အဆီအစိမ့်စာတွေ စားပြီးတိုင်း လုပ်ပေးသင့်သည့်အရာ (၅) မျိုး
အဆီအစိမ့်စာတွေ စားပြီးတိုင်း
လုပ်ပေးသင့်သည့်အရာ (၅) မျိုး
နေ့စဉ်ဘဝမှာ ကျန်းမာတဲ့အစားအစာပဲစားသင့်တယ်ဆိုတာ သိကြပေမယ့်လည်း အဆီအစိမ့်စာတွေကို တစ်ချိန်လုံး ရှောင်ဖို့ဆိုတာ မလွယ်ပါဘူး။
အကယ်၍ကိုယ်က အဆီများတဲ့အစာကို ကြိုက်လွန်းလို့ မအောင့်အည်းနိုင်ပဲ စားမိတယ်ဆိုရင်တောင် ဒီနည်း (၅) မျိုးအတိုင်းသတိထားလိုက်လုပ်ရင် အဆင်ပြေပါတယ်။
၁။ရေနွေးသောက်ပေးပါ။
အဆီအစိမ့်စာစားပြီးတိုင်း ရေနွေးတစ်ခွက်၊ နှစ်ခွက်လောက်သောက်ပေးတဲ့အခါ စားထားတဲ့အဆီတွေကို ရှင်းထုတ်ပေးတဲ့အပြင် အသည်းနဲ့ အူကိုလည်း ကျန်းမာစေပါတယ်။
၂။နာရီခြားပြီးအိပ်ပါ။
အဆီစာတွေစားစားချင်း တရေးတမောအိပ်တာက ကျန်းမာရေးကိုထိခိုက်စေပါတယ်။ အစာစားပြီး ၂နာရီ ၃နာရီလောက်ခြားပြီး အိပ်မှသာ သင့်တော်ပါတယ်။
မဟုတ်ရင်တော့ စားထားတဲ့အစာတွေကို မချေဖျက်နိုင်ပဲ ခန္ဓာကိုယ်ထဲ အဆီတွေ စုကျန်နေမှာပါ။
၃။အအေးစာ မစား၊ မသောက်ရ။
အဆီများတဲ့အစာ စားပြီးတဲ့အခါ အအေး၊ ရေခဲမုန့်၊ ရေခဲရေ စတာတွေကို မစားသောက်မိပါစေနဲ့။ အဲ့ဒီ့လိုစားလိုက်တဲ့အခါ အသည်း၊ အစာအိမ်နဲ့ အူတွေကို ထိခိုက်စေပါတယ်။
၄။လှုပ်ရှားပေးပါ။
အစာစားပြီးတာနဲ့ ဆိုဖာပေါ်လဲလျောင်းတာ၊ ထိုင်တာမျိုးကိုရှောင်ပါ။လေ့ကျင့် ခန်းမလုပ်ဖြစ်ရင်တောင် လမ်းလျှောက်ပေးတာက သင့်တော်ပါတယ်။လမ်းလျှောက်ပေးခြင်းဖြင့်လည်းစားထားတဲ့ အဆီစာတွေကို ချေဖျက်ရ လွယ်ကူစေပါတယ်။
၅။ပျားရည်သောက်ပါ။
ပျားရည်က အစာချေဖျက်ရလွယ်ကူစေမယ့် အကောင်းဆုံး သဘာဝဆေးတစ်ခွက်ပါ။ အစာစားပြီးတဲ့အခါ ပျားရည်တစ်ဇွန်းလောက် သောက်ပေးလိုက်ပါ။
အဆီအစိမ့်စာတွေကို စားမိတာ မမှားပါဘူး။ဒါပေမယ့် စားပြီးတဲ့အခါကျန်းမာရေးအတွက်လည်း ဂရုစိုက်ပေးဖို့လိုပါတယ်။ ဒီနည်း(၅)မျိုးကိုသာ လိုက်နာရင် ရောဂါဘယလည်းကင်းဝေးသွားမှာပါ။
Credit-MyFood Myanmar
