Life Style

အောက်ဖော်ပြပါပုံလေးတွေထဲက သင့်နှစ်သက်တဲ့ ပုံလေးတစ်ပုံကို (၅) စက္ကန့်အတွင်းရွေးချယ်ပါ။ ပြီးရင် သင်ရွေးချယ်ထားတဲ့ ပုံလေးကပြောနေတဲ့သင့်ရဲ့စိတ်နေစိတ်ထားနဲ့ သင့်အကြောင်းလေးကိုဖတ်ကြည့်လိုက်ပါဦးနော်။

အောက်ဖော်ပြပါပုံလေးတွေထဲက သင့်နှစ်သက်တဲ့ ပုံလေးတစ်ပုံကို (၅) စက္ကန့်အတွင်းရွေးချယ်ပါ။ ပြီးရင် သင်ရွေးချယ်ထားတဲ့ ပုံလေးကပြောနေတဲ့သင့်ရဲ့စိတ်နေစိတ်ထားနဲ့ သင့်အကြောင်းလေးကိုဖတ်ကြည့်လိုက်ပါဦးနော်။

ပုံ(၁)ကို ရွေးချယ်ထားတယ်ဆိုရင်…

သင်ဟာဘဝကိုရိုးရှင်းစွာ နေတတ်ပြီး ဖြတ်လတ်တက်ကြွသူတစ်ယောက်ဖြစ်ပါတယ်။ သင်ဟာ သင့်ဘေးနားကလူတွေကို ကူညီဖို့ အဆင်သင့်ဖြစ်နေတတ်ပါတယ်။ သင်ကမိသားစုကို တန်ဖိုးထားတတ်ပါတယ်။ သင့်ရဲ့အားနည်းချက်ကတော့ အလွန်အမင်း အားနာတတ်တာပါပဲ။ သင်ဟာ အမှန်တရားကို နှစ်သက်တတ်ပြီး လုပ်ငန်းတာဝန်တွေကိုလည်း တာဝန်ကျေပွန်စွာ ထမ်းဆောင်တတ်ပါတယ်။ သင်ဟာလွတ်လွတ်လပ်လပ်နေတတ်သူတစ်ယောက်ဖြစ်တာကြောင့် သင့်ကိုချုပ်ချယ်တာ၊ ဖိအားပေးတာတွေကိုတော့ မနှစ်သက်တတ်ပါဘူး။

ပုံ(၂) ကိုရွေးချယ်ထားတယ်ဆိုရင်….

သင်ဟာ ဘဝကိုအေးချမ်းစွာ ဖြတ်သန်းလိုသူတစ်ယောက်ဖြစ်ပါတယ်။ သင့်မှာ သူငယ်ချင်းမိတ်ဆွေနည်းတတ်ပေမဲ့ ရှိတဲ့သူငယ်ချင်းတွေကိုစိတ်နစ်ပြီး ပေါင်းသင်းတတ်သူဖြစ်ပါတယ်။ သင့်မှာလွတ်လပ်တဲ့အတွေးအခေါ်အယူအဆတွေရှိပြီး အိပ်မက်တွေကို ရဲဝံံ့စွာ ပုံဖော်တတ်ပါတယ်။ သင်ဟာမိသားစုအတွက် ကောင်းမွန်တဲ့ အကြံဉာဏ်တွေပေးတတ်ပြီး မိသားစုရဲ့အားကိုးရသူလေးပါ။ လုပ်ဆောင်တဲ့အလုပ်တိုင်းကိုလည်း အကောင်းဆုံးလုပ်ဆောင်တတ်သူဖြစ်ပါတယ်။ တစ်ယောက်တည်းနေရတာကို နှစ်သက်တတ်တဲ့အတွက် လူတောမတိုးသလိုဖြစ်နေတတ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ပုံ(၃) ကိုရွေးချယ်ထားတယ်ဆိုရင်….

