ဗဟုသုတ

သင်မသိသေးတဲ့ ရှာလကာရည်ရဲ့အိမ်တွင်းအသုံးဝင်ပုံ ၁၃မျိုး

ရှာလကာရည်ဟာ မီးဖိုချောင်အတွင်းတစ်ခုသာ အသုံးဝင်ရုံမက အခြားသောအရာတွေပေါ်မှာလည်း များစွာအသုံးပြုနိုင်ပါတယ်။

အဝတ်လျှော်စက်သန့်စင်ဖို့အတွက်

အဝတ်လျှော်စက်နဲ ကော်ဖီဖျော်စက်တွေမှာ အစွန်းအထင်းတွေနဲ့ ချေးတက်နေတဲ့အခါ ရှာလကာရည်ကို အသုံးပြုနိုင်ပါတယ်။ အဆိုပါ အဝတ်လျှောက်စက်/ ကော်ဖီ

ဖျော်စက်ထဲကို ဘာမှမထည့်ဘဲပန်းသီးရှာလကာရည် ၂ ဇွန်းထည့်ပြီး စက်ကို run ပေးလိုက်ပါ။ ၃-၄ မိနစ်လောက်ကြာတဲ့အခါမှ စက်ကိုပိတ်ပြီး သန့်စင်ပေးနိုင်ပါ

တယ်။

ပန်းများကြာရှည်ခံစေဖို့အတွက်

ပန်းသီးရှာလကာရည် ၂ဇွန်း၊ သကြား ၃ဇွန်းနဲ့ ရေနွေးနွေးလေး ၁လီတာ ရောစပ်ပြီး ပန်းထိုးမဲ့ အိုးထဲကို ထည့်ထားပေးလိုက်ပါ။ သာမာန်ပန်းတွေထက် အဆပေါင်းများ

စွာ ကြာရှည်ခံနိုင်ပါတယ်။

အောက်ခံအခင်းများ သန့်စင်စေဖို့အတွက်

စပျစ်ဖျော်ရည်၊ ကော်ဖီ စတဲ့ အရည်တွေ ဖိတ်စင်ပြီး အောက်ခံအခင်းတွေ၊ ပိတ်ကော်ဇော်တွေမှာ အစွန်းအထင်းတွေဖြစ်ပေါ်တဲ့အခါ ဆပ်ပြာမှုန့် ၁ဇွန်း၊ အဖြူရောင်

ရှာလကာရည် ၁ဇွန်း၊ ရေနွေးနွေးလေး ၂ဖန်ခွက်လောက်ထည့်ပြီးရောမွှေပေးပါ။ ရရှိလာတဲ့ အရောအနှောနဲ့ အဆိုပါ အစွန်းအထင်းတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။

ကားမှန်သန့်စင်ဖို့အတွက်

အေးခဲတဲ့ ဆောင်းရာသီလို အချိန်မျိုးမျာ နှင်းစက်တွေနဲ့ ပေတေနေတဲ့ ကားမှန်တွေကို သန့်စင်ဖို့အတွက် ပန်းသီးရှာလကာရည်ကို အသုံးပြုနိုင်ပါတယ်။ ပန်းသီးရှာလ

ကာရည်နဲ့ ရေကို ၃ချိုး ၁ချိုး ရောစပ်ပြီး မှန်ကြည်ဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။

ပန်းကန်ဆေးစင်မှ ရေပေါက်တွေ ပိတ်ဆို့ပြီး ညစ်ပတ်နေတဲ့အခါ

ပန်းကန်ဆေးစင်ရဲ့ ရေဆင်းပေါက်မှာ ချေးတွေ၊ စားကြွင်းစားကျန်တွေနဲ့ တွေနဲ့ ပိတ်ဆို့ပြီး ရေမဆင်းတော့တဲ့အခါ ရှာလကာရည်ကို အသုံးပြုနိုင်ပါတယ်။ မုန့်ဖုတ်ဆို

ဒါနဲ့ ရှာလကာရည် ကို ပွတ်ပွတ်ဆူတဲ့ ရေနွေးဖြင့် ဖျော်စပ်ပြီးအဆိုပါ အပေါက်သို့ လောင်းချပေးပါ။ မိနစ် ၂၀လောက်ကြာတဲ့အခါ အဆိုပါ ပိတ်ဆို့နေတဲ့ ပိုက်လုံးကို

ခလောက်ချပေးပါ။ ပိုက်အတွင်းက ချေးတွေနဲ့ အစွန်းအထင်တွေအကုန်လုံး သန့်စင်သွားပါလိမ့်မယ်။

စိုထိုင်းတဲ့ အခန်းနံရံတွေမှိုစွဲတဲ့အခါ

မှိုစွဲနေတဲ့ အခန်းနံရံတွေကို သန့်စင်ဖို့အတွက် ရှာလကာရည်ကို အသုံးပြုနိုင်ပါတယ်။ မှိုစွဲပြီး အစွန်းအထင်တွေဖြစ်နေတဲ့ အခန်းနံရံတွေကို ရှာလကာရည် စွတ်ဖြန်းပြီး

