ထမင်းပူကို မစားနဲ့၊ ကြွေသီးကိုသာ စားပါ၊ ရောက်ရာဒေသ ခြေရာချခဲ့ပါ စကား(၃)ခွန်းရဲ့ အဓိပ်ပါယ် (၁)ထမင်းပူကို မစားနဲ့။(၂)ကြွေသီးကိုသာ စားပါ။(၃)ရောက်ရာဒေသ ခြေရာချခဲ့ပါ စကား(၃)ခွန်းရဲ့ အဓိပ်ပါယ် (၁) သမီး ဘဝတစ်လျှောက်လုံးမှာ ထမင်းပူကို မစားပါနဲ့။ ထမင်းအေးကိုပဲ စားပါ သမီး။ထမင်းပူဆိုတာ သူတစ်ပါး မျက်ရည်ပေါက်ကြီးငယ်ကျမှ စားရတဲ့ထမင်းကို ခေါ်တာပါ။သမီးဘယ်တော့မှ မစားမိပါစေနဲ့။အခုအချိန်စားကောင်းချင်ကောင်းမယ်၊ သံသရာမှာ အလွန်ပူလောင်တတ်တယ်သမီးရေ။ ထမင်းအေးဆိုတာကတော့ သမီးကို ချစ်လို့ ခင်လို့ တန်ဖိုးထားလို့ ကြည်ညိုလို့ ကျွေးလာတဲ့ ထမင်းပဲ သမီး။ ငပိရည်နဲ့ပဲ စားရ စားရ သံသရာမှာ အေးမြပါတယ် သမီးရယ်။ စားတတ်အောင် ကြိုးစားပါနော်။ (၂) အသီးကို စားမယ်ဆိုရင် ကြွေသီးကိုပဲ စားပါ သမီး။ ဘယ်တော့မှ ခူးမစားပါနဲ့။ကြွေသီးစားပါ ဆိုတာ […]
Day: May 5, 2022
တယ်လီနောဆင်းကတ်များ မှတ်ပုံပြန်တင်ခိုင်းနေသဖြင့် သုံးစွဲသူများစိုးရိမ်
တယ်လီနောဆင်းကတ်များ မှတ်ပုံပြန်တင်ခိုင်းနေသဖြင့် သုံးစွဲသူများစိုးရိမ် စစ်ကောင်စီနဲ့ ဆက်နွှယ်နေတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီက တယ်လီနောမြန်မာဆက်သွယ်ရေးကုမ္ပဏီရဲ့ ရှယ်ယာအများစုကို ဝယ်ယူပြီးတဲ့နောက် တယ်လီနောမိုဘိုင်းဆက်သွယ်ရေး ဆင်းကတ်တွေကို ခေါ်ဆိုမှုပိတ်ခဲ့ပြီး ပြန်လည်မှတ်ပုံတင်ခိုင်းခဲ့တယ်လို့ တယ်လီနောဆင်းကတ်သုံးစွဲသူတွေက ပြောပါတယ်။ နော်ဝေနိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ တယ်လီနောဆက်သွယ်ရေး လုပ်ငန်းစုက မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်လာတဲ့အတွက် ဆက်လက်လုပ်ကိုင်လိုမှုမရှိတော့တာကြောင့် သူ့ပိုင် တယ်လီနောမြန်မာ ဆက်သွယ်ရေးလုပ်ငန်းခွဲကို လက်ဘနွန် အခြေစိုက် M1 Group ထံ လွှဲပြောင်းရောင်းချခဲ့တာပါ။ ဒီ့နောက် M1 Group က စစ်ကောင်စီနဲ့ ပတ်သက်နေတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီထံ တယ်လီနောမြန်မာ ဆက်သွယ်ရေး လုပ်ငန်းစုရဲ့ ရှယ်ယာ ၈၀ ရာခိုင်နှုန်းအား ပြန်လည်ရောင်းခဲ့ပါတယ်။ ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်ဖြစ်သူ ဦးသိန်းဝင်းဇော်ဟာ စစ်ကောင်စီနဲ့ပတ်သတ်မှုရှိတဲ့ လုပ်ငန်းတွေထဲက စက်သုံးဆီ တင်သွင်းဖြန့်ဖြူးတာနဲ့ […]

