ဗဟုသုတ

စပယ်ပန်းများ ခူးမနိုင်အောင် အပွင်များများပွင့်စေမည့် နည်းလမ်းများ

လေတိုက်ချိန်မှာ စံပယ်ပန်းရနံ့သင်းသင်းလေးများ ရရင် အလွန်ကိုစိတ်ကြည်နူးစရာပါနော်။ ဒါကြောင့် ကိုယ့်လို အကြိုက်တူသူများအတွက် အိမ်မှာ စိုက်ထားရင်လည်း ဝေဝေဆာ ဆာပွင့်စေမယ့် နည်းလမ်းလေးတွေ ကို မျှဝေးလိုက် ပါတယ်နော်။ ၁။ စံပယ်ပင်လေးတွေစိုက်တော့မယ်ဆိုရင် အိုးနဲ့စိုက်မှာလား၊ မြေမှာ ချပြီးစိုက်မှာလား… ရွေးပါ။ အိုးနဲ့စိုက်မယ်ဆိုရင်လည်း အိုးက ရေမဝပ်အောင် အောက်ခြေမှာ အပေါက်လေးတွေပါတဲ့အိုးနဲ့ စိုက်ပါ။ မြေမှာ စိုက်မယ်ဆိုရင်လည်းရေမဝပ်နိုင်တဲ့နေရာမှာ စိုက်ပါ။ ၂။ စံပယ်ပင်လေးတွေဟာ နေရောင်ကြိုက်ပါတယ်။ အလင်းရောင်ကောင်းကောင်းရတဲ့နေရာမှာ စိုက်ပါ။ ၃။ စံပယ်ပင်လေးတွေကို တစ်နေ့တစ်ကြိမ်ရေလောင်းပါ။ ရေလောင်းတဲ့အခါမှာ အောက်ခြေမြေကြီးကိုပဲ လောင်းပါ။ သစ်ရွက်လေးတွေကို ရေမစိုပါစေနဲ့။ စံပယ်ရွက်လေးတွေကို ရေစိုသွားရင် နေရောင်နဲ့ထိတဲ့အခါမှာ အရွက်လေးတွေပုပ်သွားတတ်ပါတယ်။ ၄။ စံပယ်မျိုးစိတ်အများစုက နွယ်တက်တတ်ပါတယ်။ စံပယ်ပင်နားမှာ တိုင်လေးဖြစ်ဖြစ်၊ စင်လေးဖြစ်ဖြစ် ထားပေးပါ။ ၅။ […]

ဗဟုသုတ

ကိုယ့်အလှည့်လည်း ရောက်နိုင်တယ်

တစ်ခါက နေ့စဉ်လယ်ထဲဆင်းပြီး ဝမ်းစာရှာရတဲ့ လယ်သမားသားအဖ ၂ ယောက်ရှိတယ်။ အဖေဖြစ်သူလယ်သမားကြီးဟာ အသက်အ ရွယ်ရလာတာနဲ့အမျှ ပင်ပန်းမှုဒဏ်ကို မခံနိုင်ရှာတော့။ အနည်းငယ်လုပ်ကိုင်ပြီး ပင်ပန်းတာနဲ့ တစ်နေရာမှာထိုင်ရင်း သားဖြစ်သူ လုပ်တာကိုသာ ထိုင်ကြည့်နေရတယ်။ ဒီလိုရက်တွေများလာတော့ သားဖြစ်သူက “ငါ့အဖေကအလုပ်မလုပ်နိုင်တော့ဘူး၊ တစ်နေ့တစ်နေ့ ငါချည်းလုပ်နေရတယ်၊ သူအသက်ရှင်နေတာ ဘာတန်ဖိုးမှမရှိဘူး” လို့တွေးမိတယ်။ ဒါနဲ့ သားဖြစ်သူလယ်သမားဟာ သစ်သားနဲ့ အခေါင်းတစ်ခေါင်းကို လုပ်တယ်။ အခေါင်းလုပ်ပြီးတော့ အဖေလယ်သမားကြီးကိုခေါ်ပြီး အခေါင်းထဲ ဝင်စေတယ်။ အဖေဖြစ်သူလည်း ဘာမှပြန်မပြောပဲ ကြည်ကြည်ဖြူဖြူနဲ့ပဲ အခေါင်းထဲဝင်လှဲနေလိုက်တယ်။ ဒီနောက်သားဖြစ်သူက အခေါင်းဖုံးကို ပိတ်လိုက်ပြီး၊ သူတို့လယ်ရဲ့ တဖက် တောင်ကုန်းဆီကို သယ်လာခဲ့တယ်။ တောင်ကုန်းရဲ့ ဟိုဘက်မှာ အဖေဖြစ်သူကို မြှုပ်မယ်ဆိုတဲ့စိတ်ကူးနဲ့ပေါ့။ဒီလိုနဲ့ မြှုပ်ရမယ့်နေရာကို ရောက်တော့၊ အခေါင်းကို ချပြီး မြေကျင်းတူးတော့တယ်။ ခဏနေတော့ […]

