အထွေအထွေဗဟုသုတ

ညအိပ်ရင် ဘယ်ဘက်စောင်းပြီး အိပ်ဖြစ်အောင် အိပ်ပါ

သင်ညအိပ်ရင် ဘယ်ဘက်ကို စောင်းအိပ်တတ်တဲ့ သူတစ်ယောက် ဆိုရင်တော့ ထီပေါက်တာထက် ပိုပြီးတန်ဖိုးရှိသွားပါပြီဘာကြောင့် ဒီလိုမေးရသလဲဆိုတော့ သင်ရဲ့အိပ်စက်ပုံဟာ သင်ရဲ့စိတ်နဲ့ကိုယ် ကျန်းမာရေးအတွက် အရမ်းကိုအရေးတကြီး ပတ်သက်နေလို့ပါပဲ အကယ်၍ သင့်အနေနဲ့ ဘယ်ဘက်ကိုစောင်းအိပ်လေ့မရှိရင်တော့ အခုဖော်ပြသွားမယ့် အကြောင်းအရာတွေကို အဆုံးထိဖတ်ကြည့်ရင်း ဘယ်ဘက်ကိုစောင်းအိပ်ဖို့ သင်ကြိုးစားလာပါလိမ့်မယ်။ ခန္ဓာကိုယ်ကို ဘယ်ဘက်သို့စောင်းအိပ်ခြင်းက ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆိပ်အတောက်တွေနဲ့ မလိုလားအပ်တဲ့ အခြားသောအရာဝထ္တုတွေကို ခန္ဓာကိုယ်ကနေ ဖယ်ရှားသွားအောင် ကူညီပေးနိုင်လို့ပါပဲ ဒီလို ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေသာမက ဦးနှောက်ထဲက ဓာတုအညစ်အကြေးတွေကိုလည်း ဘယ်ဘက်စောင်းအိပ်ခြင်းဖြင့် ဖယ်ရှားပေးနိုင်ပါတယ်။ သင့်ဆီမှာ နှလုံးပြဿနာရှိနေမယ်ဆိုရင် ဘယ်ဘက်ကိုစောင်းအိပ်ခြင်းက သင့်ကိုကူညီပေးနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဘယ်ဘက်ကိုစောင်းအိပ်ခြင်းက နှလုံးသွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေနိုင်တာကြောင့် ဖြစ်ပါတယ်။ ရင်ပူခြင်းဝေဒနာ ခံစားနေရသူတွေအနေနဲ့လည်း ဘယ်ဘက်ကိုစောင်းအိပ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ညာဘက်ကိုစောင်းအိပ်ခြင်းက ဒီဝေဒနာကို ပိုမိုဆိုးရွားစေနိုင်ပြီး ဘယ်ဘက်ကို […]

