က်မၼာေရး ဗဟုသုတ

ဝိတ်ချနေတဲ့ လူတော်တော်များများ မသုံးဘူးတဲ့ လူမရှိသလောက်ရှားတာကတော့ ပိန်ဆေး နဲ့ အဆီကျဆေးတွေပါ

ဝိတ်ချနေတဲ့ လူတော်တော်များများ မသုံးဘူးတဲ့ လူမရှိသလောက်ရှားတာကတော့ ပိန်ဆေး နဲ့ အဆီကျဆေးတွေပါ

ကျွမ်းကျင်တဲ့ဆရာဝန်တွေ ဒါမှမဟုတ် အာဟာရပညာရှင်တွေနဲ့ တိုင်ပင်ပြီး သောက်သုံးတာမျိုးမဟုတ်ဘဲ လူမှုကွန်ယက် Social Media တွေမှာ ညွန်းထားရင်သောက်လိုက်တယ်။

သူငယ်ချင်းကဒါကောင်းတယ် အဆီကျတယ်ဆိုရင် သောက်လိုက်ကြတဲ့ လူတွေလဲအများကြီးရှိမှာပါ။

ဒါပေမဲ့ ဒီအဆီကျပိန်ဆေးတွေက ရတဲ့ Side effect တွေ ခန္ဓာကိုယ်အတွင်းပိုင်းပျက်စီးလာမှုတွေတခြားရောဂါတွေဝင်လာတယ်။ ပိန်သွားတာမဟုတ်ဘဲ ဆိုးကျိုးတွေဘဲ ရလာပြီး နောက်ဆုံးမှာ နောင်တနဲ့ဘဲအဆုံးသတ်ရပါတယ်။

ဒါကြောင့် ဒီနေ့မှာ အားလုံးကို Dietary Supplement ဖြည့်စွက်စာ တမျိုး ကခန္ဓာကိုယ်ကို ဘေးထွက်ဆိုးကျိုးတွေမဖြစ်စေဘဲ ကိုယ်ဖြစ်ချင်တဲ့ အဆီလောင်ကျွမ်းခြင်းမှာ အထောက်အကူပြုတဲ့ဆေးတမျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

အဲဒါကတော့ တော်တော်များများသိကြတယ်၊ သောက်လဲသောက်ကြတယ်၊ ဒါပေမယ့်သူ့ရဲ့အကျိုးအာနိသင်တွေကိုသေချာမသိကြတဲ့ ငါးကြီးဆီ လို့ခေါ်ကြတဲ့ Omega-3 Fatty Acid ပါ။

ဒီ Omega-3 Fat တွေကကျွန်တော်တို့ကျန်းမာရေးအတွက် အရေးကြီးပြီးကောင်းတဲ့အဆီတွေပါ။

အဓိကအနေနဲ့ Omega-3 Fat ကို

– Essential Fatty Acid ဖြစ်တဲ့ALA လို့ခေါ်တဲ့Alpha-linolenic acid ကိုတော့ ပဲပုတ်ဆီ၊ Chia Seeds, Walnuts နဲ့ Flaxseed တွေမှာတွေ့ရပါတယ်။

– Long-Chain Omega 3 Fatty Acid တွေဖြစ်တဲ့ Eicosapentaenoic acid EPA နဲ့ Docosahexaenoic acid DHA တွေကိုဘယ်မှာတွေ့ရလဲဆိုတော့ အဆီများတဲ့ Salmon ငါးတွေ ရေညှိတွေမှာတွေ့ရပါတယ်။

ဒီမှာတော့ EPA နဲ့ DHA ပါတဲ့ အစားအစာတွေကိုသူ့ရဲ့ နေ့စဉ်လိုအပ်တဲ့ ပမာဏကိုစားသောက်ဖို့အခက်အခဲရှိတာကြောင့် ဖြည့်စွက်စာအနေနဲ့ ဆေးတောင့်တွေပုံစံနဲ့ သောက်သုံးကြတာပါ။

ဒီ Omega-3 fatty acid က ခန္ဓာကိုယ်အတွက် ဘယ်လိုအကျိုးကျေးဇူး တွေရှိသလဲ ??

