လာမည့် မေလ (၉) ရက်နေ့ ( သို့မဟုတ် ) ကမ္ဘာကြီးနဲ့ မြန်မာပြည် ဘာဆက်ဖြစ်မလဲဆိုတာ ကွဲကွဲပြားပြား သိရတော့မယ့်နေ့
လာမည့် မေလ (၉) ရက်နေ့ ( သို့မဟုတ် ) ကမ္ဘာကြီးနဲ့ မြန်မာပြည် ဘာဆက်ဖြစ်မလဲဆိုတာ ကွဲကွဲပြားပြား သိရတော့မယ့်နေ့ အကျိုး-အကြောင်း၊ အဆိုး-အကောင်းတွေကို ကွဲကွဲပြားပြားသိမြင်ရမယ့် ၂၀၂၂ ခုနှစ် မေ ဒီလိုခေါင်းစဉ်တပ်လို့ မောင်ရှင်ဟာ ဗေဒင်ဆရာလား.. အကြားအမြင်ရသူလားဆိုပြီး မထင်ကြနဲ့ဦးနော်.. ဖြစ်ခဲ့တဲ့သတင်းဖြစ်စဉ်တွေကိုကြည့်ပြီး ကိုယ့်အမြင်သုံးသပ်တာပါ.. ပထမဆုံးကမ္ဘာ့ရေးရာကိစ္စတွေကတော့ ရုရှား-ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ဒီမေလဆန်းလောက်မှာ နျုလက်နက် ဘယ်လောက်အတိုင်းအဆအထိသုံးမယ်..။ မသုံးဘူးဆိုတာ ကွဲကွဲပြားပြားသိလာရလိမ့်မယ်လို့ ယူဆပါတယ်။ ဒါကလည်း ‘ပူတင်နျူလက်နက်သုံးလာနိုင်ချေရှိသလား’ ဆိုတဲ့ ခေါင်းစဉ်နဲ့ မိမိအမြင်ကိုရေးခဲ့စဉ်တုန်းကအတိုင်း ‘မဟာအရှက်တော်ကွဲနေတဲ့ပူတင်’က အခုဆို ကမ္ဘာကြီးကို စကားလုံးတွေနဲ့ခြိမ်းခြောက်တဲ့အဆင့်ကနေ နမူနာသဘော၊ အမြည်းသဘောနဲ့ ကုလအတွင်းရေးမှူးချုပ်ခေတ္တရောက်ရှိတည်းခိုနေတဲ့ ယူကရိန်းမြို့တော် ‘ကိယစ့်’ကို ဒုံးကျည်လက်နက်ပစ်ပြလိုက်ပါတယ်။ (သုံးစားမရတဲ့)ကုလအတွင်းရေးမှူးချုပ်လည်း ညကြီးမင်းကြီး သတင်းစာရှင်းလင်းပွဲလုပ်ပြီး ထွက်ခွာသွားရတာကိုပဲကြည့်.. မြောက်ကိုရီးယားခေါင်းဆောင်ကလည်း ‘ရန်သူတွေကိုအမြစ်ပြတ်ချေမှုန်းဖို့အတွက် လက်နက်တွေအဆင့်မြင့်ထုတ်သွားမယ်..’လို့ … Read more