ကြားသိရသမျှ
တော်သလင်းမိုးတွေ ရွာသွန်းမယ့်ဒေသတွေကို ခန့်မှန်းပေးလိုက်ပြန်တဲ့ မိုးမင်းသမီးလေး စုစုစံ
တော်သလင်းမိုးတွေ ရွာသွန်းမယ့်ဒေသတွေကို ခန့်မှန်းပေးလိုက်ပြန်တဲ့ မိုးမင်းသမီးလေး စုစုစံ မိုး မိုး မိုးလားမောင်တို့လေ လေ လေလား မောင်တို့ လေမပြင်းထန်တဲ့မိုးပဲရှိပါတယ်အမျိုးတို့ရေ မြန်မာ့မိုးရာသီ တော်သလင်းမိုး ၂၀၂၂စက်တင်ဘာလ ၉ရက်နေ့မှ ၂၁ရက်နေ့အတွင်း တနင်္သာရီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်း ဧရာဝတီတိုင်း ရခိုင်ပြည်နယ် မကွေးတိုင်း မန္တလေးတိုင်း နေပြည်တော် ပဲခူးတိုင်း ကယားပြည်နယ် ရှမ်းပြည်နယ် စစ်ကိုင်းတိုင်း ချင်းပြည်နယ် ကချင်ပြည်နယ်တွေမှာ မိုးရွာနိုင်တယ်ဆိုတော့ကား တနိုင်ငံလုံးမိုးရွာသွန်းဖို့ရှိပါတယ် ဘင်္ဂလာပင်လယ်အော်အနောက်ပိုင်း Low pressure Area (LPA) Depression လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းငယ်လေးတွေဖြစ်ဖွယ်ရှိသော်လည်း အိန္ဒိယနိုင်ငံကိုသာကုန်းတွင်းဝင်ရောက်သွားနိုင်သဖြင့် မြန်မာနိုင်ငံအနေနဲ့တော့ မုန်တိုင်းအန္တရာယ်မရှိနိုင်ပါဘူး စိုက်ပျိုးရေးအထောက်အကူပြုမိုးတွေပဲရွာနိုင်ပါတယ် သဘာဝဘေးအန္တရာယ် ရေကြီးရေလျှံဖြစ်လာနိုင်ရင်လည်း ရက်ဝေးကြိုတင်ခန့်မှန်းပေးနေပါမယ် ရက်ဝေး ရက်နီး တိကျသေချာတဲ့ မိုးလေဝသခန့်မှန်းချက်တွေကို အချိန်နှင့်တပြေးညီခန့်မှန်းပေးနေပါတယ် မင်းဂွတ်သီးလေးရဲ့ […]
ကြားသိရသမျှ
” စင်္ကာပူ သူဌေး ” ကို အံ့သြမှင်သက်စေခဲ့သော မအူပင်မြို့နယ် ထန်းပင်ကွေ့က ကရင်မလေး
သမုဒ္ဒရာ ဝမ်းတစ်ထွာ မိသားစုအရေး ဘဝရှေ့ရေးအတွက် သူများနိုင်ငံ လာအလုပ်လုပ်တာလေ ကျွန်လာခံတာမှ မဟုတ်တာအဖိနှိမ့်ခံ အပြောအဆိုခံဖို့မှ မဟုတ်တာ သူတို့ပေးတဲ့ လစာနဲ့ ထိုက်တန်တဲ့ လုပ်အားကို ပေးခဲ့တာပဲ အလုပ်ရှင်နဲ့အလုပ်သမားပဲ။ လူလူချင်းအပေါ် ငါလစာပေးထားရတယ် ပိုက်ဆံပေးရတယ်ဆိုပြီး