Life Style

ကျွန်မကြောင့်တော့ ဘယ်သူ့ကိုမှ မနာကျင်စေခဲ့ဘူး …

ဒါပေမယ့် ကျွန်မကြောင့်တော့ ဘယ်သူ့ကိုမှ မနာကျင်စေခဲ့ဘူး … သူလုပ်သလို ကိုယ်ပြန်လုပ်လိုက်လို့ရပေမယ့်လဲ နာကျင်ရတဲ့အခါ ကိုယ့်လို ခံနိုင်ရည်မရှိမှာကို စိတ်ပူနေသေးတယ်

ကိုယ့်အနားမှာရှိတဲ့သူတွေကတော့ ကိုယ့်ကို စကားနဲ့တစ်မျိုး အပြုအမူနဲ့တစ်မျိုး မကြာခဏဆိုသလို နာကျင်စေပါတယ် … ကိုယ့်အားနည်းချက်တွေကို လူကြားသူကြားမှာ ဖွင့်ဟပြီးမှ စတာပါဆိုတာမျိုးတွေ ကိုယ်မကြိုက်ဆုံးအရာတွေကိုလုပ်ပြီးမှ တောင်းပန်ပါတယ်ဆိုပြီး ပေါ့ပေါ့လေးပြောသွားတာမျိုးတွေလေ …

လက်စားမချေတတ်တာ မဟုတ်ဘူးနော် လက်စားမချေရက်တာပါ … ကိုယ့်ကို ငဲ့ကြည့်ဖော်မရတဲ့သူအပေါ်ကို ကိုယ်လဲ ပြန်ငဲ့မကြည့်တာဟာ မတရားရာတော့ မကျဘူးပေါ့ ဒါပေမယ့် ကိုယ့်လိပ်ပြာကိုယ်တော့ ဘယ်လုံပါတော့မလဲ နောက်ကျောမလုံမယ့်ကိစ္စမျိုးကို ကျွန်မ အတတ်နိုင်ဆုံးရှောင်ပါတယ်

စကားပြောတာပဲ လူတစ်ဖက်သားကို ချိုချိုသာသာလဲ ပြောတတ်သလို နာအောင်လဲပြောတတ်တယ် ဒါပေမယ့် စကားလုံးတွေကြောင့် နာကျင်ခဲ့ရဖူးတဲ့ ကျွန်မ ကိုယ်ချင်းစာတယ် စကားလုံးတွေကြောင့် နာရတဲ့အခါ ဘယ်လိုအရာနဲ့မှ ပြန်ကုစားလို့မရဘူး အမှတ်ရတဲ့အခါတိုင်းမှာ ပြန်နာရတတ်တာလေ

တစ်စုံတစ်ယောက် ကျွန်မကြောင့် နာကျင်သွားမှာ အကြောက်ဆုံးပါပဲ ဒါပေမယ့် တခြားသူတွေကြောင့် နာကျင်ရတာတွေတော့ ကျွန်မ ကျင့်သားရနေပါပြီ …

မိန်းမသားတို့အတွက်
သျှင်ယွန်း

တစ္ျခားသူေတြေၾကာင့္ နာက်င္ရတာကေတာ့ ကြ်န္မအတြက္ က်င့္သားရေနပါျပီ ဒါေပမယ့္ ကြ်န္မေၾကာင့္ေတာ့ ဘယ္သူ့ကိုမွ မနာက်င္ေစခဲ့ဘူး … သူလုပ္သလုိ ကုိယ္ျပန္လုပ္လိုက္လုိ့ရေပမယ့္လဲ နာက်င္ရတဲ့အခါ ကုိယ့္လုိ ခံနုိင္ရည္မရွိမွာကို စိတ္ပူေနေသးတယ္

ကိုယ့္အနားမွာရွိတဲ့သူေတြကေတာ့ ကုိယ့္ကို စကားနဲ႕တစ္မ်ိဳး အျပဳအမူနဲ႕တစ္မ်ဳိး မၾကာခဏဆုိသလုိ နာက်င္ေစပါတယ္ … ကိုယ့္အားနည္းခ်က္ေတြကို လူၾကားသူၾကားမွာ ဖြင့္ဟျပီးမွ စတာပါဆိုတာမ်ိဳးေတြ ကုိယ္မၾကိဳက္ဆံုးအရာေတြကိုလုပ္ျပီးမွ ေတာင္းပန္ပါတယ္ဆုိျပီး ေပါ့ေပါ့ေလးေျပာသြားတာမ်ိဳးေတြေလ …

လက္စားမေခ်တတ္တာ မဟုတ္ဘူးေနာ္ လက္စားမေခ်ရက္တာပါ … ကိုယ့္ကို ငဲ့ၾကည့္ေဖာ္မရတဲ့သူအေပၚကို ကုိယ္လဲ ျပန္ငဲ့မၾကည့္တာဟာ မတရားရာေတာ့ မက်ဘူးေပါ ့ ဒါေပမယ့္ ကိုယ့္လိပ္ျပာကုိယ္ေတာ့ ဘယ္လံုပါေတာ့မလဲ ေနာက္ေက်ာမလံုမယ့္ကိစၥမ်ိဳးကို ကြ်န္္မ အတတ္နို္င္ဆံုးေရွာင္ပါတယ္

စကားေျပာတာပဲ လူတစ္ဖက္သားကို ခ်ိဳခ်ိဳသာသာလဲ ေျပာတတ္သလုိ နာေအာင္လဲေျပာတတ္တယ္ ဒါေပမယ့္ စကားလံုးေတြေၾကာင့္ နာက်င္ခဲ့ရဖူးတဲ့ ကြ်န္မ ကုိယ္ခ်င္းစာတယ္ စကားလံုးေတြေၾကာင့္ နာရတဲ့အခါ ဘယ္လုိအရာနဲ႕မွ ျပန္ကုစားလုိ့မရဘူး အမွတ္ရတဲ့အခါတုိင္းမွာ ျပန္နာရတတ္တာေလ

တစ္စံုတစ္ေယာက္ ကြ်န္္မေၾကာင့္ နာက်င္သြားမွာ အေၾကာက္ဆံုးပါပဲ ဒါေပမယ့္ တျခားသူေတြေၾကာင့္ နာက်င္ရတာေတြေတာ့ ကြ်န္္မ က်င့္သားရေနပါျပီ …

မိန္းမသားတို့အတြက္
သွ်င္ယြန္း

crd