ၾကားသိရသမွ်

မြန်မာအတွက် ခန့်အပ်နိုင်ဖွယ်ရှိတဲ့ ကုလအထူးကိုယ်စားလှယ် ဟေဇာ

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့အထူးကိုယ်စားလှယ်အဖြစ်နိုလန် ဟေဇာကို ကိုခန့်အပ်နိုင်ဖွယ်ရှိတယ်လို့ သံတမန်တွေပြော လာမယ့်အောက်တိုဘာလကုန်မှာ တာဝန်ပြီးဆုံးတော့မယ့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ လက်ရှိအထူးကိုယ်စားလှယ် ခရစ္စတင်းရှနာဘာဂနာရဲ့ နေရာမှာ နိုလန် ဟေဇာကို ခန့်အပ်နိုင်ဖွယ်ရှိတယ်လို့ ထိပ်တန်းသံအမတ် (၂)ယောက်က ပြောတယ်ဆိုတဲ့သတင်းတွေ ထွက်နေပါတယ်။ အသစ်ခန့်အပ်မယ်လိုသတင်းထွက်နေတဲ့ နိုလန် ဟေဇာ ဟာ ကုလသမဂ္ဂဆိုင်ရာအမျိုးသမီးရံပုံငွေအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာအဖြစ် ၁၉၉၄ က‌နေ၂၀၀၇ ခုနှစ်အထိ ထမ်းဆောင်ခဲ့ဖမ်းသူဖြစ်သလို အာရှပစိဖိတ်ဆိုင်ရာကုလသမဂ္ဂလူမှုစီးပွားကော်မရှင် (ESCAP) ရဲ့ အမှုဆောင် အတွင်းရေးမှူး တယောက်လည်းဖြစ်ပါတယ်။ သူဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အရှေ့တီမောဆိုင်ရာ အထူးအကြံပေးအဖြစ် အရှေ့တီမောရဲ့ ငြိမ်းချမ်းရေးတည်‌ဆောက်ရေးအထောက်အကူပြုဖို့ ၂၀၁၃ ကနေ ၂၀၁၅အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒါ့အပြင်အမျိုးသမီးဘဝမြှင့်တင်ရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုကို စွမ်းဆောင်နိုင်ခဲ့တာကြောင့်သူ့ကို ငြိမ်းချမ်းရေးနိုဘယ်လ်ဆုချီးမြှင့်ဖို့ အဆိုပြုခံရဖူးပါတယ်။ ဖေဖော်ဝါရီ (၁)ရက် အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ […]

ၾကားသိရသမွ်

ဇနီးက ကလေးမွေးဖွားပြီးခါစ အဲလိုတော့မလုပ်သင့် ပါဘူး

ဇနီးဖြစ်သူကို မကြာခဏစနောက်ကျီစယ်တတ်ပြီး သူ့ရဲ့ကိုယ်ပိုင် youtube ချန်နယ်မှာတင်လေ့ရှိတဲ့ ထိုင်းက “ ကာရင် ၁၄၁၂” လို့ချန်နယ်အမည်ပေးထားတဲ့ နာမည်ကျော် Youtube ဆယ်လီတစ်ဦးဟာ ပြီးခဲ့သော ဇန်နဝါရီလ ၁ ရက်နေ့တုန်းက “ကားထဲ အသုံးပြုပြီးတဲ့ကွန်ဒုံးတွေ့ရှိတယ်” လို့နာမည်ပေးထားတဲ့ သူ့ရဲ့ဇနီးကိုစနောက်ထားတဲ့ ဗီဒီယိုကလစ်လေးအသစ်တစ်ခု အွန်လိုင်းမှာ တင်လိုက်ပါတယ်။ ၎င်းဟာ ကွန်ဒုံးထဲကိုအုန်းနို့ထည့်ပြီး ကားအတွင်းတစ်နေရာမှာသွားဖွက်ထားပြီးနောက် တွေ့သွားတဲ့ဇနီးဖြစ်သူရဲ့တုံ့ပြန်မှုကိုစောင့်ကြည့်ရန် တမင်ရိုက်ကူးစီစဉ်ထားတဲ့ အကြောင်းအရာလေးဖြစ်ပါတယ်။ အစမှာ သူ့ရဲ့လမ်ဘိုဂီနီကားထဲက မောင်းသူထိုင်ခုံဘက်ခြမ်းမှာထားခဲ့သေးတယ်။ ဒါပေမယ့် သူ့မိန်းမက မတွေ့လိုက်ဘဲ အဲ့ဒီတစ်ခေါက်က မအောင်မြင်ခဲ့ပါဘူး ။ ထို့နောက် ကားနောက်တစ်စီးပြောင်းပြီး ထင်သာမြင်သာပိုရှိတဲ့နေရာမှာ ထားလိုက်ပါတော့ တယ်။ ဒီတစ်ခေါက် သူ့ရဲ့ကြံစည်မှုက အောင်မြင်တယ်လို့ ဆိုလို့ရပါ တယ်။ နောက်ဆုံးတော့ ကားပေါ်ရောက်နေတဲ့ ကလေးမွေးဖွားပြီးခါစသူ့ဇနီးသည်က ကားထဲအမှိုက်တွေလိုက်ရှင်းရင်း ရုတ်တရက်တွေ့သွားတယ်။ တွေ့သွားသောဇနီးဖြစ်သူမှာ […]

