မိဘတွေအတွက် ကလေးတွေကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာကို စားခိုင်းဖို့ဆိုတာ မလွယ်ပါဘူး။ ကလေးက အချိုအချဉ်တွေပဲ ကြိုက်တတ်တာမို့ ကိုယ်ခံအားကောင်းတဲ့ အစားအစာတွေ၊ ခန္ဓာကိုယ်ဖွံ့ဖြိုးတဲ့ အစားအစာတွေ ကျွေးရင် မစားချင်ကြပါဘူး။ ဒီလို အစားအစာတွေက ခါးတဲ့အပြင် ရုပ်အဆင်းလဲမလှ ကလေးတိုင်းကလည်း မကြိုက်ကြပါဘူး။ ထူးခြားတာ တစ်ခုက ဂျပန်က ကလေးတွေကတော့ ဂျီးမများ တတ်ကြတဲ့အပြင် ထမင်းစားပွဲဝိုင်းတွေမှာလည်း ညစ်ပတ်အောင် မလုပ်ကြပါဘူး။ ဒါကြောင့် love media ကနေ ဂျပန်လူမျိုးတွေက သူတို့ရဲ့ကလေးတွေကို ဘယ်လိုထိန်းကျောင်းလဲ ဆိုတာကို ဒီနေ့မှာ ပြောပြပေးသွားပါမယ်နော်။ ၁။ အရသာ အသစ်အဆန်းတွေကို အမြဲတမ်း စားခိုင်းတယ်။ ကလေးလေးတွေဟာ အစားအစာ တစ်ခုတည်းကို အမြဲတမ်း ကျွေးနေရင် ငြီးငွေ့လာပြီး နောက်ပိုင်း ဒီအရာကို မစားချင်တော့ပါဘူး။ ကလေးတစ်ယောက်ဟာ […]
အေထြအေထြဗဟုသုတ
လူသိနည်းတဲ့ အိမ်ဆောက်ရာတွင် လှေကားအကြောင်း သိကောင်းစရာ
လူသိနည်းလှတဲ့လှေကားအဆံ တပ်ဆင်ခြင်း သိကောင်းစရာမျှဝေပါတယ်။ ရှေ့ထုံးလည်းမပယ်နဲ့ စျေးသုံးလဲမကြွယ်နဲ့စကားမျိုးလိုပါပဲ။ အိမ်တစ်အိမ်ဆောက်ရာတွင်း အဓိကအရေးကြီးတာ အိမ်လှေကား ပြုလုပ်ခြင်းပါပဲ။ ရှေးကျမ်းဆရာတို့သည် စုံ မ နှစ်ခုလုံး တပ်ကောင်း၏ဟုဆိုသည် လက်သမား ကျမ်းဆရာတို့က မကိုသာ တပ်စေပါတယ်။ လက်သမား ဆရာကြီးများမှာ စုံတပ်သည်လည်း ရှိတယ် ။မ တပ်သည်လည်း ရှိပါတယ်။အဘယ်ကြောင့်ဆိုသော် ပထမအထစ်မှ [လာဘံ ၊သုခံ ၊မရဏံ ၊လာဘ သု ခ မရဏ] တွက်ယူကာ မရဏံ မရဏ ကို ရှောင်ပါတယ်။ ပထမထစ်က လာဘဒုတိယထစ္က သုခတတိယထစ်ကမရဏ လာဘက လာတ်လာဘ ပေါများခြင်း။ သုခက ကြွယ်ဝချမ်းသာခြင်း။မရဏက ဆုတ်ယုတ်ပျက်စီးခြင်းနဲ့ ကြုံတွေ့ရလိမ့်မယ်တဲ့ ။ လာဘက ၁ထစ် ၊ ၄ ထစ်၊ ၇ […]
သင့်ရဲ့ နာမည်မှာ ”M” ပါခဲ့ရင်
သင့်ရဲ့ နာမည်မှာ ”M” ပါခဲ့ရင် ဒီစိတ်ထားလေးတွေ ရှိတယ်ဆိုတာ ဟုတ်လား…ဖြေကြည့်လိုက်နော် ရယ်လိုက်ရင် အသေချစ်ဖို့ကောင်းတာ 9+(နာမည်မှာ ”M” ပါတဲ့ သူတွေရဲ့ အဓိက လျုှိ့ဝှက် လက်နက် တစ်ခုပဲ) လူ တစ်ဖက်သားကို ကူညီတတ်တဲ့ စိတ်က မွေးရာပါပဲ( အဲ့ဒီ အားနည်းချက် ကိုမှ အသုံးချ သွားတဲ့ သူတွေက ရှိသေး ) သဘောထား ကြီးပြီး ခွင့်လွှတ်လွယ် တတ်တယ်( ဒေါသထွက်လည်း ခဏပဲ ပြီးရင် သူမဟုတ် သလိုနဲ့ ) နောက် နာမည်မှာ ”M” ပါနဲ့ သူတွေရဲ့အားသာ ချက်က ခလေး ဆန်လွန်းတဲ့ အပြုအမူ လေးကြောင့် ချစ်မိ သွား လိမ့် မယ်…( နေတတ် […]
