ၾကားသိရသမွ်

မင်းသမီးချော TANGMO ရဲ့ ဈာပနအခမ်းအနား နောက်ဆုံးနေ့မှာ တက်ရောက်လာခဲ့တဲ့ ခင်ပွန်းဟောင်း ဒွန်နိုး

မင်းသမီးချော Tangmo ရဲ့ ဈာပနအခမ်းအနား နောက်ဆုံးနေ့မှာ တက်ရောက်လာခဲ့တဲ့ ခင်ပွန်းဟောင်း ဒွန်နိုး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ည ၂၃ နာရီအချိန်ခန့်တွင် ထိုင်းနိုင်ငံ၏ သတင်းစာမျက်နှာများတွင် The Gone Leaf ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားသည့် မင်းသမီးချော Tangmo Pattaratira ဟာ ကျောက်ဖုရားမြစ်ထဲ လှေပေါ်ကနေ ပြုတ်ကျခဲ့တာဖြစ်ပါတယ်။ အဆိုပါလှေပေါ်တွင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၃ ဦးပါပြီး လှေသည် ဆန်ဟိုင်းတံတားမှ ထွက်ခွာပြီး နွန်သဘူရီသို့ ဦးတည်သွားခဲ့သည်။မြစ်ရေသည် နွန်သဘူရီဘက်သို့ စီးဆင်းနေချိန်ဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့မှ လူများကို ရှာဖွေရန် ရေငုပ်စဉ် ရေသည် တဖြည်းဖြည်း ငြိမ်သက်သွားကာ ထိုင်းပင်လယ်ကွေ့သို့ ပြန်လည်စီးဆင်းသွားသည့်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်လို့လည်း သိရှိရပါသည်။ […]

ကြားသိရသမျှ

ဟန်ငြိမ်းဦးရဲ့ Telegram Channel ပြုတ်သွားတဲ့အပြင် နောက်ဖြစ်ရပ်တစ်ခုကိုပြောလာတဲ့ ပန်ဆယ်လို

ရေသန့်ကောင်ရဲ့ Telegram Channel ပြုတ်သွားတဲ့အပြင် နောက်ဖြစ်ရပ်တစ်ခုကိုပြောလာတဲ့ ပန်ဆယ်လို ရေသန့်ကောင်ရဲ့ Telegram Channel ပြုတ်သွားပြီ။ နောက်တစ်ခုနဲ့ ထပ်တက်လာတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေ၊ မီဒီယာတွေကနေ ထပ်ဖိအားပေးနိုင်ရင် ဒီကောင် ဖေ့စ်ဘုတ်ပေါ်မှာ အပြီးဖယ်ရှားခံရသလို တယ်လီဂရမ်မှာပါ ဖယ်ရှားခံရမယ်။ ထပ်ပြီး ညီညီညွတ်ညွတ် ဖိအားပေးနိုင်ရင် အကြမ်း ဖက်အဖွဲ့အစည်းဖြစ်တဲ့ မင်းအောင်လှိုင်စစ်တပ်ကို ထောက်ခံတဲ့ အရေးအသားတွေ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ဖို့ လှုံ့ဆော်တဲ့ အရေးအသားတွေကို တယ်လီဂရမ်မှာ လုံးဝမရေးနိုင်အောင် ဘယ်သူမှမရေးနိုင်အောင် လုပ်ရမယ်။ ရိုဟင်ဂျာအရေးအခင်းတုန်းက Facebook မှာ လူမျိုးရေးမုန်းတီးမှုတွေလှုံ့ဆော်တာနဲ့ ပတ်သက်ပြီး မထိန်းသိမ်းခဲ့မှုအတွက် ဇူကာဘတ်ကိုယ်တိုင် အမေရိကန်ကွန်ဂရက်မှာ ချွေးပြန်အောင် ရှင်းခဲ့ရဖူးတယ်။ Telegram Platform အနေနဲ့လည်း အခုလို အကြမ်း ဖက်မှုတွေလှုံ့ဆော်မှုအတွက် တာဝန်ယူ တာဝန်ခံရလိမ့်မယ်ဆိုတာကို ကျယ်ကျယ်လောင်လောင် […]