သင်ဟာ အပေါင်းအသင်းမက်သူတစ်ယောက်ဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ်နေတတ်ပြီး ခရီးထွက်ရတာကိုလည်း နှစ်သက်တတ်သူဖြစ်ပါတယ်။ ပျော်ပျော်နေတတ်ပြီး သနားကြင်နာတတ်ပါတယ်။ စိတ်ကူးပေါက်ရင်ပေါက်သလို ထလုပ်တတ်တဲ့အတွက် ဘေးနားကလူတွေကို အခက်တွေ့စေတတ်ပါတယ်။ စိတ်ကူးဉာဏ်ရင့်သန်ပေမဲ့ စည်းဘောင်တွေကို မုန်းတတ်တာကြောင့် အများနဲ့ပူးပေါင်းလုပ်ဆောင်တဲ့အခါ အခက်အခဲကြုံတွေ့ရတတ်ပါတယ်။

ပုံ(၄) ကိုနှစ်သက်တယ်ဆိုရင်….

သင်ဟာသွက်လက်ထက်မြက်ပြီး အကြံဉာဏ်သစ်တွေကို ဖြတ်ခနဲထုတ်နိုင်သူတစ်ယောက်ဖြစ်ပါတယ်။ သမိုင်းကြောင်းတွေ၊ ဂန္ထဝင်စာပေတွေကို နှစ်သက်တတ်သူတစ်ယောက်လည်းဖြစ်ပါတယ်။ လူတွေကသင်ဘယ်လိုခံစားနေရလဲဆိုတာ မခန့်မှန်းတတ်အောင် ထိန်းချုပ်နိုင်သူကြီးဖြစ်ပါတယ်။ စိတ်ခံစားထိရှလွယ်ပြီး အချစ်တွေကိုတန်ဖိုးထားတတ်သူတစ်ယောက်ဖြစ်ပါတယ်။ တစ်ခါတလေမှာ ဘာမှမဟုတ်တဲ့ ကိစ္စရပ်တွေကို ခံစားပြီးစိတ်ထိခိုက်နေတတ်ပါတယ်။

ပုံ(၅) ကိုနှစ်သက်တယ်ဆိုရင်…..

သင်ဟာ ရည်မှန်းချက်ပြင်းပြပြီး စိတ်အားထက်သန်သူတစ်ယောက်ဖြစ်ပါတယ်။ ဘဝကိုအမြဲတန်းရုန်းကန်နေတတ်ပြီး ကျရှုံးမှုတွေကိုလည်း ကြောက်ရွံ့တတ်သူတစ်ယောက်ပါ။ သင့်ရဲ့စိတ်အားထက်သန်မှုတွေဟာ တခြားလူတွေကိုတောင် ကူးစက်တတ်ပြီး တက်ကြွပျော်ရွှင်စေတတ်သူပါ။ အားနည်းချက်ကတော့ မိမိဖြစ်ချင်တာကို အလွန်အမင်းဦးစားပေးတတ်တဲ့အတွက် သူတစ်ပါးအပေါ်သက်ရောက်မှုနဲ့ ခံစားချက်တွေကို ထိခိုက်စေနိုင်ပါတယ်။

ပုံ(၆) ကိုနှစ်သက်တယ်ဆိုရင်…..

သင့်မှာခေတ်မီဆန်းသစ်တဲ့ အကြံဉာဏ်စိတ်ကူးတွေရှိတယ်။ အထက်တန်းကျကျ နေထိုင်ပြောဆိုတတ်တယ်။ ခေတ်မီနည်းပညာတွေကို နှစ်သက်ပြီး နည်းပညာတွေနဲ့ အကျိုးပေးတတ်သူတစ်ယောက်ဖြစ်ပါတယ်။ လူမှုဆက်ဆံရေးကောင်းမွန်တဲ့အတွက် အပေါင်းအသင်းမိတ်ဆွေများမယ်။ အပြောအဆိုလည်း သွက်လက်ပွင့်လင်းသူဖြစ်ပါတယ်။ ရည်မှန်းချက်တွေနောက်လိုက်ရင်း မိသားစုအတွက် လစ်ဟာမှုတွေဖြစ်တတ်ပါတယ်။

သဘောကျနှစ်ခြိုက်ခဲ့ရင် SHARE လိုက်ပါဦး။

credit to Gandawin