သူတစ္ပါး ခ်စ္ျခင္းကိုခြဲမယ္ဆိုရင္ ရလာမယ့္ကံတရားႏွင့္အက်ိဳးဆက္မ်ား…(ေၾကာက္စရာေကာင္းလြန္ပါတယ္)
စာမမှန်သူများ အောက်တွင် Unicode Version ဖြင့်ဖတ်ရန်
ကုန္းတိုက္တယ္ ဆိုတာ ခ်စ္ျခင္းကိုခြဲတာပါ …။
ကုန္းစကားဆိုတာ အခ်စ္ခြဲစကားပါ။ ခ်စ္သူ၊ ခင္သူ ၊ ျမတ္ႏိုးသူ အခ်င္းခ်င္း အခ်စ္အခင္ပ်က္ အျမတ္ႏိုးပ်က္ေအာင္ မလိုတမာ ၾကားဝင္ၿပီး အပို႐ွာစကား ဆင္တာကို ကုန္းတိုက္တယ္ ေခၚပါတယ္ …။
သူမ်ားခ်စ္ျခင္းကိုခြဲရင္ ကိုယ့္ခ်စ္ျခင္းကြဲမွာပါပဲ။ ဒါဟာေသခ်ာတဲ့ ကမၼနိယာမပါ …။
သူမ်ားခ်စ္ျခင္းခြဲခဲ့တဲ့သူေတြ၊ ခြဲေနတဲ့သူေတြဟာ အခ်စ္ကံေခ တတ္ပါတယ္ေနာ္ …။
“ခ်စ္ျခင္းကိုမခြဲပါနဲ႔”ဆိုတဲ့ ဝစီသုစ႐ိုက္သိကၡာပုဒ္(ပိသုဏဝါစာဝိရတိသိကၡာပုဒ္)ဟာ
ခ်စ္သူရည္းစားခ်င္း၊ဇနီးခင္ပြန္းခ်င္ရဲ႕ ခ်စ္ျခင္းကိုသာ မခြဲဖို႔ေျပာတာမဟုတ္ပါဘူး…
မိဘနဲသားသမီး၊ ဆရာနဲ႔တပည့္၊ ဆရာနဲ႔တကာ၊ ညီအစ္ကို ေမာင္ႏွအခ်င္းခ်င္း၊
ေဆြမ်ိဳးေသြးသား အခ်င္းခ်င္း၊ မိတ္ေဆြ သူငယ္ခ်င္းအခ်င္းခ်င္းရဲ႕ ဘယ္ခ်စ္ျခင္းကိုမဆို မခြဲဖို႔ေျပာတာပါ …။
ဒီဘက္လူအေၾကာင္း ဟိုဘက္မွာ မေကာင္းေျပာ၊ဟိုဘက္လူအေၾကာင္း ဒီဘက္မွာ မေကာင္းေျပာမွကုန္းတိုက္တာ မဟုတ္ဘူး …။
တစ္နည္းနည္းနဲ႔ဆက္ဆံေရးပ်က္ျပားသြားေအာင္ လုပ္ရင္ခ်စ္ျခင္းကို ခြဲတာပါပဲ …။
ပါးစပ္နဲ႔ ကုန္းတိုက္စကားေျပာဆိုမွ ခ်စ္ျခင္းကိုခြဲရာ ေရာက္တာ မဟုတ္ပါဘူး …။
တစ္ေယာက္အေပၚတစ္ေယာက္ အထင္အျမင္ လြဲသြားေစႏိုင္တဲ့
အျပဳအမူမ်ိဳး၊ ျဖစ္ရပ္မ်ိဳးကိုဖန္တီးျပဳလုပ္ရင္လည္း ခ်စ္ျခင္းကို ခြဲရာေရာက္ပါတယ္ …။
ပိသုဏဝါစာ ဒုစ႐ိုက္ အ ကုသိုလ္ျဖစ္တယ္ …။
တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ခင္ေပါင္းသင္းေနရာကေနထသတ္ေအာင္လုပ္လိုက္မွ ကုန္းသတ္တာ မဟုတ္ပါဘူး …။
ကုန္းတိုက္တဲ့ကိစၥမွာ ရန္ျဖစ္တာ မျဖစ္တာ၊ျပႆာနာတက္တာ မတက္တာ၊ အဓိကမဟုတ္ဘူး …။
ရန္ျဖစ္ျဖစ္ မျဖစ္ျဖစ္ျပႆာနာတက္တက္ မတက္တက္တစ္ေယာက္နဲ႔ တစ္ေယာက္ မခ်စ္ခင္ေတာ့ဘူး မေပါင္းသင္းေတာ့ဘူးဆိုရင္
အဲဒီလိုျဖစ္ေအာင္လုပ္တဲ့သူဟာ ကုန္းတိုက္တဲ့လူပါပဲ …။
တခ်ိဳ႕မိဘေတြက ကိုယ့္သားသမီးေတြ ကိုယ္သေဘာမတူတဲ့သူနဲ႔ ခ်စ္သူရည္းစားျဖစ္ေနၾကၿပီ …။
လက္ထပ္ဖို႔ ရည္႐ြယ္ၾကၿပီဆိုရင္ သားသမီးေတြရဲ႕ ခ်စ္ျခင္းကို မရ ရတဲ့နည္းနဲ႔ ခြဲၾကပါတယ္ …။
တကယ့္ကို မသင့္ေတာ္တဲ့သူ၊တကယ့္ကိုအက်ိဳးပ်က္စီးေစမယ့္ သူမို႔ခ်စ္ျခင္းကို ခြဲတာဆိုရင္ေတာ့
“မေကာင္းျမစ္တာ”ဆိုတဲ့မိဘဝတၱရားအရ အျပစ္မ႐ွိေပမယ့္ကိုယ့္ရဲ႕ အတၱ၊မာနလြန္ကဲမူ၊
ဂုဏ္႐ွိန္ေမာက္မာမူနဲ႔ကိုယ့္ဘက္သူ႕ဘက္ရန္ၿငိဳးဖြဲ႕ ကလဲ့စား ေခ်မူေတြေၾကာင့္သားသမီးေတြရဲ႕ခ်စ္ျခင္းကို ခြဲပစ္တာဆိုရင္ေတာ့
မိဘေတြအေနနဲ႔ ဂုဏ္တိုက္ျခင္း အမူကို က်ဴးလြန္ရာ ေရာက္သြားပါၿပီ …။
စကားေတြစာေတြနဲ႔ ခ်စ္ျခင္းခြဲလိုက္တဲ့အတြက္သားသမီးေတြရဲ႕ဘဝပ်က္စီးသြားရၿပီဆိုရင္ေတာ့
ဝစီဒုစ႐ိုက္ အကုသိုလ္ထုပ္ႀကီးကိုမိဘေတြရင္ဝယ္ပိုက္မိသြားပါၿပီ။“ေကာင္းေစခ်င္လို႔ပါ”လို႔ စကားလွလွေတြနဲ႔ ကာကြယ္မေနပါနဲ႔ေတာ့။ အပိုပါပဲ …။
ျမတ္စြာဘုရားလက္ထက္တုန္းကအ႐ွင္ဓာနလို႔ေခၚတဲ့ ရဟန္းတစ္ပါး႐ွိခဲ့ဖူးတယ္ …။
သူရဟန္းျဖစ္တဲ့ေနကစၿပီး သူ႕ေနာက္ပါးမွာ အမ်ိဳးသမီးတစ္ေယာက္ ထပ္ၾကပ္မကြာလိုက္ပါေနခဲ့ပါတယ္ …။
သြားလည္းသူ႕နားမွာ၊ရပ္လည္းသူ႕အနားမွာ၊ ထိုင္လည္းသူ႕အနားမွာ၊ အိပ္လည္းသူ႕အနားမွာ အဲဒီအမ်ိဳးသမီးဟာသူ႕အနားက တစ္ဖဝါးမွမကြာ သူနဲ႔ တပူးတြဲတြဲအၿမဲ႐ွိေနခဲ့ပါတယ္ …။
ဘယ္ေလာက္ထိ တပူးတြဲတြဲ႐ွိသလဲဆိုရင္အ႐ွင္ဓာန ၿမိဳ႕ထဲဆြမ္းခံႂကြရင္ေတာင္ သူ႕ေနာက္ပါးက
