ၾကားသိရသမွ်

မွေးထဲကချစ်မွှေးပါလာတာ အင်္ဂါသားသမီးလေးတွေပါ

မွေးထဲကချစ်မွှေးပါလာတာ အင်္ဂါသားသမီးလေးတွေပါ မွေးထဲကချစ်မွှေးပါလာတာ အင်္ဂါသားသမီးလေးတွေပါပဲနော် … ။ တစ်စုံတစ်ယောက်ကို ချစ်မိပြီဆိုရင်လည်း ဘယ်သူမှလိုက်မမှီအောင် ချစ်တတ်ကျတယ်ချစ်သူအတွက်ဆိုရင် ကောင်ကင်ကို ဒူးနဲ့တိုက်ရရ သူရဲကောင်းကြီးလုပ်ချင်တာ အဂါင်္သာသ္မီးတွေပါ .. ။ ဝမ်းနည်းလွယ်တယ်မျက်ရည်လွယ်တယ်ကီစ္စတစ်ခုကိုတစ်စိမ့်စိမ့်တွေးပြီးတော့တမြည့်မြည့် ခံစားနေတတ်ပြန်တယ် … ။ ဟာသပြောပြီး ပြုံးနေတတ်ပေမယ့်ရင်ထဲက ကြိတ်ငိုနေတတ်တယ်စိတ်နာအောင်တော့ သွားမလုပ်မိပါစေနဲ့ဒူးထောက်တောင်းပန်တောင် တစ်သက်လုံး ပြန်လှည့်မကြည်တတ်တော့ပါဘူး.. ။ သူတိုကိုသွားမကျောမိပါစေနဲ့ကိုး ဆယ်ဆလောက် ပြန်ချေ တတ်ကျလို့ပါမိသားစုအရေသိပ်ကံမကောင်းတတ်ကျပေမယ့်မိသားစုက အားကိုးရတဲ့ သားသ္မီးလေးတွေပါသဝန်တိုတတ်တယ် .. ။ ပျော်ပျော်နေတတ်တယ်လူအများနဲ့ ဝိုင်းဖွဲ့နေရတာထက်တစ်ယောက်ထဲအေးဆေးနေရတာကို ပိုနှစ်သက်ကြတယ် .. ။ ဒေါသဖြစ်ရင် အပြင်မှာပေါက်ကွဲကြတာထက် ပါးစပ်က ပူညံပူညံနဲ့ရေရွတ်နေ တတ်ကြတယ် .. ။ လူတွေအပေါ် ဖော်ရွေစွာနဲ့ခင်မင်တတ်ပါတယ် …. ။ ဝတ္တရားပျက်ကွက်မိရင်လည်းအပြန်ပြန်အလှန်လှန်တွေးပူနေတတ်ကြတယ် … ။ မိသားစုတွေအပေါ်မှာ […]

ၾကားသိရသမွ်

ဦးဖိုးအေးတို့ မိသားစု သင်္ချိုင်းထဲ မှာ ပေါက်တဲ့ မျှစ်ကို ချိုးယူပြီး စားလိုက်မိကြသောအခါ…

