လယ်တွေ ယာတွေ ဈေးကောင်းရတိုင်း မရောင်းပါနဲ့လို့ပြောနေရတာ ဒါတွေကြောင့်ပါ (ဖြစ်ရပ်မှန်)
ထိုင်း နိုင်ငံရဲ့ အရှေ့ပိုင်းမှာ ချန်ထပူရီဆိုတဲ့ပြည် နယ်လေးတခုရှိတယ် ။ အဲ့ဒီပြည်နယ်က စိုက်ပျိုးရေးကိုသာ အဓိကလုပ်ကိုင်ကြပြီးအများဆုံးစိုက်တာ ကတော့စပါးပေါ့။ သူစိုက်တဲ့စပါးက ထိုင်းနိုင်ငံတနိုင်ငံလုံး စာနီးပါး ဖူလုံစေ သတဲ့ ။ နောက်တော့ တဖြည်းဖြည်းနဲ့ စပါးအထွက် နှုန်းေ တွလျော့ကျလာပီး နောက်ဆုံးလုံးဝမထွက်နိုင်တော့ တဲ့အထိ ဖြစ်သွားခဲ့လို့ တစ်ရွာလုံးက ယောက်ျားလေးတွေ သင်္ဘောလိုက် မြို့တက် အလုပ်လု ပ်၊ မိန်းကလေးတွေ ကျတော့လည်း ကာရာအိုကေဆိုင်တွေရောက် မကောင်းတာတွေလုပ်စားစသဖြင့်ပေါ့ဗျာ…။
ဒီ လိုနဲ့ နိုင်ငံ့ အတွက် ဆန်စ ပါးရိက္ခာဟာ အစပိုင်းမှာ ဖူလုံနေခဲ့ပြီး နောက်ပိုင်းကျ နိုင်ငံခြားက ဆန်စပါးတွေကို တင်သွင်းလာရတော့ ဝန်ကြီးတွေက သိပ်မကြည်ကြတော့ဘူး။ နောက်ပိုင်း လုံးလုံး လျားလျား တင်သွင်း လာရတော့ တိုင်းပြည်ရဲ့ ဘဏ္ဍာရိက္ခာငွေတွေ ထိခိုက်လာတယ်။ ဒါ့ကြောင့် ဝန်ကြီးတွေဟာ အစည်းေ ဝးခေါ်ပီး အစီအစဉ်တခုကို ဆွဲခဲ့ကြတယ်။ ထိုင်းပြည်သူတွေက ဘုရင်ကို အရမ်းချစ်ကြေတာ့ ဘုရင်ကိုခေါ်ပြီး (ဘန်းပြပြီး) အဝေးရောက်နေသူတွေကို စုစည်းရအောင်အဲ့ဒီချန်ထပူရီဒေသကို တိုင်းခန်းလှည့်လည်မယ်လို့ ကြေငြာလိုက်တယ်။
ဘုရင်ကလည်း နိုင်ငံ့အေ ရးဆိုတော့ သဘော တူတယ် ။ နောက် ဘုရင်က ဝန်ကြီးနောက်လို က်တွေနဲ့အတူ ချန်ထပူရီကို ရောက်တယ် ဆိုပါတော့။ အဲ့ဒီမှာ လူလည်းစုံရော အရင်က စီစဉ်ထားခဲ့တဲ့ အတိုင်း အပြောအဟောေ ကာင်း တဲ့ ဘုရင့်ကိုယ်ရေးအရာရှိ ကို ပြောခိုင်းေ တာ့တာဘဲ။ “ကဲ…ဘုရင်မင်းမြတ် ကိုယ်တိုင် ဒီလို တိုင်းခန်းကြွလာရြ ခင်းဟာတော့ နိုင်ငံ့ရဲ့ အရေးပေါ်အြေ ခအနေတခုကို ကြေငြာအသိပေးလို တာကြောင့်ဘဲ ဖြစ်တယ်။ ဒီနေရာမှာ ဒီဒေသရဲ့ စပါးအထွက်နှုန်းနဲ့ ပတ်သတ် လို့ အရင်က လူကြီးမင်း တို့ စပါးစိုက်ပြီး ထိုင်းတနိုင်လုံး ကို ဖူလုံနိုင်စေခဲ့တယ်။ အခု လူကြီးမင်းတို့ မစိုက်တော့လို့ ကျွန်တော် တို့တွေ တခြားက တင်သွင်းေ နရတယ်၊ ဘဏ္ဍာရိက ္ခာအရံငွေတွေ အလွန်ကို ထိခိုက်လာေ နတယ်။ အဲ့တော့ နိုင်ငံ့ရဲ့ ကျေးဇူးသစ္စာကိုစောင့်သိတဲ့အနေနဲ့ ခင်ဗျားတို့ စပါးကို မဖြစ်မနေပြန်စိုက်ပေးကြဖို့ ပါ။ မစိုက်နိုင်ခဲ့ဘူး ဆိုရင်တော့ ဒီဒေသ အတွက် ထိုက်လျောက်တဲ့ အရေးယူမှုေ တွ ပြုသင့်ရင် ပြုလုပ်ရ ပါလိမ့်မယ်….”