အရိပ္ပမာ လိုက္ပါေနတဲ့အထိပါပဲ။ ဆြမ္းေလာင္းတဲ့အမ်ိဳးသမီးေတြက“ဒါက အ႐ွင္ဘုရားအတြက္ တစ္ဇြန္း၊ ဒါကအ႐ွင္ဘုရား အမ်ိဳးသမီးအတြက္တစ္ဇြန္း” လို႔ ျပက္ရယ္ေလွာင္ေျပာင္ၿပီး ဆြမ္းႏွစ္ဇြန္း ႏွစ္ဇြန္းေလာင္းေလ့႐ွိပါတယ္။ၿမိဳ႕ထဲ႐ြာထဲသြားရင္ ၿမိဳ႕သူၿမိဳ႕သားေတြရဲ႕ ျပက္ရယ္ေလွာင္ေျပာင္ခံရသလို ကိုယ့္ေက်ာင္းမွာ ကိုယ္ေနရင္လဲ ရဟန္းငယ္၊ ကိုရင္ငယ္ေတြရဲ႕ အ႐ွင္ဓာန မိန္းမၾကဴး၊ မိန္းမၾကဴး အ႐ွင္ဓါနလို႔ ေလွာင္ေျပာင္အၿမဲ စေနာက္တတ္ၾကပါတယ္။ အ႐ွင္ဓာနရဲ႕ ေနာက္ပါးက တစ္ဖဝါးမွမခြာ လိုက္ေနတဲ့အမ်ိဳးသမီးဟာ တစ္ကယ္ေတာ့ လူသားစစ္စစ္အမ်ိဳးသမီး မဟုတ္ပါဘူး။ အတိတ္က မေကာင္းမူ အကုသိုလ္ကံတစ္ခုေၾကာင့္ အလိုေလ်ာက္ျဖစ္ေပၚေနတဲ့ အမ်ိဳးသမီး႐ုပ္တစ္ခုမွ်သာ ျဖစ္ပါတယ္ …။
ဝ႗္ေႂကြးေၾကာင့္ျဖစ္တဲ့ အမ်ိဴးသမီးအ႐ုပ္ျဖစ္လို႔ အမ်ိဳးသမီးဝ႗္ေႂကြး႐ုပ္လို႔ပဲ ဆိုရမွာပါပဲ။ သူ႕အပါးမွာ႐ွိေနတဲ့ ဝ႗္ေႂကြး႐ုပ္ကို အ႐ွင္ဓာနလုံးဝမျမင္ေတြ႕ရပါဘူး။ တျခားသူေတြကသာ တကယ့္အမ်ိဳးသမီး တစ္ေယာက္အေနနဲ႔ ျမင္ေတြ႕က်ရတာပါ။ တကယ့္အမ်ိဳးသမီး အစစ္လို႔ပဲထင္ၿပီး စၾကေနာက္ၾကေလွာင္ေျပာင္ၾကတာမို႔ အ႐ွင္ဓာနဟာ ၿမိဳ႕ထဲသြားလဲစိတ္ဆင္းရဲရ ေက်ာင္းကန္ထဲမွာေနလဲစိတ္ဆင္းရဲရနဲ႔ အၿမဲတမ္း စိတ္ဆင္းရဲေနရပါတယ္ …။
တစ္ဖက္သား အထင္အျမင္လြဲမွားစရာအျဖစ္အပ်က္ေတြနဲ႔ လူတကာ၊ ႐ွင္တကာရဲ႕အမုန္းခံျဖစ္ၿပီး အၿမဲစိတ္ဆင္းရဲေနရတဲ့ ဘဝေရာက္ေအာင္တြန္းပို႔လိုက္တဲ့ သူ႕ရဲ႕အတိတ္ကံကေတာ့ သူတစ္ပါးခ်စ္ျခင္းကို ခြဲခဲ့တဲ့ အကုသိုလ္ကံပါပဲ။ကႆပျမတ္စြာဘုရားလက္ထက္တုန္းက အ႐ွင္ဓာနဟာ ဘုမၼဇိုဝ္းနတ္ ျဖစ္ခဲ့ပါတယ္။ ကႆပျမတ္စြာဘုရား႐ွင္ရဲ႕ သာသနာေတာ္မွာ တစ္ပါးနဲ႔တစ္ပါး သိပ္ခ်စ္ၾကတဲ့ ရဟန္းႏွစ္ပါးဟာ သြားအတူ၊ လာအတူ၊ စားအတူ၊ ေနအတူ၊တရား အားထုတ္ေတာ့လဲ အတူတူ၊ တစ္ပါးနဲ႔တစ္ပါး သိပ္ခ်စ္ခင္ရင္ႏွီးၾကပါတယ္။“တစ္ပါးမခြဲတဲ့ ႏွစ္ပါးအတြဲ”ရယ္လို႔ေတာင္ ထင္႐ွားေက်ာ္ၾကား သိပ္ခ်စ္ၾကပါတယ္ …။
တစ္ခုေသာ ဥပုသ္ေန႔မွာ ဥပုသ္ျပဳဖို႔အတြက္ ကႆပျမတ္စြာဘုရား႐ွင္႐ွိရာ အရပ္ကိုအတူသြားၾကပါတယ္။ ဘုမၼဇိုဝ္းနတ္လဲ သူတို႔နဲ႔မနီးမေဝးကေနလိုက္လာပါတယ္။ “ဒီကိုယ္ေတာ္ႏွစ္ပါးက သိပ္ခ်စ္ၾကတယ္…သူတို႔ရဲ႕ ခ်စ္ျခင္းေမတၱာက သိပ္ခိုင္မာတယ္…တကယ္လို႔မ်ားတစ္ေယာက္ေယာက္ကသူတို႔ရဲ႕ ခ်စ္ျခင္းေမတၱာကိုခြဲခဲ့ရင္ ကြဲသြားၾကေလမလား…ဘယ္သူေသြးခြဲခြဲ အခ်စ္မပ်က္ ေမတၱာဆက္ႏိုင္ၾကပါ့မလား…သူတို႔ႏွစ္ပါးရဲ႕ ခ်စ္ျခင္းေမတၱာ ဘယ္ေလာက္ထိေအာင္ခိုင္ၿမဲသလဲဆိုတာ ငါစမ္းသပ္ၾကည့္ဦးမွပဲ” လို႔ေတြးၿပီးဘုမၼဇိုဝ္းနတ္ဟာ ရဟန္းေတာ္ႏွစ္ပါး စိတ္ဝမ္းကြဲသြားေအာင္လုပ္လို႔ရမယ္ အေျခအေန၊ အခြင့္အလမ္းကို ေခ်ာင္းေျမာင္း႐ွာၾကံၿပီး ရဟန္းႏွစ္ပါးရဲ႕မနီးမေဝးကေန လိုက္လာခဲ့ပါတယ္။ စမ္းေခ်ာင္းတစ္ခုအနားေရာက္မွေတာ့ ရဟန္းတစ္ပါးက တျခားရဟန္းေတာ္ကို သပိတ္၊သကၤန္းအပ္ႏွံထားၿပီး ကိုယ္လကသုတ္သင္မူ၊ အညစ္အေၾကး စြန္႔မူျပဳလုပ္ပါတယ္။ ကိစၥၿပီးလို႔ လက္ေျခေတြေဆးေၾကာသန္႔စင္ၿပီး ခ်ံဳပုတ္တစ္ခုရဲ႕ အနီးကေနထြက္လာတဲ့အခါမွာေတာ့ ရဟန္းရဲ႕ေနာက္နားမွာ အမ်ိဳးသမီးတစ္ေယာက္ ကပ္ပါလာပါတယ္ …။
ခ်စ္ျခင္းကိုခြဲဖို႔အကြက္ေခ်ာင္းေနတဲ့ ဘုမၼဇိုဝ္းနတ္ကအမ်ိဳးသမီးအသြင္ ဖန္ဆင္းၿပီး ေနာက္ကေနလိုက္လာတာပါ။ အမ်ိဳးသမီးက ဖ႐ိုဖရဲျဖစ္ေနတဲ့ ဆံပင္ေတြကို ခါခါၿပီးျပင္ဆင္ထုံးဖြဲ႕လို႔၊ တြန္ေၾကေနတဲ့ထဘီကို ရမ္းရမ္းၿပီးျပင္ဝတ္လို႔၊ ရမၼက္ခိုးမႊန္ၿပီး ႐ႊင္ေနတဲ့မ်က္ႏွာေပၚက ေခြၽးသီးေခြၽးေပါက္ေတြကို ပြတ္သပ္ခ်လို႔ တကယ့္ကို ကာမဂုဏ္ေပ်ာ္ပါးၿပီးထလာတဲ့ ပုံစံမ်ိဳးနဲ႔ပါပဲ။ ဒီျမင္ကြင္းကို ျမင္ေတြ႕လိုက္ရတဲ့ အေဖာ္ရဟန္းဟာအႀကီးအက်ယ္ အထင္လြဲသြားပါတယ္။ ဒီလိုမိုက္႐ိုင္းယုတ္မာတဲ့ သူနဲ႔ ငါဘယ္ေတာ့မွ မပတ္သက္ေတာ့ဘူးလို႔ ဆုံးျဖတ္လိုက္ပါတယ္။ ကာယကံ႐ွင္ရဟန္းက ဘယ္လိုပဲ ႐ွင္းျပ႐ွင္းျပလုံးဝ မယုံၾကည္ေတာ့ပါဘူး …။
“ေရာ့ မင္းရဲ႕သပိတ္နဲ႔သကၤန္းမင္းယူ၊ မင္းလိုယုတ္မာတဲ့သူနဲ႔ တစ္လမ္းတည္းဘယ္ေတာ့မွ လာပတ္သက္နဲ႔လို႔” မိတ္ျဖတ္စကားေျပာၿပီး တစ္ျခားလမ္းကေနခြဲထြက္ႂကြသြားပါတယ္။ ဥပုယ္သိမ္ ေရာက္လို႔ေတာင္မွ ရဟန္းယုတ္နဲ႔အတူတူ ဥပုသ္အတူ မျပဳႏိုင္ဘူးလို႔ ျငင္းေနတဲ့အတြက္ ဘုမၼဇိုဝ္းနတ္က အျဖစ္မွန္ကို ဝင္႐ွင္းျပေတာ့မွ ဥပုသ္ျပဳၾကတယ္။ဘုမၼဇိုဝ္းနတ္က ျပန္႐ွင္းျပလို႔ အျဖစ္မွန္ကိုသိၾကရေပမယ့္ သိပ္ခ်စ္ခဲ့ၾကတဲ့ ရဟန္းေတာ္ႏွစ္ပါးဟာအရင္ကလို တစ္ေယာက္နဲ႔ တစ္ေယာက္အေခၚအေျပာ၊ အဆက္အဆံ မ႐ွိၾကေတာ့ပါဘူး။အရင္လို ေနရာတစ္ေနရာတည္းမွာလည္း အတူတူမေနၾကေတာ့ပါဘူး။ တစ္ပါးနဲ႔တစ္ပါးမျမင္ေတြ႕ေအာင္ ေ႐ွာင္ေနၾကပါတယ္။ တစ္ပါးနဲ႔တစ္ပါး သူစိမ္းေတြလို ေ႐ွာင္ေနၾကပါတယ္။ေသတပန္ သက္တစ္ဆုံး ခပ္စိမ္းစိမ္း ေနလိုက္ၾကပါတယ္။
