အလွပေရးရာ

မျက်ကွင်းညိုခြင်းကို အချိန်တိုအတွင်း ပျောက်ကင်းအောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းကောင်းတွေ

မျက် ကွင်း ညို ခြင်း ကို ဖြစ် ပေါ် လာ စေ သည့် အ ဓိ အ ကြောင်း အ ရ င်း များ မှာ မျိုး ရိုး ဗီ ဇ လိုက် ခြင်း၊ အို မင်း လာ ခြင်း၊ အ သား အ ရေ ခြောက် သွေ့ ခြင်း၊

အ ချိန် ကြာကြာ ငို ကြွေး ခြင်း၊ ကွန် ပျူ တာ ရှေ့ တွင် နာ ရီ ပေါင်း များ စွာ အ လုပ် လုပ် ခြင်း၊ စိတ် ပိုင်းဆိုင် ရာ သို့ မ ဟုတ် ရုပ် ပိုင်း ဆိုင် ရာ စိတ် ဖိ စီး မှု များ၊ အိပ် ရေး ပျက် ခြင်း များ နှင့် စား

သောက်မှုပုံစံလွဲမှားနေခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။အမျိုးသား၊ အမျိုးသမီး၊ အသက်အရွယ်အပိုင်းအခြားမရွေး မျက်ကွင်းညိုခြင်း ဖြစ်ပေါ်နိုင်ပါတယ်

မျက်ကွင်းညိုခြင်းကစိုးရိမ်ရလောက်သော ပြဿနာတစ်ခုမဟုတ်သော်လည်း သင့်ကို ပင်ပန်းနွမ်းနယ်ခြင်း၊ မောပန်းခြင်း၊မကျန်းမာခြင်းနှင့်အသက်အရွယ်ကြီးခြင်းစသည့်အသွင် အပြင်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ထို့အတွက် ဤ

ကဲ့သို့ မိမိအသွင်အပြင်ကို ကြည့်ရဆိုးစေသည့်မျက်ကွင်းညိုများကို အချိန်တိုအတွင်း အလျင် အမြန်ပျောက်ကင်းဖို့အတွက်အိမ်တွင်ပင်ပြုလုပ်နိုင်သည့် နည်းလမ်းကောင်းလေးများကို ဝေမျှပေးလိုက်ရပါတယ်။

၁-အယ်လ်မွန်စေ့အဆီ မျက်လုံးတဝိုက်ရှိ နူးညံ့ပါးလွှာသောအသားအ ရေအတွက်အင်မတန်ထိရောက်ကောင်းမွန်သော သဘာဝအရောအနှောတစ်ခုဖြစ်ပါတယ်။နေ့စဉ်မှန်မှန်သုံးစွဲပေးပါက မျက်ကွင်းညိုခြင်းများကို သိသိသာသာပျောက်ကင်းသွားစေမှာပါ။

၂-သခြားသီးအသားအရေကိုဝင်းလက်စေသည့်ဓာတ်သတ္တိများပါဝင်သောကြောင့်ရက်ကွန်းမျက်ကွင်းလေးများကို သဘာဝအတိုင်းလျော့ကျသွားစေမှာဖြစ်ပါတယ်။သခွားသီးကို ထူထူလှီးပြီးနောက် ရေခဲသေတ္တာထဲ မိနစ် ၃၀ ခန့်အအေးခံကာ မျက် ဝန်းတဝိုက် ၁၀ မိနစ်မျှထားရှိပြီး ရေဖြင့်ဆေးချနိုင်ပါတယ်။

၃-အာလူးအာလူးတွင်ပါဝင်သည့် သဘာဝအစွမ်းသတ္တိဓာတ်များ သည် မျက်ကွင်း ညိုခြင်းကို ပြေလျော့စေရုံသာမကမျက်လုံးတဝိုက်ဖောင်းအစ်မှုကိုပါ ဖယ်ရှားပေးမှာဖြစ်ပါတယ်။အာလူးတစ်လုံး သို့မဟုတ် နှစ်လုံးအား အရည်ရရှိရန်အတွက် ခြစ်ပေးပါ။

ဂွမ်းလုံးကို သစ်သီးအရည်ထဲသို့နှစ်ကာမှိတ်ထားသည့်မျက် လုံးပေါ်သို့ ဖုံးအုပ်ပေးပါ။၁၀ မိနစ် မှ ၁၅ မိနစ်အထိထားပေးပြီးနောက်ရေအေးဖြင့် ဆေးကြောနိုင်ပါတယ်။