ၾကားသိရသမွ်

ချစ်ရတဲ့မိသားစုဝင်တွေနဲ့ပရိတ်သတ်တွေကို အပြီးတိုင်နှုတ်ဆက်ထွက်ခွါသွားပြီဖြစ်တဲ့ ဦးဖိုးဖြူရဲ့ ဝမ်းနည်းစရာနောက်ဆုံးဈာပနမြင်ကွင်း

တစ်ချိန်ကဟာသလောကမှ ပရိသတ်တွေကိုအမြဲရယ်မောပျော်ရွှင်စေတဲ့ ပျက်လုံးတွေနဲ့ဘဝအမောတွေပြေစေခဲ့တာကတော့ ဖိုးဖြူပဲဖြစ်ပါတယ်။ သူမကတော့ယနေ့မှာ ချစ်ရတဲ့သူတွေအကုန်လုံးကို နှုတ်ဆက်ပြီး ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။ ပရိသတ်တွေကလည်းခုချိန်ထိ မယုံနိုင်သေးပဲ နှမြောတသ စိတ်မကောင်းဖြစ်နေရတာပါ။ သူတို့ရဲ့ ဟာသလေးတွေနဲ့ ပဲပရိသတ်တွေကကြီးပြင်းလာခဲ့တာပါ။   ဒါကြောင့်လည်းအနုပညာလောကမှာ နှစ်ပေါင်းများစွာကြာအောင်မြင်မှုတွေနဲ့ရပ်တည်လာနိုင်ခဲ့တာပါ။ နိုင်ငံရေးအခြေနေတွေကြောင့် သူ့ရဲ့သတင်းတွေဘာမှမကြားမိခဲ့ပဲ ခုကွယ်လွန်ချိန်မှာသာ ပရိသတ်တွေပြန်တွေးမိခဲ့ကြတာပါ။ ဒီကနေ့မှာတော့ဦးဖြူဝင်းရွှေ (ခ) ဦးဖိုးဖြူ ၊ အသက် (၆၃) နှစ် ၏ ဈာပနာကို ဒီကနေ့၊ မတ်လ (၁၃) ရက်နေ့က ရန်ကုန်၊ မြောက်ဥက္ကလာ ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။ ဝါရင့် လူရွှင်တော်၊ ဟာသ သရုပ်ဆောင် ဦးဖိုးဖြူ ဟာ မတ်လ (၁၁) ရက်နေ့၊ ညနေ (၆:၄၅) အချိန်တွင် မြောက်ဥက္ကလာ OSC ဆေးရုံမှာ အဆုတ်ရောဂါဖြင့် […]

ၾကားသိရသမွ်

“ကြယ်တွေ ကြွေ တဲ့ နွေ. .”

တမလွန်ကို ရောက်ဖူးကြမယ်မထင်ပါဘူး ။ တမလွန်ဆိုတာ သိပ်ကို ငြိမ်းချမ်းတာရှင့် ။ စာရေး သောက်ရေး ၊ နေရေး ထိုင်ရေး ၊ ပူစရာမလိုဘူးလေ ။ ဟော .. တစ်နေရာရာကို စိတ်ထဲကနေ သွားချင်နေလား ၊ စိတ်ကူးလေးထဲမှာ တွေးလိုက်တာနဲ့ အလိုလိုရောက်သွားတော့တာ ။ သူငယ်ချင်းတစ်ယောက်ယောက်ကို သတိရလို့ သူ့မျက်နှာမြင်လိုက်တာနဲ့ သူ့နဘေးကို ရောက်သွားတာနော ။ တမလွန်ဆိုတာ လောကီဘဝနဲ့ မတူဘူးရှင့် ။ တစ်ခုတော့ရှိတာပေါ့ ။ တမလွန်ရောက်တာချင်းအတူတူ သူတစ်ပါးကို ဒုက္ခပေးခဲ့တဲ့သူနဲ့ လူသားဆန်စွာ နေထိုင်ခဲ့သူတွေရဲ့ ရပ်တည်မှု့ကတော့ မတူနိုင်ဘူးပေါ့ ။ ကျွန်မက အာဏာရှင်ကို တော်လှန်ရင်း မထင်မှတ်ပဲ တမလွန်ကို ရောက်ခဲ့သူလေ ။ ပူလောင်မှု့မရှိပါဘူး ။ ကျွန်မ […]

ၾကားသိရသမွ်

တစ်နိုင်ငံလုံး မီးမလာတဲ့ ကိစ္စကို ကြေးစည်လေးနဲ့ ရောကာ ဟာသနှောရင်း ပြောပြလာတဲ့ ဦးကံပွင့်

