မိတ္ထီလာကန်တွင် ရေဆင်းချိုးသည့် ရဲတပ်သား အပါအဝင် ၂ ဦး ရေနစ်သေဆုံး မေဘယ်လ်သူ မန္တလေးတိုင်း၊မိတ္တီလာမြို့၊ ပေါက်ချောင်းကွက်သစ် တောင်ကန်တွင် ဧပြီလ ၁၆ရက် ညနေ ၄နာရီအချိန်ခန့်က ရဲတပ်သားတစ်ဦးအပါအဝင် နှစ်ဦး ရေဆင်းချိုးရာက ရေနစ်သေဆုံးသွားကြောင်း သိရသည်။ ရေနစ်သေဆုံးရာတွင် ပါဝင်သည့် ရဲတပ်သား ကိုဇင်မင်းထိုက် ဆိုသူသည် လုပ်သက်ခွင့်ဖြင့် ပြန်လာစဉ် မိတ္ထီလာကန်အတွင်းသို့ ရေဆင်းချိုးရာမှ ရေနစ်သေဆုံး ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “မိတ္ထီလာကန်က တစ်နှစ်တစ်ခါ လူစားတယ်ဆိုတဲ့ လူကြီးတွေ ပြောနေကြ စကားရှိတယ်။ အခုရေနစ် သေဆုံးတဲ့ အထဲမှာ ရဲတပ်သားတစ်ဦး အပါအဝင် သုံးဦးရေနစ်တာ။ ရဲတပ်သားနဲ့ တစ်ဦးကတော့ ရေနစ်သေဆုံးပြီး တစ်ဦးကတော့ ကယ်လို့ရခဲ့တယ်” ဟု မိတ္ထီလာမြို့ ပေါက်ချောင်းရပ်ကွက်ရှိ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။ […]
Day: April 18, 2022
မိုးမျှော် နေတဲ့ ရွှေမြန်မာတို့အတွက် မိုးလေဝသ သတင်းကောင်းပါးလိုက်တဲ့ စုစုစံ….
မိုးမျှော် နေတဲ့ ရွှေမြန်မာတို့အတွက် မိုးလေဝသ သတင်းကောင်းပါးလိုက်တဲ့ စုစုစံ အညာမြေမှာ ရွာမည့်မိုး ၂၁ရက်နေ့မှာ နေပြည်တော် မန္တလေး ရခိုင်ပြည်နယ်နှင့် မကွေးတိုင်း တို့မှာ မိုးများစွာရွာနိုင်ပါတယ်…. ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ လားရှိုး၊ သိန်းနီ ကွတ်ခိုင် မူဆယ်ရွေလီကျယ်ဂေါင် လျှပ်စီးမိုးကြိုးရုတ်တရက်လေပြင်းနဲ့မိုးတွေရွာနိုင်ပြီး မိုးသီးကြွေခြင်းအန္တရာယ်ရှိပါတယ်….. ကသာ ရွှေကူ ဗန်းမော် မြို့သစ် လိုင်ဇာ လျှပ်စီးမိုးကြိုးရုတ်တရက်လေပြင်းနဲ့မိုးတွေရွာနိုင်ပါတယ် Lightning: Cloud to ground, Power: -22kA (Strong slammer), Date: 17/04/2022, Time: 08:52:36am မိုးလေဝသပညာဆိုတာဘာလည်း သဘာဝဘေးအန္တရာယ်တွေကို ကြိုတင်သိရှိပြီး အန္တရာယ်ရှောင်ရှားနိုင်ကြစေရန် ကြိုတင်သတိပေးခန့်မှန်းခြင်းအတတ်ပညာဖြစ်သလို့ ကမ္ဘာပေါ်မှာ လူဦးရေတိုးတက်နှုန်း မြင့်မားလာတာနှင့်အမျှ စားနပ်ရိက္ခာတွေ များစွာလိုအပ်ပါတယ် စားနပ်ရိက္ခာတွေကို ဘယ်သူတွေထုတ်လုပ်ပေးကြလည်းဆိုတော့ စိုက်ပျိုးရေးသမားတောင်သူလယ်သမားတွေက အားကျိုးမာန်ထက်လုပ်ဆောင်ပေးပါတယ် […]
အင်းလေးသို့ ရုပ်ဖျက်ပြီးသွားရောက်ခဲ့ပေမယ့်လည်း ပရိတ်သတ်တဦးရဲ့ စကားသံ ကြောင့်အရှက်ကွဲ ခဲ့ ရတဲ့ ကျော် ကျော်ဗိုလ်
