ရီးရဲမက်ဒရစ် နှင့် လီဗာဗူးတို့ရဲ့ဘောလုံးပွဲကြီးကို ကိုယ်တိုင်သွားရောက်အားပေးဖို့ ဖိတ်စာရထားပြီဖြစ်တဲ့အကြောင်း ပြောပြလာတဲ့ မြန်မာ့လက်ရွှေးစင် ဘောလုံးကစားသမား ကျော်မင်းဦး.. ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်မြန်မာဘောလုံးကစားသမားကျော်မင်းဦးကရီးရဲမက်ဒရစ် နှင့် လီဗာဗူးတို့ရဲ့ဘောလုံးပွဲကြီးကို တက်ရောက်အားပေးမည့် အကြောင်းကိုအခုလိုပြောပြထားပါတယ်နော်။ မြန်မာဘောလုံးကစားသမား ကျော်မင်းဦးက Real Madrid နဲ့ Liverpool တို့ရဲ့ UCL Final Match ပွဲကြီးကို Chivas Luxurious Match Night မှာကြည့်ဖို့ Chivas Myanmar ကနေ ကျွန်တော်ဖိတ်စာရထားတယ်ဗျ။ Designer @Ahlatt Lumyang နဲ့ Chivas တို့ Collabs လုပ်ပြီး ပြင်ဆင်ထားတဲ့ ပွဲတက်ဝတ်စုံကလည်းရောက်လာပြီဆိုတော့ Wyndham Grand Hotel ကြီးမှာ Staycation နေပြီး Chivas နဲ့အတူဘောလုံးပွဲကို စတိုင်ကျကျ သွားကြည့်ရဦးမယ်ဗျို့ ဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ […]
Day: May 26, 2022
‘မျှော်လင့်ချက်တစ်စုံတစ်ရာ’ သီချင်းကို သီဆိုဖို့ ခွင့်မပြုတော့ဘူးလို့ တရားဝင်ကြေညာလိုက်တဲ့ တေးရေး တေးဆို ဆောင်းဦးလှိုင်
ဆောင်းဦးလှိုင် ကတော့ မြန်မာနိုင်ငံရဲ့ ဂီတလောကမှာ နှစ်ပေါင်းများစွာတိုင်အောင် လျှောက်လှမ်းလာခဲ့တဲ့ နာမည်ကျော် Pop အဆိုတော်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဆောင်းဦးလှိုင်ဟာ လတ်တလောမှာတော့ ပြည်ပမှာ နေထိုင်နေပြီး ကိုယ်ပိုင်သံစဉ်သီချင်းတွေနဲ့အတူ ဂီတလှုပ်ရှားမှုတွေ ဆက်လက်ပြီးတော့ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ သူဟာ ဆေးပညာဘွဲ့ရတစ်ဦးလည်း ဖြစ်ပြီး နောက်ပိုင်းမှာတော့ ကိုယ်တိုင်ရေးသားပြီး ကိုယ်တိုင်သီဆိုခဲ့တဲ့ တကိုယ်တော်တေး Album ပေါင်း ၁၀ ချပ်ထက်မနည်း ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ သီချင်းတွေကို ကိုယ်ပိုင်သံစဉ်နဲ့ ကိုယ်ဟန်နဲ့ အသံအေးအေးလေးနဲ့ ပရိသတ် ရင်ထဲရောက်အောင် သီဆိုနိုင်သူ တစ်ယောက်ဆိုလည်း မမှားပါဘူး။ လက်ရှိမှာ ဆောင်းဦးလှိုင်က နိုင်ငံခြားမှာရောက်နေပေမယ့် စစ်အာဏာရှင်ကို တော်လှန်တဲ့နွေဦးတော်လှန်ရေးကြီးမှာ တတ်တတ်ကြွကြွ ပါဝင်နေတာလည်း ဖြစ်ပါတယ်။ ဒါအပြင် ဆောင်းဦးလှိုင်က မြန်မာ့နွေဦးတော်လှန်ရေး ရန်ပုံငွေအတွက် တစ်ကိုယ်တော် ဂီတဖျော်ဖြေပွဲကို […]
