ဗဟုသုတ

သမီးရွင္မိဘမ်ား ဖတ္ၾကည့္ျပီး… ဂရုစိုက္ဆံုးမေပးသင့္သည့္ အရာ…

”ကို ကို့သမီးကိုပြောဦး… ရှစ်တန်းပဲရှိသေးတယ် ရည်းစားစာ အပေးခံနေရပြီ ” ” ဟ အဲ့ဒါ ကလေးက ဘာမှားလို့လဲ…? ” ” ဘာမှားရမှာလဲ ဒီအရွယ်လေးနဲ့ ပဲများတာကိုး ပေးမှာပေါ့ ”

”ဟ သူလှချင်တာ အပြစ်လားဟ…? ” ”ကိုမပြောရင် မေပြောလိုက်မယ်…ကို က စကားပိုပေါက်လို့” ” နေနေ… ငါ ပဲပြောလိုက်မယ်” ” သမီး ” ” ရှင် ဖေဖေ ””ကျောင်းမှာ အဆင်ပြေလား…? ” ” ပြေပါတယ် ဖေဖေ ” ” သမီးကို မေမေ ဘာပြောသေးလဲ…? ”

” ဒီအရွယ်လေးနဲ့ ပဲသိပ်များနဲ့ တဲ့… သူတို့တုန်းက ဒီအရွယ် ကလေးလိုနေတာ တဲ့ ” ” သမီး ကလေးဟုတ်လား မဟုတ်လား သမီးအသိဆုံးပဲ…..ဖေဖေတို့ မျက်လုံးထဲမှာတော့ သမီးက ကလေးပဲ… ဒါပေမယ့် သမီးက ၁၃နှစ်သမီးဖြစ်နေ ပြီ… သမီးအပျိုဖော်ဝင်နေပြီ ”

” ဟာ ဖေဖေကလည်း… သမီးက ကလေးပဲရှိသေးတာ ” ကျနော် ရယ်မိတယ်။ ကလေးတွေကလည်း
အဖေအမေကို ဒီလိုဂျင်းထည့်တတ်သား… ” သမီး လှချင်တာကို ဖေဖေ သဘောကျတယ်…

လှတယ်ဆိုတာလည်း အားသာချက် တစ်ခုပဲ… လှတဲ့မိန်းကလေးက အလှတရားနဲ့ဆိုင်တဲ့ကဏ္ဍမှာ ယုံကြည်ချက်ရှိတယ် ။ သမီးလှချင်တာကို ဖေဖေသဘောကျ တယ်… တစ်ခုပဲ…ဘာကြောင့်လှသင့်တယ်ဆိုတာကို သမီးသဘောပေါက်ရမယ်…။ ”

” ရှင် ” ” လှချင်တယ်ဆိုတာ မိမိကိုယ်မိမိ တင့်တယ်အောင် ပြင်ဆင်ခြင်းပဲသမီး… သမီးက ခြံလေးကိုလှအောင်ပြင်တယ်ဆိုပါစို့… သမီးခြံလေးကို လူတိုင်းကငေးမယ် သဘောကျမယ် ဆို သမီးမပျော်ဘူးလား ?? ”

” ပျော်မှာပေါ့ ဖေဖေ ” ” အဲ့ဒီ ခြံလှလှလေးထဲကို တွေ့သမျှ လူအဝင်ခံမလား…? ”” အဝင်မခံဘူး ဖေဖေ ”” ဘာလုပ်သင့်လဲ… ? ” ” ခြံစည်းရိုးကာရမယ် ”

” ဒီ သဘောပါပဲ ! သမီး ခြံလေးကို လှအောင်ပြင်သလို သမီးကိုယ်သမီး လှအောင်ပြင်ပါ… ခြံလှလှလေးကိုငေးသလို သမီးကိုငေးတဲ့အခါ ကျေနပ်ပါ… ဂုဏ်ယူပါ…။တွေ့သမျှလူတော့ သမီးနားကို မကပ်စေနဲ့… သမီး…အိန္ဒြေ ကို ခြံစည်းရိုးလို ကာ,ထားပါ… ဖေဖေပြောတာ သဘောပေါက်ရဲ့လား ? ”

