အထွေအထွေဗဟုသုတ

အိမ်ငှားထားမယ်၊ အိမ်ငှားနေမယ်ဆိုရင် ဒါလေးတွေ မဖြစ်မနေသိထားပါ….

အိမ်ရှင် အိမ်ငှားနှင့် ပတ်သက်၍ သိထားသင့်သည့်အချက်များ အိမ်ရှင်နှင့် အိမ်ငှားတို့သည် ၁၉၆၀ ပြည့်နှစ် ငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေကို လိုက်နာကြရပါမည်။ ယင်း ဥပဒေ ပေါ်ပေါက်လာပုံမှာ ၁၉၄၄ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာနိုင်ငံ ၊ မြို့ကြီးများရှိ အိုးအိမ်အတော် များများ ပျက်စီးသဖြင့် အငှားချထားနိုင်သည့် ဥပစာများရှားပါးမှုကြောင့် အဆမတန်တက်ခဲ့သဖြင့် ၁၉၄၈ ခုနှစ်မြို့ပြ ၏ ဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး ဥပဒေကို ယာယီဥပဒေအဖြစ် ပြဋ္ဌာန်းခဲ့ပါသည်။ ၁၉၅၁ ခုနှစ် နောက်ပိုင်းတွင် ယင်းဥပဒေမှ အငှားချထားခြင်း ကိစ္စများအား ကင်းလွတ်ခွင့်ပြုခဲ့သဖြင့် အိမ်ရှင်များအဖို့ ပစ္စည်း လွဲှပြောင်းခြင်းအက်ဥပဒေပါ အခွင့်အရေးပြန်လည်ရရှိသော ခေါင်းထောင်လာပြန်သဖြင့် ၁၉၆၀ ပြည့်နှစ် မြို့ပြ ဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး ၏အက်ဥပဒေကို (၄-၅-၁၉၆၀) တွင် ပြဋ္ဌာန်းပြီး ယနေ့တိုင် […]

အေထြအေထြဗဟုသုတ

ဇနီးတွေရဲ့စိတ်ကို နားမလည်တဲ့ခင်ပွန်းများဖတ်ဖို့

ဇနီးတွေရဲ့စိတ်ကို နားမလည်တဲ့ခင်ပွန်းများဖတ်ဖို့ မိန်းမတစ်ယောက်က ယောကျာ်းတစ်ယောက်ကို အမှန်တကယ်ချစ်တဲ့အတွက်သာ ထိုယောကျာ်းနဲ့တစ်ဘဝသာ ဖြတ်သန်းဖို့အတွက် လက်ထပ်လိုက်ကြတာပါ။ လက်ထပ်လိုက်တဲ့အခါ သူမအပျိုဘဝက ဝတ်ခဲ့တဲ့ ဒေါက်မြင့်ဖိနပ်ကိုလည်း ချွတ်ချသွားနိုင်ပြီးဖိနပ်ပါးလေးနဲ့လည်း လမ်းကြမ်းကြမ်းမှာ လျှောက်ရဲပါတယ်။ မျက်နှာပြင်မှာ မိတ်ကပ်မရှိ နှုတ်ခမ်းနီလည်းမရှိပဲအဆီတဝင်းဝင်းနဲ့ မီးဖိုချောင်ထဲမှာ တကုပ်ကုပ်အလုပ်ရှုပ်ရင်း သူမရဲ့ယောကျာ်း အိမ်ပြန်လာချိန်ကိုထမင်းဝိုင်းပြင်ပြီး စောင့်မျှော်နေမိပါလိမ့်မယ်။ လက်မထပ်ခင်က အိမ်ကမင်းသမီးတစ်ပါးလို ဖူးဖူးမှုတ်ခံခဲ့ရပြီး ဘာမှမလုပ်တတ်ခဲ့ရင်တောင် သူမရဲ့ယောကျာ်းကို ချစ်တဲ့အတွက် အိမ်အလုပ်တွေကို သင်ယူပြီး အိမ်ဖေါ်တစ်ယောက်လို ကျိုးနွံစွာပြုစုကြ ပါလိမ့်မယ်။ သူမဟာ ခဝါသည်တစ်ယောက် မဟုတ်ပေမဲ့သူမချစ်တဲ့ ယောကျာ်းရဲ့အဝတ်စားကိုကိုယ်တိုင်ကိုယ်ကျလျှော်ဖွတ်မီးပူတိုက် ပြင်ဆင်ပေးပါလိမ့်မယ်။ အပျိုဘဝက ဝမှာစိုးလို့ ထိန်းထိန်းသိမ်းသိမ်းပြုစု ဂရုစိုက်ခဲ့တဲ့ ပိန်သွယ်နေတဲ့ခန္ဓာကိုယ်ကိုတောင် ပုံပျက်သွားမှာကိုလည်း မမှုပဲ သူချစ်တဲ့ယောကျာ်းအတွက် သားသမီးရတနာလေးတွေ မွေးဖွားပေး ပါလိမ့်မယ်။ နာနီတစ်ယောက်လို လခတွေမရပေမဲ့လည်းသူမချစ်တဲ့ ယောကျာ်းနဲ့မွေးဖွားလားတဲ့ ရင်သွေးအတွက် နေ့မအိပ်ညမအိပ် […]