နှစ်ပေါင်းတစ်ရာကျော်ပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ ရှိနေသေးတဲ့ နေနာရီ
နှစ်ပေါင်းတစ်ရာကျော်ပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ ရှိနေသေးတဲ့ နေနာရီ အ ရင် ဆုံး နေနာရီအကြောင်းလေး အကျဉ်း ပြောပြပါမယ်။ နေ နာရီသည် နေ့ တစ်နေ့၏ အချိန်ကာလ ကို နေမှ အရိပ်ကျရာ အရပ် မျက်နှာပေါ် မူတည်၍ တိုင်းတာပြီး ရှေးဟောင်းခေတ်များ က ကျယ်ပြန့်စွာအသုံးပြုခဲ့သည်။ ကောင်းမွန်စွာ ဒီ ဇိုင်း ပြုလုပ်ထားသော နေ နာရီသည် ဒေသတစ်ခု အတွင်းရှိ နေနှင့် ပတ်သတ်သော အချိန်ကို လက်ခံနိုင်လောက်သော တိကျမှုအထိ တိုင်းတာ ပေးနိုင်သည်။ ခေတ်သစ် အချိန်ကာလထိ တိုင်အောင်ပင် နေနာရီကို အသုံးပြု၍ နာရီတို့၏ ကောင်းမွန်မှု ကို တိုင်းတာနိုင်သည် ။ သို့သော် နေနာရီတွင် နေ၏ အလင်းရောင် […]
ဦးသန့် ဘာကြောင့် တက္ကသိုလ်ဘွဲ့ မရခဲ့သလဲ
အများစုကတော့ ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးအဖြစ်ထမ်းဆောင်ခဲ့တဲ့ ဦးသန့်ကို ဘွဲ့ရတယ်လို့ ထင်မိကြမှာပါ။ ဦးသန့် အကြောင်းကို ဖတ်ဖူး လေ့လာဖူးသူတွေကတော့ ဦးသန့်ဘွဲ့မရခဲ့တဲ့ အကြောင်းကို သိပြီးဖြစ်မှာပါ။ ဦးသန့် ဘာကြောင့် ဘွဲ့မရခဲ့သလဲ ဆိုတဲ့အကြောင်းကို သိချင်နေတဲ့မိတ်ဆွေများအတွက် ဆရာ တက္ကသိုလ် စိန်တင်ရေးသားခဲ့တဲ့ ကမ္ဘာငြိမ်းချမ်းရေး ဗိသုကာဦးသန့် ဆိုတဲ့ စာအုပ်ကနေ ထုတ်နှုတ်မျှဝေလိုက်ပါတယ်။ ကိုသန့်သည် ၁၉၂၆ခုနှစ်တွင် ပန်းတနော်အမျိုးသားအထက်တန်းကျောင်းမှ ဆယ်တန်းစာမေးပွဲကိုအောင်ပြီး ရန်ကုန်တက္ကသိုလ်သို့ ဆက်လက်တက်ရောက်၍ အထက်တန်းပညာရပ်များကို ဆည်းပူးလေ့လာသည်။ ကိုသန့်သည် B.A ဝိဇ္ဇာပညာရပ်များကို ယူပြီး ရန်ကုန်တက္ကသိုလ်တွင် ကျောင်းအိပ်ကျောင်းစားနေ၍ ပညာသင်ကြားခဲ့သည်။ သူနေသော ပထမဆုံးကျောင်းဆောင်မှာ ရန်ကုန်တက္ကသိုလ်ရိပ်သာ ပြည်လမ်းပေါ်တွင်ရှိသော တကောင်းကျောင်းဆောင်ဖြစ်သည်။ တခြားတက္ကသိုလ်ကျောင်းသားကြီးများသည် တရုတ်ပျော်ပွဲစားရုံများ၌လည်ပတ်ပျော်ပါးနေစဉ်တွင် ကိုသန့်သည်စာအုပ်ပုံထဲ၌သာ ပျော်မွေ့ခဲ့၏။ သူသည်ထိုဟိုတယ်များကို တက်ရောက်ပျော်ပါးရန်အတွက်တက္ကသိုလ်သို့ လာခဲ့သည်မဟုတ် ။ သုံးဖြုန်းရန်လည်း ငွေပိုမပါလာ။ […]
ပြင်ဦးလွင်သို့ ရောက်ခဲ့စဉ် ခွေးလေခွေးလွင့် များကို ကျွေးမွေးစောင့်ရှောက် ထားတဲ့ ဂေဟာသို့ သွားရောက်လှူဒါန်းခဲ့တဲ့ ဦးမိုးဒီ နှင့် မိုးစက်
