ဧပြီ ၁ မှ ထွက်မယ့်ထီကို မေ၁ ရွှေ့လိုက်တာ ကြားပြီးကြပြီထင်တယ်။ ပြည်သူတွေရဲ့ ထီCDM အထူးအောင်မြင်တယ်။ ပြီးခဲ့တဲ့ မတ် ၁ရက်နေ့ကထီကို မတ်၁၅ရက်နေ့ ရွှေ့လိုက်တာ မှတ်မိကြတယ်မလား။ အဲ့မှာ ထီပေါက်သွားတဲ့သူရဲ့ အဖြစ်အပျက်လေးကို ပြောပြရဦးမယ်။ ထီထိုးတယ်ဆိုလို့ စစ်ကောင်စီကို အားပေးတာ မဟုတ်ဘူး။ ကိုယ့်သူငယ်ချင်း ရဲရဲတောက်ပဲ။ သူက ဟိုးအရင်ကတည်းက တစ်လကို ထီကို သိန်းချီထိုးတာ။ဒီလတော့ လုံးဝထီမထိုးဘူးကွာဆိုပြီး နေနေရာကနေ သူထီထိုးနေကျ အဘကြီးက လာရောင်းတယ်။ ထီလက်မှတ်တွေက ပိုက်ဆံသွင်းပြီးသားကွာ။သားတို့မထိုးရင် သူတို့ဒုက္ခရောက်မှာ မဟုတ်ဘူး။အရင်ဆုံး အဘဒုက္ခရောက်မှာလို့ဆိုတော့ သူလည်း နောက်လတော့ မရင်းတော့နဲ့ အဘရယ်။ဒီလတော့ အဘအတွက် ယူလိုက်မယ်ဆိုပြီး သုံးသိန်းဖိုး ယူလိုက်တယ်။ ယူပြီးတော့ ကိုယ်တော်က ပေသီးခေါက်ရော။သူ့သူငယ်ချင်းနဲ့တွေ့တော့ ဟျောင့်… မင်းတစ်သိန်းခွဲဖိုး ပါကွာဆိုပြီး […]
ၾကားသိရသမွ်
အခုလိုအချိန်မှာ ဟိုပြေးဒီပြေးဖြစ်နေလို့ အလှူလှူချင်တာတောင် အကြွေးနဲ့လှူထားရတယ်ဆိုတဲ့ ပိုင်ဖြိုးသု
ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံတော့ လက်ရှိမှာမြန်မာပြည်မှာဖြစ်နေတဲ့အရေးတွေကြောင့် ဖမ်းဝရံထုတ်ခံထားရပေမဲ့လည်း ဇွဲမလျှော့ဘဲ အမြဲတမ်းတက်ကြွစွာပါဝင်ပေးနေဆဲ ဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာလည်း ဝေဖန်ခံရမှုတွေတစ်ချို့ရှိခဲ့ပေမဲ့ နောက် မဆုတ်ဘဲ ရဲရဲဝင့်ဝင့်ရှိနေပေးလို့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်သူလေး ဖြစ်ပါတယ်. ခုချိန်မှာ ပြည်သူ့အစိုးရဖြစ်တဲ့ CRPH အတွက် ပြည်သူတိုင်းက တတ်နိုင်သလောက်အလှူငွေ ထည့်နေကြတာဖြစ်ပြီး ပိုင်ဖြိုးသုတို့ကလည်း ထည့်ဝင်လှူဒါန်းချင်ပေမဲ့ ဖြစ်နေတဲ့အခက်အခဲကို သူမရဲ့လှူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ထား ခဲ့တာ ဖြစ်ပါတယ်။ အခုချိန်မှာ ကိုယ်တွေလည်းဟိုပြေးဒီပြေးနဲ့မို့ Visa Card မပြောနဲ့ Mobile banking တောင်သုံးဖို့အခက်အခဲတွေနဲ့ဆိုသော်ငြားလည်း Federal Army ဖြစ်မြောက်ရေးအတွက် CRPH ကိုလှူချင်လွန်းလို့ UK ကအဒေါ်ကိုလှမ်းပြီး$500ဖိုးသမီးအစားလှူပေးပါလို့ ပြောပြီး အကြွေးနဲ့လှူထား တယ် …(အဒေါ်ခမျာ Screenshotတွေဘာတွေတောင်မလုပ်တတ်လို့ကိုယ်သင်ပေးလိုက်မှသူ့ဘဏ်ကဖြတ်သွားတဲ့ statementလေးကိုပဲလှမ်းပို့ပေးရှာတယ် ကိုယ်တွေကအဲ့လိုတစ်မျိုးလုံးတစ်ဆွေလုံး tech […]