အဆီလောင်ကျွမ်းမှုကိုအားပေးတယ်

ပထမဆုံး ငါးကြီးဆီ ကခန္ဓာကိုယ်ဝိတ်ချနေသူတွေအတွက်ကောင်းတာတွေက

– ဆာလောင်မှုနဲ့အစားစားချင်စိတ်ကို ထိန်းချုပ်ပေးတယ် ။

– Metabolism ကိုတက်စေတဲ့အတွက် အဆီစုတာကိုလျော့စေတယ်။

– ကိုယ်က Omega3 ကိုသောက်ထားတယ် ဆိုရင် သူက Fat Burning Process အဆီလောင်ကျွမ်းမှုကို ပိုပြီး အားကောင်းစေပါတယ်။ကြွက်သားရောင်ရမ်းတာကိုသက်သာစေတယ်။

အားကစားလုပ်တဲ့ လူတော်တော်များများမှာ ကစားပြီးသွားရင် အကြောအချဉ် တွေ နာတာမျိုး ကြွက်သားယောင်ရမ်းတာမျိုးတွေဖြစ်တတ်ပါတယ်။

ဒီ Omega 3 မှာ ပါတဲ့ EPA နဲ့ DHA က DOMS လို့ခေါ်တဲ့ ကစားပြီးနောက်ရက်တွေမှာ ဖြစ်တတ်တဲ့ Delay Onset Muscle Soreness တွေကိုသက်သာစေတယ်။

အမျိုးသမီးတွေ ရာသီလာချိန်မှာဖြစ်တတ်တဲ့နာကျင်မှုတွေကိုသက်သာစေတယ်။

ပြီးတော့ Speed Recovery ခန္ဓာကိုယ်ကမြန်မြန်ပြန်သက်သာစေတယ်။

ကြွက်သားကြီးထွားမှုကိုအားပေးတယ်။

အလေးမတဲ့လူတွေအတွက် ကြွက်သားတွေကိုပိုပြီးကြီးထွားလာဖို့အတွက် အများကြီး ထောက်ပံ့ပေးပါတယ်။ Omega3 ဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ Protein Synthesis လို့ခေါ်တဲ့ ကိုယ်စားလိုက်တဲ့ အသားဓာတ်တွေကို ကြွက်သားတွေတည်ဆောက်နေတာမျိုး ပိုပြီးသန်မာအောင် လုပ်နေတဲ့ ဟာမျိုးတွေမှာလဲ အထောက်အကူဖြစ်ပါတယ်။

နှလုံးရဲ့လုပ်ဆောင်မှုတွေကိုတိုးတက်စေတယ်။

ငါးကြီးဆီဟာ ကျွန်တော်တို့နှလုံးရဲ့လှုပ်ရှားမှုတွေကို ပိုပြီးတိုးတက်အောင်ကူညီပေးတယ်။ ပုံမှန်နှလုံးခုန်တဲ့ Resting Heart Rate ကိုလဲ ကျစေတယ်။

လေ့ကျင့်ခန်းလုပ်နေချိန်မှာခန္ဓာကိုယ်ထဲမှာ လောင်ကျွမ်းဖို့ အကူညီပေးတဲ့ အောက်ဆီဂျင်ကိုလဲ သူက ပိုပြီး တက်စေတယ်။

ဒါကြောင့် Omega-3 fatty acid က နှလုံးရဲ့ လုပ်ဆောင်ချက်တွေကို ပိုပြီး ကောင်းလာစေပါတယ်။

