မိတၳီလာ ကန္ေစာင္းတြင္ ခ်ိန္းေတြ႕ေနေသာ အတြဲမ်ားကို ႏွာေခါင္းစည္းမ်ားတပ္ထားရန္ႏွင့္ တစ္ဦးႏွင့္ တစ္ဦး ပူးကပ္မေနဘဲ ခပ္ခြာခြာေနရန္ လိုက္လံ သတိေပးေနသည္ ကို ေတြ႕ရစဥ္။
မႏၲေလးတိုင္းေဒသႀကီး မိတၱီလာၿမိဳ႕နယ္မွာCovid19 ေရာဂါကာကြယ္ေရး လုပ္ငန္းေတြကိုအားကစားႏွင့္ က်န္းမာေရးဝန္ႀကီးဌာန၏ၫႊန္ၾကားခ်က္မ်ားႏွင့္ အညီ

ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနၿမိဳ႕နယ္ စည္ပင္သာယာေရး ခ႐ိုင္/ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ဝင္မ်ားလူမႈကူညီေရးအသင္းအဖြဲ႕အစည္းမ်ားမွသက္ဆိုင္ရာက်မ္းမာေရးဌာနဝန္ထမ္းမ်ားႏွင့္ပူးေပါင္း၍ေန႔စဥ္အရွိန္အဟုန္ျမႇင့္ၿပီးေန႔မအားညမနားေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။
ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ သက္ဆိုင္ရာဌာနမ်ားႏွင့္Covid 19 ေရာဂါကာကြယ္ေရးလုပ္ငန္းမ်ားတြင္ပူးေပါင္းေဆာင္႐ြက္႐ုံမွ်မကၿမိဳ႕နယ္အတြင္းရာဇဝတ္မႈခင္းမ်ား မျဖစ္ပြားေစေရးအတြက္ေန႔/ညလွည့္ကင္းမ်ားျဖင့္နယ္ေျမစိုးမိုးေဆာင္႐ြက္လ်က္ရွိရာ

ရာဇဝတ္မႈခင္းမ်ားျဖစ္ေသာလူသတ္မႈ လုယက္မႈမ်ားျဖစ္ပြားေလ့ရွိသည့္မိတၱီလာကန္ပတ္လမ္းတစ္ေလွ်ာက္ေန႔လွည့္ကင္းမ်ားျဖင့္လွည့္လည္ေဆာင္႐ြက္ခဲ့ရာေရာဂါ ကာကြယ္ေရးၫႊန္ၾကားခ်က္မ်ားကို ဆန္႔က်င္၍ေနအိမ္မ်ားအတြင္းေနထိုင္ျခင္း မရွိပဲ
အရက္ဝိုင္းဖြဲ႕ေသာက္ သူမ်ား သမီးရည္းစားစုံတြဲမ်ားအားေတြ႕ရွိ၍ လိုအပ္သည္မ်ားစစ္ေမးကာေရာဂါကာကြယ္ေရးၫႊန္ၾကားခ်က္မ်ားရွင္းလင္းျပျခင္း
မႈခင္းအသိပညာေပးျခင္းမ်ားအားနားလည္သည္အထိရွင္းလင္းေျပာျပၿပီးေနအိမ္မ်ားသို႔ျပန္လ္ေစလႊတ္ခဲ့ေ ၾကာင္းသိရသည္။ေ႐ႊေမာင္ေမာင္(မိတၱီလာ)

Unicode,
မိတ္ထီလာ ကန်စောင်းတွင် ချိန်းတွေ့နေသော အတွဲများကို နှာခေါင်းစည်းများတပ်ထားရန်နှင့် တစ်ဦးနှင့် တစ်ဦး ပူးကပ်မနေဘဲ ခပ်ခွာခွာနေရန် လိုက်လံ သတိပေးနေသည် ကို တွေ့ရစဉ်။
မန္တလေးတိုင်းဒေသကြီး မိတ္တီလာမြို့နယ်မှာCovid19 ရောဂါကာကွယ်ရေး လုပ်ငန်းတွေကိုအားကစားနှင့် ကျမ်းမာရေးဝန်ကြီးဌာန၏ညွှန်ကြားချက်များနှင့် အညီ

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ် စည်ပင်သာယာရေး ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များလူမှုကူညီရေးအသင်းအဖွဲ့အစည်းများမှသက်ဆိုင်ရာကျမ်းမာရေးဌာနဝန်ထမ်းများနှင့်ပူးပေါင်း၍နေ့စဉ်အရှိန်အဟုန်မြှင့်ပြီးနေ့မအားညမနားဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာဌာနများနှင့်Covid 19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင်ပူးပေါင်းဆောင်ရွက်ရုံမျှမကမြို့နယ်အတွင်းရာဇဝတ်မှုခင်းများ မဖြစ်ပွားစေရေးအတွက်နေ့/ညလှည့်ကင်းများဖြင့်နယ်မြေစိုးမိုးဆောင်ရွက်လျက်ရှိရာ
ရာဇဝတ်မှုခင်းများဖြစ်သောလူသတ်မှု လုယက်မှုများဖြစ်ပွားလေ့ရှိသည့်မိတ္တီလာကန်ပတ်လမ်းတစ်လျှောက်နေ့လှည့်ကင်းများဖြင့်လှည့်လည်ဆောင်ရွက်ခဲ့ရာရောဂါ ကာကွယ်ရေးညွှန်ကြားချက်များကို ဆန့်ကျင်၍နေအိမ်များအတွင်းနေထိုင်ခြင်း မရှိပဲ
အရက်ဝိုင်းဖွဲ့သောက် သူများ သမီးရည်းစားစုံတွဲများအားတွေ့ရှိ၍ လိုအပ်သည်များစစ်မေးကာရောဂါကာကွယ်ရေးညွှန်ကြားချက်များရှင်းလင်းပြခြင်း
မှုခင်းအသိပညာပေးခြင်းများအားနားလည်သည်အထိရှင်းလင်းပြောပြပြီးနေအိမ်များသို့ပြန်လည်စေလွှတ်ခဲ့ကြောင်းသိရသည်။
ရွှေမောင်မောင်(မိတ္တီလာ)



