အသိပညာ
အဆင့်တန်းမရှိသူများ၏ လက္ခဏာ ( ၁၈ ) ရပ်
ချစ်သူအချင်းချင်း mutual respect လိုသလား..? လင်မယားအချင်းချင်း mutual respect လိုသလား..?
ချစ်သူအချင်းချင်း mutual respect လိုသလား..?လင်မယားအချင်းချင်း mutual respect လိုသလား..? ဟုတ်ကဲ့လိုပါတယ်မတူညီတဲ့လူနှစ်ဦး တူတူသွားရမယ့်ခရီးမို့လို့တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်လေးစားဖို့သိပ်လိုပါတယ်အပြန်အလှန်လေးစားမှုမရှိရင်ရှေ့ဆက်လို့မရပါဘူး… တစ်ဦးကိုတစ်ဦး အထင်မကြီးရင်လက်တွဲလို့မရပါဘူးတစ်ယောက်အပေါ်တစ်ယောက်မလေးစားဘဲ အပြစ်သာမြင်နေရင်တူတူသွားလို့မရပါဘူး….. ကျွန်တော်တို့တွေက တစိမ်းတွေပါအတိတ်တွေမတူကြပါဘူးအတွေးတွေမတူကြပါဘူးအမြင်တွေကွဲပြားကြပါတယ်တစ်ယောက်မှာရှိတဲ့အရည်အချင်းကိုမြင်အောင်ကြည့်ရပါမယ်တစ်ယောက်မှာရှိတဲ့စေတနာတွေကို လေးစားရပါမယ်…. တစ်ယောက်မှာရှိတဲ့အားနည်းချက်တွေကို နားလည်ပေးပြီးတက်နိုင်သလောက်ပြုပြင်ယူရပါမယ်ဒါဟာ mutual respect ပါကျွန်တော်တို့ဟာသူတို့တွေရဲ့ အရည်အချင်းကိုအသိအမှတ်မပြုခဲ့ဘူးသူတို့တွေရဲ့ ယုံကြည်ချက်တွေကိုအထင်မကြီးခဲ့မိဘူး…. သူတို့တွေရဲ့ ဝါသနာတွေကိုပြက်ရယ်ပြုမိခဲ့တယ်သူတို့တွေရဲ့ စေတနာတွေ ကူညီမှုတွေအနစ်နာခံပေးမှုတွေကို တန်ဖိုးမထားမိခဲ့ဘူးသူတို့အတွေးတွေကို နေရာမပေးခဲ့မိဘူးငါသာလျှင်ကောင်းတယ်ငါကပဲမှန်တယ်’ဆိုတဲ့အတ္တတွေကိုဘာမှမဖြစ်လောက်ပါဘူးလေဆိုပြီး ဖော့တွေးရင်းသူတို့အပေါ် မလေးစားခဲ့မိဘူး… ဒါ့ကြောင့်ကျွန်တော်တို့ရဲ့ ဥပေက္ခာတွေအားလုံးစုပေါင်းမိသွားတဲ့တနေ့မှာသူတို့ဟာကျွန်တော်တို့နားက စွန့်ခွာသွားကြပါတယ်ချစ်သူတော်တော်များများဟာဒီအချက်တွေကြောင့်သာ လမ်းခွဲသွားကြတာပါ.. ဒါဟာ ဝမ်းနည်းစရာဖြစ်ရပ်ပါဟုတ်ကဲ့ချစ်သူပဲဖြစ်ဖြစ် လင်မယားပဲဖြစ်ဖြစ် ချစ်ကြပါတစ်ဦးနဲ့တစ်ဦးလည်း အပြန်အလှန်လေးစားပေးပါတစ်ယောက်လုပ်နိုင်တာကို တစ်ယောက်ကလေးလေးနက်နက် အသိအမှတ်ပြုပတစ်ယောက်မလုပ်နိုင်သေးတာမရင့်ကျက်သေးတာ အားနည်းသေးတာကိုလည်းနားလည်ပေးပါ… နင်ညံ့လွန်းတယ်နင်မလုပ်နိုင်ဘူးသူကနင့်ထက်ပိုတော်တယ်စတဲ့ဝမ်းနည်းစေတဲ့အပြစ်စကားတွေနဲ့ နှိုင်းယှဉ်တာတွေမလုပ်ပါနဲ့စီးပွားရေးရော