လူရွှင်တော်မိုးစက်ကတော့ လိုအပ်တဲ့ နေရာတွေမှာ လှူဒါန်းမှုတွေမကြာခဏပြုလုပ်နေသူ ဖြစ်ပါတယ်။ သက်ကြီးရွယ်အိုအနုပညာရှင်တွေကို လှူဒါန်းနေတဲ့အပြင် စားဝတ်နေရေးခက်ခဲကာ ဒုက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြည်သူတွေရဲ့ အခက်အခဲတွေကိုပါ တတ်နိုင်သလောက် ကူညီပေးနေသူလည်း ဖြစ်ပါတယ်။ သူရဲ့ အလှူလေးတွေကိုလည်း အများသူငါ မြင်တွေ့ပြီး ပီတိဖြစ်ရအောင်လည်း အမြဲလိုလို ဝေမျှပေးလေ့ရှိပါတယ် ။ အခုလည်း ဦးမိုးဒီနဲ့ အတူ မေမြို့ ရောက်တုန်း လေလွင့်ခွေးလေးတွေကို ကျွေးမွေးစောင့်ရှောက်ထားတဲ့ နေရာလေးမှာ အလှူငွေများ လှူဒါန်းဖြစ်ခဲ့ကြောင်း ဝေမျှလာပါတယ် ။ အလှူပုံတွေနဲ့ အတူ ” မေမြို့ရောက်ရင် သူတို့လေးတွေဆီ ရောက်အောင်သွားပေးပါနော် ။❤️ကလေးတွေ အကောင်(၄၀၀)ကျော် ကို အဒေါ်ကြီးတစ်ယောက်ထဲက ပြုစုစောင့်ရှောက်ထားရတာ မလွယ်ပါဘူးဗျာ။ ဒီထဲမှာ ရောဂါဖြစ်နေတဲ့ ကလေးတွေ ဒါဏ်ရာရနေတဲ့ ကလေးတွေ အများကြီးပါဘဲ။ ကလေးတွေရှိတဲ့ နေရာကို […]
မကြာခင်အချိန်လေးမှာ ရုပ်သံဇာတ် လမ်းတွဲတွေ ရိုက်ကူးတော့မည်လို့ ထုတ်ပြောလာတဲ့ သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်
အမိုက်စား ရုပ်သံဇာတ် လမ်းတွဲတွေ ရိုက်ကူးေ တာ့မည်လို့ ထုတ်ပြောလာတဲ့ သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ် သရုပ်ဆော င်နှိုင်းယှဉ်မြင့်မိုရ်ကေ တာ့ပြင်လှတဲ့သ ရုပ်ဆောင် ချက်တွေအ တူနဲ့ကျ ရာဇာတ်ကော င်တွေမှာ အကောင်းဆုံးသ ရုပ်ဆောင်နိုင် ခဲ့တာေ ကြာင့်ပရိတ်သ တ်တွေရဲ့အားေ ပးမှုကိုအခိုင်အ မာရရှိ ထားပါတယ်နော်။ အခုတစ်ခါမှာ ဆိုရင်သရုပ်ေ ဆာင်နှိုင်းယှဉ်ြ မင့်မိုရ်ကအမိုက် စားရုပ်သံဇာတ် လမ်းတွဲတွေ ရိုက်ကူးတော့မ ည်လို့အခုလိုထုတ်ကြွား လာခဲ့ပါ တယ်နော်။ သရုပ်ဆော င်နှိုင်းယှဉ်ြ မင့်မိုရ်က New Project Coming Soon ဆိုပြီးသူမရဲ့လူ မှုကွန် ယက်စာမျက်နှာ ထက်မှာရေးသားဖော်ြ ပထားပါတယ်၊စာ ဖတ်ပရိတ်သ တ်ကြီးများအတွက်ပြန် လည်တင်ဆ က်ပေးလိုက် ပါတ ယ်နော်။ Credit; Zawgyi Version […]
ဖုန်းပြောရင်း ကြားဖြတ်အသံသွင်းယူနေတာ ကြုံနေကြရတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ…
