က်မၼာေရး ဗဟုသုတ

အာရုံကြောအားကောင်းစေမဲ့ အချက် (၅)ချက်

အာရုံကြောအားကောင်းစေမဲ့ အချက် (၅)ချက်

အာရုံကြော အားနည်းတယ်တဲ့။ ကိုယ်တိုင်ကိုယ်ကျ ဘယ်လိုမျိုး ခံစားဖူးကြလဲ။

အများအားဖြင့် ခြေထောက်နဲ့ လက်မှာ ထုံကျဉ်တာ၊ ပုံမှန်လှုပ်ရှားမှုတွေမှာ အားမရှိသလို မသန်မာသလို ဖြစ်နေတာ၊ ချွေးစေးတွေပြန်ပြီး ခေါင်းမူးတာ၊ မောပန်းအားကုန်တာတွေ အဖြစ်များတာပေါ့။

ဒီလို ခန္ဓာကိုယ်လှုပ်ရှားမှုတွေ အပြင် အသက်ရှူခြင်းက အစ အစာချေဖျက်မှု၊ စိတ်ခံစားချက်တုံ့ပြန်မှုတွေအထိ ထိန်းချုပ်ပေးနိုင်တာ အာရုံကြောစနစ်ကြီးပါပဲ။

ဒါ့ကြောင့် ကျန်းမာပျော်ရွှင်တဲ့ ဘဝအတွက် အာရုံကြောစနစ် အားကောင်းနေဖို့ အရေးကြီးပါတယ်။ အာရုံကြော အားကောင်းအောင် ဘာလုပ်ရမလဲ

(၁) အာဟာရတွေ ရွေးချယ်စားပါ။

အာရုံကြောစနစ်ကို အကျိုးပြုပေးနိုင်တဲ့ ဗီတာမင်နဲ့သတ္ထုဓာတ်တွေ ပါဝင်နေမယ့် အစာအာဟာရတွေကို ရွေးချယ်စားသုံးဖို့ လိုအပ်ပါတယ်။ စုံလင်အောင် စားချင်တယ်ဆိုရင် –

အစိမ်းရောင်ရှိတဲ့ အရွက်တွေ ဥပမာ ဟင်းနုနွယ်၊ ဆလပ်ရွက် ပင်စိမ်း နံနံ ဘူး ဖရုံ မြင်းခွာ ကိုက်လန် ကြက်ဟင်းခါး ပျဉ်တော်သိမ် သင်ဘော ခွေးတောက် ကြက်ဟင်းခါးသီးအပေါ်ကအစိမ်း မှုံလာ တို့ပေါ့။

အသီးအနှံတွေ – ဥပမာ – ၊ ဆီးသီး၊ ဖရဲသီး၊ မင်းကွတ် ထန်န်းသီးနု အုန်းရေနုနု ကြက်မောက်သီး

ဆန်လုံးညို၊ အုတ်ဂျုံ၊ နှံစားပြောင်း။

အစေ့အဆံတွေ – သီဟိုဠ်စေ့၊ ဗာဒံစေ့၊ ဟေဇယ်စေ့ ပိန်းနည်းစေ့

ပဲနီလေးနဲ့ ပဲအမျိုးမျိုး

အာလူး ပိန်းဥ ကဇွန်းဥ ပန်းဥ အာတာလွတ်ဥ

ဖရုံသီး ကျောက်ဖရုံ ကြောင်ရှာသီး ဒန့်သလွန် ရုံးပတေ ဘူး ခါးရမ်း ခါးရမ်းကဆောသီး ပဲဆောင်းခါးသီး ကင်းပုံသီး မျောက်ငိုသီး တွေ စားပေးလို့ရပါတယ်။

Omega-3 ကြွယ်ဝတဲ့ ဆော်လမွန်ငါး၊ ပန်းဂေါ်ဖီ၊ ဟင်းနုနွယ်၊ သစ်ကြားသီး၊ နှမ်းကြတ်စေ့၊ တို့ကိုလည်း စားပါ။ ကလီဇာ ဆီကြော် ready made နီတဲ့အသား ရှောင်ပါ

(၂) အသက် ဝဝ ရှူပါ။

အသက်ဝအောင် ရှူရှိုက်ခြင်းက လွယ်ကူပေမယ့် စိတ်ဖိစီးမှုကို လျော့ကျစေပြီး ပြေလျော့စေတဲ့အတွက် အာရုံကြောအားနည်းခြင်းအတွက် ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

သင့်တော်တဲ့နေရာ တစ်ခု ရှာပြီး ထိုင်ပါ သို့မဟုတ် လှဲလျောင်းပြီး ဝမ်းဗိုက်ပေါ်ကို လက်တင်ထားပါ။

