တစ်သက်နဲ့တစ်ကိုယ် ညာတင်ကုတ်ဆိုတာ အခုမှပဲ သိရတော့တယ်။ (ပြန်လည် ဝေမျှပေးခြင်းသာ ဖြစ်ပါသည်။
ညာတင်ကုပ်ဆိုတာ
လောကီပညာမှ ဖိုထိုးလို့ အောင်မြင်တဲ့အခါ အောင်တဲ့ဓာတ်လုံးကို အဲဒီ့ ညာတင်ကုပ် အရုပ်ထဲ ထည့်ထားခဲ့ကြတယ်။ အရုပ်ကိုလည်း ပဒါးယို၊ ပဒါးငုပ်၊ မီးပြတ်၊ ဆန်ကပ် ခုပ်ပိတ် ဆိုပြီး ခုခေတ်လူတွေက သက်မှတ်ကြတယ် ။

ဖိုလိုင်းမှာ သွားလမ်းနဲ့ စားလမ်းဆိုတာ ရှိတယ်။ သွားလမ်းက ထွက်ရပ်ပေါက်ဖို့
စားလမ်းက ရွှေဖြစ်ငွေဖြစ်။ ညာတင်ကုပ်က စားလမ်းသမားတွေ အတွက်။
ရှေးအကျဆုံး ဖိုလိုင်းက ကိုယ်သိသလောက်ဆိုရင် ရှင်အာရဟံရေးတဲ့ ပုဂံသမုဒယကျမ်းထဲမှာ ပါတယ်။ နောက်ပြီး ပုဂံဘုရားတစ်ဆူမှာလည်း စဉ့်ကူးပက်လက် အသေထွက်ဆိုပြီး ဖိုလိုင်းရဲ့ ဓာတ်သက်နည်းတွေ ပြထားတာ ရှိတယ်။

ပြောချင်တာ အဓိကက ညာတင်ကုပ်ဆိုတာ အခုပုံပါ။ အိမ်မှာလည်း ရှိတယ်။
အဲ့ဒီရုပ်တုက ဓာတ်ပုံရိုက်ရင် မထင်လို့ပါ။
ရှေးလောကီပညာရှင်တွေ စီမံခဲ့တဲ့ ဘုရားရုပ်တုနှင့် ဆင်တူသည့် သိဒ္ဓိဝင် ညာတင်ကုတ်၏ အစွမ်းသတ္တိများ
ဒီတစ်ခါတော့ လောကီဗဟုသုတ အကြောင်းလေး ပြောပြပါမယ်။ မိမိမှာ ရှိခဲ့ရင်လည်း ဘာလုပ်ရမှာလည်း ဆိုတာ သိရအောင်လို့ပါ။

“ဘုရားမဟုတ် ညာတင်ကုတ် ကိုင်ကြည့်လက်တစ်ဆုပ် ပညာခန်း တစ်ခန်းမြုပ် လူပ်ကြည့် တကုတ်ကုတ် သိသူဖော်စား မသိသူကျော်သွား” တဲ့။
ဒီအကြောင်း ပြောရရင် ရာဇဝင်များတယ်။ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလိုဘဲ အယူအဆ များပါတယ်။
တစ်ချို့ကလည်း ဆေးညာတင်ကုတ် ဆိုပြီး ရှိပြန်ပါတယ်။ အမျိုးမျိုးပေါ့။ညာတင်ကုတ် ဆိုတာ ရှေးလောကီ ပညာရှင်တွေက စီမံခဲ့တာပါ။ ဘုရား မဟုတ်ပါ။
ဂမ္ဘီရ ပစ္စည်းတစ်ခုသာ ဖြစ်ပါသည်။အဓိက ကတော့ အဂ္ဂိရတ်သမားတွေ အတွက်လို့ ပြောပါတယ်။ အတုတွေလည်း ပေါပါတယ် ။မြန်မာနိုင်ငံမှာတော့ ဈေးကြီးပေး ဝယ်ကြပါတယ်။