”ဟုတ်ကဲ့ပါ ဖေဖေ” ”သမီး စာပေးခံရတယ်ဆို ””ဟုတ်တယ်” ” ဘယ်လိုခံစားရလဲ…?” ”ရှက်လည်းရှက်တယ်…ကြောက်လည်းကြောက်တယ်”

” မယုံကြည်မှုဟာ ရှက်ခြင်းကိုဖြစ်စေတယ် သမီး… သမီးကိုယ်သမီး ယုံကြည်မှုမရှိလို့ သမီးရှက်နေတာ… သမီး စာပေးခံရတာကို သမီးက ဘာမှားလို့ရှက်နေတာလဲ…သမီးယူခဲ့လား…? ”

” မယူခဲ့ဘူးဖေဖေ ထွက်ပြေးလာတာ…”” သတ္တိဟာ ကာယခွန်အားမှာမတည်ဘူး သမီး ယုံကြည်ချက်မှာ တည်တယ်…သမီးမမှားဘူးဆိုရင် ရင်ဆိုင်ရဲရမယ်။

ထွက်ပြေးလာစရာမလိုဘူး အဲ့ဒါက… ပါးရိုက်ဖို့ ဆဲဆိုဖို့ပြောတာမဟုတ်ဘူး…။ အိန္ဒြေရရ ငြင်းရဲဖို့ပဲ
မအော်ဘူး မငေါက်ဘူး.. sorry ပါလောက်ကို ခပ်တည်တည် ပြောပြီး ထွက်လာခဲ့ သမီး…။

ကိုယ်ထိလက်ရောက် ဖြစ်ရင်တော့ဖေဖေတို့ပါ ရှင်းပေးမယ်…” ”ရှင်ကလည်း ဒီစကားတွေပြော
ဖို့ ကလေးက ငယ်မနေဘူးလား ?” ” အေး မိန်းမရေ … ငါရှစ်တန်းတုန်းက တော့ ရှစ်တန်းကျောင်းသူတွေကို ကလေးလို့ မမြင်ခဲ့တာတော့ အမှန်ပဲ”

သမီးက ဒီစကားကြားတော့ ရယ်တယ် ။ သမီးစိတ်ကို ကျနော်မြင်နေရပါတယ် ။ဆေးပညာအရလည်း ဟော်မုန်းတွေ ပြောင်းလာရင် စိတ်ကစားတတ်လာ တာ ကျနော်သိနေပြီးသားပဲ။ ဒါဟာ အပြစ်မဟုတ်ဘူး။ ဒါဟာ သဘာဝ…။

သမီးအပေါ်ကို ကျနော်နားလည်နိုင် အောင်ကြိုးစားရမယ်…။ ”သမီး သမီး အိုးပုတ်ဂျိုးရုပ် ကစားချင် သေးလား…?”” ဟင့်အင်း ဖေဖေ ပျင်းစရာကြီးကို” ”သမီးငယ်ငယ်တုန်းကတော့ တော်တော်ဆော့ပါတယ် ။ ဖေဖေဖွက်ထားလို့တောင် သမီးငိုသေးတယ်…မှတ်မိလား ?”

”မှတ်မိတာပေါ့ ဖေဖေကလည်း သမီးတောင် ငိုသေးတဲ့ဟာကို” ”အေး သမီး အဲ့ဒါဖေဖေ ရည်ရွယ်ချက်ရှိရှိဖွက်ခဲ့တာ…အဲ့ဒီတုန်းကတော့ အိုးပုတ်တွေကသာပျော်စရာလို့ သမီးကထင်ခဲ့တယ်။ သမီးက ကလေးပဲရှိသေးတာကိုး…။ ဉာဏ်ရည်နိမ့်သေးတာကိုး။