ခန္ဓာကိုယ်ထဲမှာ လေ အပျံ့အနှံ့ရောက်တဲ့ အထိ နှာခေါင်းကနေ လေကို တဝ ရှိုက်ရှူပေးပါ။

၃ စက္ကန့်လောက် အသက်အောင့်ထားပြီးမှ အဆုတ်ထဲက လေကုန်သွားတဲ့ အထိ ပါးစပ်ကနေ ဖြည်းဖြည်းချင်း ပြန်ရှူထုတ်ပါ။

နောက်၅မိနစ်ကနေ ၁၀ မိနစ်လောက်အတွင်း အသက်ကို ပြင်းပြင်းရှူသွင်း၊ ရှူထုတ် ဆက်လုပ်ပါ။

ဒီလေ့ကျင့်ခန်းကို တစ်နေ့ကို နှစ်ကြိမ်သုံးကြိမ်လောက် လုပ်နိုင်ပါတယ်။

(၃) ခြေဗလာ နဲ့ လမ်းလျှောက်ကြည့်ပါ။ မြက်ခင်းပြင်ပေါ်မှာ၊ သဲသောင်ပြင်မှာ စတဲ့ သဘာဝပတ်ဝန်းကျင်တွေမှာ ခြေဗလာနဲ့လမ်းလျှောက်ခြင်းက အာရုံကြောစနစ်အတွက် ကောင်းပါတယ်။

တစ်နေ့ကို နာရီဝက်လောက် ခြေဗလာနဲ့လမ်းလျှောက်ပေးရင် စိတ်လန်းဆန်းစေပြီး အာရုံကြောအတွက်ကောင်းပါတယ်။ ၂၀၁၂ ခုနှစ်က သုတေသနတစ်ခုအရ ခြေဗလာနဲ့လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေက နှလုံးခုန်နှုန်း အပြောင်းအလဲများခြင်း၊ရောင်ရမ်းခြင်း၊ သွေးပျစ်ခြင်းတို့မှာရလဒ်ကောင်းစေပြီး အိပ်ပျော်စေ၊ စိတ်ဖိစီးမှုလျော့ကျစေပြီး အာရုံကြောစနစ်ကို အလိုအလျောက်ထိန်းညှိနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

(၄) နေရောင်ခြည် နဲ့ ထိတွေ့ပါ။

ညှော်တေ ရှောင်ပါ ဘာတခုမှကောင်းကျိုးမရှိပါ ဒါဟာ အိမ်မှာနေရင်း လုပ်ဆောင်ကြည့်လို့ရတဲ့ အလွယ်ဆုံးနည်းတစ်ခု ဖြစ်ပါတယ်။ နေရောင်ခြည်ဟာ ခန္ဓာကိုယ်ရဲ့ အလုံးစုံကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် D အဓိကအရင်းအမြစ် ဖြစ်ပြီး အာရုံကြောစနစ် လုပ်ဆောင်ချက်တွေမှာ အရေးပါလှပါတယ်။

(၅) စိတ်ဖိစီးမှုကို ဖြေလျှော့ပါ။

စိတ်ဖိစီးမှုဟာ အာရုံကြောစနစ် ယိုယွင်းလာစေတဲ့ အကြောင်းရင်းတွေထဲ အပါအဝင်ဖြစ်ပါတယ်။ ဒါ့ကြောင့် အာရုံကြောစနစ် ကောင်းမွန်ရေးအတွက် ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေကို တစ်နည်းနည်းနဲ့ ကြိုးစားဖြေလျှော့သင့်ပါတယ်။ ဒေါသကြောက်ရွံ့မှု စိုးရိမ်မှု လျော့ချပါ

ဥပမာ – အလုပ်လုပ်တာ ခဏရပ်ပြီး အသက်ဝဝရှိုက်ရှူပါ။ ဒါဟာ အာရုံကြောစနစ် မြှင့်တင်ဖို့အတွက် အမြန်ဆုံးနည်းလမ်းဖြစ်ပါတယ်။ ကိုယ့်စိတ်ထဲပင်ပန်းလာတာ၊ စိတ်ညစ်ညူးလာတဲ့အချိန်တိုင်း အလုပ်လုပ်တာကိုရပ်ပြီး ဖြေလျော့အနားယူလိုက်ပါ။

ပြန်လည်တည်ငြိမ်ပြီး စိတ်အတွေးတွေ ရှင်းလင်းလာပါမယ်။ ဒေါသ စိုးရိမ် ကြောက်ရွံ့တာတေ တနေရာထွက်သွားရှောင်နေပါ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။