ကွီးဖြိုးရဲ့ ဟန်နီဆိုတာ…
ပြည်ပနိုင်ငံကို အလုပ်ကိစ္စနဲ့ရောက်နေပေမယ့် မြန်မာနိုင်ငံအရေးကို သူမ တတ်နိုင်တဲ့ဘက်ကနေ Voice out လုပ်ပေး သွားမယ့် မေမြတ်နိုး
မော်ဒယ် မေမြတ်နိုး ကတော့ မြန်မာနိုင်ငံတွင် သာမကဘဲ ပြည်ပနိုင်ငံများက ပရိသတ်တွေ ရဲ့ တစ်ခဲနက် ထောက်ခံအားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားသူတစ်ဦးပဲ ဖြစ်ပါတယ်။ မေမြတ်နိုးကတော့ ဖေဖော်ဝါရီလအစကတည်းမှစတင်ကာ ယနေ့ချိန်ထိ လူထုလှုပ်ရှားမှု များတွင် တက်ကြွစွာ ပါဝင်နေတာလည်း ဖြစ်ပါတယ်။ ပြည်သူလူထု နဲ့အတူ ယုံကြည်ရာပန်းတိုင်ကို လျှောက်လှမ်းနေသူဖြစ်တာကြောင့် အားလုံးက သူမရဲ့ စိတ်ထားလေးကို လေး စားနေကြတာပါ။ မေမြတ်နိုးကတော့ လတ်တလော မှာတော့ အလုပ် ကိစ္စ နဲ့ မီလန်နိုင်ငံ သို့ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေမှာ ပြည်ပနိုင်ငံ သို့ ရောက်ရှိနေ ပေမယ့်လည်း မြန်မာနိုင်ငံတွင် အချိန်နှင့်အမျှ ဖြစ်ပေါ်နေတဲ့ ကိစ္စရပ်များကိုလည်း Voice out လုပ်ပေးမယ့်အကြောင်းအား မကြာသေးခင် နာရီပိုင်း လောက်က မေမြတ်နိုးရဲ့ […]
“အကယ်ရျ် သင့်ခြံတံခါးဝမှာ နှင်းဆီတစ်ပွင့်နဲ့ စာတစ်စောင်ရောက်နေခဲ့ရင် “….
“အကယ်ရျ် သင့်ခြံတံခါးဝမှာ နှင်းဆီတစ်ပွင့်နဲ့ စာတစ်စောင်ရောက်နေခဲ့ရင် ” Gen Z တွေက ခြံတံခါးဝတွေမှာ နှင်းဆီတစ်ပွင့်နဲ့ စာတစ်စောင်ကပ် ကပ်ပိန်း ပြုလုပ်ခဲ့ပါတယ်။ စာကိုသေချာဖတ်ပေးပါ၊ နှင်းဆီပွင့်လေး ခြောက်သွားတဲ့အထိ သိမ်းထားပေးပါပြီးရင် ကျွန်မတို့နဲ့ အတူ တိုက်ပွဲဝင်ပေးပါ လို့ G-Zတွေ ကတောင်းဆိုထားကြပါတယ်။ unicode “အကယျရြျ သငျ့ခွံတံခါးဝမှာ နှငျးဆီတစျပှငျ့နဲ့ စာတစျစောငျရောကျနခေဲ့ရငျ ” Gen Z တှကေ ခွံတံခါးဝတှမှော နှငျးဆီတစျပှငျ့နဲ့ စာတစျစောငျကပျ ကပျပိနျး ပွုလုပျခဲ့ပါတယျ။ စာကိုသခြောဖတျပေးပါ၊ နှငျးဆီပှငျ့လေး ခွောကျသှားတဲ့အထိ သိမျးထားပေးပါပွီးရငျ ကြှနျမတို့နဲ့ အတူ တိုကျပှဲဝငျပေးပါ လို့ G-Zတှေ ကတောငျးဆိုထားကွပါတယျ။
ပြည်သူ့အချစ်တော် အကယ်ဒမီများရှင် ပြေတီဦးမှ မိမိပိုင်ဆိုင်သမျှ ကုန်ချင်ကုန်သွားပါစေ KNU ကရင်တပ်မတော်ကို ထောက်ပံ့၍ နွေဦးတော်လှန်ရေးအောင်မြင်အောင် ဆောင်ရွက်သွားမည်ဟုပြော
ပြည်သူ့အချစ်တော် အကယ်ဒမီများရှင် ပြေတီဦးမှ မိမိပိုင်ဆိုင်သမျှ ကုန်ချင်ကုန်သွားပါစေ KNU ကရင်တပ်မတော်ကို ထောက်ပံ့၍ နွေဦးတော်လှန်ရေးအောင်မြင်အောင် ဆောင်ရွက်သွားမည်ဟုပြော ပရိတ်သတ်အားပေးမှု အများဆုံးထဲမှာ တစ်ဦးဘအပါအဝင်ဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီပြေတီဦးဟာ မိမိပိုင်ဆိုင်သမျှအကုန်လုံး ကုန်ချင်ကုန်သွားပါစေ။ ကရင်လွှတ်မြှောက်ရေးတပ်မတော် KNU ကိုထောက်ပံ့ပြီး စစ်အာဏာရှင်ကို တော်လှန်သွားမှာဖြစ်ကြောင်း၊နွေဦးတော်လှန်ရေးကို အောင်မြင်အောင် KNU ကရင်တပ်မတော်ကို ထောက်ပံ့ပေးပြီး ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းပြောသွားပါတယ်။ ပြီးခဲ့တဲ့လက ပြေတီဦးဟာ ငှက်ဖျားမိပြီး နာမကျန်းဖြစ်ချိန်တွင် ထိုင်းနိုင်ငံမဲဆောက်မှ အသိဆရာဝန်တစ်ယောက်ရဲ့ ဆေးခန်းမှာ ဆေးကုသမှုခံယူနေစဉ် CIAဟုယူဆရသော အဖွဲ့အစည်းတစ်ခုမှ မိမိအားဘန်ကောက်သို့ခေါ်ယူပြီး ဆေးကုသပေးခဲ့ကြောင်း၊ ဆေးဖိုးဝါးခလည်း သူတို့ဘက်က တာဝန်ယူသွားကြောင်း၊မိမိအား နိုင်ငံခြားသို့ တာဝန်ယူခေါ်ဆောင်သောအဖွဲ့အစည်းများရှိသော်လည်း မိမိမှာမလိုက်ပဲ KNUထံတွင်သာနေလိုကြောင်း၊မိမိမှာ ယခု ကျန်းမာရေးကောင်းမွန်နေပြီဖြစ်ကြောင်း၊ရန်ကုန်ခဝဲခြံနှင့်ရန်ကုန်ကလူများနဲ့လည်းအဆက်အသွယ်မပြတ်တဲ့အတွက် ရန်ကုန်အခြေအနေကိုလည်း သိရှိရပါကြောင်းသတင်းရရှိပါတယ်။ ယခုမိမိပိုင် ပစ္စည်းများကိုလည်း ထုခွဲရောင်းချပြီး KNU ကရင်တပ်မတော်ကိုထောက်ပံ့ပေးနေကြောင်းသိရပါတယ်။ […]
မတ်လ ၂၉ ရက်နေ့တွင် နိုင်ငံရေးအပြောင်းအလဲဖြစ်မည်ဟု နက္ခတ်ပညာရှင်ဟောကိန်းထုတ်
မတ်လ ၂၉ ရက်နေ့တွင် နိုင်ငံရေးအပြောင်းအလဲဖြစ်မည်ဟု နက္ခတ်ပညာရှင်ဟောကိန်းထုတ် လာမည့် မတ်လ၂၉ ရက်နေ့ (တပေါင်းလဆုတ် ၂ ရက်) နက္ခတ်လပြည့်ချိန်တွင် အင်္ဂါဂြိုလ်ကို ရာဟုအရိပ်မည်းဖုံးလွှမ်းမည်ဖြစ်ကြောင်း ဦးဇေယျာကို (နက္ခတ်ဥယျာဉ်) က ဟောကြားထားပြီး။ အဆိုပါဖြစ်စဉ်ဖြစ်ပေါ်ခဲ့သောနောက်ဆုံးအကြိမ်တွင် နိုင်ငံတော်အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်နေဝင်းနန်းကျပြီး အထိန်းအသိမ်း ခံခဲ့ရသည်ဟု သိရသည်။ လာမည့် ၂ဝ၂၁ ခုနှစ်၊ မတ်လ (၂၉) ရက်၊ တနင်္လာနေ့၊နက္ခတ်လပြည့်ချိန် နံနက် (၁) နာရီ (၁၈) မိနစ်အချိန်တွင် အင်္ဂါနှင့်ရာဟုဂြိုလ်များ ဒီဂရီတိက်စြာ ပူးယှဉ်ကြမည်ဟု နက္ခတ်ပညာရှင်က ဆိုသည်။ ထိုသို့ပူးယှဉ်မှုမှာ မြန်မာ့အရေးကိစ္စများအတွက် များစွာလွှမ်းမိုးပတ်သက်လာနိုင်သည်ဟု ဆိုသည်။(၁၈) နှစ်လျှင် (၁) ကြိမ်ပူးယှဉ်လေ့ရှိသော ၎င်းဖြစ်စဉ်ဖြစ်ပေါ်ခဲ့သော နောက်ဆုံးအကြိမ်သည် ၂ဝဝ၂ ခုနှစ်၊ မေလ (၁၂) ရက်၊ […]
ချစ်သူကောင်လေးရဲ့လက်လေးကို ဆုပ်ကိုင်ပြီး နောက်ဆုံးအနေနဲ့ထိုင်ကြည့်ကာ ကြေကွဲဝမ်းနည်းနေရှာတဲ့ကောင်မလေး
ကျဆုံးသွားပြီဖြစ်တဲ့ ချစ်သူကောင်လေးရဲ့လက်ကိုဆုပ်ကိုင်ပြီး နောက်ဆုံးအနေနဲ့ထိုင်ကြည့်ကာ ကြေကွဲဝမ်းနည်းနေရှာတဲ့ကောင်မလေး လက်ရှိမှာတော့ လူထုလှုပ်ရှားမှုပြုလုပ်ရင်းနဲ့ အသက်ပေးသွားခဲ့ရတဲ့ ပြည်သူတွေရဲ့သတင်းက ကြားသိရသူတွေကိုပါ စိတ်မကောင်းဖြစ်စေခဲ့တာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ မတ်လ (၂၀) ရက်နေ့မှာလည်း သာကေတမြို့နယ်၊ (၆) ရပ်ကွက်မှာ လူစုခွဲဖြိုခွင်းခံခဲ့ရတာကြောင့် ပြည်သူတွေနဲ့အတူ ဆန္ဒထုတ်ဖော်နေတဲ့ အသက် (၁၆)နှစ်အရွယ် လူငယ်လေးတစ်ဦး အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ် ။ သူ့ရဲ့နာမည်ကတော့ မောင်အောင်ကောင်းထက် (ခ) ကောင်းကောင်းပဲ ဖြစ်ပါတယ် ။ မောင်အောင်ကောင်းထက်အတွက် ဝမ်းနည်းပူဆွေးပြီး စိတ်မကောင်းဖြစ်နေရတဲ့သူတွေထဲမှာတော့ သူ့ရဲ့ချစ်သူကောင်မလေးလည်း ပါဝင်တာပဲ ဖြစ်ပါတယ် ။ ကောင်မလေးက အသက်မဲ့သွားပြီဖြစ်တဲ့ သူမချစ်သူရဲ့ ရုပ်အလောင်းဘေးမှာထိုင်ပြီး ကောင်လေးရဲ့မျက်နှာကို တစ်ဝကြီးကြည့်နေခဲ့တာ ဖြစ်ပါတယ် ။ ချစ်သူရဲ့လက်လေးကိုဆုပ်ကိုင်ပြီး နောက်ဆုံးအနေနဲ့ နှုတ်ဆက်နေတဲ့ ကောင်မလေးရဲ့ပုံရိပ်ကတော့ တကယ့်ကို ဝမ်းနည်းကောင်းလှပါတယ် […]
အစိုးရသစ်နှင့် ပြည်သူ့ကာကွယ်ရေးအစီအမံသစ် CRPH ကြေညာမည်….