အထွေအထွေဗဟုသုတ

fbသုံးနေတဲ့မိန်းကလေးများဖတ်ရန်တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ

fbသုံးနေတဲ့မိန်းကလေးများဖတ်ရန်ဖြစ်ရပ်မှန်ကိုအနည်းငယ်သာပြောင်း၍ရေးပါသည် တစ်နေ့ရုပ်ဖြောင့်ဖြောင့်လူလတ်ပိုင်းဓာတ်ပုံတင်ထားတဲ့အကောင့်တစ်ခု မက်ဆင်ဂျာကနေညီမလေး အစ်ကိုစကားနည်းနည်းပြောချင်လို့ ရလား “ဆိုပြီးစာဝင်လာတယ်။ အကူအညီတစ်ခုတောင်းချင်လို့ပါတဲ့ဟုတ်ကဲ့ လို့ရေးမိလိုက်တာနဲ့ဗွီဒီယိုကော ခေါ်တာခံလိုက်ရတယ်။ ရုပ်ဖြောင့်သလောက် အပြောကောင်းလွန်းလှတဲ့သူ့ စကားတွေကြားမှာဖုန်းကို ပိတ်မပစ်ရက်အောင်ဖြစ်ခဲ့ရပါတယ်။”အပျိုလား” ဆိုတဲ့သူ့စကားကကျမကို နည်းနည်း တုန်လှုပ်စေခဲ့တယ်။ခနလောက်ငိုင်နေပြီးမှကျမယောင်္ကျားနဲ့ ကျမ အတူတူတွဲရိုက်ထားတဲ့ ဓာတ်ပုံလေး တစ်ပုံ ပို့ပေးလိုက်တယ် ။ “ညီမတို့ ချစ်သူတွေလား “ဆိုတဲ့ မေးခွန်းလေးက ကျမကိုကြည်နူးသွားစေပါတယ်ဘေးနားမှာ အိပ်ပျော်နေရှာတဲ့သားလေးကိုမလုံမလဲ ကြည့်လိုက်မိတယ်ကျမယောကျား လူရိုးကြီးကတော့ယာတောကပြန်မလာသေးပါဘူး ကျမ ထင်လိုက်တာကတစ်ခါတည်းနားအေးအောင်ဆိုပြီးအမှန်ကိုချပြလိုက်တာမှ ပိုဆိုးသွားပါတယ် တိုတိုနဲ့လိုရင်းကိုပြောရရင်ကျမ တို့ နေ့တိုင်းဖုန်းပြောဖြစ်ခဲ့ပါတယ်။သူ့ဖုန်းမလာရင်ကျမကစခေါ်တတ်နေပါပြီကျမယောက်ျား လူရိုးကြီးကတောဘာမှမသိရှာပါဘူး။ သူ့ကတော့ ကျမကိုသိပ်ပြီးဂရုမစိုက်နိုင်ပါဘူးယာတောနဲ့အိမ် ကူးနေတာနဲ့သူ့ကျွဲတွေနဲ့တင် အချိန်ကုန်နေရှာတာပါ။ ထင်ထားတဲ့အတိုင်းမျှော်လင့်ထားတဲ့အတိုင်းသူက ကျမကို သိပ်ချစ်ကြောင်းတွေပြောလာပါတော့တယ်။ ကျမအဖြေကိုတော့မပြောတော့ပါဘူးသူကတစ်ဆင့်တက်လာပါတယ်ကန်တော့ပါရှင်လင်မယားတွေကြားမှပြောရမဲ့စကားတွေကိုတစ်တစ်ခွခွပြောလာပါတယ်။ အစကနားမထောင်ရဲပေမဲ့နောက်တော့စွဲလမ်းလာပါတော့တယ်။ နောက်ဆုံးတော့အပြင်မှာတွေ့ချင်တယ်တဲ့။ ကျမယောက်ျားနဲ့သားလေးမျက်နှာကိုဖြတ်ကနဲ မြင်ယောင်မိတယ်။ ကျမယောက်ျားကကျမကိုသိပ်ချစ်ရှာပါတယ်။ သူရှာဖွေထားသမျှ ကျမကိုအကုန်အပ်တယ်။ ကျမပျင်းနေမှာစိုးလို့ဆိုပြီးဖုန်းကိုတောင်သူမကိုင်ဘဲကျမကိုပဲပေးကိုင်ရှာတာပါ။ ငွေဆိုလည်းမစားရက် မသောက်ရက်နဲ့သိန်းနှစ်ဆယ်လောက်စုမိနေပါပြီ။ […]