ဖေဖေတို့အတွက် အဓိပ္ပယ်မရှိတဲ့ အိုးပုတ်လေးက သမီးအတွက် အဓိပ္ပယ်ရှိခဲ့ဖူးတယ်…။ ဒီအရွယ်မှာ ဆော့ဆိုရင် သမီးဆော့မှာမဟုတ်တော့ဘူး…!!! အဲ့ဒိအရွယ်တုန်းကတော့ ဖွက်ခဲ့တဲ့ဖေဖေ့ကို သမီးစိတ်တိုခဲ့တယ်လေ…”

” ဖေဖေက ဘာပြောချင်တာလဲ…? ”
” လာမယ်လေ…အခုသမီး ဒီအရွယ်… အပျိုဖော်ဝင်စအရွယ်… သမီးရင်ခုန်တတ်လာမယ် ။ကောင်လေးတွေချောရင် သဘောကျ တတ်လာမယ်…။ သမီး အသက်အရွယ်မှာတော့ အဲ့ဒါဟာ သိပ်ပျော်စရာပဲ….။

ဖေဖေတို့ကတားရင် သမီးအိုးပုတ်လေးကို ဖွက်ခဲ့သလို သမီး ဖေဖေ့ကို စိတ်တိုမယ်…သမီး ငယ်ငယ်က သမီးဆော့ခဲ့တဲ့ အိုးပုတ်ဂျိုးရုပ်က သမီးကို ဒုက္ခမပေးဘူး… အဓိပ္ပာယ်မရှိမှန်း သိရက်နဲ့ သမီးပျော်ပါစေဆိုပြီး…ဖေဖေတို့ ခွင့်ပြု ခဲ့တယ်…။

အခုဒီအရွယ်မှာ သမီးရဲ့ အိုးပုတ်ဂျိုးရုပ်လေးကို ဖွက်ရလိမ့်ဦးမယ်။ ဒီအရွယ်မှာ ဆော့ချင်မယ့် အိုးပုတ်ဂျိုးရုပ်က အန္တရာယ်ရှိတယ် ”” ရှင် ”” ဖေဖေမကြိုက်တဲ့ ခေါက်ရိုးကျိုးစကားလုံးတွေ ရှိတယ် ။

ကလေးလိုပဲနေ… ရည်းစားမထားနဲ့ စိတ်မကစားနဲ့ စတဲ့စကားတွေပေါ့…ခေတ်အဆက်ဆက်ပြောခဲ ေခေတ်အဆက်ဆက်ဖီဆန်ခဲ့…ဖေဖေကတော့ ဖောက်ထွက်မယ် သမီးကို ရည်းစားမထားနဲ့လို့မပြောဘူး ။

ဒီအရွယ်မှာ ရည်းစားထားရင် မှားတယ်လို့ပြောမယ် ။ သမီးကို အမိန့်မပေးဘူး ပညာပဲ ပေးမယ်… သမီးကို ဖေဖေယုံကြည်နေသ၍ အမိန့်မပေးဘူး အကြံပဲပေးမယ်…။ သမီး သိမှာပါ… ဖေဖေက သမီးစာကြည့်လို့ အမိန့်မပေးခဲ့ဘူး ။ သမီးကို စာကြည့်သင့်ကြောင်းပဲပြောခဲ့တာ… သမီးနားလည်ရဲ့လား…? ”

”ဟုတ်ကဲ့ ဖေဖေ ”” သမီးက ဖေဖေတို့အတွက် ကလေးပါ ။ ဒါပေမယ့် လူ့ပါတ်ဝန်းကျင်မှာ သမီး က ကလေးမဟုတ်တော့ဘူး။ ဒီတော့ ယုံကြည်ရဲရင့်ပါ၊ အိန္ဒြေရပါ… သမီးအပျိုဖြစ်နေပြီ…”

