မိဘတိုင်းကသားသမီးတိုင်းကို လိမ္မာယဉ်ကျေးတဲ့ လူတော်လေးတွေဖြစ်စေချင်ကြပါတယ်။ ပြောင်းလဲတိုးတက်လာတဲ့ ယနေ့ခေတ်မှာသားသမီးတွေကို သူများနဲ့တန်းတူထားနိုင်ဖို့ ရုန်းကန်နေရတဲ့မိဘနှစ်ပါးဟာ သားသမီးတွေကိုရင်အုပ်မကွာ ကြည့်ရှုစောင့်ရှောက်ဖို့မှာ အခက်အခဲတွေရှိလာတတ်ပါတယ်။ ယဉ်ကျေးမှုကိုတန်ဖိုးထားတဲ့ မြန်မာလူမျိုးအနေနဲ့ ထမင်းစားဝိုင်းလိုက်နာသင့်တဲ့ အိမ်တွင်းယဉ်ကျေးမှုလေးတွေကို မိဘနှစ်ပါးအနေနဲ့ မဖြစ်မနေဆုံးမထားပေးရပါမယ်။ သားသားမီးမီးတို့လူကြီးသူမတွေနဲ့ အတူတူထမင်းထိုင်စားတဲ့အခါ ကိုယ့်ထက်အသက်ကြီးတဲ့ မိဘ၊ဘိုးဘွား၊အစ်ကို၊အစ်မ စတဲ့အသက်အရွယ်ကြီးရင့်သူတွေထက်အရင် ဟင်းခွက်တွေကိုနှိုက်မစားရပါဘူး။ လူကြီးသူမတွေကို ခူးခပ်ပြီးမှစားရပါမယ်။ အသက်အရွယ်ကြီးရင့်ပြီး ရိုသေလေးစားထိုက်တဲ့သူတွေကို ရိုသေလေးစားခြင်းဟာ မင်္ဂလာတစ်ပါးပါပဲ။ ထမင်းစားတဲ့အခါ တစ်ပျပ်ပျပ်အသံမြည်အောင် မစားရပါဘူး။ ဟင်းရည်သောက်ရာမှာလည်း တရွှတ်ရွှတ်မြည်အောင် မသောက်ရပါဘူး။ ဇွန်းသံ၊ပန်းကန်သံကိုလည်း အတတ်နိုင်ဆုံးမမြည်အောင်စားရပါမယ်။ အစားအသောက်အပေါ်၊ အတူထိုင်နေတဲ့လူကြီးသူမတွေအပေါ် လေးစားသမှုပြုတဲ့အပြုအမူပါပဲ။ အရွယ်ရောက်တဲ့အခါ လူကြီးလူကောင်းဆန်တဲ့ လေးစားထိုက်သူတွေဖြစ်လာစေမှာပါ။ ထမင်းစားနေရင်းပါးစပ်ထဲမှာ ထမင်းလုတ်ကြီးနဲ့အလျင်စလို ဝူးဝူးဝါးဝါးစကားမပြောရပါဘူး။ ထမင်းလုတ်ကြီးနဲ့ စကားပြောတဲ့အခါ ပါးစပ်ထဲကထမင်းတွေ အပြင်ကိုထွက်ကုန်တာ၊ ထမင်းသီးတာမျိုးတွေဖြစ်တတ်ပါတယ်။ ထမင်းလုတ်ကြီးဝါးနေရင်း စကားပြောတာဟာတစ်ဖက်လူကို မလေးစားရာလည်းရောက်ပါတယ်။ ဒါကိုအထူးသတိထားရမှာပါ။ တခြားသူတွေထမင်းကို […]
ဗဟုသုတ
တစ်နေ့နေ့မှာ ကိုယ့်သမီးလေးကို ဆုံးမသွန်သင်ပေးသင့်တဲ့ စကား( ၇ )ခွန်း