အထွေအထွေဗဟုသုတ

”အညံ့ဝင်နေသူများ ကုသိုလ်ကံကို မြင့်တက်စေရန် မကြာခဏလုပ်ပေးသင့်သော လိုအင်ပြည့်ရာ – ဓါတ်ကြီးလေးပါးယတြာ”

ကောင်းတဲ့ ကုသိုလ်ကံကို မြင့်တက်စေရန် အလိုငှာနှင့် မကောင်းတဲ့အကုသိုလ် ကံကို နည်းပါးပယ်ပျောက်စေရန် အလို့ငှာ ဘုရား ယတြာကို မကြာခဏလုပ်ပေးဖြစ်ပါတယ်။ အဲဒီ ယတြာတွေကတော့- ၁။ ခင်ပွန်းကြီး (၁၀) ပါးကန်တော့ခြင်း။ ၂။ ဓာတ်ကြီးလေးပါး ဆွမ်းတော်ကပ်ခြင်း။ ၃။ ရေလမ်း၊ ပန်းလမ်း၊ အလင်းလမ်းတို့ဖြင့် မဟာပဌာန်း ပူဇော်ခြင်းတို့ပဲဖြစ်ပါတယ်။ လိုအင်ပြည့်ရာ – ဓါတ်ကြီးလေးပါးယတြာ ဓာတ်ကြီးလေးပါး ဆိုသည်မှာ- ပထ၀ီဓာတ်-(၂၀) ပါး အာပေါဓာတ်က-(၁၂)ပါး တေဇောဓာတ်က အပါး(၄)ပါး ၀ါယောဓာတ်က အပါး (၆)ပါး တို့ဖြစ်ပါသည်။ လုပ်ရမည့်နေ့. မိမိ မွေးရက် နံနက်အာရုံတက်ချိန် ပြင်ဆင်ပုံ……. ခုံတစ်လုံးပေါ်မှာ စာပွဲခင်း ဖြူဖြူသန့်သန့် ခင်းရမယ်။ ပြီးတော့ အဲဒီ ခုံပေါ်မှာ အောက်ပါ ပစ္စည်းတွေ ပြင်ဆင်ထားရမယ်။ […]

အထွေအထွေဗဟုသုတ

အိမ်ဆောက်နေတုန်း အုတ်ခဲ လာတောင်းရင် လုံးဝ မပေးလိုက်ပါနဲ့ ..

