ပူပြင်းတဲ့ရာသီမှာ ပန်းအိုးထဲကပန်းတွေ အချိန်ကြာကြာ လန်းဆန်းနေစေမယ့် နည်းလမ်း (၇) ခု ရာသီဥတု ကလည်း ပူပြင်း လာတာကြောင့် ဘုရားပန်းအိုးထဲက ပန်းတွေ၊ အလှ ပန်းအိုးထဲက ပန်းတွေကလည်း တာရှည် မခံတော့ပါဘူး။ ရက် အနည်းငယ်အတွင်းမှာပဲ နွမ်းခြောက်လာကြပါတယ်။ ဒါပေမယ့် စိတ်ပူစရာ မလိုတော့ပါဘူး။ ပန်းအိုးထဲက ပန်းတွေကို ရက်ကြာကြာ လန်းဆန်းနေစေမယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ ၁။ ပန်းတွေကို အသီးတွေနဲ့ ဝေးရာမှာ ထားပါ။ ပန်းတွေကို ပန်းသီး၊ ငှက်ပျောသီး၊ ခရမ်းချဉ်သီး တို့နဲ့ နီးစပ်တဲ့နေရာမှာ မထားရပါဘူး။ အဲဒီ အသီးတွေမှာ အီသိုင်လင်း ပါဝင်တာကြောင့် ပန်းတွေ မြန်မြန် ပွင့်လာစေပါတယ်။ ဒါ့အပြင် ပန်းတွေကိုလည်း ညှိုးတာ မြန်စေပါတယ်။ ၂။ သကြား၊ […]
Day: March 22, 2022
သူတောင်းစားတယောက်က ပေးတဲ့ စီးပွားရေးပညာ (အရမ်းကောင်းလို့ ပြန်လည် မျှဝေလိုက်ပါတယ်)
သူတောင်းစားတယောက်က ပေးတဲ့ စီးပွားရေးပညာ (အရမ်းကောင်းလို့ ပြန်လည် မျှဝေလိုက်ပါတယ်) ညီလေးရယ် သနားပါကွယ်။ နည်းနည်းလောက်သနားခဲ့ပါ ကျွန်တော်လည်းပျင်းပျင်းနဲ့ အိပ်ကပ်ထဲကအကြွေစေ့တစ်စေ့ ထုတ်ပေးလိုက်တယ်။ ပြီးတော့သူနဲ့စကားပြောဖြစ်သွားတယ်။ အဲဒီသူတောင်းစားက အရမ်းစကားပြောလို့ကောင်းတယ်။ ကျွန်တော်ကဒီဘက်တစ်ကြောမှာပဲ တောင်းဖြစ်တယ်သိလား။ ခင်ဗျားကိုကျွန်တော် အစောတည်းကတွေ့တယ်။ ဒီShopping Mallမှာ Levisဝယ်တည်းက ပိုက်ဆံမနှမျောဘူးဆိုတာ ကျွန်တော်သိတယ် ကျွန်တော်အရမ်းအံ့သြသွားပြီးပြောမိတယ် ခင်ဗျားနားလည်တာများသားပဲ။ သူတောင်းစားလုပ်တယ်ဆိုတာလဲ၊ သိပ္ပံနည်းကျလုပ်ရတယ်ဗျ လို့သူကပြောတယ်။ကျွန်တော်ကြောင်သွားတယ်။ စိတ်ဝင်စားသွားပြီးသူ့ကို ဘယ်လိုသိပ္ပံနည်းကျလဲဗျ၊ လုပ်စမ်းပါဦးလို့မေးလိုက်တယ်။သူကကျွန်တော့်မှာတစ်ခြား သူတောင်းစားနဲ့မတူတဲ့ အချက်ဘာတွေရှိလဲ ခင်ဗျားအရင်ကြည့်ပါဦးလို့ပြန်ပြောတယ်။ ကျွန်တော်သူ့ကိုစေ့စေ့စပ်စပ် အကဲခတ်လိုက်တယ်။ ဆံပင်တွေရှုပ်ပွနေတယ်၊ အင်္ကျီအဝတ်အစားတွေ စုတ်ပြတ်နေတယ်။အရမ်းပိန်တယ်။ ဒါပေမယ့်ပေရေမနေကြဘူး။ သူကကျွန်တော့်အတွေးတွေကို စကားသံနဲ့ဖြတ်လိုက်တယ်။ လူတွေကသူတောင်းစားဆို ရွံကြတယ်ဗျ။ဒါပေမယ့်ခင်ဗျားကျွန်တော့်ကို မရွံဘူးဆိုတာ ကျွန်တော်ပြောရဲတယ်။ အဲဒါကကျွန်တော် တစ်ခြားသူတောင်းစားတွေနဲ့ မတူတဲ့အချက်ပဲ ကျွန်တော်ခေါင်းငြိမ့်ဝန်ခံလိုက်တယ်။ အဟုတ်ကိုရွံစရာမကောင်းပါဘူး။ မဟုတ်ရင်ကျွန်တော် ဘယ်လိုလုပ်သူတောင်းစားတစ်ယောက်နဲ့ စကားလက်ဆုံကျနေပါ့မလဲ။ကျွန်တော် […]