အထွေအထွေဗဟုသုတ

လက်ဝဲ လက်ယာမဟုတ်သော အသားလှုပ်နိမိတ်အဟော

လက်ဝဲ လက်ယာမဟုတ်သော အသားလှုပ်နိမိတ်အဟော။၁။ ကျောကုန်းလှုပ်မူ အဝတ်ရမည်။ ၂။ ကိုယ်လှုပ်မူ မယားနှင့်အတူ စကားဆိုရမည်။၃။ ခါးလှုပ်မူ ဥစ္စာပျောက်မည်။၎။ ချက်လှုပ်မူ နှစ်လိုဖွယ်သော ဥစ္စာရမည်။ ၅။ထိပ်လှုပ်မူ မင်းပူဇော်ခံရမည်။၆။ နှာခေါင်းလှုပ်မူ ချစ်သူများမည်။၇။ နှလုံးသားလှုပ်မူ ခင်ပွန်းကောင်းတစ်ယောက် ဥစ္စာပေးလာမည်။ ၈။ မေးဖျားလှုပ်မူ အချင်းများမည်။၉။ လည်ပင်းလှုပ်မူ တန်ဆာဆင်ရမည်… ၁၀။ အထက်နှုတ်ခန်းလှုပ်မူ ရန်ဖြစ်မည်။၁၁အောက်နှုတ်ခန်းလှုပ်မူ အဝေးစကားပြောကြားရမည်။ ၁၂။ အင်္ဂါဇာတ်လှုပ်မူ မယားနှင့်စကားများမည်။ ဥစ္စာရမည်။၁၃။ ဦးခေါင်းလှုပ်မူကျွန်ဖြစ်မည်။ ၁၄။ ဦးရေလှုပ်မူ နာဖျားမည်။လက်ယာအသားလှုပ်နိမိတ်အဟော။၁။လက်ယာဦးကင်းလှုပ်မူလာဘ်ရမည်။ ၂။လက်ယာ မျက်ခုံးလှုပ်မူ လာဘ်ရမည်။ ခင်ပွန်းပူဇော်မည်။၃။လက်ယာအောက်မျက်ခမ်းလှုပ်မူ ချစ်သူတွေ့မည်။၎။ လက်ယာနား လှုပ်မူမျက်လိုရမည်။ မိန်းမ မကောင်းကြံခြင်းခံရမည်။ ၅။ လက်ယာနှုတ်ခမ်းလှုပ်မူ ချစ်သူနှင့် စကားပြောရမည်။၆။ လက်ယာပါးလှုပ်မူ ချစ်သူကို တွေ့ရမည်။ ၇။ […]

အထွေအထွေဗဟုသုတ

အိပ်နေတုန်းမှာ ရုတ်တရက် သိမ့်ခနဲ တုန်ရခြင်းရဲ့ အကြောင်းရင်း …

အိပ်နေစဉ်အတွင်း အမြင့်တစ်ခုခုပေါ်ကပြုတ်ကျသလို၊ ချော်လဲသလိုမျိုးကြောင့် ခန္ဓာကိုယ်ဆတ်ခနဲတုန်တက်လာရတဲ့ ခံစားချက်မျိုးကို ကျွန်တော်တို့အားလုံး ကြုံဖူးကြပါလိမ့်မယ်။ ဒီလိုမျိုးတွေခဏ၊ ခဏဖြစ်တာ ဘာကြောင့်လဲဆိုတဲ့အဖြေကို ဒီဆောင်းပါးလေးကနေတစ်ဆင့် စာဖတ်ပရိတ်တို့နားလည်သိရှိရအောင် ရှင်းပြပေးသွားပါ့မယ်။ တော်တော်များများက တစ်ခုခုနဲ့တိုက်မိသလို၊ တစ်စုံတစ်ယောက်ကရိုက်လိုက်သလိုမျိုးနဲ့ တစ်နေရာရာက ပြုတ်ကျသလိုမျိုးကြောင့် အိပ်နေရင်းဆတ်ခနဲ တုန်သွားတတ်ကြပေမဲ့ တချို့တလေကတော့ တစ်ယောက်ယောက်က တက်ဖိထားသလို၊ ညှစ်ထားသလိုမျိုးကြောင့် တုန်တတ်ကြပါတယ်။ သင်ဟာ ဒီလိုမျိုး မကြာခဏဖြစ်တတ်သူဆိုရင်တော့ ကဖင်းဓာတ်နဲ့ ဆေးလိပ်တွေသုံးစွဲခြင်းကို အမှန်တကယ်ကို လျော့ချသင့်ပါပြီ။ ဒါ့အပြင် ၎င်းဓာတ်နှစ်မျိုးဟာ သင့်ရဲ့အိပ်စက်မှုတွေကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ အိုခေ ဒီလိုဆိုရင် ဘာကြောင့်အိပ်နေရင်းနဲ့ အမြင့်တစ်နေရာပေါ်ကနေ ပြုတ်ကျသလိုခံစားရတာလဲဆိုတဲ့ ခေါင်းစဉ်ဆီကို ပြန်သွားလိုက်ကြရအောင်ပါ။ ပင်ပန်းမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ အိပ်စက်လိုက်တဲ့အခါ ခန္ဓာကိုယ်ကအိပ်စက်သွားပေမဲ့ ဦးနှောက်ကတော့ တကယ်တမ်းမအိပ်စက်သေးပါဘူး။ ဒီအချိန်မျိုးမှာ ဦးနှောက်က အိပ်စက်နေတဲ့ခန္ဓာကိုယ်ကို နိုးထဖို့ အချက်ပြသတိပေးခြင်းပဲ […]