” လယ်တွေ၊ ယာတွေ ” ဈေးကောင်းရတိုင်း မရောင်းပါနဲ ့လို့.. ပြောနေရတာ ဒါတွေကြောင့်ပါ.. (ဖြစ်ရပ်မှန်)အဲ့ဒီမှာ ဘုရင်ကြွလာလို့ အားလုံးပျော်ရွ င်နေရာကနေ ငြိမ်ပြီး ဝမ်းနည်း သွားကြတယ်။ ချက်ခြင်းဘဲ အဖိုးအိုကြီး တယောက်က ထလာပြီး တောင်သူဆိုတော့ သိတဲ့အတိုင်း ဘုပြောနဲ့ ပြောချတော့ တာပေ့ါ။ “အေး…မင်းတို့ပြောသလို မလုပ်နိုင်ဘူး…. သတ်ချင်သတ်။ ဒါပေမယ့် အားလုံးတော့ မလုပ်နဲ့။ ငါ့တယောက်ထဲ လာသတ်လှည့်။ မင်းတို့က ငါ့တို့အကြောင်းတော့ သေသေချာချာ မစုံစမ်းဘဲ ရမ်းသမ်းပြီး လာလုပ်လို့ရမလား… ငါတို့ ဘယ်ေ လာက်ဒုက္ခရောက်နေ ခဲ့ရသလဲ မင်းတို့မသိဘဲနဲ့” ဆိုပြီး ဝင် ဖြဲတာပေါ့။
အဲ့တော့မှ ဝန်ကြီးတွေ လှုပ်လှုပ်ရွရွဖြစ်လာကြ တယ်။ ဘုရင့် ကိုယ်ရေးအရာရှိက ဝန်ကြီးတွေကို လက်တားပြလိုက်ပြီး… “ဒါဆိုရင် အဖိုး ဒီကစောင့်နေပါ။ ဒီကိစ္စကို အခုမရှင်းသေးဘူး မနက်ဖြန်ကျမှ ကျုပ်နဲ့ ခင်ဗျား ၂ ယောက်ချင်း တွေ့မယ် ဆိုပြီး” အားလုံး ပြန်သွားကြတယ်။အားလုံးကတော့ ဘုရင့်အေ ရှမှာမို့(ဘုရင်က ပြည်သူတွေကို အရမ်းချစ်တာကိုး) အပြစ်မပေးဘဲ နောက်မှ အပြစ်ပေးမယ်ပေါ့ စသဖြင့် ထင်ကြတယ် ။ နောက် ဘန်ကောက်ပြန်ရောက်တော့ ဘုရင့်ကိုယ်ေ ရးအရာရှိက သူ့ရဲ့ ရာထူးကိုစွ န့်လိုက်တယ်။ အားလုံးလည်း အံ့သြကုန်ကြတာပေါ့။
သူက ဝန်ကြီးတွေကို ပြောခဲ့သေးတယ်။ ကျနော်ဒီရွာ ကို သွားလေ့ လာရမယ်ပေါ့။ စုဝေးပွဲမှာ တုန်းက အဖိုးကြီးပြောတဲ့အထဲ တခုပါခဲ့သေးတယ်။ “ခင်ဗျားတို့က ရာထူးအဆော င်အယောင်တွေနဲ့ ကြီးပွားနေပြီး အေးအေးဆေးေ ဆးနေနေရတော့ ဒို့ဒုက္ခတွေ ကို ဘယ် သိမလဲ ” ဆိုပြီးပေါ့။ ဒါကို ကိုယ်ရေးအရာရှိက ကောင်းကောင်း နားလည်သွားပုံရပါတယ်။ ဘုရင်ထံ ခွင့်တောင်းတယ်။ ရိုးရိုး အရပ်သားဘဝနဲ့ ချန်ထပူရီကို ကယ်တင်ပါရစေ ဆိုတော့ ဘုရင်ကလဲ ခွင့်ပြု တယ် ။