သူတို့ပြောသမျှ ဆိုသမျှ ခေါင်းငုံ့ခံကာ နေတတ်တဲ့သူတွေထဲ ဖွေးစိန် တစ်ယောက်မပါ။ လစာနဲ့ ထိုက်တန်တဲ့ လုပ်အားကို အပြည့်ပေးဆပ်ခဲ့တာ သူတို့ပြောသမျှ ဆိုသမျှ ခံနေရမှာတဲ့လား တန်းတူညီမျှမှု ခွဲခြားဆက်ဆံမှုမရှိစေရဆိုတဲ့ ကိုယ်ပိုင်လူ့အခွင့်အရေးဆိုတာ လူသားတိုင်း ခံစားခွင့် ရှိနေတယ်မဟုတ်လား။ မိသားစုအရေးကြောင့် စကာင်္ပူကို စွန့်စားပြီး ထွက်ခွါ လာခဲ့ရတာ စင်္ကာပူသွားရင် ဒါတွေ ဒါတွေ သင်ယူဖို့လိုတာ ဆိုတာတွေအေဂျင့်တွေ စီစဉ်သမျှ ပေးသမျှ သင်တန်းတွေ သင်ယူပြီးမှ ဖွေးစိန်က လာခဲ့တာ ဘလိုင်းသက်သက် […]
ကြားသိရသမျှ
တဒေါ်လာ တကျပ်ဖြစ်သွားတာထက် ပိုအရေးကြီးတဲ့ ကိစ္စ…
တဒေါ်လာ တကျပ်ဖြစ်သွားတာထက် ပိုအရေးကြီးတဲ့ ကိစ္စ… ဒေါ်လာဈေးက တစ်ဒေါ်လာကို ၁ သောင်းဖြစ်တာ၊ တစ်ဒေါ်လာကို ၁ ကျပ်ဖြစ်တာ အဲဒါတွေက ဘာမှ အရေးမကြီးဘူး။ အရေးကြီးတာက အတက်၊ အကျရဲ့ အကွာအဝေး နဲ့ ဖြစ်တဲ့ အကြိမ်ရေ အဲဒါက အရေးကြီးတာ။ ဒေါ်လာဈေးက ၁ သောင်းဖြစ်လည်း တည်ငြိမ်နေရင် စီးပွားရေး လုပ်လို့ရတယ်။ တစ်သိန်း ဖြစ်လည်း လုပ်လို့ရတယ်။ တည်ငြိမ်နေဖို့ပဲ လိုတယ်။ အတက်အကျဟာ ဒီနေ့ ၅၀၀၀ ဖြစ်ပြီး မနက်ဖြန် ၄၀၀၀ ဖြစ်၊ နောက်တပတ်မှာ ၅၅၀၀ ဖြစ်ဆိုရင် အဲဒါ စီးပွားရေး လုပ်လို့ မရဘူး။ ဒီနေ့ ၅၀၀၀ နောက် ၅ လမှာ ၅၀၂၀ လောက် […]
ၾကားသိရသမွ်
တနိုင်ငံလုံးက စားသုံသူနဲ့ တောင်သူတွေကို ထိခိုက်နစ်နာစေတဲ့ လုပ်ကြံတိုက်ခိုက်မှုတစ်ခု… စားအုန်းဆီကို ဓါတုဆေးအနံ့ ထည့်ပြီး မြေပဲဆီအတု၊ နှမ်းဆီအတုလုပ်… အစစ်ထက် ဈေးလျော့ရောင်းတော့ တောင်သူစီးပွားရေးကော၊ စားသုံးသူကျန်းမာရေးကော နာပြီးရင်းနာ၊ အသက်တွေ တိုပြီးရင်းတို တာပါပဲ။ ( ရေးသင့်ပြီ ထင်လို့ ရေး လိုက်ရပါတယ် ခင်ဗျာ… ) မြန်မာနိုင်ငံရဲ့ စားသုံးဆီလောကထဲကို ဓာတုအနံ့ မြေပဲဆီ၊ နှမ်းဆီရောက်တာ 2012/13 ခုနှစ် ကတည်းကပါ။ တရုတ်နိုင်ငံသား