” ဟာ ဖေဖေကလည်း ”” အေ့လေ ကိုကလည်း သမီးလေးကို ”” ငါတို့အတွက် ကလေးလေးပါပဲ…ဒါပေမယ့် သမီးက ငါ့တို့အတွက်ချည်းဖြစ်လာတာမဟုတ်ဘူး ။ သူ့အတွက်သူ ဖြစ်လာတာ… ဒါငါ့တို့အတွက် အသက်သိစရာမလိုတဲ့ကလေး ၊ လူ့အဖွဲ့အစည်းအတွက် ၁၃ နှစ်အရွယ် အပျိုပေါက်မလေး…”

ဒီစကားတွေဟာ တစ်ထိုင်တည်းပြောဖို့တော့ အဆင်မပြေလောက်ဘူး ။ ဒါပေမယ့်… ဖခင်တစ်ယောက်အဖြစ် သမီးအပေါ်မှာ ပွင့်လင်း ရဲရင့်သင့် တယ်… ။ သဘာဝဟာ အပြစ်မဟုတ်ဘူး ။ ဒါကိုလည်း နားလည်ပေးရမယ် ။

အဲ့ဒိသဘာဝဟာ မထိန်းကြောင်းနိုင် ရင် အဲ့ဒီသဘာဝလေဒဏ်ကို မခံနိုင်ရင် လှေကလေးမှောက သွားလိမ့်မယ်…။ လေကိုမတိုက်နဲ့ တားမရလို့လှေကိုပဲ မမှောက်အောင်ထိန်းရမယ်..။

” သမီးလေးရေ… လူဆိုတာလောကဓံလှိုင်းချက်တွေအပေါ်ကလှေကလေးပါ။ လူးမယ် လွန့်မယ်လှေလေးမမှောက်ဖို့……မိမိမှာသာ တာဝန်ရှိပါတယ်…”

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Zawgyi

”ကို ကို႔သမီးကိုေျပာဦး… ရွစ္တန္းပဲရွိေသးတယ္ ရည္းစားစာ အေပးခံေနရၿပီ ” ” ဟ အဲ့ဒါ ကေလးက ဘာမွားလို႔လဲ…? ” ” ဘာမွားရမွာလဲ ဒီအ႐ြယ္ေလးနဲ႔ ပဲမ်ားတာကိုး ေပးမွာေပါ့ ”

”ဟ သူလွခ်င္တာ အျပစ္လားဟ…? ” ”ကိုမေျပာရင္ ေမေျပာလိုက္မယ္…ကို က စကားပိုေပါက္လို႔” ” ေနေန… ငါ ပဲေျပာလိုက္မယ္” ” သမီး ” ” ရွင္ ေဖေဖ ””ေက်ာင္းမွာ အဆင္ေျပလား…? ” ” ေျပပါတယ္ ေဖေဖ ” ” သမီးကို ေမေမ ဘာေျပာေသးလဲ…? ”

” ဒီအ႐ြယ္ေလးနဲ႔ ပဲသိပ္မ်ားနဲ႔ တဲ့… သူတို႔တုန္းက ဒီအ႐ြယ္ ကေလးလိုေနတာ တဲ့ ” ” သမီး ကေလးဟုတ္လား မဟုတ္လား သမီးအသိဆုံးပဲ…..ေဖေဖတို႔ မ်က္လုံးထဲမွာေတာ့ သမီးက ကေလးပဲ… ဒါေပမယ့္ သမီးက ၁၃ႏွစ္သမီးျဖစ္ေန ၿပီ… သမီးအပ်ိဳေဖာ္ဝင္ေနၿပီ ”

” ဟာ ေဖေဖကလည္း… သမီးက ကေလးပဲရွိေသးတာ ” က်ေနာ္ ရယ္မိတယ္။ ကေလးေတြကလည္း
အေဖအေမကို ဒီလိုဂ်င္းထည့္တတ္သား… ” သမီး လွခ်င္တာကို ေဖေဖ သေဘာက်တယ္…

လွတယ္ဆိုတာလည္း အားသာခ်က္ တစ္ခုပဲ… လွတဲ့မိန္းကေလးက အလွတရားနဲ႔ဆိုင္တဲ့က႑မွာ ယုံၾကည္ခ်က္ရွိတယ္ ။ သမီးလွခ်င္တာကို ေဖေဖသေဘာက် တယ္… တစ္ခုပဲ…ဘာေၾကာင့္လွသင့္တယ္ဆိုတာကို သမီးသေဘာေပါက္ရမယ္…။ ”