ဗဟုသုတ

မုန့်ဟင်းခါးကြိုက်တဲ့သူတွေအတွက် အိမ်ချက် မုန့်ဟင်းခါး ချက်နည်း

မုန့်ဟင်းခါးကြိုက်တဲ့သူတွေအတွက် အိမ်ချက် မုန့်ဟင်းခါး ချက်နည်း မုန့်ဟင်းခါး ချက်နည်းများစွာရှိတဲ့အထဲက ကျွန်တော်ကိုယ်တိုင် အိမ်မှာချက်စားဖြစ်တဲ့ အလွယ်ကူဆုံး ကုလားပဲနဲ့ မုန့်ဟင်းခါး ချက်နည်းတစ်မျိုးကိုပြောပြပါမယ်။ မုန့်ဟင်းခါးချက်တဲ့အခါ လိုအပ်တာတွေက ငါးဆီသတ်ပါ၊ ကုလားပဲပြုတ်ပြီးထောင်းပါ(သို့)blenderနှင့်ကြိတ်ထားပါ၊ ဆန်လှော်မှုန့် ရေဖျော်ထားပါ၊ ဌက်ပျောအူ အရင့်များဖယ်ပြီ အနုများကို ပါးပါးလှီးပြီးလျှင်ဆနွင်း(လက်ဖက်ရည်ဇွန်း ၁ဇွန်း)ထည့်ကာ ရေရော စိမ်ထားပေးပါ။ မှတ်ချက် နနွင်းစိမ်ခြင်းမှာ ဌက်ပျောအူများ မမဲသွားရန်ဖြစ်သည်။ ငါးဆီသတ်ဖို့ အရင်ဦးဆုံး ငါးပြုတ်ကြရအောင်။ ငါးလေးဆယ်သားကို ( ငါးကြင်း ) ထန်းလျက် ၃ ခဲ၊ စပါးလင် ၃ပင် ထုထောင်းခွေထည့်၊ ငရုတ်ပွခြောက် ၄ တောင့်၊ ငံပြာရည်ထည့်နယ်ပြီး ရေကိုငါးမြုပ်သည့်အထိထည့်ပြီး နူးအောင်ပြုတ်၍ အသားနွှင်ထားပါ။ ငါးပြုတ်ရည်ကို ခွက်တစ်ခုထဲ စစ်ထည့်ထားပါ။ ကြက်သွန်ဖြူ(ထောင်း)၊ ကြက်သွန်နီ(ပါးပါးလှီး)၊ ချင်း(ထောင်း)၊ […]