အိမ်ထောင်ရေးရောပါအောင်မြင်နေတဲ့စုံတွဲတိုင်းကိုကြည့်ပါ…. သူတို့ဟာ အကောင်းဆုံးကိုရလိုက်တာမဟုတ်ပါဘူးရလိုက်တဲ့လူကိုအကောင်းဆုံးဖေးမသွားကြတာပRelationship သက်တမ်းတွေကြာပြီးအရမ်းချစ်ကြတဲ့စုံတွဲတွေကိုကြည့်ပါတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်လေးစားရင်း ကောင်းတာတွေကိုအသိအမှတ်ပြုမကောင်းတာတွေကို အပြန်အလှန်ထိန်းကျောင်းရင်း လက်တွဲခဲ့ကြတာပါ…. ဘယ်သူမှဖန်ဆင်းပေးတာမဟုတ်ဘဲစစ်မှန်တဲ့ချစ်ခြင်းတရားမှန်ကန်တဲ့ယုံကြည်ချက်နဲ့ အပြန်အလှန်လေးစားခြင်းတွေကသာသူတို့ကိုမွေးဖွားပေးလိုက်တာဖြစ်ပါတယ်… ဒါကြောင့်တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားခြင်း(mutual […]
နားလည်ပေးတိုင်း အနိူင်မယူနဲ့ဝဋ်ကြွေးတွေစလာရင် အရမ်းကြောက်ဖို့ကောင်းတယ်…
ဒီနေရာကို ငါပိုင်တယ် ငါလုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး လုပ်ချင်တိုင်းလုပ်လို့ရချင်ရပါလိမ့်မယ် ဒါပေမယ့် ကိုယ့်ရဲ့လုပ်ရပ် အကောင်း၊အဆိုးနဲ့ အကြောင်းအကျိုးကိုတော့ တန်ပြန်ခံရတတ်တာကိုမမေ့ထားသင့်ဘူး။ လူတစ်ချို့ကိုတော့ ဘယ်လိုအနိူင်ပြီး ပြောလိုက်ရလို့ ကျေနပ်နေခွင့် ရချင်ရပါလိမ့်မယ် ကိုယ်ပြောလိုက်တဲ့ စကားလုံးတွေနဲ့ထပ်တူ တန်ပြန်ကြားရမယ့်ပဲ့တင်သံကိုတော့ ခံနိူင်ရည်ရှိဖို့လိုတယ်။ လောကမှာ အနိူင်ရတိုင်းလည်း အနိူင်မယူနဲ့၊လုပ်ပိုင်ခွင့်ရှိတိုင်းလည်း သူများမျက်ရည်တွေနဲ့ထမင်းတစ်လုတ်ရဖို့ အတ္တမဆန်ချင်နဲ့ ၊မျက်နှာများပြီး ချစ်ခင်သူပေါတိုင်းလည်း အပေါ်ယံသူများဘဝတွေကို မဖျက်စီးနဲ့ မိန်းမဖြစ်စေ၊ယောက်ျားဖြစ်စေ အကျိုးပေးတွေညံ့လာတဲ့အခါ ကိုယ်ပြုခဲ့တဲ့အကုသိုလ်တွေက ကိုယ့်နောက်လိုက်တတ်တယ်။ ပြောပိုင်ခွင့်ရှိတိုင်လည်း ကိုယ့်အတွက်လည်းအကျိုးမရှိ သူ့အတွက်လည်း အကျိုးမရှိပဲ သူများရဲ့ အိုးအိမ်၊စည်းစိမ်၊ နေရာ၊အလုပ်တွေ ပျက်စီးသွားခဲ့ရင် အဲ့ဒီပျက်စီးခြင်းနဲ့ထပ်တူညီတဲ့ အကျိုးတွေသက်ရောက်တတ်တယ်ဆိုတာမမေ့ပါနဲ့။ သူတစ်ပါးအပေါ် အလျော့ပေးတိုင်း၊သည်းခံတိုင်း၊ခွင့်လွတ်တိုင်း၊နားလည်ပေးတိုင်း အနိူင်မယူနဲ့ဝဋ်ကြွေးတွေစလာရင် အရမ်းကြောက်ဖို့ကောင်းတယ်။ လေးစားစွာဖြင့် crd zawgyi ဒီနေရာကို ငါပိုင်တယ် ငါလုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး လုပ်ချင်တိုင်းလုပ်လို့ရချင်ရပါလိမ့်မယ် ဒါပေမယ့် ကိုယ့်ရဲ့လုပ်ရပ် အကောင်း၊အဆိုးနဲ့ […]
သတိပြုနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်နေ
မိန်းမတစ်ယောက်ရဲ့ ဘဝကို ဖျက်ဆီးနိုင်တဲ့ ယောင်္ကျား ၄ မျိုး ကိုပျိုမေတို့ သတိပြုနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်နော် ။ ၁-သစ္စာမရှိတဲ့ သူမျိုး သစ္စာမရှိတဲ့ ယောင်္ကျားမျိုးကို လက်မထပ်မိအောင် ဂရုစိုက်ပါသစ္စာမရှိတဲ့ ယောင်္ကျားမျိုးကသင့်ဘဝကို ဖျက်ဆီးပြစ်နိုင်သလို သင့်ကိုလည်း တစ်သက်လုံး စိတ် ဒုက္ခ ရောက်စေပါလိမ့်မယ်။ ၂-ဟန်ဆောင်ကောင်းတဲ့ ယောင်္ကျား တစ်စုံတစ်ခုကို ဖုံးကွယ်တတ်ပြီး ဟန်ဆောင်ကောင်းလွန်းတဲ့ ယောင်္ကျားမျိုးတွေကို သတိထားပါသင့် မသိအောင် အမှားတွေ လုပ်ထားပြီး ဟန်ဆောင်ကောင်းစွာ သင့် အနားမှာ ရှိနေပါလိမ့်မယ်နော်။ ၃- အရက်သေစာနဲ့ မူးယစ်တွေကို စွဲလန်းနေသူ အရက်သေစာနဲ့ မူးယစ်တွေကို နှစ်နှစ်ခြိုက်ခြိုက်စွဲလန်းနေတဲ့ ယောင်္ကျားမျိုးကို ဝေးဝေးကနေ ရှောင်ပါသူတို့ဟာ သင့် ထက်ပိုပြီး ထိုအရာတွေကို နှစ်သက်တဲ့ အတွက် စိတ်ဆင်းရဲ ရနိုင်ပါတယ်။ ၄- […]
မိန်းကလေးတို့ သတိထားသင့်သော ယောင်္ကျားလေးများ၏ ထိုခဏ…
မိန်းကလေးတို့ သတိထားသင့်သော ယောင်္ကျားလေးများ၏ ထိုခဏ… ၁ ။ ခဏလေးပါကွာ…မကြောက်ပါနဲ့ တကယ်ကိုခဏလေးပါပဲ… ခပ်တိုးတိုး နဲ့ လေသံကချွဲပစ်ပြီး ကြက်သီးထဖွယ်ကောင်းလောက်အောင် သာမက ရင်တွေ တစ်ဒိုင်းဒိုင်း ခုန် လာစေသော ထိုစကားသံ နှင့်အတူ တစ်ဆတ်ဆတ်တုန်ရီနေတဲ့ အပျိုစင်မလေး ရဲ့ ခန္ဒာပေါ်က စုန်ဆန်ချည် အလုပ်များနေတဲ့ လက်တစ်စုံ ပိုင်ရှင် ရဲ့ စကားလေး တစ်ခွန်းက ညီမ တို့ ဘဝတစ်ခုလုံးကို စုတ်ပြတ်ကြေမွ သွားစေနိုင်တယ် ဆိုတာ သတိထားစေ လိုပါတယ်။ တစ်သက်စာ ထိန်းသိမ်းလာခဲ့ရတဲ့ အပျိုစင် ဘဝ ဟာ ထို ပုရိသ ရဲ့ ခွင့်တောင်းလိုဟန်နှောပေမယ့် အမိန့် ပေးသံပျော့ပျော့ ရဲ့ ထို ခဏ အောက်မှာ တစ်သက်စာ ကြေမွ […]
သားသမီးတစ်ယောက်ဖြစ်သူမှ မိဘနေရာသို့ ရောက်လာတဲ့အခါ
