က်မၼာေရး ဗဟုသုတ

အောက်ဆီဂျင်ထိုးကျနေတဲ့ လူနာတစ်ဦးကို အသက်အန္တရာယ်မှ လွတ်မြောက်အောင် ကယ်တင်ပေးခဲ့တဲ့ လူငယ်လေးတစ်ဦးရဲ့ ဗီဒီယိုဖိုင်

ဒီကာလမှာ အောက်ဆီဂျင် ရှားပါး ပြတ်လပ်မှုတွေကြောင့် အသက်အန္တရယ်ဆုံးရှုံးမှုတွေကိုပါ ရင်ဆိုင်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။

အလှူရှင်များကလည်း အောက်ဆီဂျင်စက်ရုံတွေ အမြန်ဆုံး ဆောက်လုပ်နိုင်ဖို့အတွက် အမြန်ဆုံး အကောင်ထည်ဖော်ဆောင်ရွက်နေကြပြီး ပြည်ပမှ အောက်ဆီဂျင်အိုးတွေကို နည်းလမ်းမျိုးစုံဖြင့်မြန်မာနိုင်ငံသို့ ရောက်ရှိအောင် ကြိုးစားပေးနေကြတာ ဖြစ်ပါတယ်။

ပြည်သူတွေဟာ သူတို့ မိသားစုဝင်တွေရဲ့အသက်အန္တရာယ် ဆုံးရှုံးမှုတွေ မဖြစ်စေဖို့အတွက် နေပူမရှောင် မိုးရွာမရှောင် အောက်ဆီဂျင်အိုးတွေကို နေရာအနှံ့ရှာဖွေနေကြရတာ ဖြစ်ပါတယ်။

ပရဟိတလူငယ်လေးတွေကလည်း သူတို့တတ်နိုင်တဲ့ဘက်ကနေ ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် ကူညီဆောင်ရွက်ပေးနေကြတာကိုလည်း လေးစားဂုဏ်ယူဖွယ် မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း လူငယ်လေးတစ်ဦးရဲ့ လုမှုကွန်ယက်တွင် ဗီဒီယိုဖိုင်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့အောက်ဆီဂျင်ထိုးကျနေပြီး အသက်အန္တရာယ်စိုးရိမ်နေရတဲ့ လူနာတစ်ဦးအား အရေးပေါ်နည်းလမ်းများဖြင့်ကယ်ဆယ်နိုင်ခဲ့တဲ့ ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။

သူလုပ်ပေးတဲ့ နည်းလမ်းတွေကတော့ လူနာကို မှောက်လျက်အနေအထားနဲ့ အိပ်ခိုင်းထားပြီး ဘေးတွင် ဆားထည့်ထားတဲ့ ရေနွေးငွေ့ကို ရှုလို့ရအောင် လုပ်ပေးထားတာ ဖြစ်ပါတယ်။ ပုံမှန်လှဲအိပ်နေတာထက် လူနာကို မှောက်လျက်အနေအထားဖြင့် နေခိုင်းတာဟာ ​အောက်ဆီဂျင်တက်လာဖို့ ပိုပြီးအထောက်အကူပြုစေပါတယ်။

” ကျွန်တော့်ပြောစကားကိုနားထောင်ပေးပါဗျာ နော်။ Oxygen အိုးမလိုဘူး oxygen ပြန်တက်လာစေရမယ် ကျွန်တော် ပြောသလိုပဲနေပေးပါနော်။

ကျွန်တော် အခုထိအိမ်ပြန်မရောက်သေးဘူး ပြေးလို့ကောင်းတုန်း… ဆိုတော့ ဗိုက်ဆာနေပြီ 🤧🤧ကဲ နောက်တစ်ယောက်တော့ ထပ်ကယ်လိုက်နိုင်ပါပြီ 🤍ကျွန်တော် ရောက်ရောက်ချင်းတုန်းကစကားမပြောနိုင်သေးတဲ့သူက ကျွန်တော်ပြန်တော့ သေချာနှုတ်ဆက်လိုက်တာဗျာ

oxygen16july ” ဆိုပြီး အသက်အန္တရာယ်စိုးရိမ်နေရတဲ့ လူနာတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ပုံအား ရေးသား ပြောပြထားတာ ဖြစ်ပါတယ်။ မိမိတို့ အိမ်တွင် အခုလို အန္တရာယ်မျိုး ကြုံတွေ့လာပါက အောက်ဆီဂျင်အိုးတွေကိုအသည်းအသန်ရှာမနေကြဘဲ ဒီလိုနည်းလမ်းတွေဖြင့် ရှေးဦးစွာ ကယ်ဆယ်လို့ရနိုင်ကြောင်း သိရှိကြစေဖို့အတွက်ဒီဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader