ဗဟုသုတ

ကိုယ်နဲ့ ပေါင်းသင်းဆက်ဆံတဲ့လူတွေမှာ စိတ်နှောင့်အယှက်ကြောင့် ပူလောင်ရတဲ့အခါ….













Credit Live The Dream

unicode,

စိတ်နှောင့်အယှက်ကြောင့် ပူလောင်ရတဲ့အခါ

ကိုယ်နဲ့ ပေါင်းသင်းဆက်ဆံတဲ့လူတွေမှာ ကိုယ့်စိတ်နဲ့ အဆင်မပြေတဲ့သူတွေ၊ သူတို့ရဲ့အပြုအမူ၊ အပြောအဆိုတွေက ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတာတွေကြုံကိုကြုံဖူးကြပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ စိတ်ထဲမှာ တော်တော်လေး ကသိကအောက် ဖြစ်သွားတယ်? စိတ်ထဲမှာ မကျေမချမ်း ဖြစ်သွားတယ်? ဟုတ်တယ်ဟုတ်?

ဒီလူတွေကို ဘယ်လိုတုံ့ပြန်ကြလဲ?။ ဦးကျော်ဟိန်းဇာတ်ကားထဲကလို မီးကိုမီးနဲ့ ငြှိမ်းပစ်မယ်ဆိုပြီး ချက်ချင်းပဲ ခက်ခက်ထန်ထန်ပြန်ပြီး ဆက်ဆံသင့်လား။

အဲ့လို ချက်ချင်းမဆင်မခြင် တုံ့ပြန်တာက တကယ့်အရှုံးသက်သက်ပါ။ တစ်ခုသတိထားရမှာက ကိုယ့်ကို အနှောင့်အယှက်ဖြစ်စေတယ်လို့ထင်နေတဲ့ လူတွေထဲမှာ ကိုယ့်ဘဝအတွက်အရေးပါတဲ့သူတွေလည်းပါနိုင်သလို အရေးမပါတဲ့သူတွေလည်းပါနိုင်ပါတယ်။

ဘဝအတွက်အရေးပါတဲ့သူတွေဖြစ်ဖြစ် မပါသူတွေဖြစ်ဖြစ် အကောင်းဆုံးစိတ်ထားပေးနိုင်ရင်တော့ ကိုယ့်ရဲ့ လူမှုဆက်ဆံရေးက အားလုံးနဲ့အဆင်ပြေနေမှာဖြစ်ပါတယ်။

တကယ်လို့ ကိုယ်က စိတ်မထားတတ်ပဲ မကျေနပ်မှု စိတ်အစိုင်အခဲလေးတွေ များလာမယ်ဆိုရင် တစ်ချိန်ချိန်တော့ သူတို့နဲ့ ပြဿနာဖြစ်လာနိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် မခေါ် နိုင် မပြောနိုင်လောက်အောင် မလိုလားအပ်တဲ့ လူမှုဆက်ဆံရေး ပျက်ပြားမှုတွေအထိတောင် ဖြစ်သွားနိုင်ပါတယ်။

ပေါင်းသင်းဆက်ဆံရေးကောင်းပြီး အောင်မြင်မှုရသူတိုင်း ဒီလိုမျိုး လုံးဝအဖြစ်မခံပါဘူး။စိတ်ကိုတည်တည်ငြိမ်ငြိမ် သန့်သန့်ရှင်းရှင်းပဲ ထားကြတယ်။

စိတ်သဘောထားပြည့်ပြည့်၀၀ ထားတယ်။

ကျွန်တော်တို့အားလုံးလည်း ငြိမ်းငြိမ်းချမ်းချမ်းနေချင်ကြတာပေါ့။ ဘယ်သူကများ စိတ်အနှောင့်အယှက်ဖြစ်ချင်ပါ့မလဲ?

ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ လူတစ်ယောက်ဖြစ်ချင်ကြတာပေါ့။ ဒီလိုဆိုရင်တော့ ဘာတွေလုပ်ရမလဲ မသိချင်ဘူးလား??

ကဲ ဒီတော့ ကိုယ်နဲ့ ပေါင်းသင်တဲ့သူတွေက ကိုယ့်ကိုအနှောင့်အယှက်ဖြစ်စေတယ်လို့ထင်ရင် ဘယ်လိုစိတ်ထားရမလဲ၊ ဘာတွေလုပ်ရမလဲဗျာ ကြည့်လိုက်ကြစို့….

Credit Live The Dream