ၾကားသိရသမွ်
ကြိုက်ရောင်းကြိုက်ဝယ်ပုံစံ ၂၀၂၂ ခုနှစ် ကားဈေးကွက် ဘာလဲ ဘယ်လဲ ? ( လူစီးကားတင်သွင်းခွင့် မူဝါဒမသေချာမရေရာသေးမူ ၊ စက်သုံးစီဈေးနှုန်းတက်မူ တွေနဲ့ကားစေးကွက် )
ကြိုက်ရောင်းကြိုက်ဝယ်ပုံစံ ၂၀၂၂ ခုနှစ် ကားဈေးကွက် ဘာလဲ ဘယ်လဲ ? ( လူစီးကားတင်သွင်းခွင့် မူဝါဒမသေချာမရေရာသေးမူ ၊ စက်သုံးစီဈေးနုှန်းတက်မူ တွေနဲ့ကားစေးကွက် ) လူစီးကားတင်သွင်းခွင့် မူဝါဒမသေချာမရေရာသေးမှုနှင့်စက်သုံးဆီဈေးနှုန်းကြောင့် လက်ရှိ တစ်ပတ်ရစ်ကားဈေးကွက်အတွင်း အင်ဂျင်ပါဝါ(၂၀၀၀)အောက် ကားတွေသာအရောင်းအဝယ်ဖြစ်နေတယ်လို့ကားဝယ်ရောင်းဈေးကွက်နှင့် ကားပွဲစားအသိုင်းအဝိုင်းကသိရပါတယ်။ မော်တော်ယာဉ်အရောင်းပြခန်းနှင့်လုပ်ငန်းသုံးမော်တော်ယာဉ်အရောင်းစင်တာများမှ ၂၀၂၂ ခုနှစ်အတွက် လုပ်ငန်းသုံးမော်တော်ယာဉ်တင်သွင်းခွင့်လျှောက်ထားခြင်းကို ယခုဇန်နဝါရီလ ၃ ရက်နေ့မှစလို့ ဆောင်ရွက်ခွင့်ပြုနေပြီဖြစ်ပါတယ်။ သို့ပေမယ့် ၂၀၂၁ ခုနှစ် စက်တင်ဘာလကတည်းက ယာယီရပ်ဆိုင်းထားတဲ့လူစီးမော်တော်ယာဉ်တင်သွင်းခွင့်ဟာ မည်သို့အခြေအနေဖြစ် မည်ကိုမသိနိုင်သေးတဲ့အခြေအနေဖြစ်တာကြောင့် ကားအရောင်းစင်တာများနှင့် ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့်ရောင်းချတဲ့ Brand new ကားShowroomများအတွက်ကားအသစ်တင်သွင်းခွင့်မရသေးတဲ့အခြေအနေဖြစ်ပါတယ်။ ကားဝယ်၊ရောင်းတစ်ဦးက”စက်သုံးဆီတစ်လီတာကို (၁၄၅၀)ပတ်လည်ဖြစ်နေတော့ ကားဈေးကွက် ထဲမှာ အင်ဂျင်ပါဝါအသေးကားတွေဘဲ အရောင်းအဝယ်ဖြစ်နေတယ်။SUV Type လို ဖိုးဝှီး (4WD) Type လိုအင်ဂျင်ပါဝါကြီးတဲ့ကားမျိုးကိုအရောင်းအဝယ်သိပ်မဖြစ်ဘူး ။ ကိုယ့်ကား […]
ၾကားသိရသမွ်
လူသားတိုင်းက ကိုယ်ချစ်တဲ့သူအပေါ်တွင် ကိုယ်မဟုတ်တဲ့အခြားသူများနှင့် ရင်းရင်းနှီးနှီး ခေါ်ပြောတာဖြစ်ဖြစ် ဘာပဲလုပ်လုပ် အမြဲလိုလို သဝန်တိုကာ စိတ်ဆိုးတတ်ကြသည်။ သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ ဇနီးမောင်နှံနှစ်ဦးတွင် ဇနီးဖြစ်သူသည် ခင်ပွန်းအပေါ် အရမ်းသဝန်တိုစိတ်ကြီးကာ ခင်ပွန်းသည်မှာ အိပ်ပျော်နေရင်း အိပ်မက်ယောင်တတ်သည့်အကျင့်ရှိခဲ့ရာ အရင်ရည်းစားဟောင်းမိန်းကလေးဧ။် နာမည်ကို ကျယ်လောင်စွာ အော်ခေါ်မိခဲ့သည်။ ကံဆိုးစွာပဲ ထိုညတွင် ဇနီးဖြစ်သူမှာ အိပ်မပျော်သေး၍ နံဘေးကခင်ပွန်းအော်လိုက်သည့် နာမည်ကိုလည်း ရှင်းရှင်းလင်းလင်းကြားခဲ့၍ သဝန်တိုကာစိတ်ဆိုးပြီး ခင်ပွန်းဖြစ်သူမျက်နှာကို ဖြန်းခနဲရိုက်ပစ်ခဲ့သည်။ ဇနီးသည်ဧ။် ဒေါသအရှိန်ကြောင့် ရိုက်ချက်မှာ အားအရမ်းပါသွားသည့်အတွက် ခင်ပွန်းဖြစ်သူခမျာ သွားတစ်ချောင်းပါ ကျိုးသွားခဲ့သည်။ ထို့နောက် ဇနီးဖြစ်သူသည် ရွှေထည်ဆိုင်သို့ သွားပြီး ခင်ပွန်းသည်အား မြင်လိုက်တိုင်းအမှတ်ရနေအောင် ကျိုးသွားသည့်သွားနှင့် လက်စွပ်တစ်ကွင်းလုပ်ပေးခဲ့ပြီး ဝတ်ဆင်ခိုင်းခဲ့သည်။ အိပ်မက်ယောင်ရင်း ရည်းစားဟောင်းဧ။်နာမည်ကို အော်ခေါ်မိခဲ့ရာ ဇနီးဖြစ်သူမှ သဝန်တိုပြီး ရိုက်လိုက်၍ သွားတစ်ချောင်းလုံး […]