ဒါကြောင့် Heart Attack နဲ့သွေးတိုးရောဂါတွေကိုလဲသက်သာစေပါတယ်။

ကျွန်တော်တို့အားကစားလုပ်နေတဲ့သူတွေမှာ အဓိက ကိုယ့်ရဲ့ Performace လုပ်ဆောင်မှု , Endurance ခံနိုင်ရည်ကို တိုးတက်စေတယ်။ နောက်တခုက တုန့်ပြန်မှု Reaction time ကိုတိုးတက်စေတယ်။ ဥပမာ ဘောလုံးကန်ရင် ဘယ်ကိုသွားရမလဲ ဘယ်သူ့ကိုပေးရမလဲ ဆိုတဲ့ ဖြတ်ထိုးဉာဏ်ကိုတိုးတက်စေပါတယ်။

ဒါဆိုရင် ငါးကြီးဆီ Omega-3 fatty acid ရဲ့ ကောင်းကျိုးတွေသိသွားဆိုတော့ အဓိက ကျွန်တော်တို့ပြောချင်တဲ့ ခန္ဓာကိုယ်အဆီကိုလောင်ကျွမ်းဖို့ ဘယ်လိုသောက်သုံးသင့်လဲ ဆိုတာပါ။

ငါးကြီးဆီကို အားကစားမလုပ်ခင် နှစ်နာရီအလိုမှာ 1000-2000mg သောက်ပြီး ကစားမယ်ဆိုရင်တော့ အဆီလောက်ကျွမ်းမှုနှုန်းကိုပိုပြီး မြင့်မားစေတဲ့အပြင် အားကစားလုပ်ဆောင်မှုစွမ်းရည်ကိုတက်စေပါတယ်။

ဆေးတောင့် Capsule အနေနဲ့ ကြည့်မယ်ဆိုရင် 1 Cupsule မှာ 1000 mg ပါတဲ့ဆေးတောင့် ၁တောင့်ကနေ ၂တောင့်လောက်ထိသောက်လို့ရပါတယ်။

ဒါပေမယ့်ငါးကြီးဆီ ဒီတိုင်းသောက်ပြီး ထိုင်နေမယ်ဆိုရင်တော့ ခန္ဓာကိုယ်ထဲကအဆီတွေကို လောင်ကျွမ်းစေမှာမဟုတ်ပါဘူးဗျာ။

လေ့လာတွေ့ရှိချက်တွေအရ ဆေးကြီးဘဲသောက်တဲ့လူနဲ့ ဆေးသောက်ပြီးအားကစားကိုပါတွဲလုပ်တဲ့လူနှစ်ယောက် ကိုယှဉ်ကြည့်တဲ့အခါ ဆေးကြီးဘဲသောက်တဲ့လူကတော့ ခန္ဓာကိုယ် Body Fat % ကျတာမတွေ့ရဘဲ လေ့ကျင့်ခန်းပါတွဲလုပ်တဲ့လူ ကတော့ Body fat အဆီတွေကို ပိုကျတယ်။ Lean Muscle လို့ခေါ်တဲ့ ကျွန်တော်တို့လိုချင်တဲ့ ကြွက်သားအမျှင်သေးလေးတွေပိုပြီးသန်မာလာတာကိုတွေ့ရပါတယ်။

ဒါကြောင့် လေ့ကျင့်ခန်းနဲ့အတူတွဲလုပ်မှအကျိုးရှိမှာပါ။

Omega-3 fatty acid က သောက်သုံးသင့်တဲ့ ပမာဏထက်တော့ပိုပြီး မသောက်သုံးသင့်ပါဘူးဗျာ။

အမေရိကန် FDA ကတော့ လူတယောက်မှာ တရက်ကို Omega 3 Fatty Acid ကို အများဆုံး 3000 mg ထိ ဘဲသောက်ဖို့အကြံပေးထားပါတယ်။

တကယ်လို့ ကိုယ်က အရမ်းဝိတ်ချချင်တယ်ဆိုပြီး အများကြီး ပိုသောက်လို့မရပါဘူး။ အများကြီး ပိုသောက်မိမယ်ဆိုရင်တော့ အရာရာတိုင်းမှာ တန်ဆေးလွန်ဘေးလို့ပြောကြတဲ့အတိုင်း ဘေးထွက်ဆိုးကျိုးတွေဖြစ်တတ်ပါတယ်။