” ရွင္ ” ” လွခ်င္တယ္ဆိုတာ မိမိကိုယ္မိမိ တင့္တယ္ေအာင္ ျပင္ဆင္ျခင္းပဲသမီး… သမီးက ၿခံေလးကိုလွေအာင္ျပင္တယ္ဆိုပါစို႔… သမီးၿခံေလးကို လူတိုင္းကေငးမယ္ သေဘာက်မယ္ ဆို သမီးမေပ်ာ္ဘူးလား ?? ”

” ေပ်ာ္မွာေပါ့ ေဖေဖ ” ” အဲ့ဒီ ၿခံလွလွေလးထဲကို ေတြ႕သမွ် လူအဝင္ခံမလား…? ”” အဝင္မခံဘူး ေဖေဖ ”” ဘာလုပ္သင့္လဲ… ? ” ” ၿခံစည္း႐ိုးကာရမယ္ ”

” ဒီ သေဘာပါပဲ ! သမီး ၿခံေလးကို လွေအာင္ျပင္သလို သမီးကိုယ္သမီး လွေအာင္ျပင္ပါ… ၿခံလွလွေလးကိုေငးသလို သမီးကိုေငးတဲ့အခါ ေက်နပ္ပါ… ဂုဏ္ယူပါ…။ေတြ႕သမွ်လူေတာ့ သမီးနားကို မကပ္ေစနဲ႔… သမီး…အိေျႏၵ ကို ၿခံစည္း႐ိုးလို ကာ,ထားပါ… ေဖေဖေျပာတာ သေဘာေပါက္ရဲ႕လား ? ”

”ဟုတ္ကဲ့ပါ ေဖေဖ” ”သမီး စာေပးခံရတယ္ဆို ””ဟုတ္တယ္” ” ဘယ္လိုခံစားရလဲ…?” ”ရွက္လည္းရွက္တယ္…ေၾကာက္လည္းေၾကာက္တယ္”

” မယုံၾကည္မႈဟာ ရွက္ျခင္းကိုျဖစ္ေစတယ္ သမီး… သမီးကိုယ္သမီး ယုံၾကည္မႈမရွိလို႔ သမီးရွက္ေနတာ… သမီး စာေပးခံရတာကို သမီးက ဘာမွားလို႔ရွက္ေနတာလဲ…သမီးယူခဲ့လား…? ”

” မယူခဲ့ဘူးေဖေဖ ထြက္ေျပးလာတာ…”” သတၱိဟာ ကာယခြန္အားမွာမတည္ဘူး သမီး ယုံၾကည္ခ်က္မွာ တည္တယ္…သမီးမမွားဘူးဆိုရင္ ရင္ဆိုင္ရဲရမယ္။

ထြက္ေျပးလာစရာမလိုဘူး အဲ့ဒါက… ပါး႐ိုက္ဖို႔ ဆဲဆိုဖို႔ေျပာတာမဟုတ္ဘူး…။ အိေျႏၵရရ ျငင္းရဲဖို႔ပဲ
မေအာ္ဘူး မေငါက္ဘူး.. sorry ပါေလာက္ကို ခပ္တည္တည္ ေျပာၿပီး ထြက္လာခဲ့ သမီး…။

ကိုယ္ထိလက္ေရာက္ ျဖစ္ရင္ေတာ့ေဖေဖတို႔ပါ ရွင္းေပးမယ္…” ”ရွင္ကလည္း ဒီစကားေတြေျပာ
ဖို႔ ကေလးက ငယ္မေနဘူးလား ?” ” ေအး မိန္းမေရ … ငါရွစ္တန္းတုန္းက ေတာ့ ရွစ္တန္းေက်ာင္းသူေတြကို ကေလးလို႔ မျမင္ခဲ့တာေတာ့ အမွန္ပဲ”