ရဟန္းေတာ္ႏွစ္ပါးရဲ႕ ခ်စ္ျခင္းေမတၱာကိုကြဲျပားေအာင္လုပ္ခဲ့မိတဲ့ အဲဒီအကုသိုလ္ကံေၾကာင့္ဘုမၼဇိုဝ္းနတ္ဟာ ကႆပ ျမတ္စြာဘုရား႐ွင္နဲ႔ ေဂါတမျမတ္စြာဘုရား႐ွင္၊ ဘုရား႐ွင္ႏွစ္ဆူတို႔ရဲ႕ၾကားကာလတစ္ေလွ်ာက္လုံး မေရမတြက္ႏိုင္တဲ့ႏွစေပါင္းမ်ားစြာ အပါယ္ေလးပါးမွာ က်င္လည္ခဲ့ရပါတယ္။ တစ္ရံတစ္ခါ လူျဖစ္လာျပန္ေတာ့လဲ သူမ်ားျပဳသမွ်အျပစ္ေတြဟာ သူ႕အေပၚမွာခ်ည္းပဲ ပုံက်ခဲ့ပါတယ္။ သူတစ္ပါးရဲ႕ အထင္အျမင္လြဲမွားမူ၊ မုန္းတီးမူေတြကိုလည္း တနင့္တပိုး ခံစားခဲ့ရပါတယ္။ ခ်စ္သူခင္သူမ႐ွိတဲ့အပယ္ခံဘဝနဲ႔ သံသရာခရီးကို ေျခာက္ေသြ႕ေၾကကြဲစြာ က်င္လည္ျဖတ္သန္းခဲ့ၾကရပါတယ္ …။
ေနာက္ဆုံး အ႐ွင္ဓာနဘဝ ေရာက္ျပန္ေတာ့လည္း ရဟန္းျဖစ္တာေတာင္ ေအးေအးေဆးေဆး မေနရဘဲ“အမ်ိဳးသမီး ဝ႗္ေႂကြး႐ုပ္”ရဲ႕ ေႏွာင့္ယွက္ႏွိပ္စက္မူဒဏ္ကို အလူးအလဲ ခံစားရပါတယ္။ ဝိပႆနာတရားပြားမ်ားအားထုတ္လို႔ ရဟႏၲာျဖစ္ေတာ့မွပဲ အမ်ိဳးသမီး ဝ႗္ေႂကြး႐ုပ္ အၿပီးတိုင္ အလိုအေလ်ာက္ ကြယ္ေပ်ာက္သြားပါေတာ့တယ္။ ဒီဘက္လူ အေၾကာင္း ဟိုဘက္မွာ မေကာင္းေျပာ၊ ဟိုဘက္လူအေၾကာင္း ဒီဘက္မွာမေကာင္းေျပာမွခ်စ္ျခင္းကိုခြဲတာ (ကုန္းတိုက္တာ) မဟုတ္ပါဘူး။ တစ္နည္းနည္းနဲ႔ ဆက္ဆံေရး ပ်က္ျပားသြားေအာင္လုပ္ရင္ ခ်စ္ျခင္းကို ခြဲတာပဲ။ ကုန္းတိုက္တာပဲဆိုတာ ဒီအျဖစ္အပ်က္က သက္ေသျပေနပါတယ္။ ပါးစပ္နဲ႔ ကုန္းတိုက္စကားေျပာဆိုမွခ်စ္ျခင္းကိုခြဲရာ ေရာက္တာမဟုတ္ပါဘူး။ တစ္ေယာက္ေပၚ တစ္ေယာက္အထင္အျမင္လြဲမွားသြားေစႏိုင္တဲ့ အျပဳအမူမ်ိဳး၊ျဖစ္ရပ္မ်ိဳးကိုကိုယ္နဲ႔ဖန္တီးျပဳလုပ္ရင္ လည္း ခ်စ္ျခင္းကိုခြဲရာေရာက္ပါတယ္ …။
ပိသုဏဝါစာ ဒုစ႐ိုက္ အကုသိုလ္ ျဖစ္တယ္ဆိုတာကိုဒီအျဖစ္အပ်က္ကေန ေကာက္ခ်က္ခ်ႏိုင္ပါတယ္။တစ္ေယာက္နဲ႔တစေယာက္ တကယ္ေမတၱာပ်က္ေစခ်င္တဲ့ စိတ္နဲ႔မဟုတ္တဲ့ေမတၱာခိုင္ၿမဲမူ ႐ွိမ႐ွိ စမ္းသပ္ၾကည့္ ခ်င္တဲ့စိတ္နဲ႔လုပ္လိုက္မိတဲ့ အကုသိုလ္ကံေတာင္မွ ဒီေလာက္အျပစ္ႀကီးေသးတယ္ဆိုရင္….တစ္ေယာက္အေပၚ၊ ဒါမွမဟုတ္ ႏွစ္ေယာက္လုံးအေပၚ ဒါမွမဟုတ္တစ္စုတစ္ဖြဲ႕လုံးအေပၚ မနာလိုမုန္းတီးၿပီး တကယ္ေမတၱာပ်က္ေစလိုတဲ့စိတ္၊ တကယ္ဆက္ဆံေရး ပ်က္ေစလိုတဲ့စိတ္နဲ႔ တမင္လုပ္တဲ့ ခ်စ္ျခင္းခြဲ အကုသိုလ္ကံဆိုရင္ေတာ့ ဘယ္ေလာက္ေတာင္ အျပစ္ႀကီးမယ္ဆိုတာ မေတြးဝံ့စရာပါပဲ။ ထိတ္လန္႔တုန္လႈပ္ဖြယ္ ေကာင္းေလာက္ေအာင္ ေၾကာက္မက္ဖြယ္ ဆိုးက်ိဳးဆင္းရဲေတြကို ခါးသီးခံစားရမွာ အေသအခ်ာပါပဲ …။
တစ္ကယ္ေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ခ်စ္ၾက၊ ခင္ၾက၊ ၾကင္နာၾကတယ္ဆိုတာ စိတ္ထား တတ္သူေတြအတြက္ဝမ္းေျမာက္ဖြယ္ျမင္ကြင္းပါ။ ၾကည္ႏူးဖြယ္ျမင္ကြင္းပါ။ ခ်စ္သူ၊ ၾကင္နာသူေတြ၊ ခင္သူေတြေၾကာင့္လည္း ေလာကႀကီးက လွပေနတာပါ။ မလိုတမာအမုန္းထားၿပီး မပို႐ွာ ကုန္းစကားေတြနဲ႔သူတစ္ပါးရဲ႕ ခ်စ္ျခင္းကို ခြဲတဲ့သူဟာ ေလာကႀကီးရဲ႕အလွအပကို ဖ်က္ဆီးေနတဲ့သူပါပဲ။ ေလာကႀကီးကို အ႐ုပ္ဆိုးအက်ည္းတန္ေအာင္ ေဆးမည္းသုတ္ေနတဲ့သူပါပဲ။ေလာကႀကီးကိုအလွဖ်က္ရင္ ကိုယ့္ဘဝ အလွပ်က္တတ္ပါ တယ္။ ေလာကႀကီးကို အ႐ုပ္ဆိုး အက်ည္းတန္ေအာင္ လုပ္ရင္ကိုယ့္ဘဝ အ႐ုပ္ဆိုးအက်ည္းတန္ တတ္ပါတယ္ …။
မုဒိတာတရား ႏွလုံးသားမွာ ခိုင္ၿမဲေအာင္ ေမြးျမဴႏိုင္ျခင္း၊မနာလိုမူ မုန္းတီးမူေတြကို သတိပဉာန္နည္းက်ဝိပႆနာ႐ႈ႕ပြား ပယ္သတ္ႏိုင္ျခင္းတို႔ေၾကာင့္ သူတစ္ပါးရဲ႕ ခ်စ္ျခင္းကို မခြဲေတာ့ဘူးဆိုရင္ေတာ့ ကိုယ့္ႏွလုံးသားလည္း လွပကာ ကိုယ့္ဘ၀လည္း စိုေျပလာတဲ့အတြက္ၿငိမ္းေအးေသာဘဝပိုင္႐ွင္ ျဖစ္ပါၿပီ။ (အ႐ွင္ဆႏၵာဓိက–ေ႐ႊပါရမီေတာရ)(ၿငိမ္းေအးေသာဘဝပိုင္႐ွင္စာအုပ္၏ ‘ခ်စ္ျခင္းကိုမခြဲပါနဲ႔’ (မာတိကာ) မွေကာက္ႏႈတ္ခ်က္ ျဖစ္ပါသည္။)
