ၾကားသိရသမွ်

မတော်တဆ အိပ်မောကျသွားခဲ့ရင်းကနေ ကြက်မေမေဖြစ်သွားခဲ့တဲ့ ကြောင်လေးအဖြစ်

မေတာ္တဆ အိပ္ေမာက်သြားခဲ့ရင္းကေန ၾကက္ေမေမ ျဖစ္သြားခဲ့တဲ့ ေၾကာင္ေလးအျဖစ္

ေၾကာင္ေလးေတြအေတာ္မ်ားမ်ားက တစ္ရက္ကို ၄, ၅ ခါေလာက္ တေရးတေမာအိပ္တတ္ၾကပါတယ္ ။

သို႔ေပမဲ့ ဒီတစ္ေခါက္ေဖာ္ျပမဲ့ ေၾကာင္ေလးကေတာ့ ႀကံႀကံဖန္ဖန္ ၾကက္အသိုက္ထဲက ၾကက္ဥေတြေပၚ ဝင္အိပ္ခဲ့ပါတယ္ ။

ၾကက္မႀကီးေရာက္လာခဲ့ခ်ိန္မွာမွ ႏႈိးထလာခဲ့တဲ့ ေၾကာင္ေလးကို ဥေတြဖ်က္ဆီးမဲ့သူမဟုတ္မွန္း ၾကက္မႀကီးကသိေနေတာ့ ရန္မမူခဲ့ပါဘူး ။

ၾကက္မႀကီး ရန္မမူမွန္းသိေတာ့ေနာက္ပိုင္း ေၾကာင္ေလးဟာ ခဏခဏ ေႏြးေႏြးေထြးေထြးရွိတဲ့ ၾကက္အသိုက္ထဲ ဝင္အိပ္ေနခဲ့လို႔ အခုဆိုရင္ေတာင္ ၾကက္ေပါက္စေလးေတြရဲ႕ ေမေမ ျဖစ္ေနပါၿပီ ။

ဘာလို႔ဆို ၾကက္ကေလးေတြက မိခင္ေနာက္မလိုက္ဘဲ ေၾကာင္ေလးရဲ႕ေနာက္ကို တေကာက္ေကာက္လိုက္ေနၾကလို႔ပါပဲ ။

Credit

Unicode

မတော်တဆ အိပ်မောကျသွားခဲ့ရင်းကနေ ကြက်မေမေ ဖြစ်သွားခဲ့တဲ့ ကြောင်လေးအဖြစ်
ကြောင်လေးတွေအတော်များများက တစ်ရက်ကို ၄, ၅ ခါလောက် တရေးတမောအိပ်တတ်ကြပါတယ် ။

သို့ပေမဲ့ ဒီတစ်ခေါက်ဖော်ပြမဲ့ ကြောင်လေးကတော့ ကြံကြံဖန်ဖန် ကြက်အသိုက်ထဲက ကြက်ဥတွေပေါ် ဝင်အိပ်ခဲ့ပါတယ် ။

ကြက်မကြီးရောက်လာခဲ့ချိန်မှာမှ နှိုးထလာခဲ့တဲ့ ကြောင်လေးကို ဥတွေဖျက်ဆီးမဲ့သူမဟုတ်မှန်း ကြက်မကြီးကသိနေတော့ ရန်မမူခဲ့ပါဘူး ။

ကြက်မကြီး ရန်မမူမှန်းသိတော့နောက်ပိုင်း ကြောင်လေးဟာ ခဏခဏ နွေးနွေးထွေးထွေးရှိတဲ့ ကြက်အသိုက်ထဲ ဝင်အိပ်နေခဲ့လို့ အခုဆိုရင်တောင် ကြက်ပေါက်စလေးတွေရဲ့ မေမေ ဖြစ်နေပါပြီ ။

ဘာလို့ဆို ကြက်ကလေးတွေက မိခင်နောက်မလိုက်ဘဲ ကြောင်လေးရဲ့နောက်ကို တကောက်ကောက်လိုက်နေကြလို့ပါပဲ ။