သံပုရာပင် အပွင့်တွေပွင့်ပေမယ့် အသီးမတင်ရင် ဒါတွေလုပ်ပေးပါ
သံပုရာပင်တွေ အသီးတင်ဖို့ ဘာတွေလုပ်ဖို့လိုလဲ သံပုရာပင်စိုက်တဲ့ ဦးကြီးတချို့ စိုက်ထားတာ (၃-၄) နှစ်ရှိပြီ အပွင့်တွေလည်း ပွင့်တဲ့အခါ ပွင့်ပေမယ့် အသီးမတင်ဘူး ကြုံတွေ့နေပါသလား။ ဒါဆိုရင်တော့ အောက်ကအချက်တွေ လုပ်ဖို့ လိုအပ်နေပါပြီဗျ။ ၁။ နေရောင်ခြည် သံပုရာပင်က အသီးတွေ မသီးခင်အချိန်မှာ နေရောင်ခြည်ကောင်းကောင်းရဖို့လိုပါတယ်ဗျ။ နေရောင်ကောင်းစွာမရရင်တော့ ပန်းလည်းများများစားစားပွင့်မှာ မဟုတ်ပါဘူး။ ပန်းမပွင့်ရင်တော့ အသီးလဲ မတင်တော့ပါဘူး။ သံပုရာပင်က တစ်ရက်ကို အနည်းဆုံး (၆)နာရီလောက် နေရောင်ရဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ဦးကြီးတို့ရဲ့ သံပုရာပင်တွေက အရိပ်အောက်ရောက်နေတယ်ဆိုရင်တော့ အရိပ်ဖြစ်စေတဲ့အပင်တွေကို ကိုင်းချိုင်တာမျိုးလုပ်ပြီး အလင်းရရှိအောင် လုပ်ပေးလိုက်ပါ။ ၂။ ရေ အသီးတင်ဖို့ ဒုတိယအရေးကြီးဆုံးအချက်ကတော့ ရေရရှိမှုပါ။ ရေကို လုံလုံလောက်လောက် ပေးသွင်းခြင်းကသံပုရာသီးတွေ အထွက်ကောင်းဖို့ ကူညီပါလိမ့်မယ်။ စိုက်တဲ့မြေကလည်း ရေစီးရေလာကောင်းတဲ့မြေ […]
မနက်အိပ်ရာနိုးနိုးချင်း လုံးမပြုလုပ်သင့်တဲ့ အချက် ( ၅ ) ချက်
မနက်အိပ်ရာနိုးနိုးချင်း လုံးမပြုလုပ်သင့်တဲ့ အချက် ( ၅ ) ချက် 1-Alarms မနက်မိုးလင်း အိပ်ရာထရတဲ့အချိန်ဟာ လူအတော်များများအတွက်တော့ တကယ့်ကို အဆိုးရွားဆုံးအချိန်ပါပဲ ။တစ်နေ့တစ်နေ့ကြားနေရတဲ့ Alarms သံကိုမုန်းနေတဲ့သူ ဘယ်လောက်များပြီလဲ ။ Alarms သံကြားတာနဲ့ နာရီကို ကိုင်ပေါင်ပြီး စောင်အောက်ထဲပြန်ဝင်ချင်စိတ်ပေါက်နေတာ ဘယ်လောက်များခဲ့ပြီလဲဆိုတာ ကိုယ်တိုင်သိကြမှာပါ ။ဒါပေမယ့်လည်း တာဝန် နဲ့ ဝတ္တရားတွေရှိတဲ့အတွက် မဖြစ်မနေထရတာပဲ ။ဒီလိုမျိုး စိတ်ပျက်စရာအခြေအနေမျိုးမှာ ဘယ်လိုကိစ္စတွေကို မပြုလုပ်ပဲ ရှောင်ရှားသင့်သလဲ ။ 2-Snooze နောက်ငါးမိနစ်လောက်…..ဆိုတာဟာ အတော်ကို ဆိုးပါတယ် ။အိပ်ရာနိုးနိုးချင်း ရေမိုးချိုးတာမျိုး ချက်ချင်းလုပ်ဖို့မလိုအပ်ပေမယ့် ပွင့်နေတဲ့ မျက်လုံးကိုတော့ ပြန်မမှိတ်လိုက်သင့်ပါဘူး ။ တကယ်လို့ Snooze ခလုတ်ကို နှိပ်ပြီး ပြန်အိပ်ပျော်သွားရင်တော့ သင်ဟာ အစကနေပြန်အိပ်သလို ဖြစ်သွားပါလိမ့်မယ် […]