“သူတစ္ပါးခ်စ္ျခင္း ခြဲကံ အျပစ္မ်ား”ခ်စ္သူႏွစ္ေယာက္တို႔ ညီၫြတ္ေနရာတစ္ေယာက္အျပစ္ကို တစ္ေယာက္ထံေျပာၾကားျခင္း၊ တစ္ေယာက္မေကာင္းေၾကာင္း တစ္ေယာက္ထံေျပာျခင္း၊ မဟုတ္မမွန္လီဆယ္ၿပီး ေျပာျခင္းျဖင့္ တစ္ေယာက္ႏွင့္တစ္ေယာက္ အခ်စ္ျပယ္၍ ညီၫြတ္မူ ကြဲျပားသြားတတ္ပါတယ္။ကုန္းတိုက္စကား ေျပာဆိုျခင္းကို ပိသုဏဝါစာ လို႔ေခၚပါတယ္။ ‘ပိသုဏဝါစာ ျဖစ္ရန္ အဂၤါ(၅)ပါး’ ကေတာ႕….
(၁) ညီၫြတ္သူ ခ်စ္သူႏွစ္႐ွိျခင္း၊(၂) ကြဲျပားေစလိုေသာ စိတ္႐ွိျခင္း (သို႔မဟုတ္)မိမိကိုခ်စ္လာေစလိုေသာ စိတ္႐ွိျခင္း၊မိမိကိုဂ႐ုစိုက္လာေစလိုျခင္း၊ မိမိကိုပိုအေရးေပးေစလိုျခင္း …။
(၃) ကြဲျပားေအာင္ လုံ႔လျပဳ အားထုတ္ျခင္း၊(၄) ထိုသို႔ ေျပာသည္ကို အေျပာခံရသူက နားလည္ျခင္း၊(သူ႕စကားရဲ႕ အဓိပၸါယ္ကို နားလည္ျခင္းကို ဆိုလိုပါတယ္)(၅) ကြဲျပားၾကျခင္း – ဆိုတဲ့ အဂၤါ ၅ ပါးႏွင့္ျပည့္စုံတယ္ဆိုရင္ ကုန္းတိုက္စကားေျပာဆိုရာ ေရာက္ပါတယ္။ ဆိုလိုတာက ကံေျမာက္ပါတယ္။အဲဒီလို ေျပာဆိုၿပီဆိုရင္ ခံစားရမည့္အက်ိဳးဆက္ေတြကေတာ့….
(၁) အေဆြခင္ပြန္း ခ်စ္ကြၽမ္းဝင္သူတို႔ႏွင့္ စိတ္ဝမ္းကြဲျပားရျခင္း၊(၂) သူတပါးလုံ႔လေၾကာင့္ ေသေက်ပ်က္စီးရျခင္း …။
(၃) အေႁခြအရံမဲ့ရျခင္း၊ တကယ္ရင္းႏွီးေပါင္ေဖာ္ရမည့္သူမ႐ွိျခင္း၊(၄) သူေတာ္ေကာင္းတရား၌ သက္ဝင္ယုံၾကည္မူ သဒါၶတရားမ႐ွိျခင္း၊(၅) မိတ္ေဆြအေပါင္းအသင္း မတည္ၿမဲျခင္း …။
(၆) လူအမ်ား အမုန္းခံရျခင္း၊ (၇) စိတ္ဓာတ္ ညစ္ညမ္းျခင္း …။
(၈)ကိုယ္ခ်စ္ေသာသူႏွင့္ဘယ္ေတာ့မွ ဆုံးဆည္းခြင့္မရျခင္း(၉)စိတ္ခ်မ္းသာရတယ္လို႔မ႐ွိပဲ အၿမဲစိတ္ဆင္းရဲေနရျခင္း၊(၁၀) အျပစ္အားႀကီးလြန္းရင္အပါယ္ေလးပါးလားေရာက္ရပါတယ္။ ။
အခ်က္ငါးခ်က္လုံးထဲမွာ တစ္ခုခုမျပည့္စုံလို႔ကံမေျမာက္ရင္ အကုသိုလ္ဝ႗္ေႂကြးအေနနဲ႔ျပန္လည္ေပးဆပ္ရမွာျဖစ္ပါတယ္ကိုယ္လုပ္လိုက္တဲ့အျပဳအမူကို ခံရတဲ့သူကေကာင္းရင္ေကာင္းေနသေလာက္၊ကိုယ့္ အခ်စ္ေရးကံမွာ ဆိုးပါလိမ့္မယ္။ ဝ႗္ေႂကြးႀကီးပါလိမ့္မယ္ …။
ေကာင္း႐ုံတင္မကပဲသီလ႐ွိတဲ့သူသာျဖစ္ေနရင္ ခံေပေတာ့။ သူတစ္ပါးခ်စ္ျခင္းကို ခြဲတဲ့သူဟာအပါယ္ေလးပါး လားေရာက္ရတဲ့အျပင္ျဖစ္ေလရာဘဝတိုင္းမွာ သူတစ္ပါးရဲ႕ အကဲ့ရဲ႕၊ အစြပ္စြဲခံရတတ္ပါတယ္။ သူမ်ားလုပ္သမွ်အျပစ္ေတြဟာ ကိုယ့္အေပၚမွာပဲ က်ေရာက္တဲ့အတြက္သူ႕အျပစ္က ကိုယ့္အျပစ္ ျဖစ္တတ္ပါတယ္။ ကိုယ္ခ်စ္တဲ့သူနဲ႔ ဘယ္ေတာ့မွ ဆုံဆည္းခြင့္မရတဲ့အတြက္ ခ်စ္သူကြဲဆင္းရဲကို အၿမဲခံစားေနရတတ္ပါတယ္ …။
လူဆင္းရဲပဲျဖစ္ျဖစ္ လူခ်မ္းသာပဲျဖစ္ျဖစ္ျဖစ္ရာဘဝမွာ ဘယ္ေတာ့မွ စိတ္ခ်မ္းသာတယ္ရယ္လို႔မ႐ွိဘဲ အၿမဲစိတ္ဆင္းရဲ ေနရတတ္ပါတယ္။ ကိုယ္ဘယ္ေလာက္ ေကာင္းေကာင္းလူတိုင္းက ကိုယ့္ကိုအလကားေနရင္း မုန္းတီးေနတတ္ပါတယ္။ ကိုယ္ခ်စ္တဲ့သူက ကိုယ့္ကိုျပန္မခ်စ္၊ကိုယ့္ဘက္က ဘယ္ေလာက္ေကာင္းေကာင္း ကိုယ့္ကိုအေကာင္းမထင္၊ ကိုယ္ခ်စ္တဲ့သူေတြနဲ႔အတူတူမေနရ၊ မိဘေမတၱာဆိုတာ ခံစားခြင့္မၾကဳံ၊ညီအစ္ကိုေမာင္ႏွမ အခ်င္းခ်င္းမတည့္၊ ေဆြမ်ိဳးေတြက တစ္ကိုယ္ေကာင္းဆန္၊သူငယ္ခ်င္း အေပါင္းအသင္းေတြက မိတ္ေဆြေကာင္းမပီသ၊ ဒါေတြအားလုံးက အခ်စ္ကံေခတာေတြခ်ည္းပါပဲ …။
အခ်စ္ကံ မေခေစခ်င္ရင္ အခ်စ္ကံေခေစမယ့္လုပ္ရပ္ေတြကေန ႀကိဳးစား သတိထားဖယ္႐ွားပါ။ မွားေနရင္ ျပင္ပါ။ အမွားျပင္ႏိုင္ၿပီး အခ်စ္ကံေကာင္းသူမ်ား စိတ္ခ်မ္းသာေသာသူမ်ား ျဖစ္ၾကပါေစလို႔ ဆုေတာင္းလွ်က္ …။ ။
ပီတိျဖဴ
Unicode Version ဖြင့်ဖတ်ရန်
သူတစ်ပါး ချစ်ခြင်းကိုခွဲမယ်ဆိုရင် ရလာမယ့်ကံတရားနှင့်အကျိုးဆက်များ…(ကြောက်စရာကောင်းလွန်ပါတယ်)
ကုန်းတိုက်တယ် ဆိုတာ ချစ်ခြင်းကိုခွဲတာပါ …။
ကုန်းစကားဆိုတာ အချစ်ခွဲစကားပါ။ ချစ်သူ၊ ခင်သူ ၊ မြတ်နိုးသူ အချင်းချင်း အချစ်အခင်ပျက် အမြတ်နိုးပျက်အောင် မလိုတမာ ကြားဝင်ပြီး အပိုရှာစကား ဆင်တာကို ကုန်းတိုက်တယ် ခေါ်ပါတယ် …။
သူများချစ်ခြင်းကိုခွဲရင် ကိုယ့်ချစ်ခြင်းကွဲမှာပါပဲ။ ဒါဟာသေချာတဲ့ ကမ္မနိယာမပါ …။