ဖုန်းပြောရင်း ကြားဖြတ်အသံသွင်းယူနေတာ ကြုံနေကြရတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ ဖုန်းပြောရင်း ကြားဖြတ်အသံသွင်းယူနေတာ ကြုံနေကြရတယ်ဆိုလို့ တင်ပေးလိုက်ပါပြီနော်…. ညကဖုန်းပြောရင်း အသံသွင်းယူ နေတယ် ဆိုပြီး ခြားဖျက် ပြောတာကြုံရလို့ အခုလို တင်ပေးလိုက်ရတာပါနော် …။ ဖုန်းတွေ ခိုးနားထောင်ခြင်းရှိမရှိ သိချင်ရင်… *#62#နဲ့စစ်လို့ အခြားနံပါတ်ပေါ်နေရင် ကိုယ့်ဖုန်းကိုခွင့်ပြုချက် မရပဲ နားထောင်နေတာပါ …။ ပုံ (1)မှာပြထားသလို +95 နဲ့ စတဲ့ဖုန်းနံပါတ်ပေါ်နေရင် *#21# နဲ့ ပိတ်လိုက်ပါ။ ခိုးနားထောင်နေတာ မို့လို့ပါပဲ …။ ပုံ(2)မှာပြထားသလို not forwarded တွေ ပြနေရင်တော့ ပိတ်စရာမလို၊ ခိုးနားထောင်မူ မရှိပါဘူး …။ ဖုန်းခိုးနားထောင်ခြင်းမှ ကင်းဝေးကြပါစေနော် …။ ။ Credit to Original Uploader Zawgyi […]
တချို့လူတွေက အရင်ဘဝက ပန်ဆယ်လိုရဲ့ လင်လုဘက်တွေများလား 😆😆ပြောထားတာ ဒဲ့
တချို့လူတွေက အရင်ဘဝက ပန်ဆယ်လိုရဲ့ လင်လုဘက်တွေများလား 😆😆 ပြောရင်လည်း ပြောချင်စရာဘဲ။ ပန်ဆယ်လိုရှာပေးတဲ့ ငွေက ဒေါ်လာသန်းနဲ့ချီဆိုလည်း လပိုင်းအတွင်းပြည့်တာဘဲ။ ကျားပေါက်ရဲ့ ဂစ်တာလေး ကမ္ဘာ့စျေးအကြီးဆုံးဖြစ်သွားတာကစလို့ ခေါင်းစဉ်တစ်ခုတပ်တိုင်း မပြည့်တာမရှိဘူး။ ကျော်သွားတာဘဲရှိတယ်။ ဒါမျိုး နတ်ကြီးရော နတ်ကလေးရော မလုပ်နိုင်ဘူး။ ရှင်းရှင်းပြောတော့ တခြားမိန်းကလေး Key Player တွေရှိသေးပေမယ့်လည်း ပန်ဆယ်လိုလောက် အလုပ်လုပ်ပေးနိုင်တာ ပန်ဆယ်လိုဘဲရှိတယ်ပြောရမှာဘဲ။ နောက်တစ်ချက်က ပန်ဆယ်လို ပိုစ်တစ်ခုတင်လိုက်တိုင်း ဟိုဘက်ရပ်ကွက်တစ်ခုလုံး ဖျတ်ဖျတ်လူးနေတာသာကြည့်။ တစ်ရပ်ကွက်လုံးကို Psywar နဲ့ ကစ်လိုက်ရင် စိတ်ဆင်းရဲလို့ မသေရုံတမယ်ဖြစ်စေနိုင်တာက သူဘဲရှိတယ်။ လူတော်တွေ key player တွေက ရှာရခက်ပါတယ်။ လူတော်တွေ key player တွေကို ထိမ်းထားရတာ ပိုလို့တောင် ခက်သေးတယ်။ အဲ့လိုလူတွေ စွန့်ခွါသွားတော့မှ […]
မိမိ ပတ်ဝန်းကျင်မှာရှိတဲ့“တောက်တဲ့” လိုမျိုး မိတ်ဆွေစစ်ကို သေတဲ့အထိ တန်ဖိုးထားပါ…
ဂျပန်နိုင်ငံက ဖြစ်ရပ်မှန်လေးတစ်ခုဖြစ်သည်…အိမ်များမှာအများအားဖြင့်သစ်သားနံရံပါးနှစ်ခုကို အလယ်တွင်နေရာလွတ်လေးထားပိတ်ပြီး နံရံထူတစ်ခုအဖြစ်တည်ဆောက်တတ်ကြသည်။ တစ်နေ့ အိမ်ပြင်ရန် နံရံကိုဖွင့်ဖျက်လိုက်သောအခါ တောက်တဲ့လေးတစ်ကောင်အတွင်းပိုင်း၌ တွယ်ကပ်နေသည်ကိုတွေ့လိုက်ရ၏ ။အပြင်မှရိုက်သောသံတစ်ချောင်းသည်ထိုအကောင်ငယ်လေး၏ ခြေတစ်ဖက်ကို ထိုးစိုက်ဝင်နေလျက်သားတွေ့လိုက်ရသည်။သူဒီမြင်ကွင်းလေးကိုမြင်တော့ အတော်လေးသနားသွားသည် ။ထို့နောက် သံမှိုကိုသေချာစစ်ဆေးကြည့်ရှု