ဒီလိုနဲ့ ချန်ထပူရီ ကိုရောက် အဖိုးကြီးနဲ့တွေ့။ အကြောင်းအရင်းကို မေးကြည့်တဲ့ အခါ…. “အရင်ကတော့ ဟုတ်တယ် စပါးတွေ စိုက်တိုင်းဖြစ်တယ်။ နောက် နိုင်ငံတိုးတက် လာတော့ ဓာတ်မြေသြဇာ ပိုးသတ်ဆေး… စတာတွေ ပေါ်လာတယ်။ အဲ့ဒါတွေသုံးရင် ၂ဆ ၃ဆ အထွက် တိုးမယ် ဆိုပြီး ဓာတ်မြေသြဇာ company ကြီးတွေက လာရောင်းတယ်။ အစပိုင်း ၄၊ ၅နှစ်မှာ သူတို့ပြောတဲ့အတိုင်း ထွက်တော့ တောင်သူတွေလဲ ဝမ်းသာတာပေါ့။ နောက်ပိုင်း အထွက်နှုန်းလျော့ကျ လာတယ် ။
(မူရင်းက ထိုင်းနိုင်ငံ မှာ နေခဲ့ဖူးတဲ့ စာရေးဆ ရာမကြီး တယောက် ဟောပြောပွဲကနေ စာသား အဖြစ် နားလည်နိုင်စေရန် ပြန်လည် edit လုပ်ထားရပါတယ်။ ဒီဖြစ်ရပ်ဟာ ထိုင်းနိုင်ငံ မှာ တကယ်ဖြစ်သွားခဲ့ တဲ့ အဖြစ်ကနေ ယနေ့ ထိုင်းနိုင် ငံရဲ့ ကမ္ဘာကိုထိုးဖောက်နေ တဲ့ စိုက်ပျိုးရေး နည်းစနစ် ကို မီးမှောင်းထိုးပြချင် ရုံမျှသာ….)
Cretdit – ကျောက်သင်ပုန်း

လယ္ေတြ ယာေတြ ေဈးေကာင္းရတိုင္း မေရာင္းပါနဲ႔လို႔ေျပာေနရတာ ဒါေတြေၾကာင့္ပါ (ျဖစ္ရပ္မွန္)
ထိုင္း နိုင္ငံရဲ့ အေရွ႕ပိုင္းမွာ ခ်န္ထပူရီဆိုတဲ့ျပည္ နယ္ေလးတခုရွိတယ္ ။ အဲ့ဒီျပည္နယ္က စိုက္ပ်ိဳးေရးကိုသာ အဓိကလုပ္ကိုင္ၾကၿပီးအမ်ားဆုံးစိုက္တာ ကေတာ့စပါးေပါ့။ သူစိုက္တဲ့စပါးက ထိုင္းနိုင္ငံတနိုင္ငံလုံး စာနီးပါး ဖူလုံေစ သတဲ့ ။ ေနာက္ေတာ့ တျဖည္းျဖည္းနဲ႔ စပါးအထြက္ ႏႈန္းေ တြေလ်ာ့က်လာပီး ေနာက္ဆုံးလုံးဝမထြက္နိုင္ေတာ့ တဲ့အထိ ျဖစ္သြားခဲ့လို႔ တစ္ရြာလုံးက ေယာက္်ားေလးေတြ သေဘၤာလိုက္ ၿမိဳ႕တက္ အလုပ္လု ပ္၊ မိန္းကေလးေတြ က်ေတာ့လည္း ကာရာအိုေကဆိုင္ေတြေရာက္ မေကာင္းတာေတြလုပ္စားစသျဖင့္ေပါ့ဗ်ာ…။
ဒီ လိုနဲ႔ နိုင္ငံ့ အတြက္ ဆန္စ ပါးရိကၡာဟာ အစပိုင္းမွာ ဖူလုံေနခဲ့ၿပီး ေနာက္ပိုင္းက် နိုင္ငံျခားက ဆန္စပါးေတြကို တင္သြင္းလာရေတာ့ ဝန္ႀကီးေတြက သိပ္မၾကည္ၾကေတာ့ဘူး။ ေနာက္ပိုင္း လုံးလုံး လ်ားလ်ား တင္သြင္း လာရေတာ့ တိုင္းျပည္ရဲ့ ဘ႑ာရိကၡာေငြေတြ ထိခိုက္လာတယ္။ ဒါ့ေၾကာင့္ ဝန္ႀကီးေတြဟာ အစည္းေ ဝးေခၚပီး အစီအစဥ္တခုကို ဆြဲခဲ့ၾကတယ္။ ထိုင္းျပည္သူေတြက ဘုရင္ကို အရမ္းခ်စ္ေၾကတာ့ ဘုရင္ကိုေခၚၿပီး (ဘန္းျပၿပီး) အေဝးေရာက္ေနသူေတြကို စုစည္းရေအာင္အဲ့ဒီခ်န္ထပူရီေဒသကို တိုင္းခန္းလွည့္လည္မယ္လို႔ ေၾကျငာလိုက္တယ္။