ၾကားသိရသမွ်

ကမ္ဘာ့အလယ်မှာမြန်မာနိုင်ငံသားတွေအနေနဲ့ ဂုဏ်ယူစရာကောင်းလောက်အောင် လုပ်ပြနိုင်ခဲ့ကြတဲ့ သူတို့ (၃) ယောက်…

ကမ္ဘာ့အလယ်မှာမြန်မာနိုင်ငံသားတွေအနေနဲ့ ဂုဏ်ယူစရာကောင်းလောက်အောင် လုပ်ပြနိုင်ခဲ့ကြတဲ့ သူတို့ (၃) ယောက်… ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့ စာဖတ်ပရိတ်သတ်ကြီးများအတွက်၂၀၂၁ခုနှစ်၊မြန်မာနိုင်ငံအတွက်ဂုဏ်အယူရဆုံးအမျိုးသမီး၃ယောက်အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ သူတို့ကတော့မတူညီတဲ့နယ်ပယ်ကနေဂုဏ်အယူရဆုံးဖြစ်ကြတဲ့ထပ်အကယ်ဒမီသရုပ်ဆောင်အိန္ဒြာကျော်ဇင်၊Master Chef Season 11 Top 3ပြိုင်ပွဲဝင်စုနဲ့အလှမယ်သူဇာဝင့်လွင် တို့ပဲဖြစ်ပါတယ်နော်။ ထပ်ဆင့်အကယ်ဒမီသရုပ်ဆောင်အိန္ဒြာကျော်ဇင်ကစက်တင်ဘာလ၁၅ရက်နေ့ကနေ့၁၉ရက်နေ့အထိ ကျင်းပပြုလုပ်နေတဲ့ဂျာမနီနိုင်ငံOldenburg International Film Festivalရုပ်ရှင်ပွဲတော်မှာSeymour Cassel Award For Outstanding Performanceသရုပ်ဆောင်ထူးချွန်ဆုကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ တော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူအားတက်သရောပါဝင်ခဲ့တာကြောင့် မတရားအဖမ်းဆီးခံထားရပါတယ်နော်။ MasterChefSeason11Top3ပြိုင်ပွဲဝင်စုကတော့ပြိုင်ပွဲမှာမြန်မာအစားအစာတွေ ကိုအကောင်းဆုံးချက်ပြုတ်ပြိုင်ဆိုင်လာပြီးတော့ဒိုင်တွေရဲ့ချီးကျူးစကားတွေပါရရှိခဲ့တဲ့နောက်Top3အထိတက်လှမ်းနိုင်ခဲ့ပါတယ်၊ ွမန်မာ့အစားအစာကိုကမ္ဘာမှာချပြနိုင် ခဲ့တာကြောင့်မြန်မာနိုင်ငံအတွက်ပထမဦးဆုံးဂုဏ်ဆောင်ပေးတဲ့အမျိုးသမီးပဲဖြစ်ခဲ့ပါတယ်နော်။ အလှမယ်သူဇာဝင့်လွင့်ကတော့ကမ္ဘာအကြီးဆုံးမယ်စြင်္ကဝဠာပြိုင်ပွဲကြီးမှာမြန်မာ့အရေး ကိုအရိုးရှင်းဆုံးချပြနိုင်ခဲ့တာကြောင့်နိုင်ငံတကာကသိထားမိအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်၊ ပြိုင်ပွဲမှာလဲအကောင်းဆုံးရလဒ်အဖြစ်အမျိုးသားဝတ်စုံစုကိုထိုက်ထိုက်တန်တန်ရရှိခဲ့ပါတယ်နော်။ပရိတ်သတ်ကြီးရေဒါကတော့၂၀၂၁ခုနှစ်မြန်မာနိုင်ငံအတွက်ဂုဏ်အယူရဆုံးအမျိုးသမီး၃ယောက်အကြောင်းပဲဖြစ်ပါ်၊စာဖတ် ပရိတ်သတ်ကြီးများအတွက်ပြန်လည်ကာတင်ဆက်ပေးလိုက်ရခြင်းပဲဖြစ်ပါတယ်နော်။ Crd Unicode ကမ္ဘာ့အလယ်မှာမြန်မာနိုင်ငံသားတွေအနေနဲ့ ဂုဏ်ယူစရာကောင်းလောက်အောင် လုပ်ပြနိုင်ခဲ့ကြတဲ့ သူတို့ (၃) ယောက်… ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့ စာဖတ်ပရိတ်သတ်ကြီးများအတွက်၂၀၂၁ခုနှစ်၊မြန်မာနိုင်ငံအတွက်ဂုဏ်အယူရဆုံးအမျိုးသမီး၃ယောက်အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ သူတို့ကတော့မတူညီတဲ့နယ်ပယ်ကနေဂုဏ်အယူရဆုံးဖြစ်ကြတဲ့ထပ်အကယ်ဒမီသရုပ်ဆောင်အိန္ဒြာကျော်ဇင်၊Master Chef Season 11 Top 3ပြိုင်ပွဲဝင်စုနဲ့အလှမယ်သူဇာဝင့်လွင် တို့ပဲဖြစ်ပါတယ်နော်။ ထပ်ဆင့်အကယ်ဒမီသရုပ်ဆောင်အိန္ဒြာကျော်ဇင်ကစက်တင်ဘာလ၁၅ရက်နေ့ကနေ့၁၉ရက်နေ့အထိ ကျင်းပပြုလုပ်နေတဲ့ဂျာမနီနိုင်ငံOldenburg […]