ဗဟုသုတ

လူတစ်ယောက်ကို ကြီးပွားချမ်းသာလာစေမယ့် အကျင့် (၄) မျိုး…

လူတစ်ယောက်ကို ကြီးပွားချမ်းသာလာစေမယ့် အကျင့် (၄) မျိုး… လူ တစ် ယောက် ကို ချမ်းသာလာအောင် လုပ်ပေးနိုင်တဲ့အရာ ဟာ လူတွေရဲ့ နေ့စဉ် အလုပ်ချိန်ဇယားထဲ မှာ ရှိပါတယ်နော်။အဲတာကြောင့် ကျွန်တော်တို့ရဲ့ အလေ့အကျင့်တွေကို အကောင်းဘက်ရောက်အောင် အမြဲပဲ တွန်းပို့နေရတာ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ လူတစ်ယောက်ကို ချမ်းသာစေနိုင်မယ့် အကျင့်တစ်ချို့အကြောင်း ပြောသွားမှာပါ။ ဒီအချက်လေးနေ သိသွားရင် သင့်ရဲ့ ဘဝ တိုးတက်အောင် ပထောက်ပံ့ ပေးနိုင်မှာပါနော်။ (၁) ကိုယ့်အတိုင်းအတာနဲ့ကိုယ် နေထိုင်သုံးစွဲပါ ခြွေတာရေးအလေ့အကျင့်ဟာ ငွေကြေးအခက်အခဲကနေ လွတ်မြောက်ဖို့ အမြဲပဲ အထောက်အကူဖြစ်ပါတယ်။ ငွေကြောင့် ဘယ်သူ့ဆီမှ မျက်နှာအောက်ကျ မခံချင်ရင် ကိုယ့်အသုံးစရိတ်ကို အမြဲ စိစစ်ပါ ငွေစုပါ နေရေးအတွက် ကိုယ့်လစာရဲ့ ၂၅% ထက် […]

ဗဟုသုတ

ခေတ်ပျက်နေတာတောင် နိုင်ငံခြား မှာ မြန်မာအလံကြီးကိုင်ပြီးလည်ပတ်ပျော်ပါးနေတာမို့ ပရိတ်သတ်တွေရဲ့ ဝေဖန်မှုခံနေရတဲ့ သရုပ်ဆောင်..See more. .

သရုပ်ဆောင်ငြိမ်းသော်ကတော့ပြင်လှတဲ့သရုပ်ဆောင်ချက်တွေအတူနဲ့ကျရာဇာတ်ကောင်တွေမှာအကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တာကြောင့်ပရိတ်သတ်ရဲ့အားပေးမှုကိုအခိုင်အမာရရှိထားပါတယ်နော်။ သရုပ်ဆောင်ငြိမ်းသော်က ကြော်ငြာတွေ ရိုက်ရင်း၊ ဓာတ်ပုံတွေရိုက်ရင်း၊ ခရီးသွားရင်းနဲ့ သူရဲ့ဘဝလေးကိုအေးအေးချမ်းချမ်းဖြတ်သန်းနေပါတယ်နော်။ . . . . . . . အခုတစ်ခါမှာဆိုရင်သရုပ်ဆောင်ငြိမ်းသော်က ဒေါ်လာဈေးတွေတက် ခေတ်ပျက်နေတာတောင် နိုင်ငံခြားရှိုးပွဲတွေတက်လို့ ဝေဖန်ခံနေရတဲ့ အကြောင်းကိုအခုလို ပြောပြပေးလိုက်ပါတယ်၊ စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ . . . . . Credit သရုပ်ဆောင်ငြိမ်းသော်ကတော့ပြင်လှတဲ့သရုပ်ဆောင်ချက်တွေအတူနဲ့ကျရာဇာတ်ကောင်တွေမှာအကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တာကြောင့်ပရိတ်သတ်ရဲ့အားပေးမှုကိုအခိုင်အမာရရှိထားပါတယ်နော်။ . . . . . . . သရုပ်ဆောင်ငြိမ်းသော်က ကြော်ငြာတွေ ရိုက်ရင်း၊ ဓာတ်ပုံတွေရိုက်ရင်း၊ ခရီးသွားရင်းနဲ့ သူရဲ့ဘဝလေးကိုအေးအေးချမ်းချမ်းဖြတ်သန်းနေပါတယ်နော်။ . . . . . . . အခုတစ်ခါမှာဆိုရင်သရုပ်ဆောင်ငြိမ်းသော်က ဒေါ်လာဈေးတွေတက် ခေတ်ပျက်နေတာတောင် နိုင်ငံခြားရှိုးပွဲတွေတက်လို့ ဝေဖန်ခံနေရတဲ့ အကြောင်းကိုအခုလို […]