ကျွန်တော့်ကားပျက်သွားလို့ ကားပြင်ဖို့ ဝပ်ရှော့ကို ပို့ထားလိုက်ရတယ်။ ဒါကြောင့် မြို့ပတ်ရထားစီးပြီး အလုပ်သွားဖို့ အိမ်နဲ့ သိပ်မဝေးတဲ့ ဘူတာရုံကို လမ်းလျှောက်သွားလိုက်တယ်။ဘူတာရောက်တော့ ရထားလာဖို့ စောင့်နေတုန်း ဘူတာရုံပလက်ဖေါင်းပေါ်မှာ ခွက်လေးတစ်လုံး ရှေ့ချပြီး ငုတ်တုပ်လေး ထိုင်နေတဲ့ အသက် ၅၀ အရွယ် လူကြီးတစ်ယောက်ကို သတိထားမိလိုက်တယ်။ သူဟာ အဝတ်အစား နွမ်းနွမ်းပါးပါးကို ဝတ်ထားတယ်။ သူ့မျက်နှာမှာ ထမင်းအလွန်ဆာနေပုံ ပေါ်နေတယ်။ ဒါပေမဲ့ သူ့ရုပ်ရည်ဟာ သန့်ပြန့်လို့ သူတောင်းစားတစ်ယောက် မဟုတ်လောက်ဘူးလို့ ကျွန်တော်တွက်မိတယ်။ ကျွန်တော်လည်း သူ့ကို သနားတာနဲ့ ဘူတာရုံဘေးက ထမင်းတစ်ထုတ်ဝယ်ပြီး သူ့ဆီ သွားပေးလိုက်တယ်။ ဒီအချိန်မှာ ရထားဝင်လာလို့ သူ့ကို စကားမပြောနိုင်ဘဲ လက်ထဲက ထမင်းထုတ်ကို ပေးပြီး ရထားပေါ် အမြန်တက်လိုက်တယ်။ ကျွန်တော် လှမ်းကြည့်လိုက်တော့ သူဟာ […]

အေထြအေထြဗဟုသုတ

သမ္ဗုဒ္ဓေဂါထာတော်ဂါထာတော်ကြီးအား အကျိုးရှိအောင် ကျင့်ဆောင်လိုလျှင်

သမ္ဗုဒ္ဓေဂါထာတော်ကျင့်ဆောင်နည်း ရေသောက်လျှင် ရေခွက်ကို နှုတ်ခမ်းနား ၁ – လက်မ အကွာထား၍ သမ္ဗုဒ္ဓေဂါထာတော်အား (၉) ခေါက် ပူဇော်ပြီး မှ သောက်ပါ ။ ထမင်းစားလျှင် ထမင်းပုဂံကို နှုတ်ခမ်းအနားမှာ …၁ – လက်မ အကွာ ထား၍ သမ္ဗုဒ္ဓေဂါထာတော်အား ( ၁၂ )ခေါက်ရွတ်ပြီး မှ စားပါ ။ ဤကဲ့သို့ နေ့စဉ် ရက်မပျက်စေပဲ ကျင့်ဆောင် သွားပါလျှင် …ပြောတိုင်း ဆိုတိုင်းအောင်မြင်စေ၏ ။ ဘေးရန်အန္တရာယ် ကင်းဝေးစေ၏ ။ သြဇာအာဏာ တည်စေ၏ ။ သမ္မာဒေဝနတ်များ လောကပါလနတ်များ အမြဲ စောင့်ရှောက်ရ၏။ တစ်ပါးသူတို့က မိမိ အား မကောင်းမကြံနိုင် ။ ဘေးဘယာ ၊ […]

အထွေအထွေဗဟုသုတ

ယောက်ျားလေးများ ယူသင့်သော မိန်းမ (၁၀) မျိုး..