လူငယ်တယောက် ဘာသာပြန်နဲ့ အတူ အိမ်ရောက်လာပြီး နမူနာ ပုလင်းလေးတွေပြပြီး ရှင်းပြပါတယ်။ ကျနော့်အနေနဲ့ ဒါသည် စားသုံးသူကို လိမ်လည်တာဘဲဖြစ်တယ်… မလုပ်သင့်ဘူးလို့ ပြောပြပါတယ်။ နောက်… ဓာတုအနံ့ ဖြစ်လို့ ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်… အနံ့က ပြင်းလွန်းတယ်လို့ ပြောပြ […]
ၾကားသိရသမွ်
မမီးမီးဆိုသူကို ဖမ်းဆီးရမိ။ လူကုန်ကူးခံရသည့် အမျိုးသမီး(၇)ဦး ပြန်လည်ရောက်ရှိလာ
ကြားသိရသမျှ
မိုးမခေါင်တော့ပါအညာမြေ… လာပါမယ် ရွာပါမယ် မိုးဆိုမှ မိုး 🌧🌧🌾🌾🌾
ရခိုင်ရိုးမပေါ်မိုး 🌧🌧🌧🌧 ၂၀၂၂ စက်တင်ဘာလ ၁၁ရက်နေ့မှ ၁၃ရက်နေ့အထိ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်မိုးများစွာရွာသွန်းနိုင်ပြီး ရခိုင်ရိုးမပေါ်ရွာသွန်းတဲ့မိုးတွေကြောင့် မကွေးတိုင်းဧရာဝတီမြစ်အနောက်ဖက်ရှိ ရခိုင်ရိုးမကိုမြစ်ဖျားခံသောချောင်းများရေအရှိန်အဟုန်ဖြင့် စီးဆင်းလာနိုင်သဖြင့် ဆည်တမံကြီးများစီးဝင်ရေအားကောင်းနိုင်ပါတယ် ချောင်းနီးမြေနိမ့်နေရာနေထိုင်ကြသူများသတိထားကြပါ ISSUED TIME 09/09/2022 AT 12:02PM 9/09/2022 🌧🌧🌧🌧 Heavy rainfall warning ⚠⚠⚠⛈⛈⛈⛈⛈ နောက် ၂၄နာရီအတွင်း ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ချင်းရိုင်ခရိုင် မြန်မာနိုင်ငံ လွိုင်ကော်ခရိုင် လင်းခေးခရိုင် မိုင်းဆတ်ခရိုင် တာချီလိတ်ခရိုင်ဒေသတွေမှာ မိုးကြီးနိုင်ပါတယ် 🌧🌧🌧🌧🌧🌧 ISSUED TIME 09/09/2022 AT 10:24AM(MMT) ဖြေးဖြေးလေးနဲ့ငြိမ့်ငြိမ့်လေးပေါ့ကွယ် 🌧🌧🌧🌧🌧 မိုးမရွာရင်ပူတယ်ပြောတဲ့ ရန်ကုန် အေးအေးငြိမ့်မိုးလေးတွေရွာပြီး အပူငြိမ်းစေပါလိမ့်မယ် 🌧🌧 အညာမြေမှာပျော်နေတဲ့မိုး 🌧🌧နောက် ၂၄နာရီအတွင်း မိတ္ထီလာခရိုင် ကျောက်ဆည်ခရိုင်မန္တလေးခရိုင် ပြင်ဦးလွင်ခရိုင် ရွှေဘိုခရိုင် […]
ကြားသိရသမျှ
ချစ်သူနှင့် ၇ နှစ်ကြာအတူနေပြီး တားဆေးများ ကိုနေ့စဉ်သောက်ခဲ့ရာ