ဗဟုသုတ

အမေပြောဖူးတယ် “ခွေးသေပုတ်ကို ခြေထောက်နဲ့ မကန်မိစေနဲ့” သားတဲ့…

အမေ ပြောပြဖူးတဲ့ ခွေးသေပုတ်ကို ခြေထောက်နဲ့ မကန်မိစေနဲ့ စကားလေးပါ။ တခုခုဆို ဆတ်ဆတ်ထိ မခံတတ်တဲ့ အကျင့် ကျွန်‌တော့်မှာ ရှိခဲ့တယ်။ ကိုယ်မှန်တယ် ထင်ရင် ပြောဆို ရဲသလို မှားတယ် ထင်ရင်လည်း တောင်းပန်ရဲတာ ကျွန်‌တော့် အကျင့်။ ကိုယ်မှန်လို့ ပြောပြီ ဆိုရင် ဘယ်သူ့ မျက်နှာမှ မကြည့်တတ် ခဲ့ဘူး။ အရိုင်းစိုင်း တယောက်လိုပဲ ဖြစ်ခဲ့ ဘူးတယ်။ မဟုတ် မခံတဲ့ အဲဒီ စိတ်လေးကို မသိစိတ်က သဘောကျမိလေ ကျွန်‌တော့်စိတ် မောက်မာလာ လေပဲ။ သွားမလုပ်နဲ့ သူကဆတ်ဆတ်ကြဲ စိတ်လည်း ကြီးတယ် မဟုတ်မခံ ပြန်ပြောတတ်တယ် တဲ့။ သူတို့တွေ အပြောမှာ ကျွန်‌တော့်ကိုယ် ကျွန်‌တော် အဟုတ်ကြီး မှတ်ခဲ့တယ်။ မဟုတ်တဲ့ […]

ဗဟုသုတ

“မြန်မာနိုင်ငံမှာ လူအတော်များများက ကုမ္ပဏီဝန်ထမ်းဘဝကို မက်မောအထင်ကြီး ရယူလိုကြတယ်” (ဒါလေးဖတ်ကြည့်ပါ)

လူအတော်များများက ကုမ္ပဏီဝန်ထမ်းဘဝကို မက်မောအထင်ကြီး ရယူလိုကြတယ် ယူနီဖောင်းလေးနဲ့အလုပ်သွား laptopနဲ့လုပ်ရတဲ့အလုပ်ဆိုတော့ အေးအေးဆေးဆေးကျော့မော့တာတော့ အမှန်ပဲပေါ့ လူမြင်လည်းတင့်တယ် ပတ်ဝန်းကျင်က ဘာအလုပ် လုပ်လဲမေးရင် Marketing/ HR/PR/Accounting စသဖြင့် ကိုယ်တာဝန်ယူရတဲ့ ကုမ္ပဏီရဲ့ဌာနအပိုင်းတွေကို ဘိုလိုဖြေရတော့ ပတ်ဝန်းကျင်ကလည်း အထင်ကြီးတော့အဆင်လည်းပြေတာပေါ့ ဒါပေမယ့် အဲကုမ္ပဏီဝန်ထမ်းဖြစ်ဖို့ဆိုတာလည်း လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး နှစ်များစွာအချိန် ဉာဏ် ငွေရင်းနှီးထားရတဲ့ ဘွဲ့တစ်ခုအပြင် သင်တန်းနဲ့အတွေ့အကြုံ များစွာရှိမှ လစာ2သိန်းလောက်ကစရတာမျိုး လစာ3သိန်း 5သိန်း 10သိန်းပေးရင်ကိုတော်တော်များတဲ့ပမာဏပဲလို့ထင်နေရပြီ အမှန် အဲပမာဏက ဘာမှမဟုတ်ဘူး နေနိုင်စားနိုင်ရုံအဆင့်ပဲရှိတာ ကိုယ်ပိုင်လုပ်ငန်းနဲ့ကုမ္ပဏီဝန်ထမ်းက သူ့ဟာနဲ့သူအားသာချက် အားနည်းချက်ရှိတယ် ကုမ္ပဏီဝန်ထမ်းရဲ့အားသာချက်က ပုံစံကျော့မော့တယ် လကုန်တိုင်းလစာပုံမှန်ရတယ် ဒီအလုပ်ကမထွက်မချင်း ဒီအလုပ်မှာလုပ်နေသရွေ့ ပိုက်ဆံ(လစာ)ကတော့လကုန်တိုင်းရနေဖို့သေချာတယ် အားနည်းချက်ကတော့ ကိုယ့်ကိုကိုယ် ပိတ်ရက်ကလွဲရင်မပိုင်ဘူး အချိန်နဲ့သွား အချိန်နဲ့စားရတယ် ဖိအားများတယ် ကိုယ်မှန်တောင်မှ အထက်လူကြီးဆို သည်းခံရတယ် […]