မိခင်ဖြစ်မှ အမေ့မေတ္တာကို နားလည်လာတယ်ခွင့်လွှတ်ပါအမေသားသမီးတွေ အရွယ်ရောက်ပြီး အမေက အသက်ကြီးလာတဲ့အခါ အမေဟာ ကလေးပြန်ဖြစ်သွားတယ်သားသမီးတွေဘယ်သွားသွား လိုက်ချင်တယ်။ ဒါပေမဲ့အနှောက်အယှက်ဖြစ်မှာစိုးလို့အလိုက်တသိ ကျန်ခဲ့ရတယ်..။သားသမီးတွေပျော်ရင် သူလည်းလိုက်ပျော်ချင်တယ်..ဒါပေမဲ့ ကလေးကလားဖြစ်မှာစိုးလို့ သိက္ခာဆယ်ထားရတယ်။သားသမီးတွေ အားငယ်ရင် သူလည်းအားငယ်တာပဲ..ဒါပေမဲ့ သားသမီးတွေစိတ်ဓာတ်မကျအောင် စိတ်မာချင်ယောင်ဆောင်ထားရတယ်။သားသမီးတွေ ငိုရ င် သူလည်းလိုက်ငိုချင်တာပဲ..ဒါပေမဲ့..သားသမီးတွေ ပိုဝမ်းနည်းမှာစိုးလို့ အား တင်းပြုံးပြနေရတယ်။ သားသမီးတွေ သူ့ကွယ်ရာမှာ ဘယ်လိုနေထိုင်သလဲသိချ င်တယ်..ဒါပေမဲ့မယုံကြည်ရ ာရောက်မှာစိုးလို့ လိုက်မချောင်းရဲဘူး။ သ ားသမီးတွေက ဟောက်လိုက်ရင် ကလေးတစ်ယောက်လိုကြောက်သွားတတ်တဲ့အမေဟာ ငယ်နုစဉ်ကတော့ ဘာပဲကြုံကြုံ ငါ့သားသမီးတွေကို မထိနဲ့ဆိုပြီး သတ္တိရှိရှိရင်ဆိုင် ကာကွယ်ပေးခဲ့ဖူးပါတယ်။ သားသမီးတွေဟာလည်း အမေ့သတ္တိအတွက် အားတက်လုံခြုံခဲ့ကြဖူးပါတယ်လုံချည်အောက်ကတဆတ်ဆတ်တုန်နေတဲ့အမေ့ဒူးတွေကိုမမြင်ကြဘဲနဲ့ပေါ့။မိ ခင် နေရာရောက်မှ မေမေ့ မေတ္တာ ကိုနားလည်ခဲ့မိတယ်။ခွင့်လွှတ်ပါမေမေ ရယ်။ Credit Zawgyi မိခင်ဖြစ်မှ အမေ့မေတ္တာကို နားလည်လာတယ်ခွင့်လွှတ်ပါအမေသားသမီးတွေ အရွယ်ရောက်ပြီး […]
မိဘကို သင်အော်မိလိုက်တဲ့အချိန်တိုင်း…….ဒီစာလေးသင်ဖတ်ကြည့်ပါ
ကိုယ်တိုင်က နေမကောင်းနေပေမယ့် သား၂ယောက်ကို ဆေးခန်းပြဖို့အတွက် အကိုက်အခဲပျောက်ဆေးသောက်ပြီး တစ်နေကုန် နှမ်းရိတ်ခဲ့တဲ့ဖခင် (အဖေကို ချစ်သူများ….ဖခင်မေတ္တာဆိုတာ) မနက်၆နာရီ ဆေးခန်းမဖွင့်ခင် ကျနော့်ဆေးခန်းကို သားဖနှစ်ယောက် လာတယ်။ “ဆရာ အစောကြီးလာရတာ အားတော့ နာပါတယ်။ ဒါပေမယ့် ကလေးက အပူကြီးနေလို့ပါ” “ဟုတ် ရပါတယ်။ ကလေးကို ကုတင်ပေါ်တက်ခိုင်းလိုက်ပါ” ထိုလူက၁၃နှစ်အရွယ် သူ့သားကို လသား ကလေးငယ်လို တယုတယ နဲ့ပွေ့ချီပြီး ကုတင်ပေါ်တင်ပေးတယ်။ ကလေးကို ကျနော်စမ်းသပ်ကြည့်တော့ အဆုတ်ကို အအေးပတ်ထားတဲ့ လက္ခဏာ တွေတွေ့ရတယ်။ကလေးအသက်က ၁၃ နှစ်ပါ။ လိုအပ်တဲ့ ဆေးထိုးပေး။သောက်ဆေးတွေ ပေးပြီးတဲ့အခါ”ဆရာ ဆေးဖိုးဘယ်လောက်ကန်တော့ရမလဲ” တကယ်တော့ သောက်ဆေးသုံးရက်စာ ပေးလိုက်တာ။ သောက်ဆေးသုံးရက်စာ ပေးရင် သုံးထောင် တောင်းနေကျ။ ဒါပေမယ့် သူတို့ကြည့်ရတာ အဆင်ပြေပုံမရပါဘူး။ “နှစ်ထောင်ကျပါတယ်” […]