ၾကားသိရသမွ်

သူတို့ဆံပင်ပုံစံလေးများကိုကြည့်ပြီး လူပျို အပျို အိမ်ထောင်သည်လားဆိုတာကို ခွဲခြားနိုင်သော ရိုးရာမဖျက်သေးတဲ့ ရှားပါးတဲ့ ရွာကလေး

မင်္ဂလာပါ စာဖတ်ပရိတ်သတ်ကြီးရေ မိန်းကလေးတွေရဲ့ ဆံပင်ပုံစံကို ကြည့်လိုက်ရုံနဲ့ အပျိုလား၊ ပိုင်ဆိုင်သူရှိပြီးသား အိမ်ထောင်ရှင်လားဆိုတာ ခွဲခြားနိုင်တဲ့ ကျေးရွာလေးတစ်ရွာ မြန်မာနိုင်ငံမှာ ရှိနေတယ်ဆိုရင် မအံ့သြဘဲနေမယ့်သူ သိပ်ရှိမှာ မဟုတ်ပါဘူး။ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကိုဘိုးဘွားစဉ်ဆက် အခုအချိန်အထိ တန်ဖိုးထား ထိန်းသိမ်းကြတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက ရွာလေးတစ်ရွာမှာ မိန်းကလေးနဲ့ ယောက်ျားလေးတွေအားလုံး ဆံရစ်ဝိုင်းနဲ့ သျှောင်ပေစူးလေးတွေ ကိုယ်စီ ထားကြပါတယ်။ ရွာလေးရဲ့ နာမည်က ရေပုတ်ကြီးလို့ ခေါ်ပါတယ်။မကွေးတိုင်း ပွင့်ဖြူမြို့နယ်ထဲက လမ်းပန်းဆက်သွယ်ရေး ခက်ခဲလှတဲ့နေရာမှာ တည်ရှိပါတယ်။ ရေပုတ်ကြီးရွာလို့ ဆိုလိုက်ရင် ဆံရစ်ဝိုင်းနဲ့တွဲပြီး သိကြတယ်လို့ ရွာသားတွေက ပြောကြပါတယ်။ တစ်ရွာလုံးက မိန်းကလေး၊ ယောက်ျားလေးတွေက နို့စို့အရွယ် ကလေးငယ် ဘဝကတည်းကစတင်ပြီး ရိုးရာဆံပင်ပုံစံ ထားကြတာပါ။အခုလောလောဆယ်ရွာမှာ ဆံရစ်ဝိုင်းထားသူစုစုပေါင်း ၆၇၄ ယောက်ရှိပါတယ်။ အသက်အရွယ်အလိုက် ဆံပင်ပုံစံ […]