*သင်္ချိုင်း ဆိုသည်မှာ* လူတစ်ယောက်က မေးတယ်… “ကိုဖိုးအေး ခင်ဗျား သင်္ချိုင်းထဲက မျှစ်တွေ ယူစားနေတာ မရွှံဘူးလား…? ဖြေ။ ။”ဘာရွှံမလဲကွ လူသေကောင်က ထွက်တဲ့မျှစ်မှ မဟုတ်တာ မြေကြီးထဲက ထွက်တဲ့မျှစ်ပဲ ဘာရွှံစရာရှိလဲ။ သင်္ချိုင်းဆိုတာလဲ မြေကြီးပါပဲကွာ လူတွေသမုတ်ထားလို့သာ သင်္ချိုင်းဖြစ်နေတာပါ ငါဆို ဒီသင်္ချိုင်းက ထွက်တဲ့မျှစ်တွေ စားလာတာ ကြာပါပြီ။ ကြည့်စမ်း ငါ့သားသမီးတွေ ဘယ်လောက်ချောလဲ။ ကျန်းမာရေး ဘယ်လောက်ကောင်းလဲ။ဖျားနာနေတာ မင်းတို့မြင်ဘူးလာ။ဉာဏ်ရည်ဆိုတာလည်း ငါ့သားသမီးတွေ ကျူရှင်တောင်မယူနိုင်ဘူး။ ရွာကနေ ကျပ်ပြင်ကျောင်းသွားတတ်နေရတာ။ မင်းတို့စဉ်းစားကြည့် မြတ်စွာဘုရားတောင်မှ သုသာန်တစ်စ သင်္ချိုင်းဝက လူသေလွှမ်းတဲ့အဝတ်တွေ ကောက်ယူတော်မူပြီး ပံ့သုကူသင်္ကန်းချုပ်ပြီး သုံးဆောင်တော်မူသေးတာ မင်းတို့ငါတို့လို ဘာမှမဟုတ်တဲ့အကောင်တွေက ရှောင်တယ်ဆိုတာ ရယ်စရာကြီးကွ။ ကျောင်းစကိုရှောင် မသာစကို “ဆောင်”ဆိုတဲ့အဆိုလည်းရှိသားပဲကွာ။ကျောင်ပစ္စည်းယူသုံးရင်သာ အပြစ်ရှိမယ် သင်္ချိုင်းပစ္စည်းယူသုံးရင် အပြစ်လုံးဝမရှိဘူးကွ။ […]

ၾကားသိရသမွ်

(၂၆)ကြိမ်မြောက် ထီပေါက်စဥ်

(၂၆)ကြိမ်မြောက် ထီပေါက်စဥ် သိန်းငါးထောင်ဆု ဗ ၂၂၉၈၆၆ သိန်းတစ်ထောင်ဆု ဖ ၄၃၆၅ဝ၇ ဝေဝေဆာဆာပဒေသာ(၃)သိန်းဆု ကဆ ၅၈၁၆၉ ဒ ၈ဝ၉၂၂ ဝ ၈၃၁၃၈ ဝေဝေဆာဆာပဒေသာ(၂)သိန်းဆု စျ ၆၂၇၆ ဒ ၂၂၉၁ ကဃ ၆၉၉၈ ဝေဝေဆာဆာ(၁)သိန်းဆု သ ၁၁၉ ကဆ ၈၅၁  

ၾကားသိရသမွ်

ဘဝကို အပြည့်အဝခံစားနိုင်အောင် အသက် ၂၀၊ ၃၀အရွယ်မှာ လုပ်ရမယ့်အရာ (၂၄)ခု

အသက် ၂၀၊ ၃၀အရွယ်ဟာ မလွယ်ကူပါဘူး။ အသက် ၂၀အရွယ်ဆိုတာ လူကြီးတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေယူပြီး အမှီအခိုကင်းကင်းနှင့် စတင်ရတော့မယ့်၊ အနာဂတ်လမ်းကြောင်းတစ်ခုအပေါ် အားအင်အပြည့်နဲ့ စလျှောက်လှမ်းရတော့မယ့် အရွယ်ဖြစ်ပါတယ်။ အသက် ၂၀ကျော်အရွယ်မှာ လူငယ်တိုင်းက ကိုယ့်နည်းကိုယ်ဟန်နဲ့ မတူညီစွာ ဖြတ်သန်းကြပါတယ်။ အဲ့ဒီနှစ်တွေက ကျွန်မတို့အတွက် ဘာမှမဟုတ်သလို ခံစားရစေပေမယ့် ခက်ခဲခဲ့ကြပါတယ်။ လူကြီးတစ်ယောက်ဖြစ်လာတဲ့အတွက် တာဝန်တွေပိုလာပြီး ခက်ခဲလာတာကြောင့် ကျွန်မတို့ဟာ အဲ့ဒီနှစ်တွေကို မြန်မြန်ကျော်သွားချင်မိကြတယ်။ ဒါပေမယ့် အသက်ကြီးသူ တစ်ယောက်ယောက်က သူတို့ရဲ့အသက် ၂၀၊ ၃၀အရွယ်ကို အပြည့်အဝ မခံစားခဲ့ရတဲ့အတွက် နောင်တရတယ်လို့ ပြောတာ ဘယ်နှစ်ခါ ကြားဖူးပါသလဲ? ကျွန်မတော့ အများကြီး ကြားခဲ့ဖူးပါတယ်။ အရင်အချိန်တွေကို ပြန်သွားလို့ရရင် သွားချင်ကြတဲ့ ၊ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ ပျော်မွေ့ချင်ကြတဲ့ အသက် ၆၀ကျော်အမျိုးသမီးတွေ ပါဝင်တဲ့ […]