ကျော်ကျော်ဗိုလ်ဆိုတာနဲ့အနုပညာလောကမှာအောင်မြင်မှုတွေများစွာရရှိထားသူတစ်ယောက်ပါ။ တစ်ချိန်ကပရိသတ်အား ပေးမှုတွေများစွာရရှိထားတာဖြစ်ပြီးယနေ့ထိအောင်မြင်နေတာပါ။ နောက်ပိုင်းမှာတော့အနုပညာအလုပ်တွေနဲ့ဝေးကွာနေပြီးပရိသတ်ရှေ့ကပျောက်နေတာပါ။ သူဟာ ပရိသတ်တွေရဲ့ဝေဖန်မှုတွေလည်းခံရသူတစ်ယောက်ပါ။အဏာသိမ်းချိန်ကတည်းက ပရိသတ်တွေနဲ့အတူမ ရပ်တည်ခဲ့တာကြောင့်ဝေဖန်ခံရတာပါ။ အဲ့နောက်ပိုင်းကစပြီး တော်တော်ပရိသတ်တွေရှေ့ကပျောက်ကွယ်သွားခဲ့တာဖြစ်ပါတယ်။ ခုမှာတော့ ပရိသတ်တွေရှေ့ကိုပြန်ပေါ်လာခဲ့တာဖြစ်ပါတယ်။ နေတိုးနဲ့အတူ အင်းလေးကိုရောက်ရှိနေတာဖြစ်ပြီး ပရိသတ် တွေကဓာတ်ပုံရိုက် ဖို့တောင်းဆိုလိုက်တာဖြစ်ပါတယ်။ ပရိသတ်တွေလည်း ပထမဆုံးပရိသတ်တွေရှေ့ထွက်ပေါ် လာတဲ့ကျော်ကျော်ဗိုလ်ရဲ့ video လေးကိုလည်းတင်ဆက်ပေးလိုက်ရပါတယ်။ Credit ; Cele Thadinklcelenews ကျော်ကျော်ဗိုလ်ဆိုတာနဲ့အနုပညာလောကမှာအောင်မြင်မှုတွေများစွာရရှိထားသူတစ်ယောက်ပါ။ တစ်ချိန်ကပရိသတ်အားပေးမှုတွေများစွာရရှိထားတာဖြစ်ပြီးယနေ့ထိအောင်မြင်နေတာပါ။ နောက်ပိုင်းမှာတော့အနုပညာအလုပ်တွေနဲ့ဝေးကွာနေပြီးပရိသတ်ရှေ့ကပျောက်နေတာပါ။သူဟာ ပရိသတ်တွေရဲ့ဝေဖန်မှုတွေလည်းခံရသူတစ်ယောက်ပါ။အဏာသိမ်းချိန်ကတည်းက ပရိသတ်တွေနဲ့အတူမရပ်တည်ခဲ့တာကြောင့်ဝေဖန်ခံရတာပါ။ အဲ့နောက်ပိုင်းကစပြီး တော်တော်ပရိသတ်တွေရှေ့ကပျောက်ကွယ်သွားခဲ့တာဖြစ်ပါတယ်။ခုမှာတော့ ပရိသတ်တွေရှေ့ကိုပြန်ပေါ်လာခဲ့တာဖြစ်ပါတယ်။ နေတိုးနဲ့အတူ အင်းလေးကိုရောက်ရှိနေတာဖြစ်ပြီး ပရိသတ်တွေကဓာတ်ပုံရိုက် ဖို့တောင်းဆိုလိုက်တာဖြစ်ပါတယ်။ ပရိသတ်တွေလည်း ပထမဆုံးပရိသတ်တွေရှေ့ထွက်ပေါ်လာတဲ့ကျော်ကျော်ဗိုလ်ရဲ့ video လေးကိုလည်းတင်ဆက်ပေးလိုက်ရပါတယ်။Credit ; Cele Thadinklcelenews klcelenews Video Player 00:00 00:00
ပေါက်မြို့နယ်မှာ တောထဲပုန်းနေစဉ် ၁၀တန်းကျောင်းသူလေးတစ်ဦး See More
ပေါက်မြို့နယ်မှာတောထဲပုန်းနေစဉ်၁၀တန်းကျောင်းသူလေးတစ်ဦးSee More… လူသားအမှန်တရားနဲ့လွှတ်မြှောက်မှုကိုရှာဖွေရင်းကွေလွှင့်သွားတဲ့အပြစ်မဲ့ကြယ်ကလေးတွေကျနော်တို့နိုင်ငံမှာဘယ်လောက်များနေပြီလဲ။ကွေသွားတဲ့ကြယ်ပွင့်လေးတွေထဲသူထဲ ပေါက်မြို့နယ်တောင်ပိုင်းတံစူးရွာလေးကမဇင်ဇင်အောင်လည်းပါဝင်ခဲ့သည်။ အသက်၁၆နှစ်အရွယ်၁၀တန်းကျောင်သူမဇင်ဇင်အောင်ဟာမောင်နှစ်မသုံးယောက်ထဲကအငယ်ဆုံးဖြစ်သည်။စစ်ကောင်စီ တပ်သားများပေါက်မြို့နယ်တောင်ပိုင်းကိုအကြီးအကျယ်ထိုးစစ်ဆင်နေသော သတင်းများကြားရ၍တံစူးရွာကကြိုတင်ရှောင်ပုန်းနေသူတွေထဲမဇင်ဇင်အောင်လည်းပါဝင်ခဲ့သည်။ ကျေးရွာအနောက်မြောက်ဘကတောင်တန်းတစ်နေရာတောတဲတိုက်ထဲရှောင်ပုန်းနေစဉ်စစ်တပ်ကရမ်းသမ်းပစ်လောက်သောလက်နက်ကြီးကျရောက် ပေါက်ကွဲသဖြင့် တံစူးရွာက ရှောင်ပုန်းနေသော စစ်ဘေးရှောင် ၉ဦးကျဆုံးမှုတွင် မဇင်ဇင်အောင် ကံဆိုးစွာ ပါဝင်သွားခြင်းဖြစ်သည်။ သေဆုံးသူ၉ဦးအနက် ၇ဦးက ပွဲချင်းပြီးကျဆုံးပြီး မဇင်ဇင်အောင်က ပေါင်နှစ်ဘက်ထိခိုက်ဒဏ်ရာနဲ့ ၁နာရီအကြာမှာ ကျဆုံးခဲ့ပြီး ကျန်တစ်ဦးက ဆေးကုဖို့ ကြိုးစားရင်း ခရီးလမ်းမှာ ကျဆုံးခဲ့သည်ဟုဆိုသည်။ မဇင်ဇင်အောင်က စိတ်ဓာတ်ပြင်းသည်။ သူဒဏ်ရာရနေချိန် သူ့ဖုန်းနဲ့ သူ့ကိုယ်သူ ဓာပုံရိုက်ခဲ့သည်။ အခြားကျဆုံးသူတွေကိုလည်း သူ့ဖုန်းနဲ့ မှတ်တမ်းတင်ခဲ့သည်။”သူက ဒဏ်ရာတန်းလန်းနဲ့ မျက်ရည်မကျပဲ စစ်တပ်ကို နားကြီးစိတ်ဖြင့် အံကြိတ်ခံခဲ့တာဗျ သူမဟန်တော့တာသိတော့ မြေကြီးတစ်ဆုပ် ဆုပ်ယူပြီး စစ်တပ်ကို ကျိန်စာဆိုခဲ့သေးတယ်”သွားရောက်ကူညီခဲ့သူတစ်ဦးက ပြောပြသည်။”စစ်တပ်က ဒီလို စစ်ရာဇဝတ်တွေ ကျူးလဠန်နေတာကို အမြန်ဆုံး အရေးယူနိုင်ဖို့ ကြိုစားပေးပါလို့ NUG […]
ဒါရိုက်တာကိုပေါက်ရဲ့ ပို့တစ်ခုကြောင့် ဟာ/ဟင်တွေဖြစ်နေရာမှ အဆုံးထိဖတ်ကြည့်လိုက်သောအခါ😭
သို့ မိန်းမရေ ငါပြန်မလာနိုင်ရင်လည်း နင်မငိုနဲ့ ငါသေမှာစိုးလို့ စာကြိုရေးထားတာ ငါသေရင် PDF ကို မမုန်းနဲ့။ စစ်ဆင်ရေးက အစကတည်းက ငါတို့ကို တမင်တကာ အသေခံခိုင်းတာ။ အာဏာရူးတွေကိုမုန်း။ ငါပြန်မလာနိုင်ရင် နင့်ဘဝနင်သေချာထိန်းကျောင်း။ မငိုနဲ့။ ငါ့သားကို ဘယ်တော့မှ စစ်ထဲမဝင်မိစေနဲ့။ နင်အဲ့ဒါသတိထား။ ကလေးအနာဂတ်အတွက် သူ့အဖွားနေတဲ့ မုဒုံကိုသွား။ အမေ့ကို ငါအပ်ထားတဲ့ပိုက်ဆံနဲနဲရှိတယ်။ ငါးသိန်းလောက်ရှိမယ်။ အဲ့ဒါတောင်း လိုက်။ ဒီမှာအခွင့်အရေးပေးရင် ငါတပ်ပြေးမယ်။ ဦးထွန်း ဗိုက်ဘာကနေ စာကို ပုံရိုက်ပြီး ပို့ပေးလိုက်မယ်။ မသေရင် မရောက်ရောက်အောင် မိသားစုဆီ ငါပြန်လာမယ်။ တပ်က တော်တော်အခြေအနေဆိုးနေပြီ။ အခုစစ်ပွဲတွေက အဓိပ္ပာယ်မရှိဘူး။ အာဏာရူးတပ်ချုပ်ကစတဲ့ အရှုပ်ထုပ်တွေကို တပ်မတော်သားတွေက အသက်ပေးပြီး ရှင်းနေရတာ။ ငါ နင့်စကားကိုနားထောင်ခဲ့သင့်တာ။ အခုတော့ စောစော […]




