လူ ၁၀၀ မှာ ၉၉ ဦးရဲ့ အိမ်က ပုရွက်ဆိတ်တွေ ရှိကြမှာပါနော်။ သူတို့တွေဟာ နေရာစုံအောင်လျှောက်သွားပြီးတော့ မိသားစု စားမယ့် ဟင်းခွက်ထဲတွေထဲဝင် ၊ ကိုယ်သောက်မယ့် ကော်ဖီခွက်ထဲ ၊ အဝတ်အစားထဲ နေရာ အနှံ့ပါ ပဲနော်။ ဒီလို အနှောက်အယှက်ပေးတဲ့ ပုရွက်ဆိတ်တွေကို သူ့အသက် သတ်တာမဟုတ်ပဲ ပညာရှိနည်းနဲ့ နှင်တဲ့နည်းလေးတွေ ပေးမယ်နော်။ ၁။ ပုရွက်ဆိတ်ဝင်လာတတ်တဲ့ မုန့်ဘူးတွေရှိလား။ ဘူးအဖုံးအရစ်ကို အပြင်ကနေ တိပ်နဲ့ပတ်ထားပါ။ မုန့်ဘူးရဲ့ ဘေးပတ်လည်ကိုလည်း တိပ်နဲ့စည်းသားကာ ကျုံးလို လုပ်ထားလိုက်ကြည့်။ ပုရွက်တွေတွေက တိပ်ကိုကျော်လာတာ ရှားပါတယ်။ ၂။ နောက်တစ်နည်းကလည်း တိပ်နဲ့စည်းသားတာနဲ့ အတော်ဆင်ပါတယ်။ ပုရွက်ဆိတ်လာတဲ့လမ်းကြောင်းမှာ မြေဖြူခဲနဲ့ မျဉ်းသားထားပါ။ မြေဖြူမှာပါတဲ့ ကယ်လ်ဆီယံ ကာဘွန်နိတ်ကို ပုရွက်ဆိတ်တွေက ကြောက်ပါတယ်။ […]
ဗဟုသုတ
အသက်၁၃နှစ်နဲ့ ကိုယ်ဝန်(၅)လရှိခဲ့တဲ့ (၇)တန်းကျောင်းသူ မိန်းကလေးရဲ့ အဖြစ်…
မနေ့က ကျမဆေးခန်းကို ultrasound ကြည့်ဖို့သားအမိနှစ်ယောက်လာပါတယ် သူတို့သားအမိဝင်လာတုန်းကတော့..ရင်သားတဖက်မရှိ တဲ့ မိခင်ကို လှမ်းကြည့်ရင်း.လူနာလို့ထင်မိတာပါ။ နောက်တော့မှ..ကျမသမီးလေးရာသီ မလာတာ 3လလောက်ရှိပြီ..ဗိုက်မှာလည်း အလုံးပေါ်နေလို့ဆိုမှ ကလေးဗိုက်ကိုစပ်းသပ်ကြည့်လိုက်တော့..ဗိုက်ထဲမှာ ကိုယ်ဝန်က 5လပြည့်ခါနီးပါပြီ..း။ ကလေးရဲ့ အသက်ကိုသေချာသိချင် လို့မွေးနေ့မေးလိုက်မှ 13နှစ်နဲ့ တစ်လ..ဗိုက်ထဲက ကိုယ်ဝန်က 5လ.. .ရှင်းရှင်းပြောရရင်.အမွှေးတောင်သေချာမပေါက်သေးတဲ့ .မျက်နှာ အေးအေးလေးနဲ့ ကလေးကိုကြည့်ပြီး ကျမ ဘယ်ကနေ စပြောရမလည်းတောင်တွေးမရတော့ပါ မတတ်နိုင်အမေကိုရှင်းပြတော့ပြီး.သမီးရည်းစား ရှိသလားချော့မေးတော့..ရည်းစားတော့မရှိ… အပျိုမဟုတ်တဲ့ အဆောင်နေသူငယ်ချင်း ဆီကဘောင်းဘီယူဝတ်မိ သည်ဟုပြောသည်..လုံးဝ မဖြစ်နိုင်ဘူး..အမှန်အတိုင်းပြောဖို့နည်းနည်းလေး မာန်လိုက်တော့..မှ.