ဒီကမ္ဘာပေါ်မှာ ကိုယ့်သားသမီးကို ဘယ်လိုချစ်ရမယ်၊ ဘယ်လိုကာကွယ်ရမယ်၊ ဘယ်လိုဆုံးမသင်ကြားရမယ်လို့ သတ်မှတ် ထားတဲ့ ညွန်ကြားချက်မရှိပါဘူး။ ဘဝကသင်ပေးတဲ့ အတွေ့အကြုံတွေ၊ နှလုံးသားမှာ ခိုအောင်းနေတဲ့ တုနှိုင်းမမီတဲ့ မိခင်ရဲ့ အချစ်စိတ်တွေက သားသမီးကို ဘယ်လိုချစ်၊ ဘယ်လိုကာကွယ်၊ ဘယ်လိုဆုံးမသြဝါဒပေးရမယ်ဆိုတာကို သင်ပေးပါ တယ် သားသားလေး၊ မီးမီးလေးမွေးမယ်လို ခွဲခွဲခြားခြားမသိတဲ့ အချိန်မှာတောင်မှ သူ့ကိုအကြွင်းမဲ့ချစ်မယ်၊ လွတ်လပ် မှုတွေပေးမယ်၊ လိုလေသေးမရှိ ထောက်ပံ့ပေးမယ်၊ အပြည့်အဝ အားပေးမယ်။ အောင်မြင်မှုတွေအတွက် သူ့ကို ချီကျူး မယ်၊ အခက်အခဲတွေရှိတဲ့အခါ နှစ်သိမ့်ပေးမယ် ပြဿနာအခက်အခဲတွေကို ကူရှင်းပေးမယ်၊ ကံကြမ္မာမုန်တိုင်းတွေကို တားဆီးကာကွယ်ပေးမယ်ဆိုပြီး စိတ်ထဲမှာစွဲမှတ်ထားကြတယ်။ ဒီတော့ သမီးလေးကို တစ်နေ့နေ့မှာ သင့်အနေနဲ့ ဆုံးမသြဝါဒပေးကိုပေးသင့်တဲ့အကြောင်းအရာတွေ ရှိနေပါတယ်။ ၁။ ကိုယ့်ကိုကိုယ် ချစ်ပါ လောကမှာ အရေးအကြီးဆုံးအရာတစ်ခုက ကိုယ့်အကြောင်းကိုယ်သိဖို့လိုတယ် […]
အိမ်တိုင်းမှာ အပ်တစ်ချောင်းလောက်တော့ ဆောင်ထားသင့်တဲ့အကြောင်းအရင်း….
အိမ်တိုင်းမှာ အပ်တစ်ချောင်းလောက်တော့ ဆောင်ထားသင့်တဲ့အကြောင်းအရင်း…. တရုတ် ပညာရှင်တွေက အိမ်တိုင်းမှာ အပ်တစ်ချောင်း လောက်တော့ ဆောင်ထားသင့်တယ်လို့ ဆိုပါတယ် ဘာလို့လဲဆိုတော့ အပ်လေး တစ်ချောင်းကပဲ လေဖြတ်သွားတဲ့လူနာကို ထူးဆန်းစွာ ကုသပေးနိုင်လို့ပါ ရုတ်တရက် လေဖြတ်သွားတဲ့ လူနာ ကိုတွေ့ရင် ဒီနည်းလေးအတိုင်း ကယ်ဆယ်ပေးလို့ရတာမို့ သေချာဖတ်ရှုပြီး မှတ်သားထားကြပါနော် လူတစ်ယောက် ရုတ်တရက်လေဖြတ်သွားပြီဆိုရင် ဦးနှောက်သွေးကြောတွေ တဖြည်းဖြည်းပြန့်ကားသွားတတ်ပြီး အရေးပေါ်ကုသပေးဖို့ လိုအပ်ပါတယ် အောက်ပါနည်းလမ်းလေးတွေက လူတစ်ယောက်ရဲ့အသက်ကို ကယ်ဆယ် ပေးနိုင်ပါတယ် လူတစ်ယောက် ရုတ်တရက်လေဖြတ်သွားပြီဆိုရင် ဦးနှောက်သွေးကြောတွေ တဖြည်းဖြည်းပြန့်ကားသွားတတ်ပြီး အရေးပေါ်ကုသပေးဖို့ လိုအပ်ပါတယ် အောက်ပါနည်းလမ်းလေးတွေက လူတစ်ယောက်ရဲ့အသက်ကို ကယ်ဆယ် ပေးနိုင်ပါတယ် လေဖြတ်သွားတဲ့လူနာက ဘယ်နေရာမှာပဲရှိနေပါစေ လုံးဝနေရာမရွှေ့ပေး ပါနဲ့။ သင်သူ့ကို နေရာရွှေ့လိုက်မယ်ဆိုရင် ဦးနှောက်ထဲ သွေးယိုစိမ့်မှုဖြစ်ပြီး ဦးနှောက်သွေးကြောပြတ်နိုင်ပါတယ် အိမ်မှာ အေးထိုးအပ်ရှိရင် […]