စိတ်ဖိစီးလာတဲ့အခါ ခဏတာလမ်းလျှောက်ထွက်ခြင်း၊ ရုံးခန်းထဲဟိုလျှောက်ဒီလျှောက်လုပ်ခြင်းက ခေါင်းထဲရှင်းလင်းပြီး စိတ်ကြည်သွားစေဖို့ ထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုချော့ပါ။

စိတ်ချမ်းသာစရာကိစ္စတွေက စိတ်ဖိစီးစေတဲ့အရာထက် ခန္ဓာကိုယ်အတွက် ပိုကောင်းတာကြောင့် ကိုယ့်ကိုယ့်ကိုယ် အလိုလိုက်ပြီး ချော့ပေးပါ။ ဘယ်အရာမှစိတ်တိုင်းကျဖြစ်မလာပါ

လူတ်ိုင်း အကောင်းအဆိုးပါပဲ ကောင်းတာပဲတွေးပေးပါ အားလပ်ချိန်မှာ ကိုယ်ဝါသနာပါတဲ့အရာတွေလုပ်တာ၊ နှစ်သက်ရာ ကစားနည်း သို့မဟုတ် လှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ဆောင်တာ၊ အနှိပ်ခံတာ စတာတွေ လုပ်ပြီး ပျော်အောင်နေပါ။

Deen For Muslimeen

Zawgyi

အာ႐ုံေၾကာအားေကာင္းေစမဲ့ အခ်က္ (၅)ခ်က္

အာ႐ုံေၾကာ အားနည္းတယ္တဲ့။ ကိုယ္တိုင္ကိုယ္က် ဘယ္လိုမ်ိဳး ခံစားဖူးၾကလဲ။

အမ်ားအားျဖင့္ ေျခေထာက္နဲ႔ လက္မွာ ထုံက်ဥ္တာ၊ ပုံမွန္လႈပ္ရွားမႈေတြမွာ အားမရွိသလို မသန္မာသလို ျဖစ္ေနတာ၊ ေခြၽးေစးေတြျပန္ၿပီး ေခါင္းမူးတာ၊ ေမာပန္းအားကုန္တာေတြ အျဖစ္မ်ားတာေပါ့။

ဒီလို ခႏၶာကိုယ္လႈပ္ရွားမႈေတြ အျပင္ အသက္ရႉျခင္းက အစ အစာေခ်ဖ်က္မႈ၊ စိတ္ခံစားခ်က္တုံ႔ျပန္မႈေတြအထိ ထိန္းခ်ဳပ္ေပးႏိုင္တာ အာ႐ုံေၾကာစနစ္ႀကီးပါပဲ။

ဒါ့ေၾကာင့္ က်န္းမာေပ်ာ္႐ႊင္တဲ့ ဘဝအတြက္ အာ႐ုံေၾကာစနစ္ အားေကာင္းေနဖို႔ အေရးႀကီးပါတယ္။ အာ႐ုံေၾကာ အားေကာင္းေအာင္ ဘာလုပ္ရမလဲ

(၁) အာဟာရေတြ ေ႐ြးခ်ယ္စားပါ။

အာ႐ုံေၾကာစနစ္ကို အက်ိဳးျပဳေပးႏိုင္တဲ့ ဗီတာမင္နဲ႔သတၳဳဓာတ္ေတြ ပါဝင္ေနမယ့္ အစာအာဟာရေတြကို ေ႐ြးခ်ယ္စားသုံးဖို႔ လိုအပ္ပါတယ္။ စုံလင္ေအာင္ စားခ်င္တယ္ဆိုရင္ –

အစိမ္းေရာင္ရွိတဲ့ အ႐ြက္ေတြ ဥပမာ ဟင္းႏုႏြယ္၊ ဆလပ္႐ြက္ ပင္စိမ္း နံနံ ဘူး ဖ႐ုံ ျမင္းခြာ ကိုက္လန္ ၾကက္ဟင္းခါး ပ်ဥ္ေတာ္သိမ္ သင္ေဘာ ေခြးေတာက္ ၾကက္ဟင္းခါးသီးအေပၚကအစိမ္း မႈံလာ တို႔ေပါ့။

အသီးအႏွံေတြ – ဥပမာ – ၊ ဆီးသီး၊ ဖရဲသီး၊ မင္းကြတ္ ထန္န္းသီးႏု အုန္းေရႏုႏု ၾကက္ေမာက္သီး