တတန်းထဲနေ.သူငယ်ချင်း နှင့်. .ဟုဝန်ခံလာလေသည် fbပေါ်မှာ ဟိုတလောကေ ခတ်စားနေတဲ့ရေကူးကန်ထဲကိုယ်ဝန်ခုနှစ်ယောက်ရတဲ့. မဟုတ်တဲ့ post ကို ဖတ်ပြီး..အမေကို..ဘောင်းဘီ ကိစ္စနှင့်ဖြီးတော့ အူကြောင်ကြောင်အမေက သို့လောသို့လော ဖြစ်သည် ဒီအမေနှင့် လွှတ်ထားလို့မပြီး..ငါဝင်ပါမှ ဖြစ်မည် ဆိုပြီး ဆက်မေးမှ..ကျမ […]
ဖုန်းလာရင် ဟယ်လို ဆိုပြီးသာ ထူးကြတာ ဘာကြောင့်လဲဆိုတာ မသိသေးရင် ဖတ်ကြည့်ပါ
ဖုန်းလာရင် ဟယ်လို ဆိုပြီးသာ ထူးကြတာ ဘာကြောင့်လဲဆိုတာ မသိသေးရင် ဖတ်ကြည့်ပါ ဖုန်းလာရင် ဟယ်လို ဆိုပြီး ထူးကြတဲ့ အကြောင်းရင်းဗဟုသုတလေးကို ပြောပြပေးချငိပါတယ်နော်။ဖုန်းဝင်တာဘဲဖြစ်ဖြစ် ဖုန်းလာတာဘဲဖြစ်ဖြစ် ဟယ်လို ဆိုပြီး စတင်ပြောဆိုလေ့ ရှိကြပါတယ်နော်။ အဲ့လိုပြောကြတဲ့ ဟယ်လိုဆိုတဲ့ အဓိပ္ပာယ်ကို သိကြပါလား။ ဟယ်လို ဆိုတာကတော့ အမျိုးသမီးတစ်ဦး နာမည် ဖြစ်ပါတယ်။အဲဒီအမျိုးသမီးနာမည်ကိုရော သင်သိပါသလား။ သူမကတော့ မာဂရက်ဟယ်လို ဖြစ်ပါတယ်။ သူမကတော့ တယ်လီဖုန်းကို စတင်တီထွင်ခဲ့သူ ဂရေဟမ်ဘယ်လဲ ရဲ့ ချစ်သူဖြစ်ပါတယ်။ဂရေဟမ်ဘဲလ် က တယ်လီဖုန်းကို စတင်တီထွင်ပြီးနောက်မှာ ပထမဆုံးသော စကားလုံးအဖြစ် သူ့ရဲ့ချစ်သူ မာဂရက်ဟယ်လို ကို ဟယ်လို လို့ စတင်သုံးစွဲခဲ့တာ ဖြစ်ပါတယ်နော်။လူတွေက ဖုန်းတီထွင်ခဲ့တဲ့ ဂရေဟမ်ဘဲလ် နာမည်ကို မေ့ချင်မေ့ပေမဲ့ သူ့ရဲ့ချစ်သူ ဟယ်လို […]
ချမ်းသာကြွယ်ဝချင်တဲ့သူတိုင်း သတိပြုစရာ အမူအကျင့် (၈) မျိုး …
ချမ်းသာကြွယ်ဝချင်တဲ့သူတိုင်း သတိပြုစရာ အမူအကျင့် (၈) မျိုး လူတစ်ချို့ဟာ သုံးမကုန်လောက်အောင် ချမ်းသာကြွယ်ဝနေတဲ့အချိန်မှာ တစ်ချို့ကျတော့ ကုန်းကောက်စရာမရှိအောင် ဆင်းရဲနေတဲ့အခါ ဒါဟာ မတရားဘူးလို့ ထင်ရနိုင်ပါတယ်။ ဒါပေမယ့်လည်း ချမ်းသာတဲ့သူနဲ့ ဆင်းရဲတဲ့သူတွေကြားမှာ မတူညီတဲ့ နေထိုင်မှုပုံစံ၊ အမူအကျင့်တွေရှိနေပါတယ်။ ဒါကြောင့်သင်ဟာ ချမ်းသာကြွယ်ဝချင်တဲ့ သူတစ်ယောက်ဆိုရင်တော့ ကမ္ဘာ့အချမ်းသာဆုံးလူတွေအကြံပေးထားတဲ့ အရာလေးတွေကို သတိပြုဆင်ခြင်ဖို့လိုပါတယ်။ (၁) ချမ်းသာမယ့်သူတွေဆိုတာ သူတစ်ပါးကို ပေးကမ်းစွန့်ကြဲဖို့အတွက် မတွန့်တိုတတ်တဲ့သူတွေပါ။ ကိုယ့်မှာရှိတာ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ သူတစ်ပါးကို မျှဝေချင်စိတ်အပြည့်ရှိတဲ့သူတွေဖြစ်ပါတယ်။ (၂) တစ်ယောက်ယောက်က အကြံပေးစကားပြောတဲ့အခါတွေ၊ သူတို့ရဲ့ ထင်မြင်ချက်တွေကို ပြောလာတဲ့အခါမှာ လုံးဝအငြင်းအခုံမလုပ်ပါနဲ့။ သူတို့ပြောတာဟာ သင့်အမြင်နဲ့ ကွဲချင်ကွဲမယ်ဒါပေမယ့် သူတို့ကြည့်တဲ့ရှုထောင့်ကနေ မြင်တတ်အောင် ကြည့်ပါ။ (၃) အတင်းအဖျင်းတွေမပြောပါနဲ့။ အဲ့ဒီ့အစား အကျိုးရှိမယ့် စာတွေဖတ်တာ၊ အကျိုးရှိမယ့်အရာတွေကို […]
ဖုန်းရေစိုတဲ့အခါ လုပ်မိလေ့ရှိတဲ့ အမှားတွေနဲ့၊ တကယ် ပြုလုပ်သင့်တဲ့ အချက်တွေ …
ဖုန်းရေစိုတဲ့အခါ လုပ်မိလေ့ရှိတဲ့ အမှားတွေနဲ့၊ တကယ် ပြုလုပ်သင့်တဲ့ အချက်တွေ ဖုန်းရေစိုတယ်ဆိုတာ ဖုန်းနဲ့မကင်းသူတိုင်း ကြုံတွေ့ရလေ့ရှိပါတယ်။ မတော်တဆ ရေထဲကို ပြုတ်ကျတဲ့အလေ့အထကို အားလုံးနီးပါး ကြုံခဲ့ရဖူးမှာပါ။ တခါလေ အပြင်ထွက်ရာ ထီးမပါလို့ မိုးရေစိုတာတွေ၊ မိုးရေစင်နိုင်တဲ့နေရာမှာ ဖုန်းကို ထားမိတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဖုန်းရေစိုတဲ့အခါမှာ လုပ်မိလေ့ရှိတဲ့ အမှားတွေနဲ့၊ တကယ် ပြုလုပ်သင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ရေစိုဖုန်းကို ဆန်ထဲမှာထည့်ထားတာဟာ မှန်သလား – ဆန်ဟာ သာမန်အားဖြင့် ရေငွေ့ကို ဖယ်ထုတ်နိုင်တယ်ဆိုတာ မှန်သော်လည်း ထင်ထားသလောက် မမြန်ဆန်ပါဘူး။ ဆန်ထဲကိုဖုန်းကို ထားရှိခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ဖုန်းရဲ့အပေါက်မျိုးစုံကနေ ဆန်ရဲ့အမှုန်တွေ၊ ဆန်ကျိုးတွေ ဝင်လာနိုင်ပါတယ်။ ဒါဖြင့် ဘာလုပ်ရမလဲ …? (၂) အရင်ဆုံး လုပ်ရမှာကတော့ […]
မိတ်ဆွေများအတွက် အလျင်မြန်အကျိုးထူးကို ရရှိစေမည့် နှင်းဆီ ဆယ်ခက်…….