ၾကားသိရသမွ်

အသက် ၇၀ ကျော်မှာ ဘွဲ့ရအောင် ကြိုးစားသင်ယူခဲ့တဲ့ အဘိုး၊ အဘွားများ

သင့်အနေနဲ့ အိပ်မက်တွေရဲ့နောက်ကို လိုက်နိုင်ဖို့ ဘယ်တော့မှ နောက်မကျသေးပါဘူး။ Wawasan Open တက္ကသိုလ်ကနေ ကျောင်းသားကျောင်းသူပေါင်း ၇၄၀ ဘွဲ့ရခဲ့ပါတယ်။ ဘွဲ့ရကျောင်းသားကျောင်းသူပေါင်း ၇၄၀ ထဲမှာ သက်ကြီးရွယ်အို ၄ ယောက် ပါဝင်ပါတယ်။ အသက် ၇၆ နှစ်အရွယ် မဒမ် Kamilia Tan Abdullah က Commonwealth Executive MBA programme မှာ အသက်အကြီးဆုံး ဘွဲ့ရသူ ဖြစ်ပါတယ်။ အသက် ၇၁ နှစ်အရွယ် မဒမ် Mangayarkarasyနဲ့ အသက် ၇၂ နှစ်အရွယ် မဒမ် Wong Seow Chee တို့က မဟာပညာရေးဘွဲ့ MEd ကို ရရှိခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးက အင်္ဂလိပ်စာ သင်ကြားရေးကို ဒုတိယ […]

ၾကားသိရသမွ်

မျက်စိမမြင်တဲ့ခွေးလေးကို ကူညီဆော့ပေးတဲ့ သူငယ်ချင်းခွေးလေး

ရွှေရောင် အမွှေးပွခွေးကြီးတွေက တခြားသူတွေနဲ့ ရောရောနှောနှော နေတတ်ပါတယ်။ ပြီးတော့ တခြားခွေးတွေကိုလည်း ကယ်တင်ပေးဖို့ အဆင်သင့် ဖြစ်နေပါတယ်။ သခင်ပိုင်ဆိုင်တဲ့ တခြား တိရစ္ဆာန်တွေကိုလည်း ကူညီစောင့်ရှောက်ပေးပါတယ်။ ရွှေရောင် အမွှေးပွခွေးတွေက တစ်ခြားတိရစ္ဆာန်တွေနဲ့ သူငယ်ချင်း ဖြစ်လွယ်ပြီး ဖေးမတတ်ကြပါတယ်။ ဒီခွေးလေး နှစ်ကောင်ကတော့ သူငယ်ချင်း ဖြစ်ပြီးတဲ့နောက်မှာတော့ ခွဲလို့ မရတော့ပါဘူး။ သူတို့ ရင်းနှီးပျော်ရွှင်မှုက လူတွေဆီကိုပါ အပျော်ကူးဆက် စေပါတယ်။ Charlie ဆိုတဲ့ ရွှေအိုရောင်ခွေးလေးက မျက်လုံးနှစ်ဖက်လုံး ရေတိမ်ဆွဲပြီး မမြင်ရတော့ပါဘူး။ Mr Stipe နဲ့ Mrs Stipe က Charlie အတွက် စိတ်မကောင်းဖြစ်ပြီး Charlie ပျော်သွားအောင် နှစ်သစ်ကူးလက်ဆောင်ပေးဖို့ စိတ်ကူးရသွားပါတယ်။ Charlie မှာ သူငယ်ချင်းလေး ရပြီးနောက် သူ့ရဲ့ဘဝဟာ […]