ချစ်သူနှင့် ၇ နှစ်ကြာ အတူနေပြီး တားဆေးများ ကိုနေ့စဉ်သောက်ခဲ့ရာ ကျန်းမာရေးထိခိုက်ပြီး ဆေးရုံတက်ရသော အခါကလေး မရနိုင်တော့ကြောင်း သိရလိုက်ရသဖြင့်ချစ်သူ၏ စွန့်ပစ်ခြင်း ကိုခံရသော မိန်းကလေး ။ ယနေ့ခေတ်ကြီး ထဲတွင်လူငယ် အချို့၏ဖြစ်ပျက်နေပုံ များအကြောင်းကို လူအများစုတို့လည်း သတိထားမိကြ မည်ဟုထင်မိပါတယ် ။ ယခုတွင်တော့ ဗီယက်နမ်နိုင်ငံမှ ကောင်မလေးတစ်ဦး ဟာသူမမစဉ်းစားမိ ခဲ့သည့်မိုက်မဲသောအဖြစ်ကြောင့် နေ့စဉ် ငိုကြွေးရင်းနောင်တရနေခဲ့ရပါ တယ် ။ ကောင်မလေးဟာသူ၏ ချစ်သူနှင့်အတူ ၇ နှစ်ကြာသည်အထိ အတူတူနေခဲ့တာဖြစ်ပါတယ်။ အတူနေထိုင်သော အချိန်၌လက်မထပ်ရသေး သဖြင့်ကလေးမရစေရန် တားဆေးများကို နေစဉ်သောက်သုံးခဲ့ တာလည်းဖြစ်ပါတယ် ။ ၇ နှစ်ကြာအောင် သောက်ခဲ့မိသည့်ဆေး၏ ဒဏ်များကြောင့် ကျန်းမာရေးထိ ခိုက်ကာဆေးရုံသို့ အရေးပေါ်ကုသမှုခံယူခဲ့ရပါတယ် ။ ထိုအချိန်တွင် ကောင်မလေးဟာကလေး မရနိုင်တော့ကြောင်း […]
ကြားသိရသမျှ
ယနေ့ ၉၊ ၉ ၊ ၂၀၂၂ ကြာသပတေးနေ့ ရွှေစျေး ငွေစျေး စက်သုံးဆီစျေးများ…..
ယနေ့ စက်တင်ဘာ ၉ ၊ ၂၀၂၂ ကြာသပတေးနေ့ ရန်ကုန်မြို့တွင် ဖြစ်ပေါ်သော အမေရိကန်ဒေါ်လာ ငွေလဲနှုန်းသည် တစ်ဒေါ်လာ ကျပ် 3580-3650 ဝန်းကျင် ဖြစ်သည်။ ဗဟိုဘဏ် ရည်ညွှန်းဈေး ကျပ် 2100 (± 3) ဖြစ်သည်။ အခြားငွေကြေးလဲနှုန်းများမှာ ယူရိုဒေါ်လာ 3400-3650 ကျပ်၊ စင်ကာပူ ဒေါ်လာ 2400-2650 ကျပ်၊ မလေးရှား ရင်းဂစ် 765-865 ကျပ်၊ ထိုင်း ဘတ် 92-99 ကျပ်၊ ဂျပန် ယန်း 23-27.50 ကျပ်၊ တရုတ် ယွမ် 475- 525 ကျပ်တို့ ဖြစ်သည်။ (ငွေလဲနှုန်းများသည် နေရာနှင့်အချိန်အလိုက် ကွာဟနိုင်ပါသည်) ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးနှုန်းမှာ အကယ်ဒမီ […]
ၾကားသိရသမွ်
မိန်းကလေးအလှ အိပ်ယာထ၏ အဓိပ္ပါယ် (မသိသေးသူများရှယ်ထား)
