ဒီနေ့ နှောင်းပိုင်းမှာ စတင်မယ့် အမေရိကန်ဗဟိုဘဏ် အကြီးအကဲရဲ့ မိန့်ခွန်းပြောကြားချက် ထွက်မလာခင် ကမ္ဘာ့ရွှေဈေးဟာ သမိုင်းတလျှောက် အမြင့်ဆုံးစံချိန်မှာ ရောက်ရှိနေပါတယ်။ မနေ့က တစ်အောင်စကို ၂၁၄၁ ဒေါ်လာနဲ့ အမြင့်ဆုံးစံချိန်သစ် တင်ခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ အခု မတ်လ ၆ ရက်နေ့မှာ ၂၁၃၂ ဒေါ်လာဝန်းကျင် ရှိနေပြီး အမေရိကန်ရွှေကြိုပွိုင့်ဈေးကလည်း ၂၁၃၅ ဒေါ်လာနဲ့ ဝ.၃ % မြင့်နေပါတယ်။ မကြာသေးခင်က အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးအခြေအနေပြ ကိန်းဂဏန်းတွေ အားပျော့ခဲ့တဲ့နောက် အမေရိကန်ဗဟိုဘဏ်အနေနဲ့ အတိုးနှုန်း လျှော့ချမှုကို မုချ လုပ်ရလိမ့်မယ်ဆိုတဲ့ ထင်မြင်ချက်တွေ ခိုင်မာလာပြီး ရွှေကို အဝယ်လှည့်လာသူတွေ များသထက် များလာခဲ့ပါတယ်။ ဒါပေမဲ့ ရေတိုအတွင်းမှာ ရွှေဈေး ခပ်မြန်မြန် ခုန်တက်လာတဲ့အတွက် မကြာခင်အတွင်း ခဏတာ ပြန်ကျတာမျိုး […]