ၾကားသိရသမွ်

မြန်မာ နိုင်ငံကြီး အေးချမ်း တော့မယ့် နမိတ် လား

သံဃာတော် အရှင်သူမြတ် အပေါင်း မှ ပရိတ်တော်များ ရွတ်ပွား ပူဇော် နေချိန်တွင် မဟာမုနိ ရုပ်ရှင်တော်မြတ် ကြီး ကို ပူဇော်ထားသော cctv မှ မျက်နှာတော် ရင်ဘတ်တော် မှ ပြာသော ရောင်ခြည်တော် များနှင့် ဘယ်ဖက် လက်မောင်းတော် မှ ဖြူသော ရောင်ခြည်တော် များ ကွန့်မြူး ထွက်ပေါ် လာသည်ကို တွေ့ ရှိ ရပါသောကြောင့် အများ ပြည်သူ ဝမ်းမြောက်ဝမ်းသာ ဖူးမြှော် ပူဇော်နိုင်ကြ ပါစေရန် မျှဝေ တင်ပြအပ်ပါသည်။ မှတ်ချက်။ ကျောင်းတော်ကြီး အတွင်း၌ အပြာရောင်မီးလုံး လုံးဝ တပ်ဆင်ထားခြင်းမရှိပါ။ ယ္ခု တင်ပြ ပူဇော်ခြင်းမှာလဲ ၇ ရက်သားသမီး အပေါင်း နှင့် ၃၁ […]

ကြားသိရသမျှ

ကွန်ပြူတာတစ်လုံးကို ကျွမ်းကျင်စွာ အသုံးပြုတတ်ဖို ့သိထားသင့်တဲ့ လျှို ့ဝှက်ချက်များ

ကွန်ပြူတာတစ်လုံးကို ကျွမ်းကျင်စွာ အသုံးပြုတတ်ဖို ့သိထားသင့်တဲ့ လျှို ့ဝှက်ချက်များ ကွန်ပြူတာဆိုတာဟာ ကိုယ့်အတွက်အလွန်အသုံးဝင်တဲ့အရာတစ်ခုဆိုပေမယ့် အသုံးဝင်အောင်သုံးတတ်ဖို့လိုပါတယ်။ ဒီတော့ ကွန်ပြူတာတစ်လုံးကို ဘယ်လိုလှည့်ကွက်လေးတွေနဲ့အသုံးပြုရမလဲဆိုတာ ပြောပြသွားမှာပါ။ ၁- Control + T Browser မှာ အခြား Tab တစ်ခုဖွင့်ချင်တယ်ဆိုရင် မောစ်နဲ့ အပေါင်းလက္ခဏာကို သွားကလစ်နေဖို့မလိုပဲ Control + T နှိပ်လိုက်ရင်လည်း ရပါတယ်။ ၂- ကွန်ပြူတာမှာ error တစ်ခုခုတက်ခဲ့လျင် ပညာရှင်ဆီသွားမပြခင် အရင်ဆုံး ဂူးဂဲမှာရှာဖွေကြည့်ပါ။ဂူးဂဲပေါ်မှာ ထောင်ချီတဲ့ ကွန်ပြူတာပြဿနာတွေအတွက် အဖြေရှိပြီးသားဖြစ်တာကြောင့် အချိန်ကုန် သက်သာစေမယ့်အပြင် ပြင်ဆင်ခ ကုန်ကျစရိတ်လည်း သက်သာသွားပါလိမ့်မယ်။ ၃- ငွေလဲနှုန်းတွေကို သိိချင်တယ်ဆိုရင် ဂဏန်းပေါင်းစက်နဲ့တွက်ချက်နေစရာမလိုပဲ ဂူးဂဲ search bar မှာ 50 dollars […]

ၾကားသိရသမွ်

မေ(၁)ရက်တွင်ဖွင့်မည့် အောင်ဘာလေထီအမြင့်ဆုံး သိန်း၅၀၀၀နှင့်သိန်း၁၀၀၀ ဆုတစ်ဆုစီသာပါဝင်မည်