သမီးက ဒီစကားၾကားေတာ့ ရယ္တယ္ ။ သမီးစိတ္ကို က်ေနာ္ျမင္ေနရပါတယ္ ။ေဆးပညာအရလည္း ေဟာ္မုန္းေတြ ေျပာင္းလာရင္ စိတ္ကစားတတ္လာ တာ က်ေနာ္သိေနၿပီးသားပဲ။ ဒါဟာ အျပစ္မဟုတ္ဘူး။ ဒါဟာ သဘာဝ…။

သမီးအေပၚကို က်ေနာ္နားလည္ႏိုင္ ေအာင္ႀကိဳးစားရမယ္…။ ”သမီး သမီး အိုးပုတ္ဂ်ိဳး႐ုပ္ ကစားခ်င္ ေသးလား…?”” ဟင့္အင္း ေဖေဖ ပ်င္းစရာႀကီးကို” ”သမီးငယ္ငယ္တုန္းကေတာ့ ေတာ္ေတာ္ေဆာ့ပါတယ္ ။ ေဖေဖဖြက္ထားလို႔ေတာင္ သမီးငိုေသးတယ္…မွတ္မိလား ?”

”မွတ္မိတာေပါ့ ေဖေဖကလည္း သမီးေတာင္ ငိုေသးတဲ့ဟာကို” ”ေအး သမီး အဲ့ဒါေဖေဖ ရည္႐ြယ္ခ်က္ရွိရွိဖြက္ခဲ့တာ…အဲ့ဒီတုန္းကေတာ့ အိုးပုတ္ေတြကသာေပ်ာ္စရာလို႔ သမီးကထင္ခဲ့တယ္။ သမီးက ကေလးပဲရွိေသးတာကိုး…။ ဥာဏ္ရည္နိမ့္ေသးတာကိုး။

ေဖေဖတို႔အတြက္ အဓိပၸယ္မရွိတဲ့ အိုးပုတ္ေလးက သမီးအတြက္ အဓိပၸယ္ရွိခဲ့ဖူးတယ္…။ ဒီအ႐ြယ္မွာ ေဆာ့ဆိုရင္ သမီးေဆာ့မွာမဟုတ္ေတာ့ဘူး…!!! အဲ့ဒိအ႐ြယ္တုန္းကေတာ့ ဖြက္ခဲ့တဲ့ေဖေဖ့ကို သမီးစိတ္တိုခဲ့တယ္ေလ…”

” ေဖေဖက ဘာေျပာခ်င္တာလဲ…? ”
” လာမယ္ေလ…အခုသမီး ဒီအ႐ြယ္… အပ်ိဳေဖာ္ဝင္စအ႐ြယ္… သမီးရင္ခုန္တတ္လာမယ္ ။ေကာင္ေလးေတြေခ်ာရင္ သေဘာက် တတ္လာမယ္…။ သမီး အသက္အ႐ြယ္မွာေတာ့ အဲ့ဒါဟာ သိပ္ေပ်ာ္စရာပဲ….။

ေဖေဖတို႔ကတားရင္ သမီးအိုးပုတ္ေလးကို ဖြက္ခဲ့သလို သမီး ေဖေဖ့ကို စိတ္တိုမယ္…သမီး ငယ္ငယ္က သမီးေဆာ့ခဲ့တဲ့ အိုးပုတ္ဂ်ိဳး႐ုပ္က သမီးကို ဒုကၡမေပးဘူး… အဓိပၸာယ္မရွိမွန္း သိရက္နဲ႔ သမီးေပ်ာ္ပါေစဆိုၿပီး…ေဖေဖတို႔ ခြင့္ျပဳ ခဲ့တယ္…။

အခုဒီအ႐ြယ္မွာ သမီးရဲ႕ အိုးပုတ္ဂ်ိဳး႐ုပ္ေလးကို ဖြက္ရလိမ့္ဦးမယ္။ ဒီအ႐ြယ္မွာ ေဆာ့ခ်င္မယ့္ အိုးပုတ္ဂ်ိဳး႐ုပ္က အႏၲရာယ္ရွိတယ္ ”” ရွင္ ”” ေဖေဖမႀကိဳက္တဲ့ ေခါက္႐ိုးက်ိဳးစကားလုံးေတြ ရွိတယ္ ။