“မင်းက ၀က်သားဟင်း စော စား ခဲ့တာကိုး”(အရမ်းကောင်းလို့ လူတိုင်းဖတ်ကြည့်သင့်တဲ့ ပို့စ် လေးပါ)
“မင်းက ၀က်သားဟင်း စော စား ခဲ့တာကိုး”(အရမ်းကောင်းလို့ လူတိုင်းဖတ်ကြည့်သင့်တဲ့ ပို့စ် လေးပါ) အကြော်စုံကိုတစ်နေ့(၃)သိန်းဖိုးရောင်းရတာတို့၊ ကြက်ဒုတ်ထိုးရောင်းပြီးအိမ်ပိုင်တာတို့၊ငပိရည် ကြက်သားသုပ်ရောင်းပြီးတိုက်ဆောက်တာတို့၊ ကွမ်းယာရောင်းပြီးနိုင်ငံခြားမှာ သားသမီးကိုေ ကျာင်းထားတာတို့၊ဘေထုတ်ရောင်းပြီးကား ၀ယ်တာတို့စတာတွေကို လိုင်းပေါ်မှ ချီးကျုးတာထက်ဝေဖန်တာကိုတွေ့ရလို့ ဒီလိုလေး တွေးမိပါတယ်……. ၂၀၁၈ ခုနှစ်လောက်က ထင်တယ် express စီးရင်းနဲ့ ဒရိုင်ဘာက ဘေးမှာပါလာတဲ့ စပယ်ယာအသစ်ကို စကားပြောနေတာပေါ့… ကိုယ်က ရှေ့ဆုံးခုံဆိုတော့ သူတို့ပြောသမျှအကုန်ကြားနေရတာ။ ဒရိုင်ဘာကငြီးငြူနေတာ… ငါတစ်လ(၁၅)သိန်းကျော်ရတယ်… အခုထိအဖတ်တင်တာ ဘာမှမရှိဘူးတဲ့။ ငါ့စပယ်ယာက တစ်လ(၁)သိန်းခွဲဘဲရတယ်။ အဲ့ဒါကို ပြီးခဲ့တဲ့လက ရွာမှာမြေကွက် ၀ယ်ပြီးပြီတဲ့။ အဲ့ဒီကောင်ကွာ နဲနဲနောနော တွက်ကပ်တဲ့ကောင်မဟုတ်ဘူးတဲ့။ ဒီကောင်ကွာ ဘယ်တော့မှ လက်ဖက်ရည်ဆိုင် မထိုင်ဘူး။ အပြင် မုန့်ပဲသရေစာ ဘာမှမစားဘူး။ အမြန်လမ်းမှာကျွေးတဲ့ ထမင်းစားတယ်။ ဂိတ်ရောက်ရင် ကျွေးတာစားတယ်၊ […]
သတိထားကြပါ… တချို့ မိသားစုလိုက်သေကြတယ်ဆိုတာ ဒီလိုဈေးသည်တွေကြောင့်ပါ
သတိထားကြပါ… တချို့ မိသားစုလိုက်သေကြတယ်ဆိုတာ ဒီလိုဈေးသည်တွေကြောင့်ပါ သတိထားကြ ပါ… မိသားစုလိုက် အစုလိုက်အပြုံလိုက် အစားစာရင်း သေတယ်တို့ ဘာတို့ ဆိုတာ ကျွန်မ တို့ fb မှာလည်း မြင်ဘူးတယ်… ဖတ်ဘူးပါတယ်။ ဒီလိုမျိုး ဈေးသည် တွေရှိလို့ လည်း သေကျတာ နေမယ်…။ ဒီမနက် ကျွန်မ ဈေးသွားပါတယ်…။ ပန္နဲကွင်းလေးတွေ ဖွေးဖြူ သန့်ပြန့် နေတော့ တခုခုလေး နဲ့ ရောချက်မယ်စိတ်ကူး နဲ့ ဆလုံကြီး နဲ့ ရေစိမ်ထားသော ပန္နဲ ကွင်း တွေကို ကျွန်မ ဆယ်ယူပြီး ချိန်ခိုင်းလိုက်ပါတယ်…။ ပိုက်ဆံရှင်းပြီး ကျွန်မ ဈေးပတ်နေတဲ့ အချိန်ပဲ ကျွန်မ လက်တစ်ဖက် တော်တော် နီပြီး ယားလာတာ…။ စောနက ပန္နဲ […]



