အရက်ကိုအနံ့ကိုတောင် မခံချင်တော့ပါဘူးလို့ဆိုတဲ့ လွယ်ကူတဲ့အရက်ဖြတ်နည်း ပိန္နဲသီးအစေ့ ပိန္နဲသီးအစေ့ တစ်ဆယ်ကျပ်သားကို အခွံနွှာ၊ ရေဆေးပါ။ ရေကိုအကြမ်းပန်းကန်လုံး ၅လုံးထည့်၊ ၂လုံးကျန်အောင် ကြိုပါ သောက်တဲ့အခါ နံနက်အကြမ်းပန်းကန် ၁လုံး၊ ညအကြမ်းပန်းကန်တစ်လုံး သောက်ပေးပါ။ အရက်နာကျတာ သက်သာပျောက်ကင်းစေပါတယ် ဒီပိန္နဲသီးအစေ့ပြုတ်ရည်ကိုပဲ နေ့စဉ် နံနက်၊ ည ပုံမှန်သောက်သွားရင် အရက်သောက်ခြင်စိတ် မရှိတော့ပါဘူးတဲ့ လေပြိုတဲ့အချိန်မှာ ပိန္နဲသီးအရည်ကို သောက်၊ ထမင်းကို အဝသာ စားထားလိုက်ပါ အရက်ကိုအနံ့ကိုတောင် မခံချင်တော့ဘူးလို့ ဆိုပါတယ်။ လွယ်ကူတဲ့ အရက်ဖြတ်နည်းလေးကို မျှဝေပေး လိုက်ပါတယ်ဗျာ- ခရစ်ဒစ် နောက်တစ်နည်း အရက်ရဲ့ကျေးကျွန်ဖြစ်ပြီး ငယ်ရွယ်စဉ်မှာပဲ အသက်ပေးသွားကြသူတွေ များပြားလှပါပြီ။ အရက်သောက်သုံးသူဦးရေကလည်း များသထက် များလာနေပါပြီ။ မကောင်းတဲ့ လက္ခဏာပါ အရက်စွဲနေသူများအတွက် အရက်ပြတ်စေမည့် ဆေးနည်းလေးကို ရှာဖွေပြီး ရေးသားမျှဝေပေးလိုက်ပါတယ်။ […]
သံပုရာပင်တွေ အသီးတင်ဖို့ ဘာတွေလုပ်ဖို့လိုလဲ…
သံပုရာပင်တွေ အသီးတင်ဖို့ ဘာတွေလုပ်ဖို့လိုလဲ သံပုရာပင်စိုက်တဲ့ ဦးကြီးတချို့ စိုက်ထားတာ (၃-၄) နှစ်ရှိပြီ အပွင့်တွေလည်း ပွင့်တဲ့အခါပွင့်ပေမယ့် အသီးမတင်ဘူး ကြုံတွေ့နေပါသလား။ဒါဆိုရင်တော့ အောက်ကအချက်တွေ လုပ်ဖို့ လိုအပ်နေပါပြီဗျ။ ၁။ နေရောင်ခြည် သံပုရာပင်က အသီးတွေ မသီးခင်အချိန်မှာ နေရောင်ခြည်ကောင်းကောင်းရဖို့လိုပါတယ်ဗျ။ နေရောင်ကောင်းစွာမရရင်တော့ ပန်းလည်းများများစားစားပွင့်မှာ မဟုတ်ပါဘူး။ ပန်းမပွင့်ရင်တော့ အသီးလဲ မတင်တော့ပါဘူး။ သံပုရာပင်က တစ်ရက်ကို အနည်းဆုံး (၆)နာရီလောက် နေရောင်ရဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ဦးကြီးတို့ရဲ့ သံပုရာပင်တွေက အရိပ်အောက်ရောက်နေတယ်ဆိုရင်တော့ အရိပ်ဖြစ်စေတဲ့အပင်တွေကို ကိုင်းချိုင်တာမျိုးလုပ်ပြီး အလင်းရရှိအောင် လုပ်ပေးလိုက်ပါ။ ၂။ ရေ အသီးတင်ဖို့ ဒုတိယအရေးကြီးဆုံးအချက်ကတော့ ရေရရှိမှုပါ။ ရေကို လုံလုံလောက်လောက် ပေးသွင်းခြင်းက သံပုရာသီးတွေ အထွက်ကောင်းဖို့ ကူညီပါလိမ့်မယ်။ စိုက်တဲ့မြေကလည်း ရေစီးရေလာကောင်းတဲ့မြေ ဖြစ်သင့်ပြီး […]
ယနေ့ ဒီဇင်ဘာ ၂၂ ရက်(ကြာသပတေးနေ့) အတွက် ပြင်ပ ရွှေစျေး၊ ဒေါ်လာစျေး၊ ကမ္ဘာ့ရွှေစျေး၊ စက်သုံးဆီစျေး
ယနေ့ ဒီဇင်ဘာ ၂၂ ရက်(ကြာသပတေးနေ့) အတွက် ပြင်ပ ရွှေစျေး၊ ဒေါ်လာစျေး၊ ကမ္ဘာ့ရွှေစျေး၊ စက်သုံးဆီစျေးနှုန်းတို့ကို ဖော်ပြပေးလိုက်ပါတယ်။ ပြင်ပ ငွေလဲနှုန်း USD =2810~2865 (ဒေါ်လာ) SGD = 2060~2130 (စင်္ကာပူဒေါ်လာ) THB = 79~83 (ထိုင်းဘတ်) ကမ္ဘာ့ရွှေစျေး တအောင်စ − 1820 ဒေါ်လာ ပြင်ပ ရွှေစျေး အခေါက်ရွှေ တကျပ်သား − 2689000 ကျပ် (ရောင်း) အခေါက်ရွှေ တကျပ်သား − 2670000 ကျပ် (ဝယ်) စက်သုံးဆီစျေးနှုန်း ရန်ကုန် 92 Ron – 1925 ကျပ်၊ 95 Ron – 1995 ကျပ်၊ […]
အောက်စီဂျင် အမြန်ပြန်တက်နည်း(လက်တွေ့ပါ ခင်ဗျာ)
အောက်စီဂျင် အမြန်ပြန်တက်နည်း(လက်တွေ့ပါ ခင်ဗျာ) အောက်စီဂျင် 90 အထိ ကျသွားချိန် အိုးလည်း ဘယ်လိုမှ မရခဲ့ချိန် ၁။ ကြက်ဥ အစိမ်း ၁ လုံးကို အကာ အနှစ်ဖောက်ထည့်ပါ ဆား အနည်းငယ်သကြား ၁ ဇွန်း သံပုရာသီး ၁ လုံးညှစ်ထည့်ပြီး မွှေပါ..။ ပြီးရင် ရေနွေးအနည်းငယ်ပါ ထပ်ထည့်ပြီး ရောမွေပါ အမြုတ်ထသည်အထိမွှေပြီးသောက်လိုက်တာ 90 မှ 94 အထိ တက်ပါတယ် ။ ၂။ ဂွေးတောက်ရွက်နဲ့ ပင်စိမ်းရွက်ကို ရေနွေးနဲ့ပြုတ်ပြီး.. အငွေ့ကိုရှုပေးပါ 94 မှ 97 အထိ ပြန်တက်လာပါတယ် ။လက်တွေ့လည်း တက်လာပါတယ် ။ Crd – မူရင်းပိုင်ရှင်ကို credit ပေးပါတယ် ။ […]
သေရင်ကိုယ့်နောက်မပါဘူးဟုဆိုကာရှိသမျှပိုက်ဆံသိန်း၁၅၀၀ကိုလှူဒါန်းခဲ့တဲ့ အဖွား….