အိမ်မှာမိသားစုပုံတွေချိတ်တာကောင်းပါသလား
အိမ်မှာမိသားစုပုံတွေချိတ်တာကောင်းပါသလား။မိသားစုဝင်တွေ စုပေါင်းရိုက်ထားတဲ့ ဓာတ်ပုံခပ်ကြီးကြီးကို ဧည့်ခန်းမှာချိတ်ရပါမည် မိသားစုဝင်တွေအကုန်ပါပြီး လူတိုင်းမျက်နှာကပြုံးနေ ပါမယ် အိမ်မှာတစ်ဦးချင်းစီရဲ့ပုံတွေကို သီးသန့်စီ ခွဲပြီးချိတ်တာထက် မိသားစုလိုက်ပုံကိုပဲ ချိတ်သင့်ပါ တယ် ဧည့်ခန်းကလွဲလို့ တခြားနေရာတွေမှာတော့ ကိုယ့်ပုံကိုယ်ချိတ်လို့ရပါတယ် အိမ်မှာ အလှထားတဲ့ အရုပ်တွေကို တစ်စုံစီထားရမလားတစ်ရုပ်တည်းထားရမလား။တစ်စုံစီ ထားရပါမယ် ဥပမာ-ဇီးကွက် ရုပ်ဆိုရင် အဖိုအမစုံတွဲပေါ့။ ငါးဆိုလည်း နှစ်ကောင်၊ ဟင်္သာဆိုလည်း နှစ်ကောင်။စုံတွဲတွေ ဆိုပေမယ့် လိပ်ပြာစုံတွဲတော့မကောင်းပါဘူး လိပ်ပြာနှစ်ကောင်တော့ နိမိတ်မ ကောင်းလို့ အိမ်မှာမထားသင့်ပါဘူး။ အဲဒါတစ်ခုတော့ ရှောင်ပါ။အိမ်မှာ ဓာတ်ပုံချိတ်တာ ကောင်းတယ်ဆို။ဒါပေမဲ့ဓာတ်ပုံမှာလူသုံးယောက်ပဲပါတယ်ဆိုရင်တော့မကောင်းဘူးဆိုတာဟုတ်ပါသလား သူငယ်ချင်းသုံးယောက်၊ သူစိမ်း သုံး ယောက်ပုံတွေသာ မကောင်းတာပါ။မိသားစုသုံးယောက်ပုံဆိုရင်တော့ ကောင်းပါတယ် မိသားစုသုံး ယောက်ဆိုရင်တော့အလယ်ကလူကအိမ်ထောင်ဦးစီး၊ဒါမှမဟုတ်အဖေ၊အမေပေါ့။ ရှောင်သင့်တဲ့အ ချက်ငါးချက်ကတော့အောက် ပါအတိုင်းပါ ၁။မိသားစုဝင်တွေရဲ့ ဓာတ်ပုံကို အိမ်သာနဲ့ မျက်နှာချင်း ဆိုင်မှာ မချိတ်ရ။ […]
နို့ဆီကို နွားနို့ကနေရတယ်လို့ အခုထိ ထင်နေကြတုန်းပဲလား အံ့သြစ ရာတစ်ခု မထင်မှတ်ပဲ သိခဲ့ရတယ်။နို့ဆီကိုဘယ်ကရသလဲတဲ့။ မဆိုင်းမတွဖြေ လိုက်တယ် နွားနို့ကရ တာပေါ့ လို့။ လုံးဝမဟုတ်ဘူးတဲ့။ စားအုန်းဆီကရတာတဲ့ ..။ ဟုတ်လို့လား …လို့အံ့သြတကြီးမေးလိုက်တယ်။ Fill pounder နို့မှုန့်အနည်းငယ်နဲ့ ဈေးကွက်တွင် ရောင်းရန်အရည်အသွေးမမှီသော စားအုန်းဆီဖြင့် ပြုလုပ် ထားကြောင်း နို့ဆီချက် ရန် စားအုန်းဆီပေပါများကွန်တိန်နာဖြင့်လာချကြောင်း။ အန္တရာယ်ရှိ၍ မစားသုံးရန် နို့ဆီစက် ရုံတွင် အလုပ်လုပ်နေသူတစ်ဦးကသူ့ဆွေမျိုးမိတ်သင်္ဂံဟများကို လိုက်လံ သတိပေးပါသည်။နို့ဆီကို ချိုသာသော ဈေးနှုန်းဖြင့် များစွာထုတ်နိုင် ပါ သည်။သို့သော် မြန်မာနိုင်ငံတွင် နွားမွေမြူရေးဇုံ အလုံအလောက်မရှိပါ။ ရှားပါးသော နွားနို့မှ ဈေးနှုန်းချိုသာ နို့ဆီ ထုတ်ရန် မဖြစ်နိုင်မှန်း ကောင်းစွာနားလည်လိုက်ပါပြီ။ယခုခေတ်တွင် …အသက်၂ဝကျော် လူငယ်များတွင် သွေးတိုးရောဂါ တွေ့နေရပါပြီ။ […]
ဆရာဖေမြင့်ရဲ့ …ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ် စာအုပ်ထဲမှာ လူတစ်ယောက်အနေ နဲ့ ချမ်းသာချင်ရင် ပထမဆုံး လိုက်နာ ကျင့်သုံးရမဲ့ တစ်ချက်ရှိပါတယ်… အဲ့တာဘာလဲဆိုတော့ …” ငါရတဲ့ဝင်ငွေရဲ့ တစ်စိတ်တစ်ပိုင်းသည် ငါ့အတွက်ကိုယ်ပိုင် ဥစ္စာဖြစ်စေရမည်တဲ့ ” ကျွန်မတို့ဝင်ငွေက ကျွန်တော်တို့ကိုယ်ပိုင်ဟုတ်ပါရဲ့လား? … စာထဲမှာညွှန်းဆိုထားတာကတော့ … မင်းအဝတ်ထည်တွေရဖို့ အပ်ချူပ်သမားကို ပိုက်ဆံမပေးရဘူးလား , ဖိနပ်စီးဖို့ ဖိနပ်ချူပ်သမားကို ငွေမပေးရဘူးလား , အဲ့လိုပဲ အစားသောက်တွေအတွက်ကော ဘေဘီလုံမြို့မှာ မင်းပိုက်ဆံကို မသုံးရဘူးလား , ပြီးခဲ့တဲ့လက ရတဲ့မင်းရဲ့ဝင်ငွေ ဘယ်နှစ်ပြားကျန်သလဲ , ပြီးခဲ့တဲ့ တစ်နှစ်လုံးက ရတဲ့ငွေကော ဘယ်မလဲ မရှိဘူးမို့လား , တကယ်တော့ မင်းကိုယ်မင်းကလွဲပြီးလူတစ်ကာကို ပိုက်ဆံတွေပေးနေခဲ့တာပါတဲ့ … အဲ့လိုမဟုတ်ပဲ မင်းရလာတဲ့ ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကို […]
အဆင့်တန်းမရှိသူများ၏ လက္ခဏာ ( ၁၈ ) ရပ်
အဆင့်တန်းမရှိသူများ၏ လက္ခဏာ ( ၁၈ ) ရပ် ၁။စကားကိုလိမ်ညာပြောတတ်ခြင်း။ ၂။လိုတစ်မျိုးမလိုတစ်မျိုးပြောတတ်ခြင်း။ ၃။အခုတစ်မျိုးနောက်တစ်မျိုးပြောတတ်ခြင်း။ ၄။ကိုယ်တဖက်ထဲကြည်၍ပြောတတ်ခြင်း။ ၅။ငြင်းခုံ၍အမှားများကိုပြောတတ်ခြင်း။ ၆။မရှိဘဲကြွားဝါး၍ပြောတတ်ခြင်း။ ၇။ရိုင်းစိုင်းစွာဆဲဆိုတတ်ခြင်း။ ၈။ကိုယ့်ကိစ္စကိုတာဝန်မယူခြင်း။ ၉။ကတိသစ္စာမတည်ခြင်း။ ၁၀။အမှန်တရားကိုလက်မခံခြင်း။ ၁၁။ကိုယ့်အမှားကိုဝန်မခံခြင်း။ ၁၂။ဘာသာတရားကိုလေးစားမူမရှိခြင်း။ ၁၃။အမှန်အမှားကိုခွဲခြားမသိခြင်း။ ၁၄။မတော်လောဘဖြင့်စီးပွားရှာခြင်း။ ၁၅။ငွေကြေးချမ်းသာမူကိုအထင်ကြီးခြင်း။ ၁၆။ကိုယ်ကျင့်သိက္ခာဣန္ဒြေမရှိခြင်း။ ၁၇။မထိုက်တန်တယ်ရာထူးနေရာယူခြင်း။ ၁၈။သီလသမာဓိမတည်ကြည်ခြင်း။ စိတ်နေသဘောထားနဲ့ အသိဉာဏ် အဆင့်အတန်းမြင့်မားလာလေလေ၊ သဘောထား ကြီးလာလေလေဖြစ်လာတာဟာသဘာဝဖြစ်ပါတယ်။ “ကုသိုလ် အကုသိုလ်ဆိုတာ ဘာကို ပြောတာလဲ?” အဆင့်အတန်းနိမ့်တဲ့ စိတ်ကို အကုသိုလ်လို့ ပြောတာ။အဆင့်အတန်း မြင့်တဲ့စိတ်ကို ကုသိုလ်လို့ ပြောတာ။ စိတ်ကို ပြောတာနော်။စိတ်ရဲ့ အရည်အသွေးကို ပြောတာ။ မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။ Photo – Google , Facebook […]
ဆန်ပြားမုန့်လုပ်နည်း မေးထားတဲ့မိတ်ဆွေများအတွက်
ဆန်ပြားမုန့်လုပ်နည်း မေးထားတဲ့မိတ်ဆွေများအတွက် ပါဝင်သော ပစ္စည်းများ ဆန်မုန့် ၁၀၀.ဂရမ် ကော်မုန့် (သို့) ပီလောပီနန် မူန့် ၅ဝဂရမ် ရေ ၃၀၀ ml ပုဇွန်ခြောက်သေးသေး ၁ ထထင်းစားဇွန်း ဆား ၁.လက်ဘက်ဇွန်း တရုတ် နံနံ ၁၀.ပင် ဗန်းနဲ့မုန့်သုတ်ဖို့ ဆီ အနည်းငယ် ကြိုက်ရာဗန်း ၂.ခု ပြုလုပ်ပုံ…. (၁ )ဆန် ကော်ဆားအားလုံးကိုရေရောပြီးသမအောင်မွေပေးပြီးနာရီဝက်ထားထားပါ။ (၂)နှစ်ထပ်ပေါင်းအိုးကိုရေဆူအောင်တည်ထားပါ (၃)မုန့်နစ်ထဲသို့တရုတ်နံနံထည့်မွေပါ။ (၄)ဗန်းနှစ်ခုလုံးကိုဆီပါးပါးသုတ်ပြီးမုန့်သားပါးပါးလေးခပ်ထည့်၍မုန့်သားများနေရာအနံ့ဖြစ်အောင်ဗန်းလှည့်ပေးပါ ပုဇွန်ခြောက်အနည်းငယ်ထည့်ပါ။ (၅)ရေပွက်ပွက်ဆူလာရင်မုန့်ဗန်းထည့်ပေါင်းပါ။ (၆) ကြာချိန် ၂မိနစ်မှ၃မိနစ် (၇) ပထမဗန်းကျက်လျင် ထုတ်ပြီးဒု တိယဗန်းထည့်ပေါင်းပါ မုန့်နစ်ကုန်တဲ့အထိဒီအတိုင်းလုပ်ပါ။ (၈)ထုတ်ထားသောမုန့်ဗန်းကိုဘေးနာကနေကော်ထုတ်ပြီးခွာလိုက်ပါတဝက်ရလျင်ခေါက်၍ဆက်ခွာပြီး၊ ပန်းက န်ထဲထည့်ပြီးမုန့်သားပေါ်တွင်ဆီပါးပါးသုတ်ပေးပြီး ကျ န်မုန့်တွေလည်းဒီအတိုင်းပဲလုပ်ပြီးရပါပြီရှင့်။ Crd: #AyeNangAyeHlaing
ကွမ်းယာနဲ့ဆေးလိပ် အမှန်တကယ်ဖြတ်ချင်ရင်