(Unicode ဖြင့်ဖတ်ရန်) ပရိသတ် ကြီးရေ ဆယ်စု နှစ် တစ်ခု ကြာအောင် ပရိသတ် တွေကို ဇာတ်ခုံပေါ် ကနေ ပြက်လုံးတွေနဲ့ ရယ်မောပျော်ရွှင်အောင် ပြုလုပ်ပေးခဲ့တဲ့ လူရွှင်တော်ကြီး ကံပွင့်ကိုတော့ ချစ်တဲ့ ပရိသတ်တွေအား လုံးပဲသိကြဦးမယ်ထင်ပါတယ်နော်။ ဦးကံပွင့်ဟာလူရွှင်တော်လောကမှာ အောင်မြင်ရုံ တင်သာမက သရုပ်ဆောင်တဲ့ နေရာမှာလည်း တော်တဲ့ ဟာသရုပ်ဆောင် တစ်ဦးပဲ ဖြစ်ပါတယ်။   လက်ရှိMRTV-4 မှာထုတ်လွှင့်နေတဲ့ “မကြေးစည်” ဇာတ်လမ်း တွဲမှာ အရူးပေါက်ကြီး နေရာကနေ ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့တာကြောင့်ပရိသတ်တွေကအားပေးချစ်ခင်ကြရပြန်ပါတယ်။ “မကြေး စည်” ဇာတ်ကားထဲမှာ ဦးကံပွင့် ဟာ ကြေးစည်လေးကို လည်ပင်း မှာအမြဲဆွဲထားတဲ့ အရူးပေါက်ကြီးဆိုတဲ့ ကာရိုက်တာတစ်ခုဖြစ်တဲ့ စိတ်မနှံ့တဲ့ နေရာကနေ သရုပ်ဆောင်ထား တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ […]

ဗဟုသုတ

ဂရန်အတု.. ဂရန်အစစ်… လွယ်ကူစွာခွဲခြားနည်း

ဂရန်အတု.. ဂရန်အစစ်… လွယ်ကူစွာခွဲခြားနည်း ဂ ရန် အတု ဂရန်အစစ် အားအောက်ပါအချက်များဖြင့်ခွဲနိုင်ပါသည်ဂ ရန် မျက်နှာဖုံးက သားရေအစိမ်းရင့်ပါ တွန့်ကြေခြင်းမရှိပါ ဌာနတံဆိပ်မှာ ရွှေရောင် လက်နှင့်ပွတ်ကြည့်လျင် ကြမ်းပြီး ဖောင်းကြွ ဖြစ်ပါတယ် အိုးအိမ်ဂရန် မှာ အပြာရောင်ပါ ( အတုမှာနက်ပြာရောင်သို့မဟုတ်အစိမ်းပုတ်ရောင်ဖြစ်ပြီးဌာနတံဆိပ်မှာကြမ်းမနေပါ ) ဌာ န တံဆိပ်ရေစာ မှာအပြာနုပါ ထင်ရှားပြီး မှုံဝါးမနေ အရောင်မှာအရမ်းတောက်ပမနေပါ စာ အုပ် ချုပ် ထားတဲ့ချုပ်ရိုးမှာ သက်သက်ရပ်ရပ်ဖြစ်နေပြီး အပ်ပေါက်ရာနှင့်ချုပ်ထားသောချုပ်ရိုးစများအပြင်သို့ထွက်မနေပါ (အတုမှာချုပ်ထားသောကြိုးစများထွက်နေပြီးကြိုးထက်အပ်ပေါက်ရာကကြီးနေတက်ပါတယ်) စာ ရွက် ရဲ့အသားဟာထူပြီး ချောနေပါတယ် စာရွက်ကို ထောင်ကြည့်လျှင် ရေစာသည် အရောင်ဖျော့ ပြီးပြတ်သားစွာ မြင်ရပါတယ်(အတုသည် ရေစာအားcolourprinterဖြင့်ထုတ်ထားသဖြင့်အရမ်းထင်းလွန်းပြီး စာရွတ်သားမှာ မထူပါ စာလုံးများအားပွတ်ကြည့်လျှင် အရောင်ပျက်သွားပါသည်) မြေပုံဆွဲသည့်အခါအဝိုင်းများနှင့်မြေကွက် ဘောင်ခတ်ခြင်း […]