ဘုရား ကျောင်း ရဟန်း ဒါယိကာမကြီး ဒေါ်ဆန်းမှီ မိသားတစုတို့မှ ပုညာရာမကျောင်းတိုက်အတွင်းဓမ္မာရုံဆောက်လုပ်ရန်အတွက် သိန်း ၁၅၀၀ လှူဒါန်းဆရာတော်လိုရာ သုံးရန် သိန်း၅၀လှူဒါန်းခဲ့ပါတယ် ။ နတ် လူ သာဓုခေါ်စေသော်..။ဦး ကု (မန်း)လူတွေဟာ စားဝတ်နေရေးအတွက် ငွေရှာကြပါတယ် ။ သေရင်ကိုယ့်နောက်မပါမှန်း သိပေမယ့်လည်း ငွေက မရှိမဖြစ်မို့ ရှာကြရတာပါပဲ ။ငွေမလို ကိုယ့်နောက်ပါဖို့ ကုသိုလ်ပဲလိုတယ်ဆိုတဲ့ လူတွေကတော့ ရှိသမျှငွေရေးကြေးရေးတွေကို လှူဒါန်းမှုတွေလုပ်ပြီး သုံးကြတာပါ..။ ခုလည်းပဲ သေရင်ကိုယ့်နောက်မပါတဲ့ အရာမှန်းသိလို့ ရှိတဲ့ ပိုက်ဆံတွေကို လှူဒါန်းခဲ့တဲ့ ဓာတ်ပုံလေးလူမှုကွန်ရက်မှာ ပြန့်နှံ့နေပါတယ်။ဓာတ်ပုံလေးနဲ့ အတူရေးထားတဲ့စာကတော့ “ဘာတစ်ခုမှ ချန်မထားပဲ သာသနာကို အကုန်လှူပါတယ်…။သေရင် ဒါတွေမပါတာ သိလို့ ဓမ္မာ ရုံဆောက်လုပ်ရန်ဖြစ်ပါသည် ”ဆိုပြီး ငွေတွေလှူတဲ့ပုံလေးနဲ့အတူ မျှေ ဝထားတာပါ …။ […]
သနပ်ခါးလိမ်းတဲ့ မိန်းကလေးတိုင်းသိထားသင့်သည့်အချက်များ
သနပ်ခါးလိမ်းတဲ့ မိန်းကလေးတိုင်းသိထားသင့်သည့်အချက်များ မေမေ ပြောပြတဲ့ ပျိုမေ တို့အကြိုက် သနပ်ခါး ကျောက်ပျဉ်သနပ်ခါး ကျောက်ပြင် အသစ်ဆိုရေလေးဆေးလိုက်ပြီးသနပ်ခါး တုံးသွေးထည့်လိုက်တာပဲအဲသလိုလုပ်လို့မရပါဘူး ကျောက်သား အစစ်ကိုထွင်းထားတဲ့ ကျောက်ပျဉ် ဖြစ်ဖြစ် ဘိလပ်မြေ လိုမျိုးကိုပုံပြု့ထားတဲ့ကျောက်ပျဉ်ဖြစ်ဖြစ်ပထမဦးဆုံးအသုံးမပြု့ခင်မှာဝယ်လာတဲ့ကျောက်ပျဉ်ကိုရေစင်စင်ဆေးပြီး ကျောက်ပျဉ် ကိုရေပုန်းထဲကိုထည့်ပြီးရေနဲ့တစ်ညစိမ်ထားပါနောက်တစ်ရက်မှာနနွန်းတက်နဲ့ဆီဆားနဲ့ကိုသွေးပြီးတစ်နေကုန်နေလှမ်းထားရပါတယ် ဆီခြောက်တော့မှသနပ်ခါးကျောက်ပျဉ်ကိုရေထပ်ဆေးပြီးမှမိမိကြိုက်နှစ်သက်ရာသနပ်ခါးတုံး ကိုသွေးရပါတယ် ထွက်လာတဲ့ သနပ်ခါး ကလေးတွေကညက်နေပြီးတနေကုန်ပါးပြင်ပေါ်အရာထင်နေပါတယ်တဲ့ကဲ ကျောက်ပျဉ်အ သစ်ကိုဘယ်လိုအသုံးပြု့ရသလဲဆိုတာသိသွားပြီပေါ့ မေမေပြောပြတယ် ကျောက်ပျဉ် ပေါ်သနပ်ခါး သွေးတာ လေ့ကျင့်ခန်း တစ်ခုလုပ်တာနဲ့တူတူပဲတဲ့ ဒါပေမဲ့ကြမ်းပြင်ပေါ်ချသွေးရတာမဟုတ်ပဲမိမိခါးအလည်လောက်အမြင့်ရှိတဲ့နေရာမှာထားပြီးသွေးရမယ်တဲ့ သနပ်ခါး ကိုအားစိုက်သွေးနေရတော့လေ့ကျင့်ခန်းလုပ်နေတယ်လို့မထင်ရပေမယ့် နှစ်နဲ့ချီပြီးနေ့စဉ်သွေးနေရတော့လက်မောင်းကြွက်သွားတွေကပိုပြီးသန်မာတယ် ပျော့ပြီးရွဲကျခြင်းမျိုးမဖြစ်ဘူးတဲ့ဘယ်ညာတော့လှည့်သွေးပေါ့တဲ့ငရုပ်သီးထောင်း တာလဲအတူတူပဲတဲ့ခေါင်းလေ့ကျင့်ခန်းကတော့ ရေအိုး ရွက်တာပါတဲ့ မေမေ အမေ(အဖွား)ပြောပြတာလို့ပြောတယ် Zawgyi သနပ်ခါးလိမ်းတဲ့ မိန်းကလေးတိုင်းသိထားသင့်သည့်အချက်များ မေမေ ပြောပြတဲ့ ပျိုမေ တို့အကြိုက် သနပ်ခါး ကျောက်ပျဉ်သနပ်ခါး ကျောက်ပြင် အသစ်ဆိုရေလေးဆေးလိုက်ပြီးသနပ်ခါး တုံးသွေးထည့်လိုက်တာပဲအဲသလိုလုပ်လို့မရပါဘူး ကျောက်သား […]
ဆင်းဆင်းရဲရဲနဲ့ မွေးဖွားလာခဲ့ပြီး စာတစ်လုံးမှ မတတ်ပဲ နှစ်ကျော့ပြန် ဘီလီယံနာသူဌေးကြီး ဖြစ်လာသူ
ဆင်းဆင်းရဲရဲနဲ့ မွေးဖွားလာခဲ့ပြီး စာတစ်လုံးမှ မတတ်ပဲ နှစ်ကျော့ပြန် ဘီလီယံနာသူဌေးကြီး ဖြစ်လာသူ ဘီလီယံနာကြီး သူဌေးကြီး တစ်ယောက်ဖြစ်ဖို့ဆိုရင် ဘာတွေလိုအပ်တယ်လို့ ယူဆထားကြပါသလဲ..?ချမ်းသာတဲ့ ဘက်ဂရောင်းအသိုင်းအဝိုင်း ရှိဖို့လိုပါသလား..?MBA, PhD စတဲ့ အဆင့်မြင့်ပညာတွေ ဘွဲ့တွေ ရထားဖို့ လိုအပ်ပါသလား..? အင်္ဂလန်နိုင်ငံက စွန့်ဦးတီထွင် လုပ်ငန်းရှင် “ဂျပ်ဖ် ပီယာစီ (Jeff Pearce)” ဟာ ဆင်းဆင်းရဲရဲနဲ့ မွေးဖွားလာခဲ့ပြီး စာတစ်လုံးမှလည်း မရေးတတ် မဖတ်တတ်ပဲ ဘီလီယံနာသူဌေးကြီး ဘဝကို နှစ်ကြိမ်တိုင်တိုင် ပြန်ရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ တစ်ကယ်တော့ သူ့ရဲ့နာမည်အရင်းက “Jeff” မဟုတ်ခဲ့ပါဘူး။ သူ့ရဲ့ ပထမနာမည်ကို သူကိုယ်တိုင် စာလုံးမပေါင်းတတ်တဲ့အတွက် လွယ်ကူအောင် “Jeff” လို့ မိဘတွေက ပြန်ပြောင်းပေးခဲ့ရတာပါ။ “Jeff” ကို ၁၉၅၀ ခုနှစ်များက […]
ပန်းကန်ဆေးဆပ်ပြာရည်နဲ့ မဆေးကြောသင့်တဲ့အရာ (၁၂) ခု