(၁). အနာရောဂါကင်းရှင်းပြီး အနေအထိုင်သိမ်မွေ့သန့်ရှင်းသော မိန်းမ (၂). မိဘအား ပြုစုလုပ်ကျွေးလိုစိတ်ရှိပြီးကိုယ့်ထက်အကြီးများအား လေးစားစွာ ဆက်ဆံတတ်ပြီးကိုယ့်ထက် အငယ်များအား အရာရာနားလည်ထိန်းကျောင်းပေးတတ်သော မိန်းမ (၃). ပုံမှန်အားဖြင့် ယောကျာ်းဆို စိတ်မ၀င်စားတတ်..ကိုယ်နဲ့တွေ့မှ အိမ်ထောင်ပြုခြင်း လက်ထပ်ခြင်းအမှုကိုစဉ်းစားဖြစ်သော မိန်းမ (၄). အရာရာကို လွယ်လွယ်မယုံ ဥာဏ်နဲ့ယှဉ်ကာ ဆုံးဖြတ်လုပ်ကိုင်တတ်သော မိန်းမထိုအသိဥာဏ်အတွေ့အကြုံ လောကအမြင်များကိုလဲသားသမီးများအား သွန်သင် လမ်းညွှန်ပြနိုင်သော မိန်းမ (၅). ဟိုးအောက်ဆုံးအဆင့်ကနေ ..ဟိုးအမြင့်ဆုံးအထိ ..ယောကျာ်းဖြစ်သူရဲ့ အလုပ်အကိုင် အဆင့်အတန်းရာထူးဂုဏ်ရှိန်ဝါနဲ့ အညီ လိုက်လျောညီစွာနေထိုင် ပြုမူတတ်ပြီး .. ဘယ်ဘ၀ရောက်ရောက်ပေါင်းသင်းမည့် မိန်းမ (၆). မာန်မာန မတက်.. ကြွားဝါးလိုခြင်း အလျဉ်းမရှိ..ရိုးသားဖြူစင်စွာ နေတတ်သော မိန်းမ (၇). အချက်အပြုတ် အိမ်သန့်ရှင်းရေး .. မိသားစု ငွေကြေးကိုစီမံခန့်ခွဲနိုင်မှု သားသမီးများအား […]

အထွေအထွေဗဟုသုတ

ခြေချောင်းလေးတွေ တစ်ခုချင်းဆီက ပြောပြနေတဲ့စိတ်နေသဘောထားလေးတွေ………

ခြေချောင်းလေးတွေ တစ်ခုချင်းဆီက ပြောတဲ့ စာဖတ်သူတို့ရဲ့ စိတ်နေသဘောထားလေးတွေကို နည်းနည်းလေး မျှဝေပေးချင်ပါတယ်။ ၁။ ခြေမ ခြေမက တခြားခြေချောင်းတွေထက် ပိုရှည်နေရင် သင်တာ တော်တယ်၊ ဥာဏ်ကောင်းတယ်၊ တီထွင်းမှုစွမ်းရည်ကောင်းတယ်။ ဒါ့ကြောင့် ပြဿနာတွေကို ဖြေရှင်းနိုင်တယ်။ တစ်ခုခုဆို အာရုံစိုက်နေဖို့ ခက်ခဲပေမယ့် သင့်လုပ်ရမယ့်အရာ မပြီးမချင်း သင်မနားတမ်းလုပ်လေ့ရှိတတ်တယ်။ ခြေမက တခြားခြေချောင်းတွေထက် ပိုသေးနေရင်တော့ သင်ဟာ စွယ်စုံရတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် စာအုပ်ကြီးအတိုင်းပဲ လုပ်တတ်တဲ့သူပါ။ ၂။ ခြေညိုး သင့်ရဲ့ ခြေညိုးလေးက တခြားခြေချောင်းလေးတွေထက် ပိုရှည်နေရင် သင်ဟာ ခေါင်းဆောင်တစ်ယောက်ရဲ့ ရည်အချင်းရှိတယ်။ လူတွေကို စီမံခန့်ခွဲ အုပ်ချုပ်ရာမှာ တော်တယ်။ လုံ့လရှိတယ်။ ၀ိရိယရှိတယ်။ သင်ယုံကြည်တဲ့အရာအပေါ် မားမားမတ်မတ် ရပ်တည်တယ်။ သင့်ရဲ့ ခြေချောင်းက တခြားခြေချောင်းလေးတွေထက် […]

အထွေအထွေဗဟုသုတ

နှုတ်ခမ်းတစ်ဝိုက်မှာ မှဲ့ပါတဲ့ သူလေးများရဲ့ အမူအကျင့်များ….

