ခဗေဒင် တစ်ပတ်စာ ဟောစာတမ်း (5.7.2020)မှ(11.7.2020)ထိ ဆောင်ရန် ၊ ရှောင်ရန် ၊ သတိပြုရန် ၊ ယတြာပြုရန် (၇)ရက် သားသမီးများအတွက် (၁)ပတ်စာ ဟောစာတမ်း တနင်္ဂနွေသားသမီး ယတြာ ။ တနင်္ဂနွေနေ့တွင် နေအိမ်ဘုရားစင်မှာ ဘူးသီးကြော် ၅ခု ကပ်လှူပါ။ တနင်္လာသားသမီး ယတြာ ။ တနလာင်္နေ့တွင် တနင်္လာ ထောင့်မှာ ငွေထီး ၂လက်ကပ်လှူပါ။ အင်္ဂါသားသမီး ယတြာ ။ အင်္ဂါနေ့ အင်္ဂါထောင့်ဘုန်းကြီးတပါးကို သစ်သီး ၃လုံး လှူဒါန်းပါ။ ဗုဒ္ဓဟူးသားသမီး ယတြာ ။ […]

ဗေဒင်

စနေသားသမီးများအတွက် ၂၀၂၀ခုနှစ် ဇူလိုင်(၇)လပိုင်းအတွက် တစ်လစာဟောစာတန်း

စနေသားသမီးများ ဒီလအတွင်းမှာ သင့်အတွက် ကံဇာတာကတော့ စိတ်မော လူမောဖြစ်ရတတ်ပါတယ်။ ကိုယ့်ရဲ့ လက်အောက်ငယ်သားတွေ ကိုယ်ကြွေးမွေး ပြုစုထားခဲ့တဲ့ လူတွေက ကိုယ့်ကို ပြန်ပြီး တော်လှန်တာ ပုန်ကန်တာ ကြုံရတတ်တဲ့ အတွက်လည်း စိတ်ညစ်ရ ဒေါသဖြစ်ရတွေ ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ရင်တော့ သင့်ကို ပြောချင်တာက စကားနည်းနိုင်သမျှ နည်းပါ။ လိုအပ်သလောက်ပဲ ပြောပါ။ ကိုယ်က အလိုလိုနေရင်း သူတစ်ပါးက လာပြီး တိုက်ခိုက်တာ ပုတ်ခတ်တာ ရန်စတာတွေလည်း ကြုံရတတ်ပါတယ်။ ဒီအချိန်မှာ အပိုင်းနှစ်ပိုင်း ရှိတယ်။ တစ်ပိုင်းက စိတ်ပိုင်းဆိုင်ရာပေါ့။ စိတ်ပိုင်းဆိုင်ရာကတော့ စိတ်ညစ်ရမယ်။ အလုပ်အကိုင် ရာထူး ဋ္ဌာနန္တရတွေမှာတော့ တိုးတက်မှု့တွေ ကြုံမယ်။ နိုင်ငံခြားတိုင်းပြည်တွေနဲ့ ပါတ်သက်တဲ့ ကိစ္စတွေမှာဆိုရင်လည်း အောင်မြင်မှု့တွေ အကျိုးအမြတ်တွေ အကျိုးခံစားခွင့်တွေ ရရှိတတ်ပါတယ်။ ငွေကြေးကိစ္စ […]