ပန်းကန်ဆေးဆပ်ပြာရည်နဲ့ မဆေးကြောသင့်တဲ့အရာ (၁၂) ခု – ပန်းကန်ဆေးဆပ်ပြာရည်ကို ပန်းကန်ဆေးတဲ့နေရာမှာပဲ သုံးသင့်ပြီးတော့ တခြားနေရာတွေမှာ မသုံးသင့်ပါဘူး။ ပန်းကန်ဆေးဆပ်ပြာကို တခြားနေရာမှာသုံးရင် ထင်သလောက် အကျိုးရှိလာမှာ မဟုတ်ပါဘူး။ ၁။ ကော်ဖီနှပ်စက် ကော်ဖီနှပ်စက်ကို ပန်းကန်ဆေးဆပ်ပြာနဲ့ ဆေးကြောရင် ဆပ်ပြာအကြွင်းအကျန်တွေက စက်ထဲမှာ ကျန်ခဲ့နိုင်ပါတယ်။ ရေနဲ့ဆေးချလည်း မပြောင်ပါဘူး။ နောက်တစ်ခါ ကော်ဖီနှပ်ရင်လည်း ဆပ်ပြာအရသာ ကျန်နေတတ်ပါတယ်။ ကော်ဖီနှပ်စက်ကို ဆေးကြောမယ်ဆိုရင် ကော်ဖီရနံ့ဆီနဲ့ ဆေးကြောတာက စက်ကို လွယ်လွယ်နဲ့ မပျက်စေတော့ပါဘူး။ ၂။ ပန်းကန်ဆေးစက် ပန်းကန်ဆေးဆပ်ပြာက အမြှုပ်တွေ အရမ်းထွက်တာကြောင့် ပန်းကန်ဆေးစက်ထဲကို ထည့်ဆေးရင် စက်ထိခိုက်သွားတတ်ပါတယ်။ ပြီးတော့ အမြှုပ်တွေလည်း လျှံကျလာပါတယ်။ ပန်းကန်ဆေးစက်အတွက် သီးသန့်သုံးတဲ့ဆပ်ပြာရည်ကိုသာ သုံးသင့်ပါတယ်။ ၃။ အဝတ်လျှော်စက် ဆပ်ပြာကုန်နေသေးလို့ ပန်းကန်ဆေးဆပ်ပြာရည်ကို အဝတ်လျှော်စက်မှာ […]
ရေဖျဉ်းရောဂါအတွက် မြန်မာ့ဆေးနည်းများ( ရေဖျဉ်း ပေခင်း )
ရေဖျဉ်းရောဂါအတွက် မြန်မာ့ဆေးနည်းများ( ရေဖျဉ်း ပေခင်း ) ဆရာကြီး အစည်းအဝေးတက်လာနိုင် ်တာဝမ်းသာတယ်ဗျာ˝ မြို့နယ်ပညာရေးမှူးဆရာကြီး ရေဖျဉ်းရေဂါဖြင့်အိပ်ရာထဲလှဲခဲ့ရသည်။မြန်မာ့တိုင်းရင်းဆေးဖြင့် သက်သာပျောက် ်ကင်းသွားခြင်းဖြစ်သည်။ ဆေးနည်းမှာ ပေပင်၏အရွက်ကို အိပ်ရာအောက်ခင်းပြီးအိပ်ပေးခြင်းညဉ့်အိပ်စဉ် ပေရွက်ပတ်၍အိပ်ခြင်းပေရွက်ကို (၃)ခွက်(၁)ခွက်တင် ဆေးကျိုပြီးသောက်ပေးခြင်း ထိုအပြင်အရှင်နာဂသိန်ဆေးကျမ်းမှပြဆိုထားသော ဇော်ဂျီခါးပုံစ၊ ခေါ်ဗြဟ္မာခါးပုံစ ခေါ်သူယောင်ဂမုန်းကြောင့်လည်းပါသည်။ ရေဖျဉ်းရောဂါကို ပျောက်ကင်းစေသည်မှာ ကိုယ်တွေ့ဖြစ်ကြောင်း ဆေးကျမ်းတွင် ဖေါ်ပြ ထားသည်။ ဇော်ဂျီခါးပုံစအား အရွက်ကိုကျက်ရုံပြုတ်၍ ပါးပါးလှီးကာ မန်ကျည်းရည်၊ကြက်သွန်နီ၊ကြက် ်သွန်ဖြူ၊ပုဇွန်ခြောက်တ ို့ထည့်ပြီး ရေဖျဉ်းဝေဒနာရှင်ကို လက်သုပ်လုပ်ပြီးကျွေးရပါသည်။ ထိုပြင် ပြုတ်ရည်ကို ဟင်းချိုချက်၍လည်းတိုက် ရသည်။ (၇)ရက်တစ်ကြိမ်ဝမ်းနုတ်ပေးပါ။၎င်းနည်းဖြင့် ဆေးရုံကလက်လွတ်လိုက်ရသော ရေဖျဉ်းရောဂါသည်တို့ပျောက်ကင်းကြသည် ဟု အရှင်နာဂသိန်ဆေးကျမ်း ပုံပြဆေးအဘိဓာန်တတိယတွဲ စာမျှက်နှာ(၃၄၂)တွင်ဖေါ်ပြထားပါသည်။ လျှို့ဝှက်ဆန်းကြယ်မဂ္ဂဇင်းတွင် ဘိုးဝါးယမနှင့်ဆေးပင်ရှာပုံတော်ခေါင်းစဉ်ဖြင့်(ရေဖျဉ်း ရောဂါပျောက်ကင်းပုံ)ဖေါ်ပြပြီးဖြစ်ပါသည်။ ထိုကြောင့် (၁)ပေရွက်ကိုခင်း၍ ဗိုက်ကိုပတ်ပြီးအိပ်ပေးပါ။ (၂)ပေရွက်ကို (၃)ခွက်(၁)ခွက်တင်ပြုတ်ကျိုသောက် […]
မိန်းကလေးများ ရာသီလာစဉ် (လုံးဝ) သတိထားကြပါ
မိန်းကလေးများ ရာသီလာစဉ် (လုံးဝ) သတိထားကြပါ ဒါတွေ (လုံးဝ) မလုပ်သင့်ပါဘူး (အမျိုးသမီးများသတိထားဆင်ခြင်နိုင်ရန်အတွက်သာ) အမျိုးသမီးများ ရာသီကာလအတွင်း အောက်ပါအချက်များမလုပ်သင့်ပါ။ ၁။ ရာသီချိန်ကာလအတွင်း ရေခဲရေ၊ ဆိုဒါ မသောက်သုံးသင့်သလို အုန်းသီးလည်း မစားသင့်ပါ။သုတေသီများ၏လေ့လာချက်များအရ ရာသီကာလအတွင်းရေခဲရေသောက်သုံးခြင်းသည် သားအိမ်တွင်းကျန်ရှိနေသော ရာသီသွေးကို ခဲစေတက်ပြီး ၅နှစ် မှ ၁၀ နှစ် အတွင်းအကြိမ်ရေများလာသည့်အခါ သားအိမ်ကင်ဆာအကျိတ်ဖြစ်ပေါ်စေနိုင်ပါတယ်။ ၂။ အမျိုးသမီးများရာသီချိန်ကာလအတွင်း ခေါင်းလျှော်ခြင်းမပြုသင့်ပါ။ အဘယ်ကြောင့်ဆိုသော် ရာသီချိန်ကာလအတွင်း ဦးခေါင်း၏ချွေးပေါက်ငယ်လေးများပွင့်နေတတ်ပြီး ခေါင်းလျှော်လိုက်ခြင်းအားဖြင့် ပိုမိုကျယ်သွားစေကာ ဦးခေါင်းအတွင်းပိုင်းကို လေတိုက်ရိုက် သက်ရောက်စေခြင်းကြောင့် ဦးခေါင်းကိုက်ခဲခြင်းကို ဖြစ်စေတတ်ပါတယ်။ ထိုသို့ဖြစ်ခြင်းသည် အရမ်းအန္တရာယ်များပြီး ငယ်ရွယ်စဉ်မှာမသိသာသော်လည်း အသက်ကြီးလာသည့်အခါမှာ ပိုမိုခံစားရပါတယ်။ ၃။ ရာသီကာလအတွင်း သခွားသီးမစားသင့်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သခွားသီးအတွင်းက အရည်ဓာတ်ဟာဆိုရင် သားအိမ်နံရံမှာရှိတဲ့ ရာသီသွေးစွန့်ပစ်ရာ အပေါက်ငယ်လေးများကို […]