နှုတ်ခမ်းတစ်ဝိုက် ”မှဲ့” ပါတဲ့သူ အများစုဟာ သနားစရာ၊ ချစ်စရာ အလွန် ကောင်းကြပါတယ်။သူတို့တွေဟာ အပြင်ပန်းမှာ ခက်ထန် ကြမ်းတမ်းတယ် ထင်ရပေမယ့်အတွင်းစိတ် သဘောထားကတော့ အလွန် နူးညံ့ သိမ်မွေ့ပါတယ်?ပွစိပွစိလုပ်တာကတော့ ဝါသနာပါ..။ သူများကို ကူညီလိုက်လို့ ကိုယ့်မှာ သုညဖြစ်သွား ခဲ့ရင်တောင် ကိုယ်ကူညီလိုက်တဲ့သူ အဆင်ပြေနေတယ်ဆိုရင် ကြည်နူးပီတိ ဖြစ်နေတတ်တဲ့ သူတွေပါနှုတ်ခမ်းတစ်ဝိုက် ”မှဲ့” ပါတဲ့သူတွေဟာ စေတနာလည်း အရမ်းကောင်းသလို သံယောဇဉ်လည်း အလွန်ကြီးကြတဲ့ သူတွေပါ။သူတို့ဟာ စိတ်ဆိုးစိတ်ကောက်လည်း လွယ်ပါတယ်..။ ခဏခဏလည်း စိတ်ဆိုးစိတ်ကောက် တတ်ပါတယ်စိတ်ကောက်လည်း ခဏပဲ။ ချော့မယ့်သူရှိရင်တော့ ဟန်အမူပိုပြီး ဆက်ပြီးတော့ စိတ်ကောက်ဟန်… ဆောင်နေတတ်ပါတယ် ။ချော့မယ့်သူ မရှိရင်တော့ သူ့အလိုလို ပျော့သွားရောနှုတ်ခမ်းတစ်ဝိုက် ”မှဲ့” ပါတဲ့သူဟာ ချစ်သူအပေါ်မှာလည်း ကလေးတစ်ယောက်လို ဆိုးနွဲ့ချင်ကြပါတယ်..။ အချစ်လည်း […]

အထွေအထွေဗဟုသုတ

“အိမ်မက် မက်ခြင်းဆိုင်ရာ နိမိတ်များ ”

“အိမ်မက် မက်ခြင်းဆိုင်ရာ နိမိတ်များ အဟော” “အိမ်မက် မက်သော အခါ (၄) ပါး” ၁။ နေ့အခါ မက်ခြင်း (မှန် – မမှန်) ၂ပါး ၂။ ညဥ့်ဦးယံ မက်ခြင်း (မှန် – မမှန်) ၂ပါး ၃။ မိုးသောက်ယံ မက်ခြင်း – (အမှန်) ၄။ အာရုဏ်တတ် မက်ခြင်း – (အမှန်) “တစ်နည်း အိမ်မက်သောအခါ (၅) ပါး” ၁။ ညဥ့်ဦးယံမက်ခြင်း ၁ နှစ်အတွင်း အကျိုးအပြစ် ပေးသည်။ ၂။ မိုးသောက်ယံမက်ခြင်း ၂ နှစ်အတွင်း အကျိုးအပြစ် ပေးသည်။ ၃။ အာရုဏ်တတ်မက်ခြင်း ၁ လအတွင်း အကျိုးအပြစ်ပေးသည်။ ၄။ […]