ၾကားသိရသမွ်

၃၅၄၀ မီတာ အကွာအဝေးမှ ရန်သူကိုစံချိန်တင် ပစ်ခတ်နိုင်တဲ့ လက်ဖြောင့်တပ်သား ယူကရိန်းဖက်မှ ပါဝင်တော့မည်

၃၅၄၀ မီတာ အကွာအဝေးမှ ရန်သူကိုစံချိန်တင် ပစ်ခတ်နိုင်တဲ့ လက်ဖြောင့်တပ်သား ယူကရိန်းဖက်မှ ပါဝင်တော့မည် ၃၅၄၀ မီတာ(၂ ဒသမ ၂ မိုင်ခန့်)အကွာအဝေးမှ ရန်သူကို စံချိန်တင်ပစ်ခတ်နိုင်ခဲ့သော ကနေဒါလက်ဖြောင့်တပ်စုမှ သေနတ်သမားတစ်ဦးဖြစ်သည့် ကနေဒါ-ပြင်သစ် ကပြား လက်ဖြောင့်သေနတ်သမား ဝါလီသည် ယူကရိန်းဖက်မှ ဝင်ရောက်တိုက်ခိုက်ပေးရန်အတွက် ယူကရိန်းနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်ကြောင်းသိရသည်။ ကွန်ပျူတာပညာရှင်တစ်ဦးလည်းဖြစ်သော ဝါလီ(Wali)သည် ၂၀၀၉ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်များတွင် အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာ(Kandahar)စစ်မြေပြင်၌ ၂ကြိမ်တိုင်တိုင် တိုက်ပွဲဝင်ခဲ့ဖူးပြီး သူ၏ လက်ဖြောင့်သေနတ်ဖြင့် ရန်သူ ဒါဇင်နှင့်ချီ၍ သုတ်သင်နိုင်ခဲ့ရာတွင် “ဝါလီ”ဟူသည့် အမည်ကို ရရှိခဲ့ဖြင်းဖြစ်သည်။ သူသည် JTF-2 လက်ဖြောင့်တပ်စုဝင် သေနတ်သမားတစ်ဦးဖြစ်ပြီး၊ သူတို့တပ်စုသည် ၂ ဒသမ ၂ မိုင်အကွာအဝေးမှ ရန်သူကို ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့သဖြင့် ကမ္ဘာ့အဝေးဆုံးပစ်ခတ်မှုစံချိန်တင်ခဲ့သော […]

ၾကားသိရသမွ်

“လူနှင့် ပျားယဥ်ကျေးမှု” (ထိုင်းမင်းသမီး တန်မိုရဲ့ ပုံတွေကြည့်ရင်း သတိရမိတဲ့ မိတ်ဆွေတုတွေ အကြောင်း)

“လူနှင့် ပျားယဥ်ကျေးမှု” (ထိုင်းမင်းသမီး တန်မိုရဲ့ ပုံတွေကြည့်ရင်း သတိရမိတဲ့ မိတ်ဆွေတုတွေ) ကိုစိုးထိုက် (ဖဒို) ထိုင်းမင်းသမီး တန်မိုရဲ့ ပုံတွေကြည့်ရင်း မိတ်ဆွေတုတွေအကြောင်း ကျွန်တော်ရေးထားတဲ့ “လူနှင့် ပျားယဥ်ကျေးမှု” ဆိုတဲ့ စာလေး ပြန်သတိရမိပါတယ် အဲဒီနေ့ကပေါ့..။ ပဲခူး ရိုးမတောင်ခြေ ဖဒိုမြို့မှာနေတဲ့ ကျွန်တော့်ကို ရန်ကုန်မှာနေတဲ့ မိတ်ဆွေတစ်ယောက်က ပျားရည်စစ်စစ် တစ်ပုလင်းလောက် လိုချင်တယ်ဆိုပြီး လူကြုံ မှာတယ်။ အမှန်တော့ ဖဒိုမှာလည်း ပျားရည်စစ်စစ် ရှားပါတယ်။ သစ်ခုတ်၊ ဝါးခုတ်ရင်း အမဲလိုက်တဲ့ လူတချို့ဆီကမှ ရံဖန်ရံခါ ပျားရည်စစ်စစ် ရတတ်တာမို့ တောင်ပေါ်က ကရင်လူမျိုး အသိတစ်ယောက်ဆီ ပျားရည်သွားမှာ ရတာပေါ့။ အခန့်သင့်တယ်ပြောရမလား မသိ။ အဲဒီလူဆီမှာ မနေ့ကမှ ဖွတ်လာတဲ့ ပျားရည်ပုလင်းတစ်ချို့ ရလိုက်တယ်။ ဂျီတစ်ကောင်နောက်လိုက်ရင်း […]