ဆန္လုံးညိဳ၊ အုတ္ဂ်ဳံ၊ ႏွံစားေျပာင္း။

အေစ့အဆံေတြ – သီဟိုဠ္ေစ့၊ ဗာဒံေစ့၊ ေဟဇယ္ေစ့ ပိန္းနည္းေစ့

ပဲနီေလးနဲ႔ ပဲအမ်ိဳးမ်ိဳး

အာလူး ပိန္းဥ ကဇြန္းဥ ပန္းဥ အာတာလြတ္ဥ

ဖ႐ုံသီး ေက်ာက္ဖ႐ုံ ေၾကာင္ရွာသီး ဒန္႔သလြန္ ႐ုံးပေတ ဘူး ခါးရမ္း ခါးရမ္းကေဆာသီး ပဲေဆာင္းခါးသီး ကင္းပုံသီး ေမ်ာက္ငိုသီး ေတြ စားေပးလို႔ရပါတယ္။

Omega-3 ႂကြယ္ဝတဲ့ ေဆာ္လမြန္ငါး၊ ပန္းေဂၚဖီ၊ ဟင္းႏုႏြယ္၊ သစ္ၾကားသီး၊ ႏွမ္းၾကတ္ေစ့၊ တို႔ကိုလည္း စားပါ။ ကလီဇာ ဆီေၾကာ္ ready made နီတဲ့အသား ေရွာင္ပါ

(၂) အသက္ ဝဝ ရႉပါ။

အသက္ဝေအာင္ ရႉရႈိက္ျခင္းက လြယ္ကူေပမယ့္ စိတ္ဖိစီးမႈကို ေလ်ာ့က်ေစၿပီး ေျပေလ်ာ့ေစတဲ့အတြက္ အာ႐ုံေၾကာအားနည္းျခင္းအတြက္ ထိေရာက္တဲ့ နည္းလမ္းတစ္ခု ျဖစ္ပါတယ္။

သင့္ေတာ္တဲ့ေနရာ တစ္ခု ရွာၿပီး ထိုင္ပါ သို႔မဟုတ္ လွဲေလ်ာင္းၿပီး ဝမ္းဗိုက္ေပၚကို လက္တင္ထားပါ။

ခႏၶာကိုယ္ထဲမွာ ေလ အပ်ံ႕အႏွံ႔ေရာက္တဲ့ အထိ ႏွာေခါင္းကေန ေလကို တဝ ရႈိက္ရႉေပးပါ။

၃ စကၠန႔္ေလာက္ အသက္ေအာင့္ထားၿပီးမွ အဆုတ္ထဲက ေလကုန္သြားတဲ့ အထိ ပါးစပ္ကေန ျဖည္းျဖည္းခ်င္း ျပန္ရႉထုတ္ပါ။

ေနာက္၅မိနစ္ကေန ၁၀ မိနစ္ေလာက္အတြင္း အသက္ကို ျပင္းျပင္းရႉသြင္း၊ ရႉထုတ္ ဆက္လုပ္ပါ။

ဒီေလ့က်င့္ခန္းကို တစ္ေန႔ကို ႏွစ္ႀကိမ္သုံးႀကိမ္ေလာက္ လုပ္ႏိုင္ပါတယ္။

(၃) ေျခဗလာ နဲ႔ လမ္းေလွ်ာက္ၾကည့္ပါ။ ျမက္ခင္းျပင္ေပၚမွာ၊ သဲေသာင္ျပင္မွာ စတဲ့ သဘာဝပတ္ဝန္းက်င္ေတြမွာ ေျခဗလာနဲ႔လမ္းေလွ်ာက္ျခင္းက အာ႐ုံေၾကာစနစ္အတြက္ ေကာင္းပါတယ္။

တစ္ေန႔ကို နာရီဝက္ေလာက္ ေျခဗလာနဲ႔လမ္းေလွ်ာက္ေပးရင္ စိတ္လန္းဆန္းေစၿပီး အာ႐ုံေၾကာအတြက္ေကာင္းပါတယ္။ ၂၀၁၂ ခုႏွစ္က သုေတသနတစ္ခုအရ ေျခဗလာနဲ႔လမ္းေလွ်ာက္ျခင္းရဲ႕ အက်ိဳးေက်းဇူးေတြက ႏွလုံးခုန္ႏႈန္း အေျပာင္းအလဲမ်ားျခင္း၊ေရာင္ရမ္းျခင္း၊ ေသြးပ်စ္ျခင္းတို႔မွာရလဒ္ေကာင္းေစၿပီး အိပ္ေပ်ာ္ေစ၊ စိတ္ဖိစီးမႈေလ်ာ့က်ေစၿပီး အာ႐ုံေၾကာစနစ္ကို အလိုအေလ်ာက္ထိန္းညႇိႏိုင္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