သူများချစ်ခြင်းခွဲခဲ့တဲ့သူတွေ၊ ခွဲနေတဲ့သူတွေဟာ အချစ်ကံခေ တတ်ပါတယ်နော် …။
“ချစ်ခြင်းကိုမခွဲပါနဲ့”ဆိုတဲ့ ဝစီသုစရိုက်သိက္ခာပုဒ်(ပိသုဏဝါစာဝိရတိသိက္ခာပုဒ်)ဟာ
ချစ်သူရည်းစားချင်း၊ဇနီးခင်ပွန်းချင်ရဲ့ ချစ်ခြင်းကိုသာ မခွဲဖို့ပြောတာမဟုတ်ပါဘူး…
မိဘနဲသားသမီး၊ ဆရာနဲ့တပည့်၊ ဆရာနဲ့တကာ၊ ညီအစ်ကို မောင်နှအချင်းချင်း၊
ဆွေမျိုးသွေးသား အချင်းချင်း၊ မိတ်ဆွေ သူငယ်ချင်းအချင်းချင်းရဲ့ ဘယ်ချစ်ခြင်းကိုမဆို မခွဲဖို့ပြောတာပါ …။
ဒီဘက်လူအကြောင်း ဟိုဘက်မှာ မကောင်းပြော၊ဟိုဘက်လူအကြောင်း ဒီဘက်မှာ မကောင်းပြောမှကုန်းတိုက်တာ မဟုတ်ဘူး …။
တစ်နည်းနည်းနဲ့ဆက်ဆံရေးပျက်ပြားသွားအောင် လုပ်ရင်ချစ်ခြင်းကို ခွဲတာပါပဲ …။
ပါးစပ်နဲ့ ကုန်းတိုက်စကားပြောဆိုမှ ချစ်ခြင်းကိုခွဲရာ ရောက်တာ မဟုတ်ပါဘူး …။
တစ်ယောက်အပေါ်တစ်ယောက် အထင်အမြင် လွဲသွားစေနိုင်တဲ့
အပြုအမူမျိုး၊ ဖြစ်ရပ်မျိုးကိုဖန်တီးပြုလုပ်ရင်လည်း ချစ်ခြင်းကို ခွဲရာရောက်ပါတယ် …။
ပိသုဏဝါစာ ဒုစရိုက် အ ကုသိုလ်ဖြစ်တယ် …။
တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ပေါင်းသင်းနေရာကနေထသတ်အောင်လုပ်လိုက်မှ ကုန်းသတ်တာ မဟုတ်ပါဘူး …။
ကုန်းတိုက်တဲ့ကိစ္စမှာ ရန်ဖြစ်တာ မဖြစ်တာ၊ပြဿာနာတက်တာ မတက်တာ၊ အဓိကမဟုတ်ဘူး …။
ရန်ဖြစ်ဖြစ် မဖြစ်ဖြစ်ပြဿာနာတက်တက် မတက်တက်တစ်ယောက်နဲ့ တစ်ယောက် မချစ်ခင်တော့ဘူး မပေါင်းသင်းတော့ဘူးဆိုရင်
အဲဒီလိုဖြစ်အောင်လုပ်တဲ့သူဟာ ကုန်းတိုက်တဲ့လူပါပဲ …။
တချို့မိဘတွေက ကိုယ့်သားသမီးတွေ ကိုယ်သဘောမတူတဲ့သူနဲ့ ချစ်သူရည်းစားဖြစ်နေကြပြီ …။
လက်ထပ်ဖို့ ရည်ရွယ်ကြပြီဆိုရင် သားသမီးတွေရဲ့ ချစ်ခြင်းကို မရ ရတဲ့နည်းနဲ့ ခွဲကြပါတယ် …။
တကယ့်ကို မသင့်တော်တဲ့သူ၊တကယ့်ကိုအကျိုးပျက်စီးစေမယ့် သူမို့ချစ်ခြင်းကို ခွဲတာဆိုရင်တော့
“မကောင်းမြစ်တာ”ဆိုတဲ့မိဘဝတ္တရားအရ အပြစ်မရှိပေမယ့်ကိုယ့်ရဲ့ အတ္တ၊မာနလွန်ကဲမူ၊
ဂုဏ်ရှိန်မောက်မာမူနဲ့ကိုယ့်ဘက်သူ့ဘက်ရန်ငြိုးဖွဲ့ ကလဲ့စား ချေမူတွေကြောင့်သားသမီးတွေရဲ့ချစ်ခြင်းကို ခွဲပစ်တာဆိုရင်တော့
မိဘတွေအနေနဲ့ ဂုဏ်တိုက်ခြင်း အမူကို ကျူးလွန်ရာ ရောက်သွားပါပြီ …။
စကားတွေစာတွေနဲ့ ချစ်ခြင်းခွဲလိုက်တဲ့အတွက်သားသမီးတွေရဲ့ဘဝပျက်စီးသွားရပြီဆိုရင်တော့
ဝစီဒုစရိုက် အကုသိုလ်ထုပ်ကြီးကိုမိဘတွေရင်ဝယ်ပိုက်မိသွားပါပြီ။“ကောင်းစေချင်လို့ပါ”လို့ စကားလှလှတွေနဲ့ ကာကွယ်မနေပါနဲ့တော့။ အပိုပါပဲ …။
မြတ်စွာဘုရားလက်ထက်တုန်းကအရှင်ဓာနလို့ခေါ်တဲ့ ရဟန်းတစ်ပါးရှိခဲ့ဖူးတယ် …။
သူရဟန်းဖြစ်တဲ့နေကစပြီး သူ့နောက်ပါးမှာ အမျိုးသမီးတစ်ယောက် ထပ်ကြပ်မကွာလိုက်ပါနေခဲ့ပါတယ် …။
သွားလည်းသူ့နားမှာ၊ရပ်လည်းသူ့အနားမှာ၊ ထိုင်လည်းသူ့အနားမှာ၊ အိပ်လည်းသူ့အနားမှာ အဲဒီအမျိုးသမီးဟာသူ့အနားက တစ်ဖဝါးမှမကွာ သူနဲ့ တပူးတွဲတွဲအမြဲရှိနေခဲ့ပါတယ် …။
ဘယ်လောက်ထိ တပူးတွဲတွဲရှိသလဲဆိုရင်အရှင်ဓာန မြို့ထဲဆွမ်းခံကြွရင်တောင် သူ့နောက်ပါးက
အရိပ်ပမာ လိုက်ပါနေတဲ့အထိပါပဲ။ ဆွမ်းလောင်းတဲ့အမျိုးသမီးတွေက“ဒါက အရှင်ဘုရားအတွက် တစ်ဇွန်း၊ ဒါကအရှင်ဘုရား အမျိုးသမီးအတွက်တစ်ဇွန်း” လို့ ပြက်ရယ်လှောင်ပြောင်ပြီး ဆွမ်းနှစ်ဇွန်း နှစ်ဇွန်းလောင်းလေ့ရှိပါတယ်။မြို့ထဲရွာထဲသွားရင် မြို့သူမြို့သားတွေရဲ့ ပြက်ရယ်လှောင်ပြောင်ခံရသလို ကိုယ့်ကျောင်းမှာ ကိုယ်နေရင်လဲ ရဟန်းငယ်၊ ကိုရင်ငယ်တွေရဲ့ အရှင်ဓာန မိန်းမကြူး၊ မိန်းမကြူး အရှင်ဓါနလို့ လှောင်ပြောင်အမြဲ စနောက်တတ်ကြပါတယ်။ အရှင်ဓာနရဲ့ နောက်ပါးက တစ်ဖဝါးမှမခွာ လိုက်နေတဲ့အမျိုးသမီးဟာ တစ်ကယ်တော့ လူသားစစ်စစ်အမျိုးသမီး မဟုတ်ပါဘူး။ အတိတ်က မကောင်းမူ အကုသိုလ်ကံတစ်ခုကြောင့် အလိုလျောက်ဖြစ်ပေါ်နေတဲ့ အမျိုးသမီးရုပ်တစ်ခုမျှသာ ဖြစ်ပါတယ် …။