အထွေအထွေဗဟုသုတ

ဒီနေရာ(၇)ခုမှာ တစ်နေရာလောက် မှဲ့ပါတဲ့သူဆို လုံးဝ လက်လွှတ်မခံပါနဲ့

မှဲ့ နဲ့ပတ်သက်ပြီး အယူအဆ အမျိုးမျိုးရှိကြပါတယ်။ မှဲ့ တစ်ခုစီတိုင်းမှာ ဘဝနဲ့ ပတ်သက်ပြီး ဖုံးကွယ်ထားတဲ့ မက်ဆေ့ခ်ျ တစ်ခုစီ ရှိပါတယ်လို့ မှဲ့ပညာရှင်တွေက ဆိုထားကြပါတယ် …။ ခန္ဓာကိုယ်ရဲ့ နေရာအမျိုးမျိုးမှာ မှဲ့တွေရှိနိုင်ပြီး အခုဖော်ပြမယ့် နေရာတွေမှာရှိတဲ့ မှဲ့တွေကတော့ ကံကောင်းခြင်းနဲ့ စည်းစိမ်ဥစ္စာ ကြွယ်ဝခြင်းကို ပေးနိုင်ပါတယ်တဲ့နော် …။ – နှုတ်ခမ်းအပေါ်ဘက်မှာ ရှိတဲ့ မှဲ့ အရမ်းကို ကောင်းတဲ့မှဲ့တစ်မျိုးဖြစ်ပြီး ရွယ်တူတန်းတူတွေထက် ငွေကြေး၊ အောင်မြင်မှု ပိုမိုရရှိတတ်တဲ့မှဲ့လို့ ဆိုနိုင်ပါတယ် …။ ဒီလိုမှဲ့ပိုင်ရှင်တွေက ခေါင်းနည်းနည်းမာတဲ့ သဘာဝရှိပေမဲ့ ဘာပဲလုပ်လုပ် အရမ်းကို မြန်မြန်ဆန်ဆန် အောင်မြင်တတ်တဲ့သူတွေ ဖြစ်ပါတယ် …။ – နှာခေါင်းပေါ်မှာရှိတဲ့ မှဲ့ နှာခေါင်းရဲ့တစ်ဘက်တစ်ချက်မှာမှဲ့ရှိနေမယ်ဆိုရင် သေချာပေါက်ချမ်းသာမယ်ဆိုတဲ့ လက္ခဏာဖြစ်ပါတယ် …။ ဒါပေမဲ့ […]