သူ့ရဲ့အစွမ်းက အစစ်ဆိုရင် လိုတရတယ်လို့တောင် ပြောပါတယ်။ တစ်ချို့ကလည်း ဘာပြီးညာပြီးလို့ ပြောကြပါတယ်။
မြန်မာပြည်မှာ တစ်ချို့က ၁၃ခု တစ်ချို့က ၁၂ခု တစ်ချို့ကလည်း ၃ခု ၅ခု ၂ခုဘဲ ရှိတယ်လို့ ပြောကြပါတယ်။ စာရေးသူလည်းအသေချာမသိပါ။
သိသလာက် ပြောရရင် (စာတွေ့ပါ) ညာတင်ကုတ်မှာ ပြဒါးရည် အလိုက် အဖြူ အနီ ကွဲပါတယ်။ ၄.၆စင်တီမီတာ ရှိတယ်လို့လည်းပြောကြပါတယ်။ထုပ်တန်းပေါ်တင် ဆွမ်းကပ်ပါက မျက်နှာ တစ်ဖက် လွဲသွားပါတယ်တဲ့။
ပြဒါးရည် ပြဒါးရှင်နှင့် ပြုလုပ်ထားတဲ့အတွက် အစွမ်းထက်ပါတယ်။ အထဲမှာ ပြဒါးလုံး ရှိပါတယ်။ဖယောင်းတိုင်မီး ကပ်ဆွဲပါက ၃ပေကျော်ထိ လိုက်ပါတယ်တဲ့။
ရွှေထည့်ရင် ဖြူကာ ငွေထည့်ကနီသော ရပ်ထုများလည်း ရှိပါတယ်။ ပြဒါးခဲသော ရုပ်ထုသည် ပလ္လင်အောက်၌ ၅ကျပ်သား ပြဒါးခဲ တင်နိုင်သော သပိတ်ခြမ်း ပါသည်ဟု ပြောကြပါသည်။ ရုပ်ထု၌ မပါပါ။ မှိုကိုးချက် ပါသည်ဟု ပြောကြပါသည်။

အင်းကွက်ပါခြင်း ပလ္လင်အောက်၌ လက်ဗွေရာ ပါရှိခြင်း ကျောဘက်၌ စ.ဓ.ဗ.ဝ အင်း ပါသည်ဟု ပြောကြပါသည်။ ယခုပုံ တစ်ချို့မှာက ရင်ဘက်၌သာ တွေ့ရပါသည်။မမြင်ဘူး၍ မသိပါ။
ထူးခြားမူက လုံထဲ ထည့်ကျိုပြီး အခြား လုံဆောင် တစ်ခုထဲသို့ လောင်းထည့်ပါက ပုံစံတူအတိုင်း ပြန်ရပါသည်။
၃ ခါလုပ်က ၃ခုရသည့် သဘောပါ။ စက်နိူးထားသော ကားဒက်ဘုတ်ရ်ပေါ် တင်ပါက ကားစက်သေပါသည်။ ကားစက် ပြန်နှိုး မရပါ။
ပြဒါး ၅၀ သား ထည့်ထားသော စတီးချိုင့်ထဲ့ ထည့်ပါက မလဲဘဲ ဘေးဘယ်ညာသို့ ပြောင်းထိုင်ခြင်း ထိုင်နေသောခါ မင်းကိုယ်ရောင် ပြောင်းခွင့်မရှိ ရှိပါက ထူးခြားမှုပြပါဟု ပြောပါက ပြဒါးထဲသို့ ဝင်သွားပါလိမ့်မည်။

သိမ်ဝင်အပ်နဲ့ ထိုးပါက အပ်ခေါင်းပေါ်မှာ ဝဲခြင်း ဖြစ်ပါလိမ့်မည်။ ထိုးစိုက် မရပါ။ ပြဒါးအဖြူသေထက် အနီသေက ပိုစွမ်းပါသည်။
သို့သော် အဖြူကို တွေ့ရခဲပါသည်။ ပြဒါးအဖြူသေကို ညာတင်ကုတ် အဖြူဟု ခေါ်ပါသည်။
သာမာန်လူ သုံးစွဲပါက မိမိ လိုအပ်သောသူကို အရုပ်ကိုင်ပြီး ပါးစပ်ကပြောပါက နောက်နေ့ ရောက်လာ၏။ လိုရာ ဖြည့်ဆည်း ပေး၏။
သာမာန်လူများ အဖို့ကား သီလသမာဓိ ကိုယ်မှာ ရှိရ၏။
အစစ်သည် မှိုကိုးချက် လေးကွက်အင်း လက်ဗွေရာများ ရှိသည်။ အရည်လောင်းသော်လည်း အေးပါက ဤအတိုင်း ပြန်ဖြစ်သည်။
၎င်းပစ္စည်းသည် သိဒွိဝင်ပစ္စည်းဖြစ်၍ ဘုရားတည် ကျောင်းဆောက် သာသနာပြု လုပ်ငန်းများ၌ များစွာ အသုံးဝင်သည်။ သာမာန်လူအဖို့ကား ပီယ ဓန ပီယသျို မျှသာ အသုံးဝင်လိမ့်မည်။