ဝဋ္ဋ်ကြွေးကြောင့်ဖြစ်တဲ့ အမျိူးသမီးအရုပ်ဖြစ်လို့ အမျိုးသမီးဝဋ္ဋ်ကြွေးရုပ်လို့ပဲ ဆိုရမှာပါပဲ။ သူ့အပါးမှာရှိနေတဲ့ ဝဋ္ဋ်ကြွေးရုပ်ကို အရှင်ဓာနလုံးဝမမြင်တွေ့ရပါဘူး။ တခြားသူတွေကသာ တကယ့်အမျိုးသမီး တစ်ယောက်အနေနဲ့ မြင်တွေ့ကျရတာပါ။ တကယ့်အမျိုးသမီး အစစ်လို့ပဲထင်ပြီး စကြနောက်ကြလှောင်ပြောင်ကြတာမို့ အရှင်ဓာနဟာ မြို့ထဲသွားလဲစိတ်ဆင်းရဲရ ကျောင်းကန်ထဲမှာနေလဲစိတ်ဆင်းရဲရနဲ့ အမြဲတမ်း စိတ်ဆင်းရဲနေရပါတယ် …။
တစ်ဖက်သား အထင်အမြင်လွဲမှားစရာအဖြစ်အပျက်တွေနဲ့ လူတကာ၊ ရှင်တကာရဲ့အမုန်းခံဖြစ်ပြီး အမြဲစိတ်ဆင်းရဲနေရတဲ့ ဘဝရောက်အောင်တွန်းပို့လိုက်တဲ့ သူ့ရဲ့အတိတ်ကံကတော့ သူတစ်ပါးချစ်ခြင်းကို ခွဲခဲ့တဲ့ အကုသိုလ်ကံပါပဲ။ကဿပမြတ်စွာဘုရားလက်ထက်တုန်းက အရှင်ဓာနဟာ ဘုမ္မဇိုဝ်းနတ် ဖြစ်ခဲ့ပါတယ်။ ကဿပမြတ်စွာဘုရားရှင်ရဲ့ သာသနာတော်မှာ တစ်ပါးနဲ့တစ်ပါး သိပ်ချစ်ကြတဲ့ ရဟန်းနှစ်ပါးဟာ သွားအတူ၊ လာအတူ၊ စားအတူ၊ နေအတူ၊တရား အားထုတ်တော့လဲ အတူတူ၊ တစ်ပါးနဲ့တစ်ပါး သိပ်ချစ်ခင်ရင်နှီးကြပါတယ်။“တစ်ပါးမခွဲတဲ့ နှစ်ပါးအတွဲ”ရယ်လို့တောင် ထင်ရှားကျော်ကြား သိပ်ချစ်ကြပါတယ် …။
တစ်ခုသော ဥပုသ်နေ့မှာ ဥပုသ်ပြုဖို့အတွက် ကဿပမြတ်စွာဘုရားရှင်ရှိရာ အရပ်ကိုအတူသွားကြပါတယ်။ ဘုမ္မဇိုဝ်းနတ်လဲ သူတို့နဲ့မနီးမဝေးကနေလိုက်လာပါတယ်။ “ဒီကိုယ်တော်နှစ်ပါးက သိပ်ချစ်ကြတယ်…သူတို့ရဲ့ ချစ်ခြင်းမေတ္တာက သိပ်ခိုင်မာတယ်…တကယ်လို့များတစ်ယောက်ယောက်ကသူတို့ရဲ့ ချစ်ခြင်းမေတ္တာကိုခွဲခဲ့ရင် ကွဲသွားကြလေမလား…ဘယ်သူသွေးခွဲခွဲ အချစ်မပျက် မေတ္တာဆက်နိုင်ကြပါ့မလား…သူတို့နှစ်ပါးရဲ့ ချစ်ခြင်းမေတ္တာ ဘယ်လောက်ထိအောင်ခိုင်မြဲသလဲဆိုတာ ငါစမ်းသပ်ကြည့်ဦးမှပဲ” လို့တွေးပြီးဘုမ္မဇိုဝ်းနတ်ဟာ ရဟန်းတော်နှစ်ပါး စိတ်ဝမ်းကွဲသွားအောင်လုပ်လို့ရမယ် အခြေအနေ၊ အခွင့်အလမ်းကို ချောင်းမြောင်းရှာကြံပြီး ရဟန်းနှစ်ပါးရဲ့မနီးမဝေးကနေ လိုက်လာခဲ့ပါတယ်။ စမ်းချောင်းတစ်ခုအနားရောက်မှတော့ ရဟန်းတစ်ပါးက တခြားရဟန်းတော်ကို သပိတ်၊သင်္ကန်းအပ်နှံထားပြီး ကိုယ်လကသုတ်သင်မူ၊ အညစ်အကြေး စွန့်မူပြုလုပ်ပါတယ်။ ကိစ္စပြီးလို့ လက်ခြေတွေဆေးကြောသန့်စင်ပြီး ချုံပုတ်တစ်ခုရဲ့ အနီးကနေထွက်လာတဲ့အခါမှာတော့ ရဟန်းရဲ့နောက်နားမှာ အမျိုးသမီးတစ်ယောက် ကပ်ပါလာပါတယ် …။
ချစ်ခြင်းကိုခွဲဖို့အကွက်ချောင်းနေတဲ့ ဘုမ္မဇိုဝ်းနတ်ကအမျိုးသမီးအသွင် ဖန်ဆင်းပြီး နောက်ကနေလိုက်လာတာပါ။ အမျိုးသမီးက ဖရိုဖရဲဖြစ်နေတဲ့ ဆံပင်တွေကို ခါခါပြီးပြင်ဆင်ထုံးဖွဲ့လို့၊ တွန်ကြေနေတဲ့ထဘီကို ရမ်းရမ်းပြီးပြင်ဝတ်လို့၊ ရမ္မက်ခိုးမွှန်ပြီး ရွှင်နေတဲ့မျက်နှာပေါ်က ချွေးသီးချွေးပေါက်တွေကို ပွတ်သပ်ချလို့ တကယ့်ကို ကာမဂုဏ်ပျော်ပါးပြီးထလာတဲ့ ပုံစံမျိုးနဲ့ပါပဲ။ ဒီမြင်ကွင်းကို မြင်တွေ့လိုက်ရတဲ့ အဖော်ရဟန်းဟာအကြီးအကျယ် အထင်လွဲသွားပါတယ်။ ဒီလိုမိုက်ရိုင်းယုတ်မာတဲ့ သူနဲ့ ငါဘယ်တော့မှ မပတ်သက်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ကာယကံရှင်ရဟန်းက ဘယ်လိုပဲ ရှင်းပြရှင်းပြလုံးဝ မယုံကြည်တော့ပါဘူး …။
“ရော့ မင်းရဲ့သပိတ်နဲ့သင်္ကန်းမင်းယူ၊ မင်းလိုယုတ်မာတဲ့သူနဲ့ တစ်လမ်းတည်းဘယ်တော့မှ လာပတ်သက်နဲ့လို့” မိတ်ဖြတ်စကားပြောပြီး တစ်ခြားလမ်းကနေခွဲထွက်ကြွသွားပါတယ်။ ဥပုယ်သိမ် ရောက်လို့တောင်မှ ရဟန်းယုတ်နဲ့အတူတူ ဥပုသ်အတူ မပြုနိုင်ဘူးလို့ ငြင်းနေတဲ့အတွက် ဘုမ္မဇိုဝ်းနတ်က အဖြစ်မှန်ကို ဝင်ရှင်းပြတော့မှ ဥပုသ်ပြုကြတယ်။ဘုမ္မဇိုဝ်းနတ်က ပြန်ရှင်းပြလို့ အဖြစ်မှန်ကိုသိကြရပေမယ့် သိပ်ချစ်ခဲ့ကြတဲ့ ရဟန်းတော်နှစ်ပါးဟာအရင်ကလို တစ်ယောက်နဲ့ တစ်ယောက်အခေါ်အပြော၊ အဆက်အဆံ မရှိကြတော့ပါဘူး။အရင်လို နေရာတစ်နေရာတည်းမှာလည်း အတူတူမနေကြတော့ပါဘူး။ တစ်ပါးနဲ့တစ်ပါးမမြင်တွေ့အောင် ရှောင်နေကြပါတယ်။ တစ်ပါးနဲ့တစ်ပါး သူစိမ်းတွေလို ရှောင်နေကြပါတယ်။သေတပန် သက်တစ်ဆုံး ခပ်စိမ်းစိမ်း နေလိုက်ကြပါတယ်။