ဘုရင္ကလည္း နိုင္ငံ့ေအ ရးဆိုေတာ့ သေဘာ တူတယ္ ။ ေနာက္ ဘုရင္က ဝန္ႀကီးေနာက္လို က္ေတြနဲ႔အတူ ခ်န္ထပူရီကို ေရာက္တယ္ ဆိုပါေတာ့။ အဲ့ဒီမွာ လူလည္းစုံေရာ အရင္က စီစဥ္ထားခဲ့တဲ့ အတိုင္း အေျပာအေဟာေ ကာင္း တဲ့ ဘုရင့္ကိုယ္ေရးအရာရွိ ကို ေျပာခိုင္းေ တာ့တာဘဲ။ “ကဲ…ဘုရင္မင္းျမတ္ ကိုယ္တိုင္ ဒီလို တိုင္းခန္းႂကြလာၿရ ခင္းဟာေတာ့ နိုင္ငံ့ရဲ့ အေရးေပၚေၾအ ခအေနတခုကို ေၾကျငာအသိေပးလို တာေၾကာင့္ဘဲ ျဖစ္တယ္။ ဒီေနရာမွာ ဒီေဒသရဲ့ စပါးအထြက္ႏႈန္းနဲ႔ ပတ္သတ္ လို႔ အရင္က လူႀကီးမင္း တို႔ စပါးစိုက္ၿပီး ထိုင္းတနိုင္လုံး ကို ဖူလုံနိုင္ေစခဲ့တယ္။ အခု လူႀကီးမင္းတို႔ မစိုက္ေတာ့လို႔ ကၽြန္ေတာ္ တို႔ေတြ တျခားက တင္သြင္းေ နရတယ္၊ ဘ႑ာရိက ၡာအရံေငြေတြ အလြန္ကို ထိခိုက္လာေ နတယ္။ အဲ့ေတာ့ နိုင္ငံ့ရဲ့ ေက်းဇူးသစၥာကိုေစာင့္သိတဲ့အေနနဲ႔ ခင္ဗ်ားတို႔ စပါးကို မျဖစ္မေနျပန္စိုက္ေပးၾကဖို႔ ပါ။ မစိုက္နိုင္ခဲ့ဘူး ဆိုရင္ေတာ့ ဒီေဒသ အတြက္ ထိုက္ေလ်ာက္တဲ့ အေရးယူမႈေ တြ ျပဳသင့္ရင္ ျပဳလုပ္ရ ပါလိမ့္မယ္….”
” လယ္ေတြ၊ ယာေတြ ” ေဈးေကာင္းရတိုင္း မေရာင္းပါနဲ ့လို႔.. ေျပာေနရတာ ဒါေတြေၾကာင့္ပါ.. (ျဖစ္ရပ္မွန္)အဲ့ဒီမွာ ဘုရင္ႂကြလာလို႔ အားလုံးေပ်ာ္ရြ င္ေနရာကေန ၿငိမ္ၿပီး ဝမ္းနည္း သြားၾကတယ္။ ခ်က္ျခင္းဘဲ အဖိုးအိုႀကီး တေယာက္က ထလာၿပီး ေတာင္သူဆိုေတာ့ သိတဲ့အတိုင္း ဘုေျပာနဲ႔ ေျပာခ်ေတာ့ တာေပ့ါ။ “ေအး…မင္းတို႔ေျပာသလို မလုပ္နိုင္ဘူး…. သတ္ခ်င္သတ္။ ဒါေပမယ့္ အားလုံးေတာ့ မလုပ္နဲ႔။ ငါ့တေယာက္ထဲ လာသတ္လွည့္။ မင္းတို႔က ငါ့တို႔အေၾကာင္းေတာ့ ေသေသခ်ာခ်ာ မစုံစမ္းဘဲ ရမ္းသမ္းၿပီး လာလုပ္လို႔ရမလား… ငါတို႔ ဘယ္ေ လာက္ဒုကၡေရာက္ေန ခဲ့ရသလဲ မင္းတို႔မသိဘဲနဲ႔” ဆိုၿပီး ဝင္ ျဖဲတာေပါ့။