ၾကားသိရသမွ်

အွန်လိုင်းမှာ ကြည့်ရှုသူ သန်းချီသွားတဲ့ ခုတ်ထစ်ထားတဲ့ ကြက်သားတုန်းက အသက်ဝင်ခုန်ချ ဗွီယိုဖိုင်

ကမ္ဘာကြီးက ဆန်းကြယ်မှုတွေနဲ့ ပြည့်နက်နေတယ်ဆိုတာ လူတိုင်းနီးပါးသိပါတယ်။ ခုတ်ထစ်ထားတဲ့ ကြက်သားတုံးတစ်တုံးဟာ အသက်ပြန်ဝင်လာတယ်ဆိုရင် ဘယ်သူမှယုံမှာမဟုတ်ပါဘူး။ စားသောက်ဆိုင်တစ်ဆိုင်ရဲ့ စားပွဲပေါ်မှာခုတ်ထစ်ထားတဲ့ ကြက်သားတုံးတစ်တုံး- အသက်ပြန်ဝင်လာတဲ့ပုံကို ထိတ်လန့်ကြောက်မက်ဖွယ်ရာ ဗွီဒီယိုမှတ်တမ်းတစ်ခု တင်ထားနိုင်ခဲ့ပါတယ်။ စားသောက်ဆိုင်ရဲ့စားပွဲပေါ်မှာ အခြားအသားတွေနဲ့အတူ တင်ထားတဲ့ကြက်သားပန်းကန်ပြား တစ်ချပ်ကိုဗွီဒီယိုထဲမှာဖော်ပြထားပါတယ်။ အဲဒီနောက်မှာ ကြက်သားတုံးတစ်တုံးက တွန့်လိမ်လှုပ်ရှားလာတာကို ဖော်ပြထားပါတယ်။ ကြက်သားတုံဟာ သူဘာသာသူမြောက်တက်လာပြီးတော့ ပန်းကန်ပြားပေါ်မှာစတင်တွန့်လိမ်လာလို့ ကြည့်နေတဲ့ သူတွေအံ့သြမှင်သက်သွားလောက်အောင်ကို ထမင်းစားပန်းကန်ပြားထဲကနေဆွဲချသွားပါတယ်။ ကက်သားတုံးကကြည့်နေတဲ့အမျိုးသမီး ကြောက်လန့်တကြားဖြစ်စေအထိ သက်ဝင်လွန်းပါတယ်။ ဒီဗွီဒီယိုကို Rie Phillps ဆိုသူက Facebook ပေါ်ကို လွန်ခဲ့တဲ့နှစ်ပတ်ကတင်ခဲ့သလိုကြည့်ရှုတဲ့ အကြိမ်ရေပေါင်း (၄)သန်းကျော်သွားပါတယ်။ ဒီအဖြစ်ပျက်ကဘယ်မှာဖြစ်ပျက်ခဲ့တယ်ဆိုတာ သတင်းမှာဖော်ပြမထားပါဘူး။ ဒါပေမယ့်ပန်းကန်ပေါ်တင်ထားတဲ့တူကိုကြည့်ခြင်းအားဖြင့် ဒီအဖြစ် ပျက်ဟာ ဂျပန်၊ ကိုရီးယားဒါမှမဟုတ် တရုပ်စားသောက်ဆိုင်မှာဖြစ်သွားတယ်လို့ ခန့်မှန်းကြပါတယ်။ ဒီဗွီဒီယိုအောက်မှာကွန်မန့်ရေးသူတွေ တသီတတန်းကြီးဖြစ်ခဲ့ပါတယ်။ လူတစ်ယောက်ကတော့ “ဒါဖြစ်နိုင်တယ်၊ ဘာလို့လဲဆိုတော့ […]