ထူးထူးခြားခြားအကျိုးပေးပြီး ကံပွင့် လာဘ်ပွင့်ကာ ဝင်ငွေတိုးချင်တဲ့ ခုနှစ်ရက်သားသမီး မိတ်ဆွေများအတွက် အလျင်မြန်အကျိုးထူးကို ရရှိစေမည့် နှင်းဆီ ဆယ်ခက် စီးပွားတက် အဓိဋ္ဌာန် စခမ်းဝင်နည်း။ နှင်းဆီပန်း (၁၀) ပွင့် (ဘာအရောင်ပဲဖြစ်ဖြစ်)ကို ဆူးမပါအောင် သေချာသန့်စင်ပြီး အိမ်ရှိ ဘုရားကျောင်းဆောင်ရှေ့မှာ စာပွဲအမြင့်ပေါ်တင်ပြီး ကပ်လှူပါ။ ပြီးလျှင် သံဃာ့မဟာနယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီးချီးမြှင့်သည့် ဘုရားဂုဏ်တော်ဆယ်ပါးဂါထာကို ဂုဏ်တော်တစ်ပါးလျင် ပုတီး (၁)ပတ်စိပ်ရပါမည်။ ဂုဏ်တော်တစ်ပါးစီ၏ အရှေ့မှ သော ဘဂဝါ ဣတိပိ ကိုထည့်၍ ရွတ်ဆိုရပါမည်။ သော ဘဂဝါ ဣတိပိ အရဟ။ံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္မန္ဒော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါ ကိုယ်လက်သန့်စင်ပြီး သန့်ပြန်တဲ့ အဝတ်အထည်ကိုလဲလှယ်ပါ အချိန်မှန်အောင်လည်းဂရုစိုက်ပါ။ […]
ငါးစားသူတိုင်း သိသင့်သည့် ငါးအရိုးစူးလျှင် ပျောက်ကင်းမည့် နည်းလမ်းများ……
ငါး အရိုး မျက်လျှင် အတော့်ကို ခံစားရ ခက်သည်မှာ အားလုံးလည်း သိပြီး ဖြစ်မှာပါ။ တစ်ခါတရံ ခဏလေးနဲ့ ပျောက်သွားပေမယ့် အခန့်မသင့်လျှင် ဆေးရုံတက်ပြီး လည်ချောင်းကနေ ခွဲထုတ် ရတဲ့ အထိ ဖြစ်တတ်ကြပါတယ်။ ဒါ့ကြောင့် ငါးအရိုးမျက်လျှင် အလွယ်တကူ ပြုလုပ်နိုင်မယ့် အိမ်တွင်း ကုထုံးလေးများကို ရသမျှ စုစည်း၍ တင်ပေးလိုက်ပါတယ်။ကိုယ်နဲ့ အဆင်ပြေရာနည်းကို ပြုလုပ် နိုင်ကြပါတယ်။ (၁) သံပုရာသီးကို အခွံမာများခွါ၍ အလုံးကို သွားကြားထိုးသံဖြင့် အပေါက်လေးများ ထိုးဆွထား ၍ခေတ္တမျ ငုံထားပါ။ အရည်ကို တဖြေးဖြေး မျိုချပေးပါ။ အချဉ်ဓါတ်က ငါးရိုးများကို တိုက်စား သွားပေ လိမ့်မည်။ (၂) ငှက်ပျောသီး စားပါ။ ဘာငှက်ပျောသီးဖြစ်ဖြစ် အဆင်ပြေ ပါသည်။ (၃) […]
သူတစ်ပါး ချစ်ခြင်းကိုခွဲမယ်ဆိုရင် ရလာမယ့်ကံတရားနှင့်အကျိုးဆက်များ…(ကြောက်စရာကောင်းလွန်ပါတယ်)
သူတစ်ပါး ချစ်ခြင်းကိုခွဲမယ်ဆိုရင် ရလာမယ့်ကံတရားနှင့်အကျိုးဆက်များ…(ကြောက်စရာကောင်းလွန်ပါတယ်) စာမမှန်သူများ အောက်တွင် Unicode Version ဖြင့်ဖတ်ရန် ကုန်းတိုက်တယ် ဆိုတာ ချစ်ခြင်းကိုခွဲတာပါ …။ ကုန်းစကားဆိုတာ အချစ်ခွဲစကားပါ။ ချစ်သူ၊ ခင်သူ ၊ မြတ်နိုးသူ အချင်းချင်း အချစ်အခင်ပျက် အမြတ်နိုးပျက်အောင် မလိုတမာ ကြားဝင်ပြီး အပိုရှာစကား ဆင်တာကို ကုန်းတိုက်တယ် ခေါ်ပါတယ် …။ သူများချစ်ခြင်းကိုခွဲရင် ကိုယ့်ချစ်ခြင်းကွဲမှာပါပဲ။ ဒါဟာသေချာတဲ့ ကမ္မနိယာမပါ …။ သူများချစ်ခြင်းခွဲခဲ့တဲ့သူတွေ၊ ခွဲနေတဲ့သူတွေဟာ အချစ်ကံခေ တတ်ပါတယ်နော် …။ “ချစ်ခြင်းကိုမခွဲပါနဲ့”ဆိုတဲ့ ဝစီသုစရိုက်သိက္ခာပုဒ်(ပိသုဏဝါစာဝိရတိသိက္ခာပုဒ်)ဟာ ချစ်သူရည်းစားချင်း၊ဇနီးခင်ပွန်းချင်ရဲ့ ချစ်ခြင်းကိုသာ မခွဲဖို့ပြောတာမဟုတ်ပါဘူး… မိဘနဲသားသမီး၊ ဆရာနဲ့တပည့်၊ ဆရာနဲ့တကာ၊ ညီအစ်ကို မောင်နှအချင်းချင်း၊ ဆွေမျိုးသွေးသား အချင်းချင်း၊ မိတ်ဆွေ သူငယ်ချင်းအချင်းချင်းရဲ့ ဘယ်ချစ်ခြင်းကိုမဆို မခွဲဖို့ပြောတာပါ …။ […]
အိပ်ရာဝင်ချိန် ရှောင်ကြဉ်ရမည့်အချက်များ…..