ပင်ကိုယ်စိတ်ရင်းကောင်းလွန်းသူတွေ အမြဲလိုလို ကျူးလွန်မိတက်တဲ့ အမှား (၅) မျိူး
လူတစ်ယောက်ဟာ ဘဝမှာအောင်မြင်ဖို့၊ ပညာတတ်ဖို့ဆိုတာတွေထက် စိတ်ရင်းကောင်းဖို့က အရေးကြီးဆုံးဖြစ်ပါတယ်။ လူတစ်ယောက်က ဘယ်လောက်ပဲတော်တော် စိတ်ထားမကောင်းဘူးဆိုရင် သုံးစားလို့မရပါဘူး။ ဒါပေမယ့် လူတစ်ယောက်က စိတ်ထားကောင်းလွန်းပြန်ရင်လည်း ထင်မှတ်မထားတဲ့အမှားလေးတွေကို လုပ်မိတတ်ပါတယ်။ စိတ်ထားကောင်းလွန်းသူတွေ အမြဲလိုလိုလုပ်မိတတ်တဲ့အမှားတွေကတော့ – (၁) ခွင့်လွှတ်ဖို့မထိုက်တန်တဲ့သူကိုခွင့်လွှတ်မိတာ – ကိုယ့်အပေါ်အမှားလုပ်တဲ့သူကို ခွင့်လွှတ်လိုက်ပါ လို့ လူတွေက အကြံပေးကြပေမယ့် အဲ့ဒီလူက ကိုယ့်ရဲ့ခွင့်လွှတ်မှုနဲ့ထိုက်တန်ဖို့လည်း လိုပါသေးတယ်။ ခွင့်လွှတ်ဖို့မထိုက်တန်တဲ့သူကို ခွင့်လွှတ်လိုက်တဲ့အခါ နောက်ထပ်အမှားတွေ ထပ်ထပ်ပြီးကျူးလွန်အောင် အခွင့်အရေးပေးလိုက်သလိုပါပဲ။ဒါကြောင့် အမှားကျူးလွန်တဲ့သူကို အမှားနဲ့တန်တဲ့အပြစ်ပေးရပါမယ်။ အမြဲတမ်း စိတ် ကောင်း ထားပြီး ခွင့်လွှတ်နေလို့မရပါဘူး။ (၂) သည်းခံစရာမလိုတာတွေကိုပါသည်းခံနေတာ – နေရာတကာမှာ နဂါးမှန်းသိအောင် အမောက်ထောင်ပြနေစရာမလိုပါဘူး။ ဒါပေမယ့် အမြဲတမ်းလည်း သည်းခံနေစရာမလိုပါဘူး။ ကိုယ့်ရဲ့သိက္ခာကိုထိခိုက်တာ၊ ကိုယ့်ရဲ့ မိသားစုကိုစော်ကားတာ၊ ကိုယ့်ရဲ့အလုပ်အကိုင်နဲ့ပတ်သက်လို့ တမင်တကာနှိမ့်ချတာတွေကို ပါးစပ်ပိတ်ပြီး […]
သင်တို့မှာ အဖေ အမေ မိဘရှိနေသေးတယ်ဆိုရင် အချိန်မရလဲ ( ၂ ) မိနစ်စာလောက် ခဏဝင်၍ ဖတ်ကြည့်ပေးစေချင်တယ်
သင်တို့ဆီမှာ အဖေအမေ မိဘရှိနေသေးတယ်ဆိုရင် အချိန်မရလဲ ( ၂ )မိနစ်စာလောက် ခဏဝင်၍ ဖတ်ကြည့်ပေးစေချင်တယ် မနက် 11 : 30 အချိန်လောက် ရှိနေပြီ လမ်းဘေးက ကော်ဖီဆိုင်ရဲ့မြေတလင်းပြင်လေးမှာ ( ၇၅ ) နှစ် အရွယ် ၊ အမေအို တစ်ယောက်နဲ့တွေ့တော့ စကားမစပ် မေးမိပါတယ် အမေ ဒီမှာ ဘာထိုင်လုပ်နေတာလဲ လို့ပေါ့ ချိ့နဲ့နဲ့ အားအင်လေးနဲ့ ထကာ ကတုန်ကယင် အသံလေးတွေနဲ့အမအိုပြောပုံက သားနဲ့ / သမီး လွှဲလိုက်တဲ့ ပိုက် ဆံလာထုပ်တာပါ ဘဏ်ရုံးမဖွင့်သေးလို့. ခနထိုင်စောင့်နေတာပါတဲ့ ၊၊ အမေ ဘာစားပြီးပြီလဲ မေးတော့ ဘာမှ့မစားရသေးပါဘူး သားရယ် မနက်ကတည်းက ရုံးဖွင်မည့် အချိန်ကို စောင့်နေတာလာပါ အမေ […]