အထွေအထွေဗဟုသုတ

လက်မထပ်ခင်သင့်ချစ်သူကို မေးကြည့်သင့်တဲ့ မေးခွန်း(၁၅)ခု

အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမင်ရည်စုပ်ထိုးဆိုတာက ပြုလုပ်ပြီးရင် ပြန်ပြင်ဖို့ ခက်ခဲတဲ့ အရေးကိစ္စတွေဖြစ်ပါတယ်။ ဒီထဲကမှ အိမ်ထောင်ပြုခြင်းဟာ သင့်ဘ၀အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်။ အခြားလူတစ်ယောက်နဲ့ သင့်ရဲ့ဘ၀တစ်ခုလုံးကို အတူကုန်ဆုံးဖို့၊ အရာရာအားလုံးကို ဝေမျှခံစားဖို့၊ ပေးဆပ်တတ်ဖို့ ဆုံးဖြတ်ရတဲ့ အချိန်ဖြစ်ပါတယ်။ ဒီလိုဆုံးဖြတ်ရတာက စိုးရိမ်စရာဖြစ်သလို စိတ်လှုပ်ရှားစရာလည်းကောင်းပါတယ်။ ဒါ့ကြောင့် ဆုံးဖြတ်ချက်တွေ မှန်ကန်စေဖို့အတွက် သင့်ရဲ့ဘ၀လက်တွဲဖော်ဖြစ်ဖို့ရည်မှန်းထားသူကို ဒီမေးခွန်းတွေ မေးကြည့်ဖို့ လိုပါလိမ့်မယ်။ ၁။ အိမ်ထောင်ပြုပြီး ကလေးယူဖို့ အစီအစဉ်ရှိမရှိ ဒီမေးခွန်းက အရေးကြီးပါတယ်။ အိမ်ထောင်တစ်ခုမှာ ကလေးရှိခြင်း၊ မရှိခြင်းက အပြောင်းအလဲတွေ အများရှိဖြစ်စေပါတယ်။ ဒါ့ကြောင့် ကလေးယူဖို့ အစီအစဉ်နဲ့ပတ်သက်ပြီး ဘယ်အချိန်ယူမယ်၊ ဘယ်နှစ်ယောက်ယူမယ် စသဖြင့် ကြိုတင်ဆွေးနွေးထားသင့်ပါတယ်။ ၂။ တစ်ဦးရဲ့ ငွေကြေးဆိုင်ရာ အယူအဆတွေ၊ ရည်မှန်းချက်တွေ တစ်ဦးက […]

အထွေအထွေဗဟုသုတ

ပိုက်ဆံပိုစုဖြစ်ဖို့ ဒီပစ္စည်းတွေအတွက် ငွေကုန်မခံပါနဲ့

ငွေရဲ့ သဘောဟာ ရှာရဖွေရ ခက်သလောက် သုံးဖို့ သိပ်လွယ်တယ် ဆိုတာ အားလုံးပဲ အသိပါ။ ပိုက်ဆံသုံးစွဲဖို့ အတွက် သိပ်စဉ်းစားစရာ မလိုပေမယ့် ငွေရှာဖို့ ဆိုရင် ဘယ်အပေါက် ဘယ်လမ်းက စောင့်ဖမ်းရမလဲ ကြံဖန် ရတာ အမောပါပဲ။ ကိုယ်ရှာထားတဲ့ ပိုက်ဆံကို သုံးစွဲ ရဦး မှာလည်း သင့်အတွက် အကျိုးမရှိတဲ့ နေရာတွေမှာ မသုံးဖို့ လိုပါတယ်။ ငွေကုန်မခံ သင့်တဲ့ အရာတွေထဲမှာ အခုပြောမယ့် ပစ္စည်းတွေ ကိုပါ စာရင်းတို့ ထားသင့် ပါတယ်။ (၁) ထီ ချမ်းသာအောင် ထီထိုးရင်း ထိုးခဲ့တဲ့ ထီဖိုးတွေကို ပြန်တွေး ကြည့်ပါ။ တရားမဝင်တဲ့ လောင်းကစားငွေတွေရော ထည့်ပေါင်း ကြည့်ပါ။ သင်ဘယ်လောက်တောင် ငွေတွေကို အလဟဿ […]

အထွေအထွေဗဟုသုတ

အမေ့ကို ပြန်ပြောတော့မယ်ဆိုရင် ဒါလေးကို ခဏခဏ ပြန်ဖတ်ကြည့် ပါ၊ ဒါဆိုရင် ပြန်ပြောမိမှာ မဟုတ်တော့ပါဘူး