လောကီလမ်းဘက်သာ အားပေးသည်ဟု သိရသည်။ အစစ်ဖြစ်ပါက ဝိသမ လောဘသားများ ရောင်းဝယ်ပါက မိသားစုအား ခိုက်၏။
အန္တရာယ် များ၏။ သတိထားပါ။ လက်ထဲ ကိုင်ထားပြီး လောဘနှင့်လိုက်မရောင်းရပါ။
ပြဒါးကပ်တယ်။ မီးဆွဲတယ်။ အသားတစ်ပြရင် မျက်နှာလွဲတယ်။ အပ်ဝဲတယ်။ အင်းကွက်ပါတယ်။ ဝယ်သူလာရင် အိပ်မက်ပေးတယ်။ ဝယ်သူလာရင် အစွမ်းမပြဘူး။
မီးနှင့် ပခုံးပေါ် ဝိုက်ဆွဲပါက ကြား၌ သက်တန့် ရောင်ထွက်သည်။

မှတ်ချက်။ ။ ဖတ်ဖူးသမျှကိုသာ မျှဝေခြင်း ဖြစ်ပါသည်။ ဘာမှ မသိပါ။ ဗဟုသုတ အလို့ငှါ တင်ပြခြင်းဖြစ်ပါသည်။
#စကားချပ် ဗုဒ္ဓဘုရား ဆင်းတုတော်တွေကို မသင့်မလျော် ထုလုပ်ထားပါတယ်ဆိုပြီး ထင်မှတ် မှားနေခဲ့ကြတဲ့ သူတွေအတွက် ဗဟုသုတရစေရန် အလို့ငှာ သိဒ္ဓိဝင် ညာတင်ကုတ် ရုပ်တုတွေအကြောင်း မှတ်သားဖူးသမျှကို ပြန်လည် မျှဝေပေးခြင်းသာ ဖြစ်တယ်။
Credit 📝 WinHlaingOo
Zawgyi
ေရွးေလာကီပညာရွင္ေတြ စီမံခဲ့တဲ့ ဘုရား႐ုပ္တုႏွင့္ ဆင္တူသည့္ သိဒၶိဝင္ ညာတင္ကုတ္၏ အစြမ္းသတၱိမ်ား
ဒီတစ္ခါေတာ့ ေလာကီဗဟုသုတ အေၾကာင္းေလး ေျပာျပပါမယ္။ မိမိမွာ ရွိခဲ့ရင္လည္း ဘာလုပ္ရမွာလည္း ဆိုတာ သိရေအာင္လို႔ပါ။
“ဘုရားမဟုတ္ ညာတင္ကုတ္ ကိုင္ၾကည့္လက္တစ္ဆုပ္ ပညာခန္း တစ္ခန္းျမဳပ္ လူပ္ၾကည့္ တကုတ္ကုတ္ သိသူေဖာ္စား မသိသူေက်ာ္သြား” တဲ့။ ဒီအေၾကာင္း ေျပာရရင္ ရာဇဝင္မ်ားတယ္။ တစ္ေက်ာင္းတစ္ဂါထာ တစ္႐ြာတစ္ပုဒ္ဆန္း ဆိုသလိုဘဲ အယူအဆ မ်ားပါတယ္။