အထူးသဖြင့် Blood-thinning Medicine ( သွေးကြဲဆေး) သောက်နေသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ နဲ့ ကလေးတွေ သောက်မယ်ဆိုရင် ၊ ပြီးတော့အသေးစိတ်သိချင်ရင်တော့ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။

ပြီးတော့ ဝယ်တဲ့အခါမှာလည်း ငါးကြီးဆီမှာ EPA နဲ့ DHA ပါဝင်မှုအနဲဆုံး ၃၀% ပါတာကိုရွေးချယ်သင့်ပါတယ်။

ဒီနေ့မှာ အဆီကျဆေး ပိန်ဆေးတွေထက် ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုအကျိုးပြုပြီး အဆီတွေကိုလောင်ကျွမ်းစေတဲ့ Omega-3 fatty acidငါးကြီးဆီအကြောင်းလေးကိုပိုပြီး သိသွားပြီလို့ထင်ပါတယ်။

crd

ကျန်းမာရေးဗဟုသုတများကို နေ့စဉ်နဲ့အမျှတင်ပေးနေတာမို့pageထဲကိုဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါရစေ

ဝိတ္ခ်ေနတဲ့ လူေတာ္ေတာ္မ်ားမ်ား မသုံးဘူးတဲ့ လူမရွိသေလာက္ရွားတာကေတာ့ ပိန္ေဆး နဲ႔ အဆီက်ေဆးေတြပါ

ကၽြမ္းက်င္တဲ့ဆရာဝန္ေတြ ဒါမွမဟုတ္ အာဟာရပညာရွင္ေတြနဲ႔ တိုင္ပင္ၿပီး ေသာက္သုံးတာမ်ိဳးမဟုတ္ဘဲ လူမႈကြန္ယက္ Social Media ေတြမွာ ညြန္းထားရင္ေသာက္လိုက္တယ္။

သူငယ္ခ်င္းကဒါေကာင္းတယ္ အဆီက်တယ္ဆိုရင္ ေသာက္လိုက္ၾကတဲ့ လူေတြလဲအမ်ားႀကီးရွိမွာပါ။

ဒါေပမဲ့ ဒီအဆီက်ပိန္ေဆးေတြက ရတဲ့ Side effect ေတြ ခႏၶာကိုယ္အတြင္းပိုင္းပ်က္စီးလာမႈေတြတျခားေရာဂါေတြဝင္လာတယ္။ ပိန္သြားတာမဟုတ္ဘဲ ဆိုးက်ိဳးေတြဘဲ ရလာၿပီး ေနာက္ဆုံးမွာ ေနာင္တနဲ႔ဘဲအဆုံးသတ္ရပါတယ္။

ဒါေၾကာင့္ ဒီေန႔မွာ အားလုံးကို Dietary Supplement ျဖည့္စြက္စာ တမ်ိဳး ကခႏၶာကိုယ္ကို ေဘးထြက္ဆိုးက်ိဳးေတြမျဖစ္ေစဘဲ ကိုယ္ျဖစ္ခ်င္တဲ့ အဆီေလာင္ကၽြမ္းျခင္းမွာ အေထာက္အကူျပဳတဲ့ေဆးတမ်ိဳးနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။

အဲဒါကေတာ့ ေတာ္ေတာ္မ်ားမ်ားသိၾကတယ္၊ ေသာက္လဲေသာက္ၾကတယ္၊ ဒါေပမယ့္သူ႔ရဲ့အက်ိဳးအာနိသင္ေတြကိုေသခ်ာမသိၾကတဲ့ ငါးႀကီးဆီ လို႔ေခၚၾကတဲ့ Omega-3 Fatty Acid ပါ။