နာမည်မှာ“သ” ပါတဲ့သူတွေရဲ့ စိတ်နေသဘောထား
နာမည်မှာ “သ´´ ပါတဲ့သူတွေက စိတ်ကြီးတယ် ဒေါသဖြစ်လာရင် ဘယ်သူကိုမှဘယ်အရာကိုမှ ထည့်မစဉ်းစားဘူးထည့်လဲ မတွက်တတ်ဘူး ဒါပေမယ့် ပြောပီး လုပ်ပီးသွားလို့သူမှားနေတဲ့ကိစ္စကိုလဲပြန်တောင်းပန်ဖို့ ဝန်မလေးတတ်ကြဘူး။ စိတ်နာအောင်တော့ လာမလုပ်နဲ့သေတဲ့အထိ မှတ်ထားတတ်တယ် အငြိုးအတေးလဲ ကြီးတယ် အပေါ်ယံခင်မင်တာ မလိုလားဘူးသူငယ်ချင်း အစစ်ပဲ လိုချင်ကြတယ် ယောင်လို့တောင်နာမည်မှာ`သ´ပါတဲ့သူကို အရွဲ့မတိုက်မိစေနဲ့ သူများတွေ ရွဲ့တာထက် အဆပေါင်းများစွာ ပြန်ရွဲ့တတ်တယ်။ သနားအောင်ပြောလာရင်အိတ်ထဲရှိတဲ့ ပိုက်ဆံကိုယ် မသုံးရရင် နေပါစေပေးပြစ်တတ်တယ် မပေးချင်ဘူး ကြည့်မရဘူးဆိုရင် အဲ့လူဘာဖြစ်နေပါစေလှည့်ကို မကြည့်တော့ဘူး လိမ်တာ ညာတာ အရမ်းမုန်းတယ် ဒါပေမဲ့ သူငယ်ချင်းများ အပေါ်မှာတော့ ဟာသတွေ ရယ်စရာတွေပြောပြီး စနောက် တတ်ကြတယ် အနေအေးတယ် တခြားသူတွေကိုဆို ပြုံးပြဖို့ မပြောနဲ့ မျက်နှာထားက ခပ်တည်တည်နဲ့ တေလာကလုံး သူ့လုပ်စာ စားနေ ကြတဲ့အတိုင်းပဲ […]
သနပ်ခါးလိမ်းတဲ့ မိန်းခလေးတိုင်း သိဖို့ အရေးကြီးတဲ့ အချက်လေးတွေ
သနပ်ခါးလိမ်းတဲ့ မိန်းခလေးတိုင်း သိဖို့ အရေးကြီးတဲ့ အချက်လေးတွေ မေမေ ပြောပြတဲ့ ပျိုမေတို့ အကြိုက် သနပ်ခါး ကျောက်ပျဉ် သနပ်ခါး ကျောက်ပြင် အသစ်ဆို ရေလေး ဆေးလိုက်ပြီး သနပ်ခါးတုံး သွေးထည့်လိုက်တာပဲ… အဲသလို လုပ်လို့မရပါဘူး… ကျောက်သား အစစ်ကို ထွင်းထားတဲ့ ကျောက်ပျဉ် ဖြစ်ဖြစ် ဘိလပ်မြေ လိုမျိုးကို ပုံပြုထားတဲ့ ကျောက်ပျဉ်ဖြစ်ဖြစ် ပထမဦးဆုံး အသုံးမပြုခင်မှာ ဝယ်လာတဲ့ ကျောက်ပျဉ်ကို ရေစင်စင်ဆေးပြီး ကျောက်ပျဉ်ကို ရေပုန်းထဲကို ထည့်ပြီး ရေနဲ့ တစ်ည စိမ်ထားပါ… နောက်တစ်ရက်မှာ နနွန်းတက်နဲ့ ဆီ + ဆားနဲ့ကို သွေးပြီး တစ်နေကုန် နေလှမ်းထားရပါတယ်… ဆီခြောက်တော့မှ သနပ်ခါးကျောက်ပျဉ်ကို ရေထပ်ဆေးပြီးမှ မိမိကြိုက်နှစ်သက်ရာ သနပ်ခါးတုံးကို သွေးရပါတယ်… ထွက်လာတဲ့ […]