မေ(၁)ရက်တွင်ဖွင့်မည့် အောင်ဘာလေထီအမြင့်ဆုံး သိန်း၅၀၀၀နှင့်သိန်း၁၀၀၀ ဆုတစ်ဆုစီသာပါဝင်မည်။ မေလ ၁ ရက်နေ့တွင် ၂၆ ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များရောင်ချရငွေ ကျပ်သန်း ၂၀၅၃၄၈၀ ရဲ့ ၆၀ % ဖြစ်တဲ့ ကျပ်သန်း ၁၂၃၂၀၈၈ အား အထူးဆု နှစ်ဆု၊ ဆုတစ်ဆုချင်းစနစ် ၂၆ ဆု နှင့် ဝေဝေဆာဆာပဒေသာဆုမဲစနစ် ၂၃၃၀ ဆုတို့အား ချီးမြင့်သွားမှာဖြစ်တယ်လို့သိရပါတယ်။   သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသော ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း ၂၅၀ အား တစ်ဆုချင်း ဆုမဲ ကျပ်ဆယ်သိန်း ၄ ဆု၊ ဝေဝေဆာဆာဆုမဲများဖြစ်သည့် ကျပ်သုံးသိန်း ၂၀ ဆု၊ ကျပ်နှစ်သိန်း ၂၀၀ ဆု ၊ ကျပ်တစ်သိန်း ၂၀၀၀ ဆု၊ စုစုပေါင်း ၂၂၂၄ […]

ၾကားသိရသမွ်

အတွေးလွန်တဲ့ အကျင့်ဖျောက်ပစ်သင့်တဲ့ အချက် (၅) ချက်

ကမ္ဘာကျော် အင်္ဂလန်ဒါရိုက်တာကြီး ဆာဖိလစ်အန်တိုနီဟော့ပ်ကင်းစ် ပြောဖူးတာ ရှိပါတယ်။ “ကျွန်တော်တို့ဟာ ကိစ္စတိုင်းကို လိုက်တွေးပြီး ကိုယ့်ကိုယ်ကို ဖြည်းဖြည်းချင်း သတ်နေကြတယ်”တဲ့။ အတွေးလွန်ခြင်းဟာ ဘယ်လောက်ကြောက်ဖို့ ကောင်းပါသလဲ။ Overthinking လုပ်မိသူတွေအတွက် အတွေးလွန်တဲ့ အကျင့်ကို ဖျောက်ဖျက်ပစ်သင့်တဲ့ အကြောင်းရင်းတစ်ချို့ ရှိပါတယ်။ (၁) အိပ်မပျော်ဖြစ်စေပါတယ် ဦးနောက်ကို အနားမပေးစတမ်း စုံစီနဖာတွေးတဲ့ ညတွေဟာ စိတ္တဇညတွေပါ။ ကမ္ဘာပေါ်မှာ ဆက်တိုက်အတွေးလွန်တဲ့ ပြဿနာကြောင့် ညည်အိပ်မပျော်တဲ့ သူတွေ သန်းပေါင်းများစွာ ရှိနေပါတယ်။ အလွန်အကျွံတွေးတောမိန်းမောနေမှုဟာ အိပ်စက်ဖို့ ခက်ရုံတင်မကဘဲ စိတ်ဓါတ်ပိုင်းဆိုင်ရာ ယိုယွင်းမှုတွေပါ ကြုံလာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်အတွေးကို ပြန်ထိန်းချုပ်ပါ။ အသက်ရှုလေ့ကျင့်ခန်းလေး လုပ်ပါ။ ကိုယ်နဲ့ စိတ်အနားရစေမယ့် တရားမှတ်တာမျိုးကလည်း ညဘက်ကောင်းကောင်း အိပ်ပျော်စေဖို့ အထောက်အကူ ဖြစ်ပါတယ်။ (၂) ကြောက်စိတ်ကို […]

ၾကားသိရသမွ်

အိမ်သာဖုံးမပိတ်ဘဲ ရေဆွဲချမှုက ကြီးမားတဲ့ အန္တရာယ်ရှိနေကြောင်း ဓာတ်ပုံတွေနဲ့ သက်သေပြ

အိမ်သာဖုံးမပိတ်ဘဲ ရေဆွဲချမှုက ကြီးမားတဲ့ အန္တရာယ်ရှိနေကြောင်း ဓာတ်ပုံတွေနဲ့ သက်သေပြ.. ဗြိတိန်မှာ လေ့လာမှု စစ်တမ်းတွေအရ ဗြိတိန်လူမျိုးထက်ဝက်ခန့်ဟာ သန့်စင်ခန်းအတွင်း အိမ်သာဖုံးကို ပိတ်လေ့မရှိဘဲ ရေဆွဲချနေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဒီလိုပြုမူနေတာဟာ ဘယ်လောက်ထိဆိုးဝါးသလဲဆိုတာကို ဓာတ်ပုံတွေကတဆင့် ဖော်ပြခဲ့ကြပြီး အန္တရာယ်ကြီးမားတယ်ဆိုတာကို သတိပြုစရာဖြစ်လာခဲ့ပါပြီ။ အိမ်သုံးသန့်ရှင်းရေးထုတ်ကုန်တွေကို ရောင်းချနေတဲ့ နာမည်ကျော်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Harpic က နည်းပညာပိုင်းတော်တော်လေးကောင်းမွန်တဲ့ ကင်မရာကို အသုံးပြုပြီး အိမ်သာဖုံးမပိတ်ဘဲ ရေဆွဲချနေမှုကို ရိုက်ကူးမှုပြုလုပ်ခဲ့ပါတယ်။ ဒိလိုရိုက်ကူးမှုမှာ အိမ်သာခွက်အတွင်းက ဘတ်တီးရီးယား နဲ့ ဗိုင်းရပ်စ်တွေဟာ ခြောက်ပေအကွာထိကို ပြန်လည်လွင့်စင်ပြီး ထွက်လာတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ ဓာတ်ပုံမှာမြင်တွေ့ရတာဆိုရင် ရောင်စုံမီးရှူးမီးပန်းတွေ ဖွာထွက်နေတာကို ပြသနေတာနဲ့ တူနေမှာဖြစ်ပေမယ့် အမှန်တကယ်မှာတော့ ဒါဟာ အိမ်သာခွက်အတွင်းထဲမှာ ထည့်သွင်းထားတဲ့ လေဖိအားဘူးအတွင်းက ပြန်လည်ထွက်လာခဲ့တဲ့ အရည်စက်တွေသာဖြစ်ပါတယ်။ အိမ်သာအိုးအတွင်းရှိ ရေဟာ […]

ၾကားသိရသမွ်

ကလေးရှိတဲ့ အိမ်တိုင်း သတိထားသင့်တဲ့ အရေးကြီးဆုံး အချက်

ကလေးတွေ နဲ့ ပတ်သတ်ပြီး မိဘတွေ သတိထားရမယ့် ကိစ္စတွေက အများပြီး ရှိပါတယ်။ အထူးသဖြင့် ၃ နှစ် ၊ ၄ နှစ် အရွယ် ကလေးတွေကို မတော်တဆ အသက်အန္တရာယ် မဖြစ်အောင် စောင့်ကြည့်ရတာ တကယ်ကို မလွယ်လှပါဘူး။ ဒီလို အရွယ်ကလေးတွေဟာ ဟိုစပ်စပ် ဒီစပ်စပ် ဆော့တတ်လွန်းတော့ တစ်ယောက်ထည်း လွတ်ထားလို့ မဖြစ်ပါဘူး။ ကလေး ဟာ တစ်ယောက်ထဲ တကုတ်ကုတ် ဆော့နေရင် ကွယ်ရာမှာ ပစ်မထားပါနဲ့။ အခုပြောပြမယ့် ကလေးငယ်လေးကတော့ မိဘတွေ မသိတဲ့အချိန်မှာ အားသွင်းတဲ့ ပလပ်ပေါက်ထဲကို ဇွန်း ထိုးထည့်မိလို့ လျှပ်စပ်ဓာတ်ကူးပြီး ဓာတ်လိုက် သေဆုံးခဲ့ရတဲ့ အဖြစ်ဟာ အရမ်းကို ရင်နာဖို့ကောင်းပါတယ်။ ဒါကြောင့် အိမ်တိုင်း အိမ်တိုင်းမှာ ပလပ်ပေါက်တွေကို […]