  အမေ့ကို အာခံ၍ ပြန်မပြောခင် တစ်ခုသော နံနက်ခင်း အထက်တန်းကျောင်းသားအရွယ် ကောင်လေး တစ်ယောက်အား အိပ်ယာမသိမ်းမိလို့ မိခင်ဖြစ်သူက “ထမင်းစားချိန် မှန်းလဲမသိ အပြင်ထွက်လည်း မိဘဆီ ခွင့်မတိုင် ကြည့်စမ်း ဘယ်အချိန်ရှိနေပြီလဲ တစ်နေကုန် ဂိမ်းဆော့နေ. . .” အစရှိသဖြင့် ဆူပူကြိမ်းမောင်းကာ သားဖြစ်သူက သီးမခံနိုင်လို့ “ဟာဗျာ အမေကလည်း ကျွန်တော်က ကလေးမဟုတ်တော့ဘူး တစ်နေ့လုံး ဗျစ်တောက်ဗျစ်တောက်နဲ့ နားငြီးတယ် ကျွန်တော်ဟာ ကျွန်တော် ကြိုက်သလိုနေပေါ့ အမေမစပ်စုချင်ပါနဲ့..လို့ သူ့အမေကို အသံကြီးဟစ်ကျယ်နဲ့ ပြန်ပြောခဲ့တယ် အမေကတစ်လှည့် သားကတစ်လှည့် စကားများကြရာက အနီးအနားမှာ ထိုင်နေတဲ့ အဖေဖြစ်သူက ကြားပြန်ဖြေတဲ့ အနေနဲ့ သူ့သားကို ခေါ်လိုက် ပါတယ်။ “သားရေ..အဖေ့ဆီ လာပါဦးကွာ” သားဖြစ်သူက ခြေဆောင့်ရင်း […]

အထွေအထွေဗဟုသုတ

ယ​ကြာဘယ်လောက်ချေချေ အဆင်မပြေဘဲမိမိအိမ်မှာ လတ်ပိတ်နေရတဲ့ အကြောင်းရင်း…

အိမ် တစ်အိမ်မှာ ယတြာတွေ ဘယ်လောက်ပဲ ချေချေ ကံကို မကောင်းဘူး။ လာဘ်တွေ ပိတ်နေသေးတယ် …။ စီးပွားတွေလည်း တိုးတက်မလာဘူးဆိုရင် အောက်ပါထဲက အချက်တစ်ချို့နဲ့ ငြိနေလို့လည်း ​ဖြစ်နိုင်ပါတယ်နော် …။ ( ၁ ) ဘုရားစင်တွင် ပြဿနာရှိခြင်း …။ ( က ) ဘုရားပန်း အမြဲညိုးနေခြင်း …။ ( ခ ) ဘုရားသောက်တော်ရေ ခမ်းနေခြင်း …။ ( ဂ ) ဘုရားစင် ရှုပ်ပွနေခြင်း ( သို့ ) ဘုရားနှင့်မဆိုင်သောပစ္စည်းများ တင်ထားခြင်း …။ ( ၂ ) မီးဖိုချောင်တွင် ပြဿနာရှိခြင်း …။ ( က ) […]

