ၾကားသိရသမွ်

“တခါအားသွင်းထားရင် (၁၂၅) မိုင်သွားနိုင်တဲ့ မြန်မာငွေ (၂၃) သိန်းကျော်တန် လျှပ်စစ်ဆိုင်ကယ်..”

တစ်ခါအားသွင်းထားတာနဲ့ ကီလိုမီတာ ၂၀၀ (၁၂၅ မိုင်ခန့်) အထိ မောင်းနှင်နိုင်မယ့် လျှပ်စစ်ဆိုင်ကယ် ကို အိန္ဒိယနိုင်ငံမှာ ဖြန့်ချိလိုက်ပြီလို့ သိရပါတယ်။ အဆိုပါ ဆိုင်ကယ်ဟာ အိန္ဒိယ Startup တစ်ခုဖြစ်တဲ့ OBEN EV ကုမ္ပဏီရဲ့ ပထမဆုံးလျှပ်စစ်ဆိုင်ကယ်ဖြစ်ပြီး 4.4 kWh လစ်သီယံအိုင်ယွန်း ဘက်ထရီတပ်ဆင်ထားပြီး 10kW လျှပ်စစ်မော်တာ ပါဝင်ပါတယ်။ ၃ စက္ကန့်အတွင်း 0-40km/h နှုန်း အရှိန်တင်နိုင်ပြီး အမြင့်ဆုံး တစ်နာရီ ကီလို ၁၀၀ နှုန်းအထိ မောင်းနှင်နိုင်မယ်လို့ ဆိုပါတယ်။ အားအပြည့် တစ်ခါသွင်းထားမယ်ဆိုရင် ခရီးကီလိုမီတာ ၂၀၀ (၁၂၅ မိုင်) အထိ မောင်းနှင်နိုင်မှာ ဖြစ်ပြီး အားအပြည့်သွင်းဖို့ ၂ နာရီခန့် ကြာမြင့်မယ်လို့လည်း သိရပါတယ်။ အကြမ်းခံပြီး […]