ကြားသိရသမျှ

အပူချိန်မြင့်မားလွန်းလို့ စားဖို့ဝယ်လာတဲ့ ဘဲဥ ၂၄ လုံး အကောင်ပေါက်သွား

ဗီယက်နမ်နိုင်ငံက အမျိုးသမီး တယောက်က ဘဲဥတွေကို စားဖို့ ဝယ်ခဲ့ပါတယ်။ ဒါပေမယ့် ရာသီဥတု ပူပြင်းမှုကြောင့် ဘဲဥလေးတွေက အကောင်ပေါက်လာ ပါတယ်။ ဒီနှစ်ဟာ အရှေ့တောင် အာရှအတွက် အတော်ကို ပူပြင်းလှပါတယ်။ ဒါပေမယ့် ဒီအဖြစ်အပျက်လေး ကတော့ ထူးဆန်းပါတယ်။ ဗီယက်နမ် အမျိုးသမီး တစ်ဦးက ဘဲဥနှစ်ဒါဇင်ကို ဝယ်လာပြီး မီးဖိုထဲ ထည့်ထားပါတယ်။ သူမဟာ ဘဲဥတွေရဲ့ သန္ဓေသားလောင်း (balut) ကို စားဖို့ ဝယ်လာခဲ့တာပါ။ ဒီအစားအစာကို ထိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နိုင်ငံနဲ့ ဗီယက်နမ် လူမျိုးတွေက နှစ်နှစ်သက်သက် စားကြပါတယ်။ ဒါပေမယ့် ရာသီဥတုက တဟုန်ထိုး ပူပြင်းလာတဲ့ အတွက်ကြောင့် ဘဲဥလေးတွေက အကောင်ပေါက်လာပါတယ်။ အဲဒီနောက်မှာတော့ ချစ်စရာကောင်းတဲ့ ဘဲလေး ၂၄ ကောင် […]

ၾကားသိရသမွ်

မြွေအနမ်းရှင်လို့ နာမည်ကြီးခဲ့သူ တောကြီးမြွေဟောက်ကိုက်လို့ သေဆုံး(ရုပ်သံ)…

အောက်ဆုံးမှာ ရုပ်သံကို တင်ပေးထားပါတယ်ခင်ဗျာ.. မြွေဆရာများ မြွေကြောင့်သေဆုံးခဲ့ရတဲ့ အကြောင်းကို ဗဟုသုတဖြစ်ဖွယ် တင်ပြပေးလိုက်ပါတယ်.. အောက်ဆုံးမှာ ရုပ်သံလေးကိုလည်း ကြည့်ဖြစ်အောင် ကြည့်ကြ ပါအုံးနော်… ဖိလစ်ပိုင်နိုင်ငံက မြွေဆရာတစ်ယောက်ကတော့ မြွေဆိပ်ကြောင့်ပဲ သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်အဲဒီမြွေဆရာဟာသူနဲ့နီးစပ်တဲ့နယ်ပယ်မှာတော့ မြွေဆိပ်အားလုံးကို နိုင်နင်းတယ်၊ ပြီးတယ်ဆိုပြီး နာမည်ကြီးသူပါသူ့ကို “မြွေလူသား”လို့လည်း တင်စားကြပြီးအမ Bernardo Alvarez ဖြစ်ပါတယ်။ သူသေဆုံးချိန်မှာ အသက် (၆၂)နှစ် ရှိနေပါပြီသူဟာပြင်းထန်တဲ့မြွေဆိပ်ကြောင့်ဇူ လို င်(၉)ရက်နေ့ကဆုံးပါးခဲ့တာပါ Alvarez ဟာ Mangaldan ပြည်နယ်Pangasinan မြို့ကနေအိမ်တစ်ခုမှာမြောက်ပိုင်းတေကြီးမြွေ ဟောက်’လို့ခေါ်တဲ့အဆိပ်ပြင်းမြွေဟောက်ကြီးကဝင်ရောက်ကျူးကျော်စဉ်လာရောက်ဖမ်းဆီး ပေးဖို့ Alvarezကိုအကူအညီတောင်းခဲ့တာဖြစ်ပါတယ်။ သူဟာ မြွေကြီးကို လက်ဗလာနဲ့ ရဲရဲတင်းတင်း ဖမ်းခဲ့ပါတယ်ဒေသခံအိမ်နီးနားချင်းတွေကတော့ Alvarez ရဲ့ရဲစွမ်းသတ္တိပြောင်လွန်းတဲ့လုပ်ရလက်ခုပ်လက်ဝါးတီးက ချီးကျူးဂုဏ်ပြုခဲ့ပါတ ယ်Alvarez ဟာသူ့ကို အားပေးတဲ့ ပရိသတ်ကြီး မြင်သာအောင် မြွေကိုပါးပြင်းထောင်စေကာခါးလယ်ကနေ […]

ၾကားသိရသမွ်

လွတ်မြောက်နယ်မြေကို ရောက်ရှိနေတယ်ဆိုတဲ့ ထက်ထက်မိုးဦး ရဲ့နောက်ကွယ်ကအကြောင်းအရာ….