စိတ်ကောင်းရှိတဲ့သူတွေမှာသာ တွေ့ရတတ်တဲ့ လက္ခဏာ (၅)ခု
စိတ်ကောင်းရှိတဲ့သူတွေမှာသာ တွေ့ရတတ်တဲ့ လက္ခဏာ (၅)ခု လူတစ်ယောက် အသက်ရှင်သန်ရပ်တည်ဖို့ရာ ပညာတတ်ဖို့၊ ပေါင်းသင်းဆက်ဆံရေးကောင်းဖို့၊ ထက်မြက်ဖို့ စတဲ့အချက်တွေ လိုအပ်တယ်ဆိုပေမယ့် တကယ်တမ်းအလိုအပ်ဆုံးအချက်ကတော့ စိတ်ကောင်းရှိဖို့ပါနော်။ စိတ်ကောင်းရှိဖို့ဆိုတာ လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့နက်ပါတယ်။ ဘာလို့လဲဆိုတော့ စိတ်ကောင်းရှိတယ်ဆိုတာ ဟန်ဆောင်လို့မရလို့ပါ။ စိတ်ကောင်းရှိသူတွေမှာ တွေရတဲ့ အချက်ကလေးတွေကို ဖော်ပြပေးလိုက်မယ်နော် ၁- ရိုးသားတယ် စိတ်ကောင်းရှိတဲ့သူတွေဟာ သူတို့နဲ့ပတ်သက်တဲ့သူတိုင်းအပေါ်မှာ ရိုးသားတယ်။ ကိုယ့်စိတ်ရင်းအတိုင်း ဆက်ဆံတတ်တယ်။ ဟန်မဆောင်တတ်ဘူး။ လူတစ်ယောက်ရဲ့အရှေ့မှာပဲဖြစ်ဖြစ်၊ ကွယ်ရာမှာပဲဖြစ်ဖြစ် ရိုးသားစွာဆက်ဆံတတ်တယ်။ ၂- သူများအတွက်တွေးပေးတတ်တယ် စိတ်ကောင်းရှိတဲ့သူတွေဟာ ကိုယ့်ကိုယ်ကိုအရမ်းဦးစားပေးတဲ့ အတ္တသမားတွေမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုနှိမ့်ချပြီး သူများအတွက်တွေးပေးတတ်တဲ့သူတွေဖြစ်ပါတယ်။ ၃- အားနာတတ်တယ် သူများက အကူအညီတစ်ခုတောင်းလာရင် ငြင်းလိုက်ရမှာစိုးပြီး တတ်နိုင်သလောက် ကူညီတတ်ပါတယ်။ ဒီလိုကူညီတတ်တယ်ဆိုတာကလည်း အားနာလို့ဖြစ်ပြီး အဲ့လိုအားနာတယ်ဆိုတာကလည်း အ လို့မဟုတ်ဘဲ စိတ်ကောင်းရှိလို့ဖြစ်ပါတယ်။ ၄- […]
စိတ်ကူးယဉ်ဆန်တတ်တဲ့ စက်တင်ဘာလ မွေးဖွားသူများ အကြောင်း (မင်းသိင်္ခ)
စက်တင်ဘာလ တွင် မွေးဖွားသူများအကြောင်း စက်တင်ဘာလဖွားတွေဟာ အလွန်ယဉ်ကျေးကြတယ်။ သူတို့ကို ဆန့်ကျင်တဲ့စကားတွေကြားခဲ့ရင်တောင် ယဉ်ကျေးစွာတုံ့ပြန်လေ့ရှိတယ်။ သူတပါးကို မိမိကြောင့်ထိခိုက်နာကျင်မှာ အလွန်စိုးတယ်။ ရှေ့နေ နဲ့ ဆရာမအလုပ်ကို စက်တင်ဘာ လဖွားအများစုမှာတွေ့ရလေ့ရှိတယ်။ သူတို့ဟာမည်သည့်ကိစ္စမဆို အမှန်တရားဘက်မှာသာ အမြဲရပ်တည်လေ့ရှိတယ်။ စက်တင်ဘာ လဖွားတွေဟာသက်ရှိသက်မဲ့အရာဖြစ်နေပါစေ အလှပတရားကို ခံစားတတ်တဲ့ မျက်လုံးတစုံပိုင်ဆိုင်ကြသူများဖြစ်တယ်။ အိမ်လှလှလေး