ဗဟုသုတ

မျှစ်စားရတာကြိုက်တဲ့သူများ ဒီဆောင်းပါးလေးကိုဖတ်ကြည့်ပေးပါ

မျှစ်ကိုကြိုက်လို့သာ စားနေတာ အခုကစပြီး အရင်ထက်ပိုပြီး စားဖြစ်အောင်စားရတော့မယ် မျှစ် အကြောင်းကို မသိပဲ ကြိုက်လို့သာ စားနေတာ..အခုကစပြီး အရင်ထက်ပိုစားတော့မယ်…ဖတ်ဖြစ်အောင် ဖတ်ကြည့်လိုက်နော် မြန်မာ လူမျိုးတွေက မျှစ်ကို ကြော်ချက်ပြီး ဟင်းလျာ အမျိုးမျိုး ပြုလုပ် စားသောက် တတ်ကြပါတယ်။ ဒါပေမယ့် မျှစ်တွေကို ဆေးဆိုးထားတယ် ဆိုတဲ့သတင်း ထွက်လာပြီးနောက်မှာ မျှစ်ကို စားဖို့ လက်တွန့် သွားကြပါတယ်။ ဒါကြောင့် ဆေးမဆိုး ထားတဲ့ မျှစ်တွေကို ရွေးချယ် စားသောက်ဖို့ အကြံပြုရင်း မျှစ်ကြောင့် ရရှိလာနိုင်တဲ့ ကျန်းမာရေး စွမ်းပကားတွေကို ရေးသား လိုက်ရပါတယ်။ (၁) အစာခြေစနစ်ကျန်းမာ ခြင်းမျှစ်ဟာ အစာအိမ်ရဲ့ အစာချေဖျက်တဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။ မျှစ်ဟာ အစာအိမ် ဝေဒနာကို သက်သာစေပြီး ဝမ်းပျက်ဝမ်းလျှော […]