အဆီအစိမ့္စာေတြ စားၿပီးတိုင္း လုပ္ေပးသင့္သည့္အရာ (၅) မ်ိဳး
အဆီအစိမ့္စာေတြ စားၿပီးတိုင္း
လုပ္ေပးသင့္သည့္အရာ (၅) မ်ိဳး
ေန႔စဥ္ဘဝမွာ က်န္းမာတဲ့အစားအစာပဲစားသင့္တယ္ဆိုတာ သိၾကေပမယ့္လည္း အဆီအစိမ့္စာေတြကို တစ္ခ်ိန္လုံး ေရွာင္ဖို႔ဆိုတာ မလြယ္ပါဘူး။
အကယ္၍ကိုယ္က အဆီမ်ားတဲ့အစာကို ႀကိဳက္လြန္းလို႔ မေအာင့္အည္းနိုင္ပဲ စားမိတယ္ဆိုရင္ေတာင္ ဒီနည္း (၅) မ်ိဳးအတိုင္းသတိထားလိုက္လုပ္ရင္ အဆင္ေျပပါတယ္။
၁။ေရေႏြးေသာက္ေပးပါ။
အဆီအစိမ့္စာစားၿပီးတိုင္း ေရေႏြးတစ္ခြက္၊ ႏွစ္ခြက္ေလာက္ေသာက္ေပးတဲ့အခါ စားထားတဲ့အဆီေတြကို ရွင္းထုတ္ေပးတဲ့အျပင္ အသည္းနဲ႔ အူကိုလည္း က်န္းမာေစပါတယ္။
၂။နာရီျခားၿပီးအိပ္ပါ။
အဆီစာေတြစားစားခ်င္း တေရးတေမာအိပ္တာက က်န္းမာေရးကိုထိခိုက္ေစပါတယ္။ အစာစားၿပီး ၂နာရီ ၃နာရီေလာက္ျခားၿပီး အိပ္မွသာ သင့္ေတာ္ပါတယ္။
မဟုတ္ရင္ေတာ့ စားထားတဲ့အစာေတြကို မေခ်ဖ်က္နိုင္ပဲ ခႏၶာကိုယ္ထဲ အဆီေတြ စုက်န္ေနမွာပါ။
၃။အေအးစာ မစား၊ မေသာက္ရ။
အဆီမ်ားတဲ့အစာ စားၿပီးတဲ့အခါ အေအး၊ ေရခဲမုန႔္၊ ေရခဲေရ စတာေတြကို မစားေသာက္မိပါေစနဲ႔။ အဲ့ဒီ့လိုစားလိုက္တဲ့အခါ အသည္း၊ အစာအိမ္နဲ႔ အူေတြကို ထိခိုက္ေစပါတယ္။
၄။လႈပ္ရွားေပးပါ။
အစာစားၿပီးတာနဲ႔ ဆိုဖာေပၚလဲေလ်ာင္းတာ၊ ထိုင္တာမ်ိဳးကိုေရွာင္ပါ။ေလ့က်င့္ ခန္းမလုပ္ျဖစ္ရင္ေတာင္ လမ္းေလၽွာက္ေပးတာက သင့္ေတာ္ပါတယ္။လမ္းေလၽွာက္ေပးျခင္းျဖင့္လည္းစားထားတဲ့ အဆီစာေတြကို ေခ်ဖ်က္ရ လြယ္ကူေစပါတယ္။
၅။ပ်ားရည္ေသာက္ပါ။
ပ်ားရည္က အစာေခ်ဖ်က္ရလြယ္ကူေစမယ့္ အေကာင္းဆုံး သဘာဝေဆးတစ္ခြက္ပါ။ အစာစားၿပီးတဲ့အခါ ပ်ားရည္တစ္ဇြန္းေလာက္ ေသာက္ေပးလိုက္ပါ။
အဆီအစိမ့္စာေတြကို စားမိတာ မမွားပါဘူး။ဒါေပမယ့္ စားၿပီးတဲ့အခါက်န္းမာေရးအတြက္လည္း ဂ႐ုစိုက္ေပးဖို႔လိုပါတယ္။ ဒီနည္း(၅)မ်ိဳးကိုသာ လိုက္နာရင္ ေရာဂါဘယလည္းကင္းေဝးသြားမွာပါ။
Credit-MyFood Myanmar