တစ္ခ်ိဳ႕ကလည္း ေဆးညာတင္ကုတ္ဆိုၿပီး ရွိျပန္ပါတယ္။ အမ်ိဳးမ်ိဳးေပါ့။ညာတင္ကုတ္ ဆိုတာ ေရွးေလာကီ ပညာရွင္ေတြက စီမံခဲ့တာပါ။ ဘုရားမဟုတ္ပါ။
ဂမၻီရ ပစၥည္းတစ္ခုသာ ျဖစ္ပါသည္။အဓိက ကေတာ့ အဂၢိရတ္သမားေတြတြက္လို႔ ေျပာပါတယ္။ အတုေတြလည္းေပါပါတယ္ ။ျမန္မာႏိုင္ငံမွာေတာ့ ေဈးႀကီးေပး ဝယ္ၾကပါတယ္။
သူ႔ရဲ႕အစြမ္းက အစစ္ဆိုရင္ လိုတရတယ္လို႔ေတာင္ ေျပာပါတယ္။ တစ္ခ်ိဳ႕ကလည္း ဘာၿပီးညာၿပီးလို႔ ေျပာၾကပါတယ္။
ျမန္မာျပည္မွာ တစ္ခ်ိဳ႕က ၁၃ခု တစ္ခ်ိဳ႕က ၁၂ခု တစ္ခ်ိဳ႕ကလည္း ၃ခု ၅ခု ၂ခုဘဲ ရွိတယ္လို႔ ေျပာၾကပါတယ္။ စာေရးသူလည္းအေသခ်ာမသိပါ။
သိသလာက္ ေျပာရရင္ (စာေတြ႕ပါ) ညာတင္ကုတ္မွာ ျပဒါးရည္ အလိုက္ အျဖဴ အနီ ကြဲပါတယ္။ ၄.၆စင္တီမီတာ ရွိတယ္လို႔လည္းေျပာၾကပါတယ္။ထုပ္တန္းေပၚတင္ ဆြမ္းကပ္ပါက မ်က္ႏွာ တစ္ဖက္ လြဲသြားပါတယ္တဲ့။

ျပဒါးရည္ ျပဒါးရွင္ႏွင့္ ျပဳလုပ္ထားတဲ့အတြက္ အစြမ္းထက္ပါတယ္။ အထဲမွာ ျပဒါးလုံး ရွိပါတယ္။ဖေယာင္းတိုင္မီး ကပ္ဆြဲပါက ၃ေပေက်ာ္ထိ လိုက္ပါတယ္တဲ့။
ေ႐ႊထည့္ရင္ ျဖဴကာ ေငြထည့္ကနီေသာ ရပ္ထုမ်ားလည္း ရွိပါတယ္။ ျပဒါးခဲေသာ ႐ုပ္ထုသည္ ပလႅင္ေအာက္၌ ၅က်ပ္သား ျပဒါးခဲ တင္ႏိုင္ေသာ သပိတ္ျခမ္း ပါသည္ဟု ေျပာၾကပါသည္။ ႐ုပ္ထု၌ မပါပါ။ မႈိကိုးခ်က္ ပါသည္ဟု ေျပာၾကပါသည္။
အင္းကြက္ပါျခင္း ပလႅင္ေအာက္၌ လက္ေဗြရာ ပါရွိျခင္း ေက်ာဘက္၌ စ.ဓ.ဗ.ဝ အင္း ပါသည္ဟု ေျပာၾကပါသည္။ ယခုပုံ တစ္ခ်ိဳ႕မွာက ရင္ဘက္၌သာ ေတြ႕ရပါသည္။မျမင္ဘူး၍ မသိပါ။
ထူးျခားမူက လုံထဲ ထည့္က်ိဳၿပီး အျခား လုံေဆာင္ တစ္ခုထဲသို႔ ေလာင္းထည့္ပါက ပုံစံတူအတိုင္း ျပန္ရပါသည္။
၃ ခါလုပ္က ၃ခုရသည့္ သေဘာပါ။ စက္ႏိူးထားေသာ ကားဒက္ဘုတ္ရ္ေပၚ တင္ပါက ကားစက္ေသပါသည္။ ကားစက္ ျပန္ႏႈိး မရပါ။
ျပဒါး ၅၀ သား ထည့္ထားေသာ စတီးခ်ိဳင့္ထဲ့ ထည့္ပါက မလဲဘဲ ေဘးဘယ္ညာသို႔ ေျပာင္းထိုင္ျခင္း ထိုင္ေနေသာခါ မင္းကိုယ္ေရာင္ ေျပာင္းခြင့္မရွိ ရွိပါက ထူးျခားမႈျပပါဟု ေျပာပါက ျပဒါးထဲသို႔ ဝင္သြားပါလိမ့္မည္။