ပန်းစည်းလှလှလေး တွေနဲ့ အမြဲစိတ်ကူးယဉ်ဆန်နေတတ်တယ်။ အတွေးလွန်ပြီး စိုးရိမ်ပူပန်တတ်တယ်။ သူတို့ဟာပြသနာတစ်ခုကို အချိန်ယူပြီး ဖြေရှင်းတတ်တယ်။ အလုပ်ဘယ်လောက်များများ သူတပါးအကူညီမယူပဲ ကိုယ့်ခြေကိုယ့်လက်နဲ့ အလုပ်လုပ်ရတာ ပိုနှစ်သက်တယ်။ စက်တင်ဘာလဖွားတွေဟာအချစ်ရေးမှာလဲ ဆွဲဆောင်မူရှိပြီး အလွန်ချစ်တတ်တယ်။ မိမိလက်တွဲဖော်ကို နားလည်မူတွေနဲ့အတူ အချစ်ကို ကောင်းကောင်းဖော်ပြတတ်သူတွေဖြစ်တယ်။ အစားသောက်ကောင်းတွေ ခုံမင်တယ်။ ခရီးသွားရင်း အစားသောက် အရသာသစ်တွေကို မြည်းစမ်းရတာနှစ်သက်တယ်။ သူတို့ဟာကားနဲ့လမ်းတွေကို ငေးရင်း ခရီးသွားရတာ ရူးသွပ်တယ်။ […]
ပေါတောတောနေတဲ့သူတွေကို လုံးဝလျှော့မတွက်သင့်တဲ့ အကြောင်းအရင်း (၅) ချက်
ပေါတောတောနေတဲ့သူတွေကို လုံးဝလျှော့မတွက်သင့်တဲ့ အကြောင်းအရင်း (၅) ချက် တစ်ခါတလေမှာ ပေါတောတောနေတတ်တဲ့သူတွေဟာ..ဘဝကိုလေးလေးနက်နက်မရှိဘူး၊ ခံစားချက်မရှိဘူးလို့အထင်ခံရတတ်ပါတယ်။ ဒါပေမယ့်လည်း ဒီလိုမဟုတ်ပါဘူး..ပေါတောတောနေတဲ့သူတွေကို လုံးဝလျှော့မတွက်သင့်တဲ့ အကြောင်းရင်းတွေကိုဖော်ပြ ပေးလိုက်ပါတယ်။ (၁) လူတွေရဲ့စိတ်ကို အလွယ်တကူမြင်နိုင်တယ် ပေါတောတောနေတတ်တဲ့သူတွေဟာ ဘာကိုမှမစဉ်းစားပဲ နေတတ်တဲ့သူတွေလို့ ထင်ရတတ်ပါတယ်။ဒါပေမယ့်လည်း မဟုတ်ပါဘူး။ အသေးစိတ်ကအစ ကောင်းကောင်းဝေဖန်သုံးသပ်တတ်တဲ့ သူတွေပါ ဒါကြောင့်လူတွေရဲ့ စိတ်ကို အလွယ်တကူမြင်နိုင်ပါတယ်။မျက်နှာဖုံးတွေ နောက်ကွယ်မှာ ဘယ်သူကောင်းလဲ၊ ဘယ်သူဆိုးလဲဆိုတာကို ကောင်းကောင်းသိနိုင်တဲ့သူတွေပါ။ (၂) ဖုံးကွယ်ထားတဲ့စိတ်ခံစားချက်တွေရှိတယ် ပေါတောတောနေတတ်တဲ့သူတွေမှာ ဖုံးကွယ်ထားတဲ့ စိတ်ခံစားချက်တွေ ရှိပါတယ်သူတို့ရဲ့ ဘဝမှာ ဒီလိုပေါတောတောနေလိုက်ဖို့ ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းရင်းတွေလည်း ရှိနေတတ်ပါတယ်။ သာမန်လူတွေတောင် မခံစားနိုင်လောက်တဲ့ စိတ်ဒဏ်ရာတွေလည်းရှိနေတတ်ပါတယ်။ (၃) လူတွေကိုပျော်ရွှင်စေနိုင်တယ် ပေါတောတောနေတဲ့သူတွေဟာ လူတွေကို ပျော်ရွှင်စေချင်တဲ့သူတွေဖြစ်ပြီး ပျော်အောင်လည်း တကယ်လုပ်နိုင်တဲ့သူတွေပါ။ လူတွေကိုပျော်ရွှင်စေချင်တဲ့အတွက် ကိုယ့်ရဲ့ ခံစားချက်တွေကို […]