အိပ်ရာဝင်ချိန် ရှောင်ကြဉ်ရမည့်အချက်များ 1 2 3 သင်အိပ်ရာဝင်ချိန်မှာ အခုဖော်ပြမဲ့အချက်တွေ ပြုလုပ်မိနေပါသလား?။ 4 5 ဒီအချက်တွေက အိပ်ရေးပျက်အောင် နှောင့်ယှက်တတ်တာမို့ ရှောင်ကြဉ်လိုက်ပါနော်။ 6 7 Credit : Healthydigest ============= Unicode အိပ်ရာဝင်ချိန် ရှောင်ကြဉ်ရမည့်အချက်များ အိပ်ရာဝင်ချိန် ရှောင်ကြဉ်ရမည့်အချက်များ သင်အိပ်ရာဝင်ချိန်မှာ အခုဖော်ပြမဲ့အချက်တွေ ပြုလုပ်မိနေပါသလား?။ ဒီအချက်တွေက အိပ်ရေးပျက်အောင် နှောင့်ယှက်တတ်တာမို့ ရှောင်ကြဉ်လိုက်ပါနော်။ Credit : Healthydigest
ဖေဖေ သမီး ဘုရားကို နောက်တစ်ခါ ထပ်မသွားတော့ဘူးဘာဖြစ်လို့လဲ သမီး…
တန်ဖိုးရှိလိုက်တာ ဖေဖေရယ် သမီး ဘုရားကို နောက်တစ်ခါ ဘယ်တော့မှ ထပ်မသွားချင်တော့ဘူး… ဖေဖေ သမီး ဘုရားကို နောက်တစ်ခါ ထပ်မသွားတော့ဘူးဘာဖြစ်လို့လဲ သမီး… ဘုရားကို သမီးသွားတော့ တွေ့တဲ့လူတိုင်းက ဘုရားဝတ်ပြုနေတဲ့ အချိန်မှာတောင် ဖုန်းသုံးနေတဲ့သူနဲ့ အတင်းပြောနေတဲ့သူနဲ့ ဘယ်သူမှ တလေးတစား မရှိကြဘူး သူတို့အားလုံးဟာ သူတော်ကောင်းယောင် ဆောင်နေကြတာပဲ ဖေဖေ အင်း ဒါဆို သမီး ဘုရား မသွားတော့ဖို့ မဆုံးဖြတ်ခင် “ဖေဖေ သမီးကို တစ်ခုလောက် လုပ်ခိုင်းလို့ရမလား?” “ပြောကြည့်လေ ဖေဖေ ဘာများလဲ”..“ဒါဆို သမီး ဖန်ခွက်ထဲ ရေအပြည့်ထည့်ပြီး ဘုရားကို ၂ ပတ် လမ်းလျောက်ရမယ်” “ဒါပေမယ့် ရေတော့ လုံးဝ မဖိတ်ရဘူးနော”်….“ဒါလေးများ အေးဆေး လုပ်နိုင်ပါတယ် ဖေဖေ သမီး […]









