(Unicode ဖြင့်ဖတ်ရန်)
ပရိသတ် ကြီးရေ ဆယ်စု နှစ် တစ်ခု ကြာအောင် ပရိသတ် တွေကို ဇာတ်ခုံပေါ် ကနေ ပြက်လုံးတွေနဲ့ ရယ်မောပျော်ရွှင်အောင် ပြုလုပ်ပေးခဲ့တဲ့ လူရွှင်တော်ကြီး ကံပွင့်ကိုတော့ ချစ်တဲ့ ပရိသတ်တွေအား လုံးပဲသိကြဦးမယ်ထင်ပါတယ်နော်။ ဦးကံပွင့်ဟာလူရွှင်တော်လောကမှာ အောင်မြင်ရုံ တင်သာမက သရုပ်ဆောင်တဲ့ နေရာမှာလည်း တော်တဲ့ ဟာသရုပ်ဆောင် တစ်ဦးပဲ ဖြစ်ပါတယ်။
လက်ရှိMRTV-4 မှာထုတ်လွှင့်နေတဲ့ “မကြေးစည်” ဇာတ်လမ်း တွဲမှာ အရူးပေါက်ကြီး နေရာကနေ ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့တာကြောင့်ပရိသတ်တွေကအားပေးချစ်ခင်ကြရပြန်ပါတယ်။
“မကြေး စည်” ဇာတ်ကားထဲမှာ ဦးကံပွင့် ဟာ ကြေးစည်လေးကို လည်ပင်း မှာအမြဲဆွဲထားတဲ့ အရူးပေါက်ကြီးဆိုတဲ့ ကာရိုက်တာတစ်ခုဖြစ်တဲ့ စိတ်မနှံ့တဲ့ နေရာကနေ သရုပ်ဆောင်ထား တာပဲ ဖြစ်ပါတယ်။
သူ့ရဲ့ သရုပ်ဆောင်ချက် တွေက ပီပြင်လွန်း၍ ဦးကံပွင့်ကိုပရိသတ်တွေက ချစ်စနိုးနဲ့ အရူးပေါက်ကြီး လို့ပဲ ခေါ်နေကြ တာကြောင့် နာမည်အရင်းပျောက်လုနီးနီးတောင် ဖြစ်တဲ့အထိအောင်မြင်ခဲ့တာပါ။ ဦးကံပွင့် ဟာ မီးတွေ ခဏ ခဏ ပျက်နေတဲ့ အပေါ် သူ့ရဲ့ ရင်တွင်း ခံစားချက်ကို အခုလိုပဲ ပြောပြ လာခဲ့ ပါတယ်။
” မီးပျက် ပူအိုက် ခြင်ကကိုက်မို့ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆို ရင် ကြေးစည် တစ်ချက် တီးတိုင်း မီးတစ်နာရီလာမယ်ဆိုရင် တစ် နေ့ကို နှစ်ဆယ့်လေးချက်တီး၊ တစ်နိုင်ငံလုံး လင်းစေသတည်း။ အဲ့လိုဆို သိပ်ကောင်းမှာပဲနော် ” လို့ စေတနာအပြည့်နဲ့ ရေးသားထားတာပဲဖြစ်ပါတယ်။
ကဲ စာဖတ် ပရိသတ်ကြီးရေ မီးတွေပျက်နေတဲ့ကိစ္စ နဲ့ပတ်သက်ပြီးဦးကံပွင့်ရဲ့ရင်တွင်းခံစားချက်လေးကို ပြန်လည် မျှဝေ ပေးလိုက်ပါတယ်နော်။ ပရိသတ် တွေရဲ့ ဆန္ဒနဲ့လည်း ထပ်တူကြ လိမ့်မယ်ထင်ပါတယ်။
ဦးကံပွင့်ပြောသလို ကြေးစည် တစ်ချက်တီးတိုင်း မီးတစ်နာရီသာလာမယ်ဆိုရင် ဘယ်လောက်ကောင်းလိမ့်မလဲနော်။ မြန်မာ ပြည်ကြီးလဲ မီးအမြန်ဆုံးမှန်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ Credit