အစိုးရသစ်နှင့် ပြည်သူ့ကာကွယ်ရေးအစီအမံသစ် CRPH ကြေညာမည် ပြည်ထောင်စုလွှတ်တော် ကိုယ်စာပြုကော်မတီ CRPH ဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ အစိုးရသစ်နဲ့အတူ ပြည်သူ့ကာကွယ်ရေးအစီအမံသစ်ကိုပါ တစ်ပါတည်း ချပြတော့မယ်လို့ CRPH ပြည်ထောင်စုဝန်ကြီးကပြောပါတယ်။ ပြည်သူ့ကာကွယ်ရေးအစီအမံဖြစ်တဲ့ ဖက်ဒရယ်တပ်မတော် ဖြစ်တည်လာဖို့ လစဉ် ဘဏ္ဍာငွေ ဒေါ်လာသန်း ၂၀ လောက် ရှိနိုင်ပြီး ပြည်သူ့လူထုရဲ့ပါဝင် လှူဒါန်းထည့်ဝင်မှုကို အထူး လိုအပ်ကြောင်း CRPH ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ဒီနေ့ အွန်လိုင်းလူမှုကွန်ရက်ကနေ တဆင့် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒီအတွက် CRPH ဝက်ဘ်ဆိုက်ကနေ သွားရောက်လှူဒါန်းနိုင်သလို GoFundMe.com နိုင်ငံတကာဝက်ဘ်ဆိုက်မှာ CRPH ကမ်းပိန်းကိုရှာဖွေနိုင်တယ်လို့ နည်းလမ်းဖော်ပြထားပါတယ်။ CRPH အနေနဲ့ အလှူငွေ ဝက်ဘ်ဆိုက်စတင်ရာမှာ ၁၂ရက်အတွင်း လူပေါင်း ၇၀၀၀ ကျော်ဆီကနေ ဒေါ်လာ ၇ သိန်းကျော်ရရှိထားတာကိုလည်း […]
Taxi စီးနေရင်းနဲ့ ကားမောင်းတဲ့ အဘဆီကို ဖုန်းတွေ တစ်ခုပြီးတစ်ခုဝင်လာလို့ စမ်စုမိလိုက်တဲ့အခါ
Taxi စီးနေရင်းနဲ့ ကားမောင်းတဲ့ အဘဆီကို ဖုန်းတွေ တစ်ခုပြီးတစ်ခုဝင်လာလို့ စမ်စုမိလိုက်တဲ့အခါ အလုပ်သွားဖို့ taxi တစ်စီးတားလိုက်မိသောအခါ taxi မောင်းတဲ့အဘရဲ့အဖြစ်က ရင်ထဲမကောင်းဖြစ်မိပါတယ်။ အလုပ်သွားဖို့အိမ်ကအထွက် taxi တစ်စီးတားလိုက်မိတယ် အသက်အရွယ်ကလဲ ကြီးနေတာကြောင့် ဈေးမဆစ်တော့ဘဲ အဘပြောတဲ့ဈေးနဲ့ဘဲ စီးလိုက်တယ်။ Taxi စီးနေရင်းနဲ့ အဘဆီကို ဖုန်းတခုဝင်လာတယ် ဆေးရုံတင်ထားရတဲ့ သူ့မိန်းမကို ဆေးသွင်းပေးဖို့ ငွေလာသွင်းပေးဖို့ အကြောင်းကြားတဲ့ဖုန်းလေး ကြားကြားချင်း တကယ်ကို စိတ်ထဲမကောင်းသွားတာပါ ခနနေတော့ နောက်ထပ်ဖုန်းတခုထပ်ဝင်လာတယ်။ အိမ်ရှင်က အိမ်ဖယ်ပေးဖို့ပြောတဲ့ဖုန်း တကယ်စိတ်ထဲကိုဆို့သွားတာ အာ့တာနဲ့မနေနိုင်မထိုင်နိုင် အဘအကြောင်းလေးမေးကျိတော့ ဒီနေ့မနက်ဘဲ အဘဇနီးက ကျနော်လဲဒီ့ထက်ပိုစပ်စုချင်တာနဲ့ အဘတို့မှာ ကျောထောက်နောက်ခံ သားသမီးတေမရှိဘူးလားလို့မေးလိုက်တော့ အဘမှာမျက်ရည်လေးဝဲပီး သားရယ် အဘကအရင်တုန်းက express တွေမောင်းတော့ ငွေရေးကြေးရေးအဆင်ပြေသေးတော့ ရှိတာလေးတွေထုခွဲရောင်းပီး သား ၃ယောက်ကို […]