လိုက်သောအခါ လွန်ခဲ့တဲ့ ၅နှစ်ခန့်အချိန် ဤအိမ်ကိုစတင် တည်ဆောက်စဉ်ကတည်း ရိုက်ထားသောသံမှိုဖြစ်နေသောကြောင့်ပင်ပို၍ အံ့သြမှင်သက်သွားမိ၏ ။ ဘယ်လိုဖြစ်တာပါလိမ့် ။ဒီတောက်တဲ့လေးက နေရာမရွေ့နိုင်ပဲ (၅)နှစ်လောက်အသက်ရှင်နေတာအိုး…ဒီမှောင်မည်းနေတဲ့ နံရံလွတ်ကြားထဲခြေတစ်ဖက်သံရိုက်ခံထားရလို့ ဘယ်မှမသွားနိုင်တော့ပါပဲ…(၅)နှစ်တောင်အသက်ရှင်နေသေးတာ ..ဟာ! မဖြစ်နိုင်တာပဲ ဘာလုပ်နေခဲ့တာလဲ ?ဘယ်ကဘယ်လို အစာစားပြီး အသက်ရှင်နေခဲ့တာလဲ ဆိုတဲ့မေးခွန်းပေါင်းများစွာနဲ့စဉ်းစားတွေးကြည့်လို့ မရတောသည့်အဆုံးအံ့သြလွန်းကာ အလုပ်ကိုရပ်လိုက်ပြီးတောက်တဲ့လေးကိုသာ စောင့်ကြည့်လေ့လာဖို့ဆုံးဖြတ်လိုက်သည် ။ ဒီလိုနဲ့ နံရံကို နဂိုအတိုင်းလေး ပုံမပျက်အတွင်းကိုသူမြင်နိုင်ယုံဟကာ ပြန်ကပ်လိုက်ပြီး တိတ်ဆိတ်စွာ အသာထိုင်စောင့်ကြည့်နေလိုက်၏တော်တော်လေးကြာတော့ အခြားတောက်တဲ့တစ်ကောင်သည် ပါးစပ်နှင့်အစာအချိူ့ကိုကိုက်ချီပြီးရောက်လာသည် ။ဘယ်ကရောက်လာမှန်းတော့မသိပေ ။ထို့နောက် သံမှိုရိုက်ခံထား ရသောအကောင်ကိုအစာခွံ့ကြွေးနေလေ၏ ။ထိုမြင်ကွင်းလေးကို တွေ့ရှိပြီးနောက် […]
ရှိရင်းစွဲအသက်ထက် နုပျိုချင်ရင် တစ်ပတ်တစ်ရက် ဒီနည်းလမ်းအတိုင်း ပေါင်းတင်ပါ
Unicode အသက်ကြီးလာတာနဲ့အမျှ မျက်နှာက အိုစာသွားလိုက်တာ ဆိုပြီး စိတ်ညစ်နေလား။ အရေးအကြောင်း၊ အတွန့်အခေါက်တွေက သင့်ရဲ့ငယ်ရွယ်နုပျိုမှုတွေကို တိုက်စားနေပြီလား။ အသားအရေတွေလည်း တဖြည်းဖြည်း ညစ်နွမ်းခြောက်သွေ့လာပြီလား။ အမဲစက်နဲ့ အသားအရေ ကြမ်းတမ်းမှုတွေကို ဘယ်လိုနည်းနဲ့ ဖျောက်ပစ်ရမလဲလို့ ခေါင်းစားနေလား။ အသားအရေကို သေချာဂရုမစိုက်တဲ့အခါ ရှိရင်းစွဲအသက်ထက်တောင် ရင့်ရော်စေတယ်ဆိုတာ သိထားသင့်တယ်နော်။ တကယ်တော့ အသားအရေဆိုတာလည်း ခန္ဓာကိုယ်လိုပဲ လိုအပ်တဲ့ ဓာတ်စာတွေ ဖြည့်ပေးရပါတယ်။ ဒါမှလည်း ဘယ်အသက်အရွယ် ရောက်ရောက် ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်ရမှာပါ။ ရှိရင်းစွဲအသက်ထက် ငယ်ရွယ်နုပျိုတဲ့ အသားအရေမျိုးလိုချင်တယ်ဆိုရင်တော့ ဂျပန်မလေးတွေ ကျင့်သုံးတဲ့ နည်းလမ်းလေးတစ်ခု ဝေမျှပေးချင်ပါတယ်။ ဒီနည်းလမ်းက အရမ်းကိုရိုးရှင်းလွယ်ကူပြီး ထိရောက်မှုလည်း ရှိပါတယ်။ အလုပ်လည်း အရမ်းမရှုပ်ပါဘူး။ ပါဝင်ပစ္စည်းက နည်းတဲ့အပြင် တစ်ပတ်ကိုမှ တစ်ခါဘဲ လုပ်ပေးရင် ရပါပြီ။ […]