မိန်းကလေးအလှ အိပ်ယာထ၏ အဓိပ္ပါယ် (မသိသေးသူများရှယ်ထား) မိန်းကလေး အလှ အိပ်ယာ ထ တဲ့။ ဒီ ဆိုရိုးရဲ့ အဓိပ္ပါယ်ကို မသိတဲ့သူတွေ ရှိနေကြ ပါလိမ့် မယ် ။ရှေးလူကြီးတွေရဲ့ အဆိုအရ မိန်းကလေး ရယ်လို့ ဖြစ်လာ ခဲ့ပြီ ဆိုရင်အရွယ်ရောက် လာလို့ အိပ်ယာနိုးတဲ့ အခါမှာ ကိုယ် လက် သန့်စင်မှုနဲ့ အစပြု ရပါ တယ် ။ ထို့နောက် မိမိအိမ်မှာ ရှိတဲ့ ဘုရားအား ပန်း ရေချမ်း ၊ ဆီမီးပူဇော်ခြင်း ၊ဘုရားဝတ်ပြုခြင်း ၊ ရှိခိုး ထိုက်သူ ရှိခိုးပူဇော်ခြင်း စတဲ့ အလုံးစုံ ပူဇော်မှုတွေဖြင့် နေ့သစ်မှာ မင်္ဂလာ ယူရ ပါတယ် ။ မိမိအိမ်ကို […]
ကြားသိရသမျှ
ဓမ္မရံကြီး ဘုရားရဲ့ အနောက်ဘက်တောလမ်းမှာ အတွဲတစ်တွဲ ဟိုကြည့်ဒီကြည့်နဲ့ ချွေးတွေလဲပြန်နေလို့ မေးကြည့်လိုက်သောအခါ
အခုညနေ့မြင်းလှည်းနဲ့ ဧည်သယ်ကို sunset ကုန်ပို့ပြီးအပြန် ဓမ္မရံကြီးဘုရားရဲ့ အနောက်ဘက် တောလမ်းမှာ ပိုက်ဆံအိပ်တစ်လုံးတွေ့တယ်… ကျွန်တော်လဲ ပိုက်ဆံအိပ်ကို ဖွင့်ကြည့်လိုက်တော့ ပိုက်ဆံတွေအများကြီးပဲဒါနဲ့ ကျွန်တော်လဲ ဓာတ်ပုံရိုက်ထားတယ်.. အိမ်ရောက်ရင် Face Book တင်ပြီးပိုင်ရှင်ကိုတွေ့ရင်ပြန်ပေးမယ်လို့ စဉ်းစားပြီး မောင်းလာခဲ့တာပေါ့… ဇီးရိပ်အကြော်ဆိုင်နားရောက်တော့ E- Bike နဲ့အတွဲတစ်တွဲ ပြာပြာဟိုကြည့် ဒီကြည့်နဲ့ချွေးတွေလဲ ပြန်နေတာ့ သတိထားမိတာ ဒါနဲ့ကျွန်တော်လဲ အကိုရေဘာဖြစ်လို့လဲဗျ လို့မေးတော့ပိုက်ဆံအိတ် ပျောက်လို့လိုက်ရှာနေတာတဲ့ ကျွန်တော်လဲ အကိုတို့ ပိုက်ဆံ အိပ်ကဘာရောင်လဲ လို့မေးလိုက်တော့ကောင်မလေးကပြောတယ်… အစိမ်းရောင်တဲ့ ကျွန်တော်လဲ လှည်းပေါ်ကနေပြလိုက်တယ် ဒါလားဆိုတော့ ဟုတ်တယ်တဲ့အဲ့ဒါနဲ့ ကျွန်တော်ပြန်ပေးလိုက်တယ်… သူတို့တော်တော်ပျော်သွားကြတယ် ကျွန်တော်ကို ကျေးဇူးတင်လို့ဆိုပီးမုန့်ဖိုး တစ်သောင်း ထုတ်ပေးသွားတယ်ဗျာ… ဒီနေ့မြင်းလှည်း မောင်းလို့ရတာ ၈၀၀၀ ထောင်နဲ့ သူတို့ပေးတဲ့ မုန့်ဖိုးတစ်သောင်းနဲ့ဆို ၁၈၀၀၀ […]