Life Style

ချစ်သူကောင်လေး သင့်ကိုပိုပိုချစ်လာစေမယ့်နည်းလမ်းများ

ခုခေတ်စုံတွဲတော်တော်များများ ကြုံတွေ့နေရတဲ့ ပြသနာကတော့ အချစ်ရေးတစ်ခုမှာ မိန်းကလေးဖက်က ဒါမှမဟုတ် ယောက်ျားလေးဖက်က မပျော်ရွှင်နိုင်တာ၊ ငြီးငွေ့လာတာတွေပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး မဖြစ်ချင်ဘူးဆိုရင်တော့ မိန်းကလေးဖက်က လုပ်သင့်တဲ့ အချက်လေးတွေရှိပါတယ်။

ဒါလေးတွေကိုသာ လိုက်နာလိုက်ရင်တော့ သင့်ချစ်သူကောင်လေးက သင့်အနားမှာ နေရရင် အမြဲတမ်းစိတ်ချမ်းသာနေပြီး သင့်ကို ပိုပိုချစ်လာမှာဖြစ်ပါတယ်။

(၁) သူ့ရဲ့ဝါသနာကိုလေ့လာပါ

ယောက်ျားလေးတွေမှာ မွေးရာပါဝါသနာ တစ်ခုခုရှိတတ်ပါတယ်။ သူတို့ဟာ တစ်ခုခုကိုဝါသနာပါရင် အဲ့ဒီ့ဝါသနာအပါ် စွဲစွဲလန်းလန်း ရူးသွပ်တတ်ကြပါတယ်။

သူတို့ရဲ့ အချစ်ဆုံး သူငယ်ချင်းတွေဟာလည်း သူတို့နဲ့ ဝါသနာတူတဲ့သူတွေ များပါတယ်။

ဒါကြောင့် သင့်အနေနဲ့ သင့်ကောင်လေးကို အမြဲတမ်းစိတ်ချမ်းသာပြီး သင့်အနားမှာ နေရတာကို ပျော်စေချင်တယ်ဆိုရင်တော့ သူဝါသနာပါတဲ့အရာကို လေ့လာပါ၊ စိတ်ဝင်စားတတ်အောင် လေ့ကျင့်ပြီး သူနဲ့အတူ လိုက်လုပ်ကြည့်ပါ။ သင့်ချစ်သူရဲ့ ပီတိအပြည့်နဲ့ အပြုံးတွေကို တွေ့မြင်ရမှာပါ။

(၂) တစ်ခါတလေ တစ်ယောက်တည်းပေးနေလိုက်ပါ

ယောက်ျားလေးတွေဟာ တစ်ခါတလေ တစ်ယောက်တည်းနေဖို့ လိုအပ်တဲ့ အချိန်တွေရှိပါတယ်။ မယုံရင် သင့်ချစ်သူကို တစ်ပတ်မှာ တစ်ရက်လောက်ဖြစ်ဖြစ် လွှတ်ထားပြီး တစ်ယောက်တည်းနေခိုင်းကြည့်ပါ။

သင်တို့အချစ်ရေး အရမ်းကို တိုးတက်ကောင်းမွန်လာပါလိမ့်မယ်။ သူ့ကို အမြဲတမ်းတွယ်ကပ်မနေပဲ တစ်ခါတလေ လွှတ်ထားလိုက်ပါ။ ဒါဟာ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။

 

(၃) လိုက်လျောညီထွေနေတတ်အောင်ကြိုးစားပါ

ယောက်ျားလေးတွေဟာ အလိုက်သိပြီး လူတိုင်းနဲ့လိုက်လျောညီထွေနေတတ်တဲ့ မိန်းကလေးတွေကို အရမ်းသဘောကျပါတယ်။ ဒါကြောင့် သင့်ချစ်သူရဲ့ မိသားစု၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေအောင်၊ လိုက်လျောညီထွေနေတတ်အောင် ကြိုးစားပါ။

ဒီလိုလုပ်လိုက်ခြင်းအားဖြင့် သင့်ချစ်သူက သင့်ကို အရမ်းဂုဏ်ယူနေမယ့်အပြင် ပိုပိုပြီး ချစ်လာမှာ ဖြစ်သလို သင့်အနားမှာ နေရတာကိုလည်း အရမ်းပျော်ရွှင်နေမှာပါ။

(၄) သူ့ကိုလက်ခံပေးပါ

သင့်ချစ်သူဟာ ရုပ်ဆိုးကောင်းဆိုးမယ်၊ ဆင်းရဲကောင်း ဆင်းရဲမယ်၊ အားနည်းချက်တွေ အများကြီး ရှိကောင်းရှိမယ် ဒါပေမယ့် သူ့ကို သင်လက်ခံပေးရပါမယ်။ သူ့ရဲ့ အားနည်းချက်တွေကို အပြစ်တင်မနေသင့်ပါဘူး။

သူ့ကိုသူ မချစ်နိုင်တဲ့ အခါတွေမှာတောင် သင်ကသူ့ကို ချစ်ပေးလိုက်မယ်၊ သူ့အားနည်းချက်တွေကို လက်ခံပေးပြီး အားပေးနေမယ်၊ နှစ်သိမ့်ပေးနေမယ် ဆိုရင်တော့ သင့်အနားမှာ နေရတာ သူ့အတွက် သုခဘုံကိုရောက်နေသလို ခံစားရမှာ ဖြစ်ပါတယ်။

(၅) ခံစားချက်ကို ဖော်ပြပါ

မိန်းကလေးတော်တော်များများဟာ စိတ်ဆိုးတဲ့ ခံစားချက်ကို ဖော်ပြရာမှာ အရမ်းတော်ပေမယ့် ချစ်တာတွေ၊ လွမ်းတာတွေကိုတော့ မဖော်ပြတတ်ကြပြန်ပါဘူး။

သင့်ချစ်သူ စိတ်ချမ်းသာဖို့၊ သင့်အနားမှာ နေရတာ ပျော်ရွှင်နေစေဖို့ဆိုရင်တော့ သူ့ကိုသင်ချစ်ကြောင်း၊ လွမ်းကြောင်းတွေကို ပုံစံအမျိုးမျိုးနဲ့ ဖော်ပြတတ်အောင် လေ့ကျင့်ပါ။ သင့်ရဲ့ အကြင်နာ၊ မေတ္တာတွေကို တွေ့ရင် သင့်အနားက မခွာချင်လောက်အောင်ကို ပျော်ရွှင်ကြည်နူးပြီး သင့်ကို ပိုပိုချစ်လာမှာ ဖြစ်ပါတယ်။

Em Em(Auntymay)