ဗေဒင်

သောကြာသားသမီးများအတွက် ၂၀၂၀ခုနှစ် ဇူလိုင်(၇)လပိုင်းအတွက် တစ်လစာဟောစာတန်း

၂၀၂၀ ခုနှစ်၊ ဇူလိုင်လ တစ်လတာအတွက် ကံကြမ္မာဟောစာတမ်းသောကြာသားသမီးများ ဒီလအတွင်း သင်၏ ကံဇာတာကတော့ ကံကြမ္မာကောင်းများ အပြောင်းအလဲ ဖြစ်နိုင်သော အချိန်ကာလ ဖြစ်သည်။ ကံကြမ္မာ အခွင့်အရေး အခွင့်အလန်းကောင်းများ ရရှိကြုံဆုံမည်။ အထူးအားဖြင့် ဝင်ငွေကောင်းသလို ငွေကြေးအကုန်အကျများလည်း များတတ်သော အချိန်ကာလ ဖြစ်၏။ ပြီးခဲ့သော အချိန်ကာလက ကြုံတွေ့ခဲ့ရသော အခက်အခဲများ ပြဿနာများ ပြေလည်မည်။ ဖြေရှင်းနိုင်မည်။ ဒီအချိန်မှာ သင့်အတွက် တစ်ခုသတိထားရမည်မှာ ကိုယ့်အတွက် အကျိုးလုံးဝ မရှိသော အလုပ်များလည်း လုပ်ကိုင်နေရတတ်သည်။ တစ်ခု ပျော်စရာ ကောင်းသည်မှာ သင်၏ စိတ်သည် အပျော်အရွှင်ဆုံး အချိန်ဖြစ်သည်။ သင်ကိုယ်တိုင် သင်၏ ကံဇာတာများ ကောင်းမွန်နေသည်ဟူ မိမိကိုယ် မိမိ ယုံကြည်မှု့ ရနေမည်။ စိတ်ဓာတ်များလည်း အလိုလို […]

ဗေဒင်

ကြာသပတေးသားသမီးများအတွက် ၂၀၂၀ ခုနှစ် ဇူလိုင်(၇)လပိုင်းအတွက် တစ်လစာဟောစာတန်း

ကြာသပတေးသားသမီးများအတွက် ၂၀၂၀ ခုနှစ် ဇူလိုင်(၇)လပိုင်းအတွက် တစ်လစာဟောစာတန်း ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ တစ်လတာအတွက် ကံကြမ္မာဟောစာတမ်းကြာသပတေးသားသမီးများ ဒီလအတွင်းမှာ သင့်အတွက် ကံဇာတာကတော့ မိသားစု အလုပ်အကိုင် စီးပွားရေးတွေ ထူးထူးခြားခြား တိုးတက်လာမည်။အိုးအိမ်ကိစ္စ ၊ နေရာထိုင်ခင်းကိစ္စ တွေမှာလည်း ထူးထူးခြားခြား တိုးတက် အောင်မြင်ခြင်း မိသားစု ရည်ရွယ်ချက် ရည်မှန်းချက်များ ပြည့်ဝ အောင်မြင်မှု့ရရှိမည်။ အလုပ်အကိုင်နှင့် ပါတ်သက်၍ မြောက်အရပ် ၊ အရှေ့မြောက်အရပ်တွေမှာ အခွင့်အရေး အခွင့်အလန်းများ ရှာဖွေသင့်သည်။ထိုအရပ်ဒေသများတွင် အောင်မြင်မှု့ ရရှိနိုင်သည်။ မိမိနေအိမ်သို့ အသက်အရွယ် ကြီးရင့်သော ရဟန်း သံဃာတော် တစ်ပါး ထူးထူးခြားခြား ကြွရောက်လာမည်။ အလွန်ကောင်းသော နိမိတ်ဖြစ်သောကြောင့် သင့်အနေနှင့် တတ်နိုင်သလောက် အလှူဒါန ပြုအပ်ပေသည်။မိမိတို့အတွက် အလုပ်တွင် အကြီးအကဲများ၏ […]

ဗေဒင်

ဗုဒ္ဓဟူးသားသမီးများအတွက် ၂၀၂၀ခုနှစ် ဇူလိုင်(၇)လပိုင်း ၁ လစာဟောစာတမ်း

ဗုဒ္ဓဟူးသားသမီးများအတွက် ၂၀၂၀ခုနှစ် ဇူလိုင်(၇)လပိုင်း ၁ လစာဟောစာတမ်း ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ တစ်လတာအတွက် ကံကြမ္မာဟောစာတမ်း ဗုဒ္ဓဟူးသားသမီးများ ဒီလအတွင်းမှာ ပညာရေးနှင့် ပါတ်သက်သော ကိစ္စများ အထူးအောင်မြင်မည်။ ပညာရပ် တစ်ဖက် တွဲဖက် လုပ်ကိုင်ရသော လုပ်ငန်းများ အထူး အောင်မြင်မည်။ မိတ်ဆွေ ဆရာသမားများ အထူးချစ်ခင် အလိုလိုက်ခြင်း စောင့်ရှောက်ခြင်း အကျိုးခံစားရခြင်း ဖြစ်မည်။ အကျိုးပေးသော စက်ပစ္စည်း ဝင်မည်။ အကြိမ်ကြိမ် အခါခါ လုပ်ဆောင်ရင်း အဆင်မပြေခဲ့သော လုပ်ငန်းဆောင်တာများ ယခုတစ်ကြိမ် လုပ်ဆောင် အောင်မြင်လိမ့်မည်။ စိတ်ပိုင်းဆိုင်ရာ အားဖြင့် အထူးစိတ်ချမ်းသာစွာ နေထိုင်ရမည်။ ရည်ရွယ်ထားသမျှ အောင်မြင်မည်။ ရည်မှန်းထားသမျှ ခရီးပေါက်မည်။ အရောင်းအဝယ် သမားများ ရောင်းပန်းဝယ်ပန်း အထူးပွင့်လန်းမည်။ လုပ်ငန်းများ အထူး […]

