မနေ့က ဈေးကုန်းဆရာတော်ပျံလွန်တဲ့ကိစ္စနဲ့ပါတ်သက်ပြီးကောင်းခြင်းဆိုးခြင်းဘာတစ်ခုမှမဝေဖန်လိုပါ
လူတစ်ချို့ရဲ့ကိစ္စကိုပဲပြောချင်တာဖြစ်ပါတယ်
ဈေးကုန်းဆရာတော်ကြီးပျံလွန်တော်မူမှထပြီးသံဃာတော်တွေကိုမပြစ်မှား မစော်ကားသင့်ပါဆိုတဲ့နိဗ္ဗာန်ကိုချက်ခြင်းမျက်မှောက်ပြုသွားကြသူ
သူတော်စင်သူတော်ကောင်းကြီးများကိုပဲနည်းနည်းလောက်မေးကြည့်ချင်တာပါ

ခင်များတို့က သံဃာကိုမစော်ကားသင့်ဘူးမပြစ်မှားသင့်ဘူးလို့ ယုံကြည်တယ်ဆိုရင်
စကစ တွေက ရဟန်းသံဃာတော်တွေကိုဖမ်းဆီးရိုက်နှက်ခဲ့တုန်းကညှင်းဆဲသတ်ဖြတ်ခဲ့ကြတုန်းကဘာလို့ငြိမ်နေကြသလဲ
မိုးကုတ်ရေပူဆရာတော်ကြီးကိုထောင်သုံးနှစ်ချခဲ့တုန်းကပဲခူးအောင်ရတနာကျောင်းတိုက်ဆရာတော်ရိုက်နှက်စစ်ဆေးခံရရင်းပျံလွန်ခဲ့တုန်းကမးမောက်မှာ ဆရာတော်ဦးကသေလလက်နက်ကြီးထိလို့ပျံလွန်တုန်းကဘာလို့အသံမထွက်ခဲ့ကြသလဲ

မန်းလေးမစိုးရိမ်တိုက်ကသံဃာတွေပရိတ်ရွတ်လို့စစ်တပ်ကဘုန်းကြီးကျောင်းထဲထိဝင်ပြီးဆဲဆိုအကြမ်းဖက်ခြိမ်းခြောက်ပစ်ခတ်ခဲ့တာ
ရက်ပိုင်းပဲရှိသေးဗျာ
အဲ့ဒီတုန်းက
ခင်များတို့ ဝစီပိတ်ကျင့်နေကြသလား
ဒါတွေကိုကျသံဃာမဟုတ်ဘူးထင်လို့လား
ဒါမှမဟုတ်ကိုယ်ကိုးကွယ်တဲ့ဘုန်းကြီးမဟုတ်လို့တခြားဘုန်းကြီးဘာဖြစ်ဖြစ်ဆိုပြီးသံဃာတော်တွေကိုခွဲခြားခဲ့တာလား

ဒါမှမဟုတ် စစ်တပ်ကတော့သံဃာတွေကိုနှိပ်စက်သတ်ဖြတ်စော်ကားပြစ်မှားခွင့်ရှိတယ်ဆိုပြီးသတ်မှတ်ထားခဲ့ကြသလားဖြေပါမဟာ့မဟာသာသနာပြုအရိယာသူတော်စင်တို့
Crd Kyaw Kyaw Htay