ဒီ Omega-3 Fat ေတြကကၽြန္ေတာ္တို႔က်န္းမာေရးအတြက္ အေရးႀကီးၿပီးေကာင္းတဲ့အဆီေတြပါ။

အဓိကအေနနဲ႔ Omega-3 Fat ကို

– Essential Fatty Acid ျဖစ္တဲ့ALA လို႔ေခၚတဲ့Alpha-linolenic acid ကိုေတာ့ ပဲပုတ္ဆီ၊ Chia Seeds, Walnuts နဲ႔ Flaxseed ေတြမွာေတြ႕ရပါတယ္။

– Long-Chain Omega 3 Fatty Acid ေတြျဖစ္တဲ့ Eicosapentaenoic acid EPA နဲ႔ Docosahexaenoic acid DHA ေတြကိုဘယ္မွာေတြ႕ရလဲဆိုေတာ့ အဆီမ်ားတဲ့ Salmon ငါးေတြ ေရညႇိေတြမွာေတြ႕ရပါတယ္။

ဒီမွာေတာ့ EPA နဲ႔ DHA ပါတဲ့ အစားအစာေတြကိုသူ႔ရဲ့ ေန႔စဥ္လိုအပ္တဲ့ ပမာဏကိုစားေသာက္ဖို႔အခက္အခဲရွိတာေၾကာင့္ ျဖည့္စြက္စာအေနနဲ႔ ေဆးေတာင့္ေတြပုံစံနဲ႔ ေသာက္သုံးၾကတာပါ။

ဒီ Omega-3 fatty acid က ခႏၶာကိုယ္အတြက္ ဘယ္လိုအက်ိဳးေက်းဇူး ေတြရွိသလဲ ??

အဆီေလာင္ကၽြမ္းမႈကိုအားေပးတယ္

ပထမဆုံး ငါးႀကီးဆီ ကခႏၶာကိုယ္ဝိတ္ခ်ေနသူေတြအတြက္ေကာင္းတာေတြက

– ဆာေလာင္မႈနဲ႔အစားစားခ်င္စိတ္ကို ထိန္းခ်ဳပ္ေပးတယ္ ။

– Metabolism ကိုတက္ေစတဲ့အတြက္ အဆီစုတာကိုေလ်ာ့ေစတယ္။

– ကိုယ္က Omega3 ကိုေသာက္ထားတယ္ ဆိုရင္ သူက Fat Burning Process အဆီေလာင္ကၽြမ္းမႈကို ပိုၿပီး အားေကာင္းေစပါတယ္။ႂကြက္သားေရာင္ရမ္းတာကိုသက္သာေစတယ္။

အားကစားလုပ္တဲ့ လူေတာ္ေတာ္မ်ားမ်ားမွာ ကစားၿပီးသြားရင္ အေၾကာအခ်ဥ္ ေတြ နာတာမ်ိဳး ႂကြက္သားေယာင္ရမ္းတာမ်ိဳးေတြျဖစ္တတ္ပါတယ္။

ဒီ Omega 3 မွာ ပါတဲ့ EPA နဲ႔ DHA က DOMS လို႔ေခၚတဲ့ ကစားၿပီးေနာက္ရက္ေတြမွာ ျဖစ္တတ္တဲ့ Delay Onset Muscle Soreness ေတြကိုသက္သာေစတယ္။

အမ်ိဳးသမီးေတြ ရာသီလာခ်ိန္မွာျဖစ္တတ္တဲ့နာက်င္မႈေတြကိုသက္သာေစတယ္။

ၿပီးေတာ့ Speed Recovery ခႏၶာကိုယ္ကျမန္ျမန္ျပန္သက္သာေစတယ္။

ႂကြက္သားႀကီးထြားမႈကိုအားေပးတယ္။

အေလးမတဲ့လူေတြအတြက္ ႂကြက္သားေတြကိုပိုၿပီးႀကီးထြားလာဖို႔အတြက္ အမ်ားႀကီး ေထာက္ပံ့ေပးပါတယ္။ Omega3 ဟာ ခႏၶာကိုယ္ထဲမွာရွိတဲ့ Protein Synthesis လို႔ေခၚတဲ့ ကိုယ္စားလိုက္တဲ့ အသားဓာတ္ေတြကို ႂကြက္သားေတြတည္ေဆာက္ေနတာမ်ိဳး ပိုၿပီးသန္မာေအာင္ လုပ္ေနတဲ့ ဟာမ်ိဳးေတြမွာလဲ အေထာက္အကူျဖစ္ပါတယ္။