ရေမြှုပ်တစ်ခုခုဖြင့် ပွတ်တိုက်သန့်စင်ပေးနိုင်ပါတယ်။

ပိုးမွှားအန္တရာယ်မှ ကာကွယ်ဖို့အတွက်

မီးဖိုချောင်ထဲက ပစ္စည်းတွေ ပိုးမွှားသန့်စင်ဖို့အတွက် အသုံးပြုနိုင်သလို မိုက်ခရိုဝေ့၊ စဉ့်နှီတုံး စတဲ့ ပစ္စည်းတွေမှာ ပိုးမွှားတွေ ကပ်တွယ်မနေစေရန်အတွက် ရှာလကာ

ရည်ကို အသုံးပြုနိုင်ပါတယ်။ ရှာလကာရည်နဲ့ ရေကို အချိုးတူရောစပ်ပြီးသင်အသုံးပြုမဲ့ မီးဖိုချောင်သုံးပစ္စည်းတွေမှာ စွတ်ဖြန်းပေးနိုင်ပါတယ်။

ရေချိုးခန်းမှ ရေပန်းသန့်စင်ဖို့အတွက်

ရေချိုးခန်းထဲက ရေပန်းခေါင်းမှာ ချေးတွေနဲ့ ညစ်ပတ်ပြီနေတဲ့အခါ ရှာလကာရည်နဲ့ ရေကို အချိုးတူရောစပ်ပြီး အဆိုပါ ရေပန်းခေါင်းကို ၅-၇မိနစ်လောက် အိုးထဲ

ထည့်ပြုတ်ပေးပါ။ အေးသွားတဲ့အခါ ပန်းသီးရှာလကာရှည်စွတ်ပြီး ရေမြှုပ်ဖြင့်ထပ်မံပွတ်တိုက်ပေးလိုက်ပါ။

ကလေးအဝတ်အစားများ ပိုးမွှားသန့်စင်စေဖို့အတွက်

အိမ်မွှေးတိရိစ္ဆာန်တွေကနေတစ်ဆင့် ကလေးတွေရဲ့ အဝတ်အစားတွေမှာ ပိုးမွှားများကပ်တွယ်တတ်ပါတယ်။ အဆိုပါပိုးမွှားတွေကို ဖယ်ရှားနိုင်ဖို့အတွက်အဝတ်

လျှော်တဲ့အခါ ပန်းသီးရှာလကာရည်ကို ထည့်ပြီး လျှော်ဖွတ်ပေးပါ။ အဝတ်လျှောက်စက်ဖြင့်လျှော်တဲ့အခါ ဆပ်ပြာမှုန့်နဲ့အတူ ရှာလကာရည်ပါ ထည့်ပြီး လျှော်ဖွတ်

ပေးနိုင်ပါတယ်။

ပေါင်းပင်တွေ ဖယ်ရှားစေဖို့အတွက်

ပန်းသီးရှာလကာရည် ၂၅% ကို ရေပန်းခရာတစ်ခုထဲထည့်ပြီး ရှင်းချင်တဲ့ အပင်တွေပေါ်မှာ လောင်းချပေးခြင်းဖြင့် ပေါင်းပင်တွေကို အလွယ်တကူ ဖယ်ရှားပစ်နိုင်ပါ

တယ်။

အလှငါးမွေးကန်များသန့်စင်ဖို့အတွက်

အလှငါးမွေးကန်မှာရှိတဲ့ အနည်အနှစ်နဲ့ မလိုအပ်တဲ့ အညစ်အကြေးတွေ သန့်စင်ဖို့အတွက် ရှာလကာရည်ကို အသုံးပြုနိုင်ပါတယ်။ အဆိုပါကန်ထဲကို ရှာလကာရည်

စွတ်ဖြန်းပြီး ပိတ်စ/ ပုဝါ တစ်ခုခုဖြင့် သုတ်သင်ပေးလိုက်ပါ။

မီးဖိုချောင်အခန်းသန့်စင်ဖို့အတွက်

ရှာလကာရည်နဲ့ ရေကို ရောစပ်ပြီး မီဖိုချောင်မှာရှိတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။ ချက်ပြုတ်တဲ့အခါ ဆီအစွန်းအထင်းတွေ၊ အမဲဆီ၊ အိုးမဲ စတဲ့

အစွန်းအထင်းတွေနဲ့ ပိုးမွှားများကို သန့်စင်စေတဲ့အပြင်မိုက်ခရိုဝေ့ကို သန့်စင်ဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။

တင်ပါး အသားအရေ ကြမ်းတမ်းခြင်းကို ပျောက်ကင်းစေဖို့အတွက်

ဗီတာမင် E အဆီနဲ့ ရှာလကာရည်ကို ရောစပ်ပြီး ကြမ်းတမ်းတဲ့ အသားအရေရှိတဲ့နေရာတွေကို တစ်နေ့ကို ၂ကြိမ်လောက်သုတ်လိမ်းပေးပါ။ လိမ်းတဲ့အခါ အသားထဲ

သို့ဝင်အောင် နှိပ်နယ်ပြီး လိမ်းပေးဖို့လိုအပ်ပါတယ်။ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ရလဒ်ကောင်းတွေပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။