ကေလးလိုပဲေန… ရည္းစားမထားနဲ႔ စိတ္မကစားနဲ႔ စတဲ့စကားေတြေပါ့…ေခတ္အဆက္ဆက္ေျပာခဲ ေေခတ္အဆက္ဆက္ဖီဆန္ခဲ့…ေဖေဖကေတာ့ ေဖာက္ထြက္မယ္ သမီးကို ရည္းစားမထားနဲ႔လို႔မေျပာဘူး ။

ဒီအ႐ြယ္မွာ ရည္းစားထားရင္ မွားတယ္လို႔ေျပာမယ္ ။ သမီးကို အမိန္႔မေပးဘူး ပညာပဲ ေပးမယ္… သမီးကို ေဖေဖယုံၾကည္ေနသ၍ အမိန္႔မေပးဘူး အႀကံပဲေပးမယ္…။ သမီး သိမွာပါ… ေဖေဖက သမီးစာၾကည့္လို႔ အမိန္႔မေပးခဲ့ဘူး ။ သမီးကို စာၾကည့္သင့္ေၾကာင္းပဲေျပာခဲ့တာ… သမီးနားလည္ရဲ႕လား…? ”

”ဟုတ္ကဲ့ ေဖေဖ ”” သမီးက ေဖေဖတို႔အတြက္ ကေလးပါ ။ ဒါေပမယ့္ လူ႔ပါတ္ဝန္းက်င္မွာ သမီး က ကေလးမဟုတ္ေတာ့ဘူး။ ဒီေတာ့ ယုံၾကည္ရဲရင့္ပါ၊ အိေျႏၵရပါ… သမီးအပ်ိဳျဖစ္ေနၿပီ…”

” ဟာ ေဖေဖကလည္း ”” ေအ့ေလ ကိုကလည္း သမီးေလးကို ”” ငါတို႔အတြက္ ကေလးေလးပါပဲ…ဒါေပမယ့္ သမီးက ငါ့တို႔အတြက္ခ်ည္းျဖစ္လာတာမဟုတ္ဘူး ။ သူ႔အတြက္သူ ျဖစ္လာတာ… ဒါငါ့တို႔အတြက္ အသက္သိစရာမလိုတဲ့ကေလး ၊ လူ႔အဖြဲ႕အစည္းအတြက္ ၁၃ ႏွစ္အ႐ြယ္ အပ်ိဳေပါက္မေလး…”

ဒီစကားေတြဟာ တစ္ထိုင္တည္းေျပာဖို႔ေတာ့ အဆင္မေျပေလာက္ဘူး ။ ဒါေပမယ့္… ဖခင္တစ္ေယာက္အျဖစ္ သမီးအေပၚမွာ ပြင့္လင္း ရဲရင့္သင့္ တယ္… ။ သဘာဝဟာ အျပစ္မဟုတ္ဘူး ။ ဒါကိုလည္း နားလည္ေပးရမယ္ ။

အဲ့ဒိသဘာဝဟာ မထိန္းေၾကာင္းႏိုင္ ရင္ အဲ့ဒီသဘာဝေလဒဏ္ကို မခံႏိုင္ရင္ ေလွကေလးေမွာက သြားလိမ့္မယ္…။ ေလကိုမတိုက္နဲ႔ တားမရလို႔ေလွကိုပဲ မေမွာက္ေအာင္ထိန္းရမယ္..။

” သမီးေလးေရ… လူဆိုတာေလာကဓံလႈိင္းခ်က္ေတြအေပၚကေလွကေလးပါ။ လူးမယ္ လြန္႔မယ္ေလွေလးမေမွာက္ဖို႔……မိမိမွာသာ တာဝန္ရွိပါတယ္…”

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။