၄-နှင်းဆီပန်းအရည်ပင်ပန်းနွမ်းနယ်နေသည့် မျက်လုံးများကို ပြန်လည်ပြေလျော့စေသည့် အစွမ်းရှိရုံသာမကအသားအရေအတွက် T o n e r အဖြစ်လည်း အသုံးပြုနိုင်ပါသေးတယ်။

၅-ခရမ်းချဉ်သီးခရမ်းချဉ်သီးသည် အ သားအရေကို နဂိုမူလအတိုင်းပြန်လည်ဝင်းပလာစေနိုင်ပါတယ်။ခရမ်းချဉ်သီးဖျော်ရည်တစ်ဇွန်းနှင့် သံပရိုသီးအရည်ဇွန်းတဝက်ခန့်ကို ရောစပ်ကာမျက်ကွင်းညိုများအပေါ် ၁၀ မိနစ် ထားရှိပြီးနောက် ရေဖြင့်ဆေးချနိုင်ပါတယ်။

၆-သံပရိုရည်ဗီတာမင်စီပါဝင်မှုကြောင့် မျက်လုံးတဝိုက်ရှိ မျက်ကွင်းအညိုများကို ဖယ်ရှားရန်ကူညီပေးနိုင်ပါတယ်။ဝါဂွမ်းလုံးကို အသုံးပြုကာ လတ်ဆတ်သည့်သံပရိုသီးအရည်ကို မျက်လုံးတဝိုက်လိမ်းခြယ်ပေး၍ ၁၀ မိနစ်ခန့်ထားရှိပြီးနောက် ရေဖြင့်ဆေးကြောနိုင်ပါတယ်။

၇- အုန်းဆီအုန်းဆီကို အ သုံးပြုကာ မျက်ကွင်းအညိုများကိုနှိပ်နယ်ပေးခြင်းကလည်း ထိရောက်သောနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။အစိုဓာတ်ဖြည့်အစွမ်းသတ္တိကြောင့် ချောမွေ့သောအသားအရေနှင့်အရေးအ ကြောင်းများ၊ ပါးရေတွန့်ခြင်းတို့မှလည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။

၈-လက် ဖက်ရည်ကြမ်းအထုပ်များကဖင်းဓာတ်နှင့် A n t i o x i d a n t ဓာတ်များသည် မျက်ကွင်းညိုခြင်းကိုသာမက မျက် လုံးဖောင်းအစ်ခြင်းကိုပါဖယ်ရှားပေးနိုင်ပါတယ်ရေခဲသေတ္တာထဲ နာရီဝက်ခန့်ထားရှိပြီး ၁၀ မိနစ် မှ ၁၅ မိနစ်အထိမျက်လုံးတဖက်စီအပေါ် တင်ထားပြီးနောက် မျက်နှာသစ်ပေးနိုင်ပါတယ်။

၉-ရေအေးကပ်ခြင်းရေခဲကပ်သည့်အခါ မျက် လုံး ယအောက်ရှိ သွေးကြောများကို ပြန်လည်တင်းကြပ်စေသည့်အတွက်မျက်လုံးဖောင်းအစ်ခြင်း၊ မျက်ကွင်းညိုခြင်းများကို လျော့ကျစေရန်ကူညီပေးမှာဖြစ်ပါတယ်။

အဝတ်ကိုရေအေးထဲနှစ်ခြင်း၊ ရေခဲတုံးများကို လက်ကိုင်ပုဝါထဲထည့်ခြင်း၊ ဇွန်းကိုအအေးခံခြင်းစသည့်နည်းလမ်းများကိုအသုံးပြုပေးနိုင်ပါတယ်။

၁၀-နနွင်းမျက်ကွင်း ညိုခြင်းကို သက်သာစေရုံသာမက မျက်လုံးတဝိုက်ရှိအသား အရေကိုနူးညံ့ချောမွတ်မှုရှိစေရန် ကူညီပေးမှာဖြစ်ပါတယ်။

နနွင်းမှုန့်ကိုလက်ဖက် ရည်ဇွန်းနှင့်နှစ်ဇွန်းကို နာနတ်သီးအရည်နှင့်ရောမွှေပေးပြီး ဖြစ်ပေါ်နေသည့်နေရာများသို့ လိမ်းခြယ်ပေးပါ။၁၀ မိနစ်ခန့်ထားရှိပြီးသည့်နောက် နူးညံ့သည့်ရေစိုဝတ်နှင့်သုတ်ပေးနိုင်ပါတယ်။

crd