ႏွလုံးရဲ့လုပ္ေဆာင္မႈေတြကိုတိုးတက္ေစတယ္။

ငါးႀကီးဆီဟာ ကၽြန္ေတာ္တို႔ႏွလုံးရဲ့လႈပ္ရွားမႈေတြကို ပိုၿပီးတိုးတက္ေအာင္ကူညီေပးတယ္။ ပုံမွန္ႏွလုံးခုန္တဲ့ Resting Heart Rate ကိုလဲ က်ေစတယ္။

ေလ့က်င့္ခန္းလုပ္ေနခ်ိန္မွာခႏၶာကိုယ္ထဲမွာ ေလာင္ကၽြမ္းဖို႔ အကူညီေပးတဲ့ ေအာက္ဆီဂ်င္ကိုလဲ သူက ပိုၿပီး တက္ေစတယ္။

ဒါေၾကာင့္ Omega-3 fatty acid က ႏွလုံးရဲ့ လုပ္ေဆာင္ခ်က္ေတြကို ပိုၿပီး ေကာင္းလာေစပါတယ္။

ဒါေၾကာင့္ Heart Attack နဲ႔ေသြးတိုးေရာဂါေတြကိုလဲသက္သာေစပါတယ္။

ကၽြန္ေတာ္တို႔အားကစားလုပ္ေနတဲ့သူေတြမွာ အဓိက ကိုယ့္ရဲ့ Performace လုပ္ေဆာင္မႈ , Endurance ခံနိုင္ရည္ကို တိုးတက္ေစတယ္။ ေနာက္တခုက တုန႔္ျပန္မႈ Reaction time ကိုတိုးတက္ေစတယ္။ ဥပမာ ေဘာလုံးကန္ရင္ ဘယ္ကိုသြားရမလဲ ဘယ္သူ႔ကိုေပးရမလဲ ဆိုတဲ့ ျဖတ္ထိုးဉာဏ္ကိုတိုးတက္ေစပါတယ္။

ဒါဆိုရင္ ငါးႀကီးဆီ Omega-3 fatty acid ရဲ့ ေကာင္းက်ိဳးေတြသိသြားဆိုေတာ့ အဓိက ကၽြန္ေတာ္တို႔ေျပာခ်င္တဲ့ ခႏၶာကိုယ္အဆီကိုေလာင္ကၽြမ္းဖို႔ ဘယ္လိုေသာက္သုံးသင့္လဲ ဆိုတာပါ။

ငါးႀကီးဆီကို အားကစားမလုပ္ခင္ ႏွစ္နာရီအလိုမွာ 1000-2000mg ေသာက္ၿပီး ကစားမယ္ဆိုရင္ေတာ့ အဆီေလာက္ကၽြမ္းမႈႏႈန္းကိုပိုၿပီး ျမင့္မားေစတဲ့အျပင္ အားကစားလုပ္ေဆာင္မႈစြမ္းရည္ကိုတက္ေစပါတယ္။

ေဆးေတာင့္ Capsule အေနနဲ႔ ၾကည့္မယ္ဆိုရင္ 1 Cupsule မွာ 1000 mg ပါတဲ့ေဆးေတာင့္ ၁ေတာင့္ကေန ၂ေတာင့္ေလာက္ထိေသာက္လို႔ရပါတယ္။

ဒါေပမယ့္ငါးႀကီးဆီ ဒီတိုင္းေသာက္ၿပီး ထိုင္ေနမယ္ဆိုရင္ေတာ့ ခႏၶာကိုယ္ထဲကအဆီေတြကို ေလာင္ကၽြမ္းေစမွာမဟုတ္ပါဘူးဗ်ာ။