(၄) ေနေရာင္ျခည္ နဲ႔ ထိေတြ႕ပါ။

ေညႇာ္ေတ ေရွာင္ပါ ဘာတခုမွေကာင္းက်ိဳးမရွိပါ ဒါဟာ အိမ္မွာေနရင္း လုပ္ေဆာင္ၾကည့္လို႔ရတဲ့ အလြယ္ဆုံးနည္းတစ္ခု ျဖစ္ပါတယ္။ ေနေရာင္ျခည္ဟာ ခႏၶာကိုယ္ရဲ႕ အလုံးစုံက်န္းမာေရးအတြက္ မရွိမျဖစ္လိုအပ္တဲ့ ဗီတာမင္ D အဓိကအရင္းအျမစ္ ျဖစ္ၿပီး အာ႐ုံေၾကာစနစ္ လုပ္ေဆာင္ခ်က္ေတြမွာ အေရးပါလွပါတယ္။

(၅) စိတ္ဖိစီးမႈကို ေျဖေလွ်ာ့ပါ။

စိတ္ဖိစီးမႈဟာ အာ႐ုံေၾကာစနစ္ ယိုယြင္းလာေစတဲ့ အေၾကာင္းရင္းေတြထဲ အပါအဝင္ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အာ႐ုံေၾကာစနစ္ ေကာင္းမြန္ေရးအတြက္ ကိုယ့္ရဲ႕စိတ္ဖိစီးမႈေတြကို တစ္နည္းနည္းနဲ႔ ႀကိဳးစားေျဖေလွ်ာ့သင့္ပါတယ္။ ေဒါသေၾကာက္႐ြံ႕မႈ စိုးရိမ္မႈ ေလ်ာ့ခ်ပါ

ဥပမာ – အလုပ္လုပ္တာ ခဏရပ္ၿပီး အသက္ဝဝရႈိက္ရႉပါ။ ဒါဟာ အာ႐ုံေၾကာစနစ္ ျမႇင့္တင္ဖို႔အတြက္ အျမန္ဆုံးနည္းလမ္းျဖစ္ပါတယ္။ ကိုယ့္စိတ္ထဲပင္ပန္းလာတာ၊ စိတ္ညစ္ညဴးလာတဲ့အခ်ိန္တိုင္း အလုပ္လုပ္တာကိုရပ္ၿပီး ေျဖေလ်ာ့အနားယူလိုက္ပါ။

ျပန္လည္တည္ၿငိမ္ၿပီး စိတ္အေတြးေတြ ရွင္းလင္းလာပါမယ္။ ေဒါသ စိုးရိမ္ ေၾကာက္႐ြံ႕တာေတ တေနရာထြက္သြားေရွာင္ေနပါ ကိုယ္လက္လႈပ္ရွားမႈ လုပ္ပါ။

စိတ္ဖိစီးလာတဲ့အခါ ခဏတာလမ္းေလွ်ာက္ထြက္ျခင္း၊ ႐ုံးခန္းထဲဟိုေလွ်ာက္ဒီေလွ်ာက္လုပ္ျခင္းက ေခါင္းထဲရွင္းလင္းၿပီး စိတ္ၾကည္သြားေစဖို႔ ထိေရာက္တဲ့ နည္းလမ္းျဖစ္ပါတယ္။ ကိုယ့္ကိုယ္ကိုေခ်ာ့ပါ။

စိတ္ခ်မ္းသာစရာကိစၥေတြက စိတ္ဖိစီးေစတဲ့အရာထက္ ခႏၶာကိုယ္အတြက္ ပိုေကာင္းတာေၾကာင့္ ကိုယ့္ကိုယ့္ကိုယ္ အလိုလိုက္ၿပီး ေခ်ာ့ေပးပါ။ ဘယ္အရာမွစိတ္တိုင္းက်ျဖစ္မလာပါ

လူတ္ိုင္း အေကာင္းအဆိုးပါပဲ ေကာင္းတာပဲေတြးေပးပါ အားလပ္ခ်ိန္မွာ ကိုယ္ဝါသနာပါတဲ့အရာေတြလုပ္တာ၊ ႏွစ္သက္ရာ ကစားနည္း သို႔မဟုတ္ လႈပ္ရွားမႈေတြမွာ ပါဝင္လုပ္ေဆာင္တာ၊ အႏွိပ္ခံတာ စတာေတြ လုပ္ၿပီး ေပ်ာ္ေအာင္ေနပါ။

Deen For Muslimeen