လွတ်မြောက်နယ်မြေကို ရောက်ရှိနေတယ်ဆိုတဲ့ ထက်ထက်မိုးဦး ရဲ့နောက်ကွယ်ကအကြောင်းအရာ အကယ်ဒမီမင်းသမီးချော ထက်ထက်မိုးဦးကတော့ အနုပညာလမ်းကြောင်းတစ်လျှောက်မှာ အောင်မြင်မှုတစ်နေရာကို အရယူထားနိုင်ခဲ့သူ ဖြစ်ပါတယ်။ သူမက တစ်ချိန်ကကြောငြာဘုရင်မလို့တောင်တင်စားရတဲ့အထိအောင်မြင်ခဲ့တဲ့မင်းသမီးကြီးထက်ထက်မိုးဦးကတော့ကိုဗစ်ကာလမှာတန်ဖိုးကြီးပစ္စည်းတွေ ကိုlive လွှင့်ြပီးရောင်းချရာမှာစံချိန်တင်ရောင်းချနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ထက်ထက်ကတော့ အာဏာသိမ်းပြီးနောက်ပိုင်းမှာလူထုလှုပ်ရှားမှုမှာမပါဝင်ခဲ့ဘဲအချိန်အတော်ကြာပျောက်နေခဲ့တာဘဲဖြစ်ပါတယ်။ မငြာခင်ရက်ပိုင်းလေးတုန်းကတော့ သူမက အခုဖြစ်နေတာတွေကနောင်ပျက်စီးဖို့အတွက်စတင်နေတာဖြစ်သလိုအခုပျက်နေတာတွေကလည်းနောင်ဖြစ်တည်နိုင်ဖို့အတွက်ပေးဆပ်နေခြင်းသာ၊ပြုသူအသစ်ဖြစ်သူအဟောင်းဆိုတဲ့စကားတိုင်းဖြစ်တည်နေချိန်ဘဝကြီးကိုအကောင်းဆုံးပျော်ရွှင်ဖြတ်သန်းရသလို၊ပျက်ဆီးဆုံးရှူံးနေရချိန်မှာလည်းကံကြမ္မာကိုအပြစ်မပုံနိုင်ပဲအကောင်းဆုံးခံနိုင်ရည်ရှိ အောင်ပဲထက်ကြိုးစားနေပါတယ်ဆိုပြီးရေးသားလာခဲ့ချိန်မှာတော့ သူမကိုဝေဖန်ပြောဆိုမှုတွေလည်း အတန်အသင့်ရှိလာခဲ့ပါသေးတယ်..မကြာခဏဆိုသလို ထက်ထက်က တောရွာလေးမှာ တရားအားထုတ်ရင်းဥပုတ်စောင့်နေတယ်ဆိုတဲ့ ပုံလေးတွေကိုလည်း တင်ပေးလာပါသေးတယ်နော်.. အခုတစ်ခါမှာဆိုရင်လဲသရုပ်ဆောင်ထက်ထက်မိုးဦးကလွတ်မြောက်နယ်မြေရောက်ရှိနေကြောင်းသတင်းတွေထွက်ရှိနေခဲ့ပါတယ်၊သူမကတော့ တောတောင်လေးတွေကို ပြပြီး Live လွှင့်ပြီး ပရိသတ်တွေနဲ့ ပြောဆိုခဲ့ပေမဲ့ သူမရောက်ရှိနေတာ ဘယ်နေရာ ဆိုတာတော့ ထူတ်ဖော်မပြောသွားပါဘူး .. . ပရိသတ်တွေကလည်း ထက်ထက်ရဲ့နောက်ကွယ်က ရှုခင်းတွေကြောင့် လွတ်မြောက်နယ်မြေလား ဘာလားဆိုပြီး ထင်မြင်ချက်ပေးနေကြတာ ဖြစ်မှာပါနော်…Cele World ပရိသတ်ကြီးရော ထက်ထက်တစ်ယောက် လွှတ်မြောက်နယ်မြေကို တကယ်ပဲ ရောက်နေတာလား မရောက်ဘူးလားဆိုတာကို ထင်မြင်ချက်လေးကို ရေးပေးသွားကြပါအုံးနော်… […]