ဗဟုသုတ

မိန်းကလေးတွေ အမြတ်တနိုး တန်ဖိုးထား လက်ထပ်သင့်သော ယောက်ျား (၁၀) မျိုး

မိန်းကလေးတွေ အမြတ်တနိုး တန်ဖိုးထား လက်ထပ်သင့်သော ယောက်ျား (၁၀) မျိုး (၁) စကားနည်းပြီး အကျင့်စာရိတ္တကောင်းသော တည်တည်ကြည်နေ ထိုင်တတ်သော ယောက်ျား (၂) အဖေအရင်း ပမာ အကိုကြီးပမာ ဆုံးမ ပဲ့သင် လမ်းပြ ပေးတတ်သော ယောက်ျား (၃) အတတ်ပညာ အရည်အချင်း အမျှော်အမြင်ကြီးမာ လှသော ယောက်ျား (၄) ပုံမှန်အားဖြင့် မိန်းမဆို စိတ်မဝင်စား မိမိတဦးထဲ ချစ်ခင် မြတ်နိူးတတ်သော ယောက်ျား (၅) မိန်းမတယောက်နဲ့ ယှဉ်ပြိုင်ကာ ရန်တု မဖြစ်တတ်သော ယောက်ျား (၆) မိမိဘဝအား အမေရင်း ပမာ နှမရင်း ပမာ လေးစား စောင့်ရှောက် တတ်သော ယောက်ျား (၇) အားလပ်ချိန်တွေ အိမ်မှုကိစ္စ […]

ၾကားသိရသမွ်

နွေဦးတော်လှန်ရေးအတွက် အထောက်အကူပြုဖို့ ကန်ဒေါ်လာ ၁၃၆ သန်းကျော် အကူအညီပေးရေး ပါဝင်ထားတဲ့ အမေရိကန်အစိုးရဘတ်ဂျက်ကို လွှတ်တော်က အတည်ပြု

နွေဦးတော်လှန်ရေးအတွက် အထောက်အကူပြုဖို့ ကန်ဒေါ်လာ ၁၃၆ သန်းကျော် အကူအညီပေးရေး ပါဝင်ထားတဲ့ အမေရိကန်အစိုးရဘတ်ဂျက်ကို လွှတ်တော်က အတည်ပြု မတ် ၁၃ ၊ ၂၀၂၂ အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်ကနေပြီးတော့ အမေရိကန်အစိုးရအတွက် ၂၀၂၁-၂၀၂၂ ခုနှစ် ဘတ်ဂျက်ကို မတ် ၁၁ ရက်က အတည်ပြုခဲ့ရာ အဲဒီဘတ်ဂျက်ထဲမှာ မြန်မာ့နွေဦးတော်လှန်ရေးအတွက် ကန်ဒေါ် လာ ၁၃၆ သန်းကျော်အကူအညီပေးမယ့်အစီအစဉ်တွေ ပါဝင်နေတာ တွေ့ရပါတယ်။ ဒီဘတ်ဂျက်ကို အမေရိကန်လွှတ်တော်နှစ်ရပ်စလုံးကထောက်ခံပြီးတာမို့ သမ္မတဂျိုးဘိုင်ဒင်က ရက်ပိုင်းအတွင်း လက်မှတ်ရေးထိုးအတည်ပြုမယ်လို့လည်း ဆိုထားပါတယ်။ လွှတ်တော်က အတည်ပြုလိုက်တဲ့ ဘတ်ဂျက်ထဲမှာ မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၁၃၆,၁၂၇,၀၀၀ ထောက်ပံ့ဖို့ သတ်မှတ်ထားတာပါ။ ဒီသတ်မှတ်ချက်တွေထဲမှာ ကချင်၊ ချင်း၊ မွန်၊ ကရင်၊ ကရင်နီ၊ ရခိုင်နဲ့ ရှမ်းပြည် နယ်များအတွင်း […]