သိမ္ဝင္အပ္နဲ႔ ထိုးပါက အပ္ေခါင္းေပၚမွာ ဝဲျခင္း ျဖစ္ပါလိမ့္မည္။ ထိုးစိုက္ မရပါ။ ျပဒါးအျဖဴေသထက္ အနီေသက ပိုစြမ္းပါသည္။
သို႔ေသာ္ အျဖဴကို ေတြ႕ရခဲပါသည္။ ျပဒါးအျဖဴေသကို ညာတင္ကုတ္ အျဖဴဟု ေခၚပါသည္။
သာမာန္လူ သုံးစြဲပါက မိမိ လိုအပ္ေသာသူကို အ႐ုပ္ကိုင္ၿပီး ပါးစပ္ကေျပာပါက ေနာက္ေန႔ ေရာက္လာ၏။ လိုရာ ျဖည့္ဆည္း ေပး၏။
သာမာန္လူမ်ား အဖို႔ကား သီလသမာဓိ ကိုယ္မွာ ရွိရ၏။
အစစ္သည္ မႈိကိုးခ်က္ ေလးကြက္အင္း လက္ေဗြရာမ်ား ရွိသည္။ အရည္ေလာင္းေသာ္လည္း ေအးပါက ဤအတိုင္း ျပန္ျဖစ္သည္။
၎ပစၥည္းသည္ သိဒြိဝင္ပစၥည္းျဖစ္၍ ဘုရားတည္ ေက်ာင္းေဆာက္ သာသနာျပဳ လုပ္ငန္းမ်ား၌ မ်ားစြာ အသုံးဝင္သည္။ သာမာန္လူအဖို႔ကား ပီယ ဓန ပီယသ်ိဳ မွ်သာ အသုံးဝင္လိမ့္မည္။
ေလာကီလမ္းဘက္သာ အားေပးသည္ဟု သိရသည္။ အစစ္ျဖစ္ပါက ဝိသမ ေလာဘသားမ်ား ေရာင္းဝယ္ပါက မိသားစုအား ခိုက္၏။
အႏၲရာယ္ မ်ား၏။ သတိထားပါ။ လက္ထဲ ကိုင္ထားၿပီး ေလာဘႏွင့္လိုက္မေရာင္းရပါ။
ျပဒါးကပ္တယ္။ မီးဆြဲတယ္။ အသားတစ္ျပရင္ မ်က္ႏွာလြဲတယ္။ အပ္ဝဲတယ္။ အင္းကြက္ပါတယ္။ ဝယ္သူလာရင္ အိပ္မက္ေပးတယ္။ ဝယ္သူလာရင္ အစြမ္းမျပဘူး။
မီးႏွင့္ ပခုံးေပၚ ဝိုက္ဆြဲပါက ၾကား၌ သက္တန႔္ ေရာင္ထြက္သည္။
မွတ္ခ်က္။ ။ ဖတ္ဖူးသမွ်ကိုသာ မွ်ေဝျခင္း ျဖစ္ပါသည္။ ဘာမွ မသိပါ။ ဗဟုသုတ အလို႔ငွါ တင္ျပျခင္းျဖစ္ပါသည္။
#စကားခ်ပ္ ဗုဒၶဘုရား ဆင္းတုေတာ္ေတြကို မသင့္မေလ်ာ္ ထုလုပ္ထားပါတယ္ဆိုၿပီး ထင္မွတ္ မွားေနခဲ့ၾကတဲ့ သူေတြအတြက္ ဗဟုသုတရေစရန္ အလို႔ငွာ သိဒၶိဝင္ ညာတင္ကုတ္ ႐ုပ္တုေတြအေၾကာင္း မွတ္သားဖူးသမွ်ကို ျပန္လည္ မွ်ေဝေပးျခင္းသာ ျဖစ္တယ္။
Credit 📝 WinHlaingOo