အထွေအထွေဗဟုသုတ

အသက်(၂၀)ကျော်ရင် ဘ၀က ပိုပြီး ပျော်စရာကောင်းလာတာ ဒီအချက်တွေကြောင့်ပါ

လူတော်တော်များများရဲ့ အထင်က အသက်ငယ်တုန်းမှာ ပျော်စရာတွေများပြီး အသက်လေးနည်းနည်း ရလာတာနဲ့ ပျော်စရာတွေ ရှားပါးလာတယ်ပေါ့။ တကယ်တမ်းမှာတော့ ဆယ်ကျော်သက်အရွယ်မှာ စိတ်ဖိစီးမှုတွေ ပိုများတတ်ပြီးတော့ ၂၀ ကျော်လာတာနဲ့ ရင့်ကျက်တည်ငြိမ်ပြီး ကိုယ့်ကိုယ်ကို ပိုအားကိုးနိုင်လာတဲ့အတွက် စိတ်ဖိစီးမှုတွေ သိပ်မရှိဘူးဆိုတာကို ဒီအချက်တွေက သက်သေပြနေပါတယ်။ သင့်ရဲ့ ကိုယ်ပိုင်အလှကို ပိုလက်ခံလာတတ်တယ်။ အသက်ငယ်ရွယ်တုန်းမှာတော့ သူများတွေရဲ့ လှပမှုတွေကို အားကျခဲ့ပေမယ့် အသက်ကြီးလာတဲ့အခါမှာ ကိုယ့်ရဲ့ အလှက တန်ဖိုးရှိတယ်ဆိုတာ သိလာပြီး ကိုယ့်ရဲ့နဂိုအလှကို သဘာဝကျကျလေး ပိုလှလာအောင် ပြင်ဆင်လာတတ်တယ်။ ရင့်ကျက်မှုက ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာစေပြီး စိတ်ညစ်စရာတွေ သိပ်မတွေးတတ်သလို သူများတွေဆီမှာလည်း ကိုယ့်ရဲ့အကြောင်းတွေကို ဒရာမာမချိုးပြတတ်တော့ဘူး။ သူများတွေနဲ့ ကွဲပြားနေမှာကိုလည်း မရှက်တတ်တော့သလို တစ်ယောက်တည်း ဖြစ်နေမှာကိုလည်း မကြောက်တတ်တော့ဘူး။ ငယ်ငယ်တုန်းကတော့ တစ်နေနေရာသွားမယ်ဆို တစ်ယောက်ယောက်ပါမှ သွားတတ်တာမျိုးက […]

အထွေအထွေဗဟုသုတ

ခြေထောက် ပုံစံက ပြောပြနေတဲ့ လူတွေရဲ့အကြောင်း…

လူတစ်ယောက်ရဲ့ အကျင့်စရိုက်နဲ့ စိတ်နေသဘောထားကို ခြေထောက်တွေကြည့်ပြီး ခန့်မှန်းလို့ရတယ်ဆိုရင် သင် ယုံပါ့မလား? ဒါဟာ ရှေးကတည်းက ပေါ်ထွန်းလာခဲ့တဲ့ နည်းတစ်ခုဖြစ်ပါတယ်။ အထိုက်အလျောက်လည်း မှန်ကန်ပါတယ်။ ကိုယ့်ခြေထောက်ပုံစံက ဘယ်လိုမျိုးလဲဆိုတာ အရင်ဆုံး တိုက်ကြည့်ပါ။ ပြီးရင် တခြားလူတွေရဲ့စိတ်နေသဘောထားတွေကိုပါ သူ့ရဲ့ခြေထောက်ကိုကြည့်ပြီး ခန့်မှန်းလိုက်ပါဦး။ ၁။ အီဂျစ် ခြေချောင်းလေးတွေ အားလုံးက မတိမ်းမယိမ်းလေးနဲ့ လှပပါတယ်။ တစ်ချောင်းနဲ့တစ်ချောင်း အတိုအရှည်ကလည်း သိပ်မကွာပါဘူး။ ခြေမကနေ ခြေသန်းလေးအထိ အားလုံးက အနိမ့်အမြင့် အစဉ်လိုက်အတိုင်း သွားတဲ့ ပုံစံမျိုးပါ။ ဒီလိုခြေထောက်ပိုင်ရှင်မျိုးက လျှို့ဝှက်တတ်တယ်၊ တစ်ကိုယ်တည်းနေတတ်တယ်၊ စိတ်အပြောင်းအလဲလည်း မြန်ကြသတဲ့။ ၂။ ရောမ သူကျတော့ ခြေချောင်းတွေက ခပ်ကားကားပဲ။ ခြေမနဲ့ ကပ်လျက်ခြေချောင်းတွေက တခြားခြေချောင်းလေးတွေနဲ့ အတော်ကို ပုံစံကွဲပါတယ်။ ဒီလိုခြေထောက်ပိုင်ရှင်တွေကတော့ ယေဘုယျအားဖြင့် အပေါင်းအသင်းများပါတယ်။ […]