ဗဟုသုတ

မိန်းကလေးအများစု မသိကြသေးတဲ့ ယောကျင်္ားလေးတွေ ဖောက်ပြန်တဲ့ အကြောင်းရင်းများ

မိန်းကလေးအများစု မသိကြသေးတဲ့ ယောင်္ကျားလေးတွေ ဖောက်ပြန်တဲ့ အကြောင်းရင်းများ မယားကြီးက လှရဲ့သားနဲ့ ဒီကောင်မယားငယ်နဲ့ ဖောက်ပြန်တာ တော်တော်လွန်တာပဲတဲ့။ ဒါအခုတလော အရမ်းဟော့နေတဲ့ ဖြစ်ရပ်လေးတစ်ခုမှာ လူပြောများနေတဲ့ စကားတစ်ခွန်းပေါ့ …။ ကျနော့်မှာ သူငယ်ချင်း တစ်ယောက်ရှိတယ်… အိမ်ကပေးစားတာမဟုတ်ဘူး။ ချစ်လို့ယူထားတဲ့ မိန်းမတစ်ယောက် သူ့မှာရှိတယ်။ တစ်နှစ်ကျော်‌လောက်ပေါင်းပြီး ဒီကောင် နောက်တစ်ယောက်နဲ့ ဇယားကပ်ရော …။ ဒီအဖြစ်အပျက်က မျိုးစောင့် ဥပဒေတွေဘာတွေ မပြဌာန်းခင် လွန်ခဲ့တဲ့ 3နှစ်လောက်အရင်ကပေါ့။ မိန်းမကသိတော့ တငိုငိုတရီရီနဲ့ကွာရှင်းမယ် မပေါင်းဘူးလုပ်ရော။ သူ့ပတ်ဝန်းကျင် သူ့အသိုင်းအဝိုင်းကပါ ဒီကောင့်ကို ရွံပြီးလုံးဝလက်မခံတော့ အဲဒီမယားအငယ်လေးနဲ့ တခြားမြို့မှာ လုပ်ကိုင်စားသောက်ပြီးနေတယ် …။ သူ့ ပထမမိန်းမက ရိုးရိုးအေးအေး စက်ဆရာမ ကောင်မလေးက အလှကြီးမဟုတ်ပေမယ့် ဖြူဖြူသွယ်သွယ် ရိုးရိုးယဉ်ယဉ်ချစ်စရာလေး။ နောက်ယူလိုက်တဲ့ မယားငယ်က […]

ဗဟုသုတ

မိဘကို သင်အော်မိလိုက်တဲ့အချိန်တိုင်း….ဒီစာလေးသင်ဖတ်ကြည့်သင့်ပါတယ်…

ကိုယ်တိုင်က နေမကောင်းနေပေမယ့် သား၂ယောက်ကို ဆေးခန်းပြဖို့အတွက် အကိုက်အခဲပျောက်ဆေးသောက်ပြီး တစ်နေကုန် နှမ်းရိတ်ခဲ့တဲ့ဖခင် (အဖေကို ချစ်သူများ….ဖခင်မေတ္တာဆိုတာ) မနက်၆နာရီ ဆေးခန်းမဖွင့်ခင် ကျနော့်ဆေးခန်းကို သားဖနှစ်ယောက် လာတယ်။ “ဆရာ အစောကြီးလာရတာ အားတော့ နာပါတယ်။ ဒါပေမယ့် ကလေးက အပူကြီးနေလို့ပါ” “ဟုတ် ရပါတယ်။ ကလေးကို ကုတင်ပေါ်တက်ခိုင်းလိုက်ပါ” ထိုလူက၁၃နှစ်အရွယ် သူ့သားကို လသား ကလေးငယ်လို တယုတယ နဲ့ပွေ့ချီပြီး ကုတင်ပေါ်တင်ပေးတယ်။ ကလေးကို ကျနော်စမ်းသပ်ကြည့်တော့ အဆုတ်ကို အအေးပတ်ထားတဲ့ လက္ခဏာ တွေတွေ့ရတယ်။ကလေးအသက်က ၁၃ နှစ်ပါ။ လိုအပ်တဲ့ ဆေးထိုးပေး။သောက်ဆေးတွေ ပေးပြီးတဲ့အခါ”ဆရာ ဆေးဖိုးဘယ်လောက်ကန်တော့ရမလဲ” တကယ်တော့ သောက်ဆေးသုံးရက်စာ ပေးလိုက်တာ။ သောက်ဆေးသုံးရက်စာ ပေးရင် သုံးထောင် တောင်းနေကျ။ ဒါပေမယ့် သူတို့ကြည့်ရတာ အဆင်ပြေပုံမရပါဘူး။ “နှစ်ထောင်ကျပါတယ်” […]