ရဟန်းတော်နှစ်ပါးရဲ့ ချစ်ခြင်းမေတ္တာကိုကွဲပြားအောင်လုပ်ခဲ့မိတဲ့ အဲဒီအကုသိုလ်ကံကြောင့်ဘုမ္မဇိုဝ်းနတ်ဟာ ကဿပ မြတ်စွာဘုရားရှင်နဲ့ ဂေါတမမြတ်စွာဘုရားရှင်၊ ဘုရားရှင်နှစ်ဆူတို့ရဲ့ကြားကာလတစ်လျှောက်လုံး မရေမတွက်နိုင်တဲ့နှစပေါင်းများစွာ အပါယ်လေးပါးမှာ ကျင်လည်ခဲ့ရပါတယ်။ တစ်ရံတစ်ခါ လူဖြစ်လာပြန်တော့လဲ သူများပြုသမျှအပြစ်တွေဟာ သူ့အပေါ်မှာချည်းပဲ ပုံကျခဲ့ပါတယ်။ သူတစ်ပါးရဲ့ အထင်အမြင်လွဲမှားမူ၊ မုန်းတီးမူတွေကိုလည်း တနင့်တပိုး ခံစားခဲ့ရပါတယ်။ ချစ်သူခင်သူမရှိတဲ့အပယ်ခံဘဝနဲ့ သံသရာခရီးကို ခြောက်သွေ့ကြေကွဲစွာ ကျင်လည်ဖြတ်သန်းခဲ့ကြရပါတယ် …။
နောက်ဆုံး အရှင်ဓာနဘဝ ရောက်ပြန်တော့လည်း ရဟန်းဖြစ်တာတောင် အေးအေးဆေးဆေး မနေရဘဲ“အမျိုးသမီး ဝဋ္ဋ်ကြွေးရုပ်”ရဲ့ နှောင့်ယှက်နှိပ်စက်မူဒဏ်ကို အလူးအလဲ ခံစားရပါတယ်။ ဝိပဿနာတရားပွားများအားထုတ်လို့ ရဟန္တာဖြစ်တော့မှပဲ အမျိုးသမီး ဝဋ္ဋ်ကြွေးရုပ် အပြီးတိုင် အလိုအလျောက် ကွယ်ပျောက်သွားပါတော့တယ်။ ဒီဘက်လူ အကြောင်း ဟိုဘက်မှာ မကောင်းပြော၊ ဟိုဘက်လူအကြောင်း ဒီဘက်မှာမကောင်းပြောမှချစ်ခြင်းကိုခွဲတာ (ကုန်းတိုက်တာ) မဟုတ်ပါဘူး။ တစ်နည်းနည်းနဲ့ ဆက်ဆံရေး ပျက်ပြားသွားအောင်လုပ်ရင် ချစ်ခြင်းကို ခွဲတာပဲ။ ကုန်းတိုက်တာပဲဆိုတာ ဒီအဖြစ်အပျက်က သက်သေပြနေပါတယ်။ ပါးစပ်နဲ့ ကုန်းတိုက်စကားပြောဆိုမှချစ်ခြင်းကိုခွဲရာ ရောက်တာမဟုတ်ပါဘူး။ တစ်ယောက်ပေါ် တစ်ယောက်အထင်အမြင်လွဲမှားသွားစေနိုင်တဲ့ အပြုအမူမျိုး၊ဖြစ်ရပ်မျိုးကိုကိုယ်နဲ့ဖန်တီးပြုလုပ်ရင် လည်း ချစ်ခြင်းကိုခွဲရာရောက်ပါတယ် …။
ပိသုဏဝါစာ ဒုစရိုက် အကုသိုလ် ဖြစ်တယ်ဆိုတာကိုဒီအဖြစ်အပျက်ကနေ ကောက်ချက်ချနိုင်ပါတယ်။တစ်ယောက်နဲ့တစယောက် တကယ်မေတ္တာပျက်စေချင်တဲ့ စိတ်နဲ့မဟုတ်တဲ့မေတ္တာခိုင်မြဲမူ ရှိမရှိ စမ်းသပ်ကြည့် ချင်တဲ့စိတ်နဲ့လုပ်လိုက်မိတဲ့ အကုသိုလ်ကံတောင်မှ ဒီလောက်အပြစ်ကြီးသေးတယ်ဆိုရင်….တစ်ယောက်အပေါ်၊ ဒါမှမဟုတ် နှစ်ယောက်လုံးအပေါ် ဒါမှမဟုတ်တစ်စုတစ်ဖွဲ့လုံးအပေါ် မနာလိုမုန်းတီးပြီး တကယ်မေတ္တာပျက်စေလိုတဲ့စိတ်၊ တကယ်ဆက်ဆံရေး ပျက်စေလိုတဲ့စိတ်နဲ့ တမင်လုပ်တဲ့ ချစ်ခြင်းခွဲ အကုသိုလ်ကံဆိုရင်တော့ ဘယ်လောက်တောင် အပြစ်ကြီးမယ်ဆိုတာ မတွေးဝံ့စရာပါပဲ။ ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလောက်အောင် ကြောက်မက်ဖွယ် ဆိုးကျိုးဆင်းရဲတွေကို ခါးသီးခံစားရမှာ အသေအချာပါပဲ …။
တစ်ကယ်တော့ တစ်ယောက်နဲ့တစ်ယောက်ချစ်ကြ၊ ခင်ကြ၊ ကြင်နာကြတယ်ဆိုတာ စိတ်ထား တတ်သူတွေအတွက်ဝမ်းမြောက်ဖွယ်မြင်ကွင်းပါ။ ကြည်နူးဖွယ်မြင်ကွင်းပါ။ ချစ်သူ၊ ကြင်နာသူတွေ၊ ခင်သူတွေကြောင့်လည်း လောကကြီးက လှပနေတာပါ။ မလိုတမာအမုန်းထားပြီး မပိုရှာ ကုန်းစကားတွေနဲ့သူတစ်ပါးရဲ့ ချစ်ခြင်းကို ခွဲတဲ့သူဟာ လောကကြီးရဲ့အလှအပကို ဖျက်ဆီးနေတဲ့သူပါပဲ။ လောကကြီးကို အရုပ်ဆိုးအကျည်းတန်အောင် ဆေးမည်းသုတ်နေတဲ့သူပါပဲ။လောကကြီးကိုအလှဖျက်ရင် ကိုယ့်ဘဝ အလှပျက်တတ်ပါ တယ်။ လောကကြီးကို အရုပ်ဆိုး အကျည်းတန်အောင် လုပ်ရင်ကိုယ့်ဘဝ အရုပ်ဆိုးအကျည်းတန် တတ်ပါတယ် …။
မုဒိတာတရား နှလုံးသားမှာ ခိုင်မြဲအောင် မွေးမြူနိုင်ခြင်း၊မနာလိုမူ မုန်းတီးမူတွေကို သတိပဉာန်နည်းကျဝိပဿနာရှု့ပွား ပယ်သတ်နိုင်ခြင်းတို့ကြောင့် သူတစ်ပါးရဲ့ ချစ်ခြင်းကို မခွဲတော့ဘူးဆိုရင်တော့ ကိုယ့်နှလုံးသားလည်း လှပကာ ကိုယ့်ဘဝလည်း စိုပြေလာတဲ့အတွက်ငြိမ်းအေးသောဘဝပိုင်ရှင် ဖြစ်ပါပြီ။ (အရှင်ဆန္ဒာဓိက–ရွှေပါရမီတောရ)(ငြိမ်းအေးသောဘဝပိုင်ရှင်စာအုပ်၏ ‘ချစ်ခြင်းကိုမခွဲပါနဲ့’ (မာတိကာ) မှကောက်နှုတ်ချက် ဖြစ်ပါသည်။)
“သူတစ်ပါးချစ်ခြင်း ခွဲကံ အပြစ်များ”ချစ်သူနှစ်ယောက်တို့ ညီညွတ်နေရာတစ်ယောက်အပြစ်ကို တစ်ယောက်ထံပြောကြားခြင်း၊ တစ်ယောက်မကောင်းကြောင်း တစ်ယောက်ထံပြောခြင်း၊ မဟုတ်မမှန်လီဆယ်ပြီး ပြောခြင်းဖြင့် တစ်ယောက်နှင့်တစ်ယောက် အချစ်ပြယ်၍ ညီညွတ်မူ ကွဲပြားသွားတတ်ပါတယ်။ကုန်းတိုက်စကား ပြောဆိုခြင်းကို ပိသုဏဝါစာ လို့ခေါ်ပါတယ်။ ‘ပိသုဏဝါစာ ဖြစ်ရန် အင်္ဂါ(၅)ပါး’ ကတော့….
