ၾကားသိရသမွ်

၃၅၄၀ မီတာ အကွာအဝေးမှ ရန်သူကိုစံချိန်တင် ပစ်ခတ်နိုင်တဲ့ လက်ဖြောင့်တပ်သား ယူကရိန်းဖက်မှ ပါဝင်တော့မည်

၃၅၄၀ မီတာ(၂ ဒသမ ၂ မိုင်ခန့်)အကွာအဝေးမှ ရန်သူကို စံချိန်တင်ပစ်ခတ်နိုင်ခဲ့သော ကနေဒါလက်ဖြောင့်တပ်စုမှ သေနတ်သမားတစ်ဦးဖြစ်သည့် ကနေဒါ-ပြင်သစ် ကပြား လက်ဖြောင့်သေနတ်သမား ဝါလီသည် ယူကရိန်းဖက်မှ ဝင်ရောက်တိုက်ခိုက်ပေးရန်အတွက် ယူကရိန်းနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်ကြောင်းသိရသည်။

ကွန်ပျူတာပညာရှင်တစ်ဦးလည်းဖြစ်သော ဝါလီ(Wali)သည် ၂၀၀၉ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်များတွင် အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာ(Kandahar)စစ်မြေပြင်၌ ၂ကြိမ်တိုင်တိုင် တိုက်ပွဲဝင်ခဲ့ဖူးပြီး သူ၏ လက်ဖြောင့်သေနတ်ဖြင့် ရန်သူ ဒါဇင်နှင့်ချီ၍ သုတ်သင်နိုင်ခဲ့ရာတွင် “ဝါလီ”ဟူသည့် အမည်ကို ရရှိခဲ့ဖြင်းဖြစ်သည်။

သူသည် JTF-2 လက်ဖြောင့်တပ်စုဝင် သေနတ်သမားတစ်ဦးဖြစ်ပြီး၊ သူတို့တပ်စုသည် ၂ ဒသမ ၂ မိုင်အကွာအဝေးမှ ရန်သူကို ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့သဖြင့် ကမ္ဘာ့အဝေးဆုံးပစ်ခတ်မှုစံချိန်တင်ခဲ့သော တပ်စုလည်းဖြစ်သည်။

လက်ဖြောင့်သေနတ်သမားတစ်ဦးသည် ပျမ်းမျှခြင်းအားဖြင့် တစ်နေ့လျှင် ရန်သူ ၇ ဦးခန့်ကို သုတ်သင်နိုင်လေ့ရှိသော်လည်း၊ ယူကရိန်းလက်ဖြောင့်များသည် တစ်နေ့လျှင် ရန်သူ ၁၀ ဦးမျှကို ပစ်ခတ်နိုင်ကြောင်းသိရသည်။ ဝါလီမှာမူ တစ်နေ့လျှင် ၄၀ ဦးအထိ ပစ်ခတ်ပေးနိုင်သည်ဆို၏။

ယခုအခါ နိုင်ငံခြားမှ တိုက်ခိုက်ရေးအဖွဲ့ဝင်များလည်း မိမိတို့အား လာရောက်ကူညီပေးကြပါရန် ယူကရိန်းသမ္မတ ဇယ်လန်းစကီး၏ ဖိတ်ခေါ်ချက်အရ အခြား ကနေဒါတပ်ဖွဲ့သားများနှင့်အတူ ယူကရိန်းနိုင်ငံသို့ ယမန်နေ့ ဗုဒ္ဓဟူးနေ့က ရောက်ရှိလာခြင်းဖြစ်ကြောင်းသိရသည်။

Ref: Elite Canadian sniper joins Ukraine in fight against Russia

crd Popular News