ဗေဒင်

အင်္ဂါသားသမီးများအတွက် ၂၀၂၀ ခုနှစ် ဇူလိုင်(၇)လပိုင်းအတွက် တစ်လစာဟောစာတမ်း

အင်္ဂါသားသမီးများအတွက် ၂၀၂၀ ခုနှစ် ဇူလိုင်(၇)လပိုင်းအတွက် တစ်လစာဟောစာတမ်း ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ တစ်လတာအတွက် ကံကြမ္မာဟောစာတမ်းအင်္ဂါသားသမီးများ ဒီလအတွင်းမှာ သင်၏ ရည်ရွယ်ချက်များ ရည်မှန်းချက်များ ပြည့်ဝ အောင်မြင်မည့် အချိန် ဖြစ်တယ်။ ပြောရရင်တော့ လိုအင်ဆန္ဒတွေ ပြည့်စုံနိုင်တာပေါ့။ ခြံကိစ္စ ၊ ကားကိစ္စ ၊ ကျောက်ကိစ္စ ၊ ငွေကြေးကိစ္စတွေ ပြောဆို အောင်မြင်တတ်ပါတယ်။ ဝယ်ဖို့ရည်ရွယ်ရင်လည်း ဝယ်ဖြစ်တတ်ပါတယ်။ မိတ်ဆွေသင်္ဂဟများကလည်း ကိုယ်ဆီကိုလာပြီး အလုပ်စီးပွားများ တွဲဖက် လုပ်ကိုင်ဖို့ စီစဉ်မည်။ ကိုယ်ကလည်း အလို ပြည့်စုံမည်။ ကိုယ့်မှာရှိတဲ့ လက်ဝတ်တန်ဆာ ရွှေတွေကိုတော့ သတိထားပါ။ ကျပျောက်တတ်ပါတယ်။ ကိုယ်စီးနေတဲ့ ယဉ်တွေကတော့ အပျက်အစီးလေးတွေ များတတ်တဲ့ ကာလဖြစ်ပါတယ်။ ငွေတွေကလည်း အစုလိုက် အပြုံလိုက် ဝင်လိမ့်မည်။ […]

ဗေဒင်

တနင်္လာသားသမီးများအတွက် ၂၀၂၀ခုနှစ်(၇)လပိုင်း တစ်လစာဟောစာတမ်း

တနင်္လာ သားသမီးများဟာ ဒီလအတွင်း စီးပွားရေး ၊ လူမှုရေး ၊ ပညာရေး အောင်မြင်လိုသော ကိစ္စများ အတွက် ဗုဒ္ဓဟူး သားသမီး များနှင့် တိုင်ပင်ဆောင်ရွက်ပါ ။ ယခုရက်ပိုင်း အတွင်း စိတ်တိုင်း မကျစရာတွေ များနေသလို စိတ်နှစ်ခွ ဖြစ်စရာ တွေ ရှိနေတတ်ပါတယ် ။ လုပ်ငန်းခွင် အတွင်း စိတ်ညစ်စရာ တွေကြောင့် အလုပ် ကနေ ထွက်ပြေး ချင်စိတ်တွေ ဖြစ်နေရင် ခဏခွင့်ယူလိုက်ပါ ။ အလုပ် မထွက်ပါနဲ့ဦး ။ ခရီးသွားဖို့ စီစဉ်ထား ရင် မထင်မှတ်ဘဲ အထစ် အငေါ့ ဖြစ်ကာ စိတ်ညစ်ရတတ် ပေမယ့် ခရီးသွား လုပ်ငန်းတွေ အချိန်ကောင်းများ ကြုံရတတ်တဲ့ အချိန်ပါ ။ […]