(၁) ညီညွတ်သူ ချစ်သူနှစ်ရှိခြင်း၊(၂) ကွဲပြားစေလိုသော စိတ်ရှိခြင်း (သို့မဟုတ်)မိမိကိုချစ်လာစေလိုသော စိတ်ရှိခြင်း၊မိမိကိုဂရုစိုက်လာစေလိုခြင်း၊ မိမိကိုပိုအရေးပေးစေလိုခြင်း …။
(၃) ကွဲပြားအောင် လုံ့လပြု အားထုတ်ခြင်း၊(၄) ထိုသို့ ပြောသည်ကို အပြောခံရသူက နားလည်ခြင်း၊(သူ့စကားရဲ့ အဓိပ္ပါယ်ကို နားလည်ခြင်းကို ဆိုလိုပါတယ်)(၅) ကွဲပြားကြခြင်း – ဆိုတဲ့ အင်္ဂါ ၅ ပါးနှင့်ပြည့်စုံတယ်ဆိုရင် ကုန်းတိုက်စကားပြောဆိုရာ ရောက်ပါတယ်။ ဆိုလိုတာက ကံမြောက်ပါတယ်။အဲဒီလို ပြောဆိုပြီဆိုရင် ခံစားရမည့်အကျိုးဆက်တွေကတော့….
(၁) အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူတို့နှင့် စိတ်ဝမ်းကွဲပြားရခြင်း၊(၂) သူတပါးလုံ့လကြောင့် သေကျေပျက်စီးရခြင်း …။
(၃) အခြွေအရံမဲ့ရခြင်း၊ တကယ်ရင်းနှီးပေါင်ဖော်ရမည့်သူမရှိခြင်း၊(၄) သူတော်ကောင်းတရား၌ သက်ဝင်ယုံကြည်မူ သဒါ္ဓတရားမရှိခြင်း၊(၅) မိတ်ဆွေအပေါင်းအသင်း မတည်မြဲခြင်း …။
(၆) လူအများ အမုန်းခံရခြင်း၊ (၇) စိတ်ဓာတ် ညစ်ညမ်းခြင်း …။
(၈)ကိုယ်ချစ်သောသူနှင့်ဘယ်တော့မှ ဆုံးဆည်းခွင့်မရခြင်း(၉)စိတ်ချမ်းသာရတယ်လို့မရှိပဲ အမြဲစိတ်ဆင်းရဲနေရခြင်း၊(၁၀) အပြစ်အားကြီးလွန်းရင်အပါယ်လေးပါးလားရောက်ရပါတယ်။ ။
အချက်ငါးချက်လုံးထဲမှာ တစ်ခုခုမပြည့်စုံလို့ကံမမြောက်ရင် အကုသိုလ်ဝဋ္ဋ်ကြွေးအနေနဲ့ပြန်လည်ပေးဆပ်ရမှာဖြစ်ပါတယ်ကိုယ်လုပ်လိုက်တဲ့အပြုအမူကို ခံရတဲ့သူကကောင်းရင်ကောင်းနေသလောက်၊ကိုယ့် အချစ်ရေးကံမှာ ဆိုးပါလိမ့်မယ်။ ဝဋ္ဋ်ကြွေးကြီးပါလိမ့်မယ် …။
ကောင်းရုံတင်မကပဲသီလရှိတဲ့သူသာဖြစ်နေရင် ခံပေတော့။ သူတစ်ပါးချစ်ခြင်းကို ခွဲတဲ့သူဟာအပါယ်လေးပါး လားရောက်ရတဲ့အပြင်ဖြစ်လေရာဘဝတိုင်းမှာ သူတစ်ပါးရဲ့ အကဲ့ရဲ့၊ အစွပ်စွဲခံရတတ်ပါတယ်။ သူများလုပ်သမျှအပြစ်တွေဟာ ကိုယ့်အပေါ်မှာပဲ ကျရောက်တဲ့အတွက်သူ့အပြစ်က ကိုယ့်အပြစ် ဖြစ်တတ်ပါတယ်။ ကိုယ်ချစ်တဲ့သူနဲ့ ဘယ်တော့မှ ဆုံဆည်းခွင့်မရတဲ့အတွက် ချစ်သူကွဲဆင်းရဲကို အမြဲခံစားနေရတတ်ပါတယ် …။
လူဆင်းရဲပဲဖြစ်ဖြစ် လူချမ်းသာပဲဖြစ်ဖြစ်ဖြစ်ရာဘဝမှာ ဘယ်တော့မှ စိတ်ချမ်းသာတယ်ရယ်လို့မရှိဘဲ အမြဲစိတ်ဆင်းရဲ နေရတတ်ပါတယ်။ ကိုယ်ဘယ်လောက် ကောင်းကောင်းလူတိုင်းက ကိုယ့်ကိုအလကားနေရင်း မုန်းတီးနေတတ်ပါတယ်။ ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုပြန်မချစ်၊ကိုယ့်ဘက်က ဘယ်လောက်ကောင်းကောင်း ကိုယ့်ကိုအကောင်းမထင်၊ ကိုယ်ချစ်တဲ့သူတွေနဲ့အတူတူမနေရ၊ မိဘမေတ္တာဆိုတာ ခံစားခွင့်မကြုံ၊ညီအစ်ကိုမောင်နှမ အချင်းချင်းမတည့်၊ ဆွေမျိုးတွေက တစ်ကိုယ်ကောင်းဆန်၊သူငယ်ချင်း အပေါင်းအသင်းတွေက မိတ်ဆွေကောင်းမပီသ၊ ဒါတွေအားလုံးက အချစ်ကံခေတာတွေချည်းပါပဲ …။
အချစ်ကံ မခေစေချင်ရင် အချစ်ကံခေစေမယ့်လုပ်ရပ်တွေကနေ ကြိုးစား သတိထားဖယ်ရှားပါ။ မှားနေရင် ပြင်ပါ။ အမှားပြင်နိုင်ပြီး အချစ်ကံကောင်းသူများ စိတ်ချမ်းသာသောသူများ ဖြစ်ကြပါစေလို့ ဆုတောင်းလျှက် …။ ။
ပီတိဖြူ