ေလ့လာေတြ႕ရွိခ်က္ေတြအရ ေဆးႀကီးဘဲေသာက္တဲ့လူနဲ႔ ေဆးေသာက္ၿပီးအားကစားကိုပါတြဲလုပ္တဲ့လူႏွစ္ေယာက္ ကိုယွဥ္ၾကည့္တဲ့အခါ ေဆးႀကီးဘဲေသာက္တဲ့လူကေတာ့ ခႏၶာကိုယ္ Body Fat % က်တာမေတြ႕ရဘဲ ေလ့က်င့္ခန္းပါတြဲလုပ္တဲ့လူ ကေတာ့ Body fat အဆီေတြကို ပိုက်တယ္။ Lean Muscle လို႔ေခၚတဲ့ ကၽြန္ေတာ္တို႔လိုခ်င္တဲ့ ႂကြက္သားအမၽွင္ေသးေလးေတြပိုၿပီးသန္မာလာတာကိုေတြ႕ရပါတယ္။

ဒါေၾကာင့္ ေလ့က်င့္ခန္းနဲ႔အတူတြဲလုပ္မွအက်ိဳးရွိမွာပါ။

Omega-3 fatty acid က ေသာက္သုံးသင့္တဲ့ ပမာဏထက္ေတာ့ပိုၿပီး မေသာက္သုံးသင့္ပါဘူးဗ်ာ။

အေမရိကန္ FDA ကေတာ့ လူတေယာက္မွာ တရက္ကို Omega 3 Fatty Acid ကို အမ်ားဆုံး 3000 mg ထိ ဘဲေသာက္ဖို႔အႀကံေပးထားပါတယ္။

တကယ္လို႔ ကိုယ္က အရမ္းဝိတ္ခ်ခ်င္တယ္ဆိုၿပီး အမ်ားႀကီး ပိုေသာက္လို႔မရပါဘူး။ အမ်ားႀကီး ပိုေသာက္မိမယ္ဆိုရင္ေတာ့ အရာရာတိုင္းမွာ တန္ေဆးလြန္ေဘးလို႔ေျပာၾကတဲ့အတိုင္း ေဘးထြက္ဆိုးက်ိဳးေတြျဖစ္တတ္ပါတယ္။

အထူးသျဖင့္ Blood-thinning Medicine ( ေသြးၾကဲေဆး) ေသာက္ေနသူေတြ၊ ကိုယ္ဝန္ေဆာင္မိခင္ေတြ နဲ႔ ကေလးေတြ ေသာက္မယ္ဆိုရင္ ၊ ၿပီးေတာ့အေသးစိတ္သိခ်င္ရင္ေတာ့ ကၽြမ္းက်င္တဲ့ဆရာဝန္နဲ႔အရင္တိုင္ပင္သင့္ပါတယ္။

ၿပီးေတာ့ ဝယ္တဲ့အခါမွာလည္း ငါးႀကီးဆီမွာ EPA နဲ႔ DHA ပါဝင္မႈအနဲဆုံး ၃၀% ပါတာကိုေရြးခ်ယ္သင့္ပါတယ္။

ဒီေန႔မွာ အဆီက်ေဆး ပိန္ေဆးေတြထက္ ကိုယ့္ရဲ့ခႏၶာကိုယ္ကိုအက်ိဳးျပဳၿပီး အဆီေတြကိုေလာင္ကၽြမ္းေစတဲ့ Omega-3 fatty acidငါးႀကီးဆီအေၾကာင္းေလးကိုပိုၿပီး သိသြားၿပီလို႔ထင္ပါတယ္။

crd

က်န္းမာေရးဗဟုသုတမ်ားကို ေန႔စဥ္နဲ႔အမၽွတင္ေပးေနတာမို႔pageထဲကိုဝင္ေရာက္ေလ့လာဖို႔ဖိတ္ေခၚပါရေစ