(Zawgyi ဖြင့်ဖတ်ရန်)
ပရိသတ္ ႀကီးေရ ဆယ္စု ႏွစ္ တစ္ခု ၾကာေအာင္ ပရိသတ္ ေတြကို ဇာတ္ခုံေပၚ ကေန ျပက္လုံးေတြနဲ႕ ရယ္ေမာေပ်ာ္႐ႊင္ေအာင္ ျပဳလုပ္ေပးခဲ့တဲ့ လူ႐ႊင္ေတာ္ႀကီး ကံပြင့္ကိုေတာ့ ခ်စ္တဲ့ ပရိသတ္ေတြအား လုံးပဲသိၾကဦးမယ္ထင္ပါတယ္ေနာ္။ ဦးကံပြင့္ဟာလူ႐ႊင္ေတာ္ေလာကမွာ ေအာင္ျမင္႐ုံ တင္သာမက သ႐ုပ္ေဆာင္တဲ့ ေနရာမွာလည္း ေတာ္တဲ့ ဟာသ႐ုပ္ေဆာင္ တစ္ဦးပဲ ျဖစ္ပါတယ္။
လက္ရွိMRTV-4 မွာထုတ္လႊင့္ေနတဲ့ “မေၾကးစည္” ဇာတ္လမ္း တြဲမွာ အ႐ူးေပါက္ႀကီး ေနရာကေန ပီပီျပင္ျပင္ သ႐ုပ္ေဆာင္ခဲ့တာေၾကာင့္ပရိသတ္ေတြကအားေပးခ်စ္ခင္ၾကရျပန္ပါတယ္။
“မေၾကး စည္” ဇာတ္ကားထဲမွာ ဦးကံပြင့္ ဟာ ေၾကးစည္ေလးကို လည္ပင္း မွာအၿမဲဆြဲထားတဲ့ အ႐ူးေပါက္ႀကီးဆိုတဲ့ ကာရိုက္တာတစ္ခုျဖစ္တဲ့ စိတ္မႏွံ႕တဲ့ ေနရာကေန သ႐ုပ္ေဆာင္ထား တာပဲ ျဖစ္ပါတယ္။
သူ႕ရဲ႕ သ႐ုပ္ေဆာင္ခ်က္ ေတြက ပီျပင္လြန္း၍ ဦးကံပြင့္ကိုပရိသတ္ေတြက ခ်စ္စနိုးနဲ႕ အ႐ူးေပါက္ႀကီး လို႔ပဲ ေခၚေနၾက တာေၾကာင့္ နာမည္အရင္းေပ်ာက္လုနီးနီးေတာင္ ျဖစ္တဲ့အထိေအာင္ျမင္ခဲ့တာပါ။ ဦးကံပြင့္ ဟာ မီးေတြ ခဏ ခဏ ပ်က္ေနတဲ့ အေပၚ သူ႕ရဲ႕ ရင္တြင္း ခံစားခ်က္ကို အခုလိုပဲ ေျပာျပ လာခဲ့ ပါတယ္။
” မီးပ်က္ ပူအိုက္ ျခင္ကကိုက္မို႔ ဆုေတာင္းတိုင္းသာ ျပည့္မယ္ဆို ရင္ ေၾကးစည္ တစ္ခ်က္ တီးတိုင္း မီးတစ္နာရီလာမယ္ဆိုရင္ တစ္ ေန႕ကို ႏွစ္ဆယ့္ေလးခ်က္တီး၊ တစ္နိုင္ငံလုံး လင္းေစသတည္း။ အဲ့လိုဆို သိပ္ေကာင္းမွာပဲေနာ္ ” လို႔ ေစတနာအျပည့္နဲ႕ ေရးသားထားတာပဲျဖစ္ပါတယ္။
ကဲ စာဖတ္ ပရိသတ္ႀကီးေရ မီးေတြပ်က္ေနတဲ့ကိစၥ နဲ႕ပတ္သက္ၿပီးဦးကံပြင့္ရဲ႕ရင္တြင္းခံစားခ်က္ေလးကို ျပန္လည္ မွ်ေဝ ေပးလိုက္ပါတယ္ေနာ္။ ပရိသတ္ ေတြရဲ႕ ဆႏၵနဲ႕လည္း ထပ္တူၾက လိမ့္မယ္ထင္ပါတယ္။
ဦးကံပြင့္ေျပာသလို ေၾကးစည္ တစ္ခ်က္တီးတိုင္း မီးတစ္နာရီသာလာမယ္ဆိုရင္ ဘယ္ေလာက္ေကာင္းလိမ့္မလဲေနာ္။ ျမန္မာ ျပည္ႀကီးလဲ မီးအျမန္ဆုံးမွန္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။ Credit