ကွမ်းယာနဲ့ဆေးလိပ် အမှန်တကယ်ဖြတ်ချင်ရင် ဆေးလိပ် နဲ့ ကွမ်းယာ အမှန်တကယ် ဖြတ်ချင်ပါသလား မြန်မာ အမည် – ဆေးကျော်ကြီး၊ အကြောတစ်ထောင်ပင် (သို့မဟုတ်) ဖားကြောရွက် အင်္ဂလိပ် အမည် – Broad-leaf Plantain ရုက္ခဗေဒ အမည် – Plant-ago major မြန်မာနိုင်ငံမှာ လူဦးရေ ၅၄ သန်းကျော်ရှိပြီး လူဦးရေရဲ့ ၁၉ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက် သုံးနေတာ ဖြစ်ပါ တယ်။ ဒီထဲမှာမှ အမျိုးသား ၃၁ ရာခိုင်နှုန်းကျော် ရှိပြီး၊ အမျိုးသမီး ၆ ရာခိုင်နှုန်းကျော် ပါဝင်နေတာ တွေ့ရပါတယ်။ အဆုတ်ကင်ဆာ ဖြစ်ပွားခြင်းရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်တယ်လို့ ပညာရှင်တွေက ပြောဆို ကြပါ တယ်။ […]
အိမ်မှာ ဒီလိုလေး လုပ်ထား ခြင်ဆေးခွေ လုံးဝ မလိုတော့ဘူး
ပြောပြချင်လွန်းလို့ပါ…..(ဆရာလုပ်ခြင်းမဟုတ်ပါ) တခြားအိမ်တွေတော့မပြောတတ်ဘူးပေါ့နော် ကျွန်တော့်အိမ်တော့အထပ်မြင့်ဆိုပေမယ့် ခြင်အရမ်းလာပါတယ် အပင်တွေကလည်းစိုက်တော့ခြင်ကအောင်းတယ်လေ။ ခြင်ဆေးဖျန်းဖို့ထွန်းဖို့ဆိုရင်လည်း အသက်ရှုကျပ်တတ်လို့ တခါတခါခြင်ရိုက်ဘတ်တံနဲ့ပဲနှစ်ပါးသွားရပါတယ်။ ခုတော့တော်တော်ကိုအဆင်ပြေသွားပါပြီ၊ “စပါးလင်” မုန့်ဟင်းခါးထဲထည့်ချက်, ဟင်းထဲထည့်ချက်ဖို့ပဲသိခဲ့တာ ခြင်တကယ်ပြေးမှန်းခုမှသိတာ၊ စပါးလင် ငါးရာဖိုးလောက်ဝယ်ပြီး အရိုးခြောက်အခွံခြောက်တဲ့အပိုင်းတွေဖယ်ထုတ်ဖြတ်ပြီး ရေတစ်ဖန်ခွက်လေးငါးဆယ်ချောင်းလောက်ထည့်ပြီး၊ ရေစိမ်အခန်းဒေါင့်လေးတွေမှာချထားလိုက်တာ သိသိသာသာခြင်တွေမတွေ့ရတော့တာပါပဲကျွန်တော့်လိုခြင်ဆေးနံ့မခံနိုင်တဲ့သူအတွက်တော်တော်ကိုအဆင်ပြေပါတယ်။ ထပ်ခါထပ်ခါလည်းဝယ်နေစရာမလို ရေလေးပဲမကြာမကြာလဲပေးလိုက်ရင် သူကအမြစ်တွေထွက်လာတဲ့အထိဆက်ရှင်နေမှာပါ ။ ကလေးငယ်ရှိတဲ့အိမ်တွေပိုအဆင်ပြေမယ်ထင်ပါတယ်။ ခြင်တွေတကယ်ပြေးလို့ ခုတော့ကျွန်တော်ပျော်နေပြီ အားလုံးကိုလည်းဝေမျှချင်တဲ့စေတနာနဲ့ပို့စ်တင်ရေးပေးတာပါနော်၊ အရမ်းကိုတတ်သိနားလည်နေလို့မဟုတ်ပါဘူးရှင့်……. (ခြင်ဆေးကြော်ငြာတစ်ခုမှာ စပါးလင်ဖြင့်ထုတ်လုပ်ထားခြင်းကိုတွေ့လို့စမ်းကြည့်လိုက်တာ) Credit to Mirror (gardening Myanmar)