အဲ့ေတာ့မွ ဝန္ႀကီးေတြ လႈပ္လႈပ္ရြရြျဖစ္လာၾက တယ္။ ဘုရင့္ ကိုယ္ေရးအရာရွိက ဝန္ႀကီးေတြကို လက္တားျပလိုက္ၿပီး… “ဒါဆိုရင္ အဖိုး ဒီကေစာင့္ေနပါ။ ဒီကိစၥကို အခုမရွင္းေသးဘူး မနက္ျဖန္က်မွ က်ဳပ္နဲ႔ ခင္ဗ်ား ၂ ေယာက္ခ်င္း ေတြ႕မယ္ ဆိုၿပီး” အားလုံး ျပန္သြားၾကတယ္။အားလုံးကေတာ့ ဘုရင့္ေအ ရွမွာမို႔(ဘုရင္က ျပည္သူေတြကို အရမ္းခ်စ္တာကိုး) အျပစ္မေပးဘဲ ေနာက္မွ အျပစ္ေပးမယ္ေပါ့ စသျဖင့္ ထင္ၾကတယ္ ။ ေနာက္ ဘန္ေကာက္ျပန္ေရာက္ေတာ့ ဘုရင့္ကိုယ္ေ ရးအရာရွိက သူ႔ရဲ့ ရာထူးကိုစြ န႔္လိုက္တယ္။ အားလုံးလည္း အံ့ၾသကုန္ၾကတာေပါ့။
သူက ဝန္ႀကီးေတြကို ေျပာခဲ့ေသးတယ္။ က်ေနာ္ဒီရြာ ကို သြားေလ့ လာရမယ္ေပါ့။ စုေဝးပြဲမွာ တုန္းက အဖိုးႀကီးေျပာတဲ့အထဲ တခုပါခဲ့ေသးတယ္။ “ခင္ဗ်ားတို႔က ရာထူးအေဆာ င္အေယာင္ေတြနဲ႔ ႀကီးပြားေနၿပီး ေအးေအးေဆးေ ဆးေနေနရေတာ့ ဒို႔ဒုကၡေတြ ကို ဘယ္ သိမလဲ ” ဆိုၿပီးေပါ့။ ဒါကို ကိုယ္ေရးအရာရွိက ေကာင္းေကာင္း နားလည္သြားပုံရပါတယ္။ ဘုရင္ထံ ခြင့္ေတာင္းတယ္။ ရိုးရိုး အရပ္သားဘဝနဲ႔ ခ်န္ထပူရီကို ကယ္တင္ပါရေစ ဆိုေတာ့ ဘုရင္ကလဲ ခြင့္ျပဳ တယ္ ။
ဒီလိုနဲ႔ ခ်န္ထပူရီ ကိုေရာက္ အဖိုးႀကီးနဲ႔ေတြ႕။ အေၾကာင္းအရင္းကို ေမးၾကည့္တဲ့ အခါ…. “အရင္ကေတာ့ ဟုတ္တယ္ စပါးေတြ စိုက္တိုင္းျဖစ္တယ္။ ေနာက္ နိုင္ငံတိုးတက္ လာေတာ့ ဓာတ္ေျမၾသဇာ ပိုးသတ္ေဆး… စတာေတြ ေပၚလာတယ္။ အဲ့ဒါေတြသုံးရင္ ၂ဆ ၃ဆ အထြက္ တိုးမယ္ ဆိုၿပီး ဓာတ္ေျမၾသဇာ company ႀကီးေတြက လာေရာင္းတယ္။ အစပိုင္း ၄၊ ၅ႏွစ္မွာ သူတို႔ေျပာတဲ့အတိုင္း ထြက္ေတာ့ ေတာင္သူေတြလဲ ဝမ္းသာတာေပါ့။ ေနာက္ပိုင္း အထြက္ႏႈန္းေလ်ာ့က် လာတယ္ ။
(မူရင္းက ထိုင္းနိုင္ငံ မွာ ေနခဲ့ဖူးတဲ့ စာေရးဆ ရာမႀကီး တေယာက္ ေဟာေျပာပြဲကေန စာသား အျဖစ္ နားလည္နိုင္ေစရန္ ျပန္လည္ edit လုပ္ထားရပါတယ္။ ဒီျဖစ္ရပ္ဟာ ထိုင္းနိုင္ငံ မွာ တကယ္ျဖစ္သြားခဲ့ တဲ့ အျဖစ္ကေန ယေန႔ ထိုင္းနိုင္ ငံရဲ့ ကမၻာကိုထိုးေဖာက္ေန တဲ့ စိုက္ပ်ိဳးေရး နည္းစနစ္ ကို မီးေမွာင္းထိုးျပခ်င္ ႐ုံမၽွသာ….)
Cretdit – ေက်ာက္သင္ပုန္း



