ၾကားသိရသမွ်

အားလပ်ရက်နဲ့ နှစ်သစ်ကူးမဲ့ကာလမှာ အရုပ်များရောင်းရင်း ငါးရက်တည်းနဲ့ ၅၁ သိန်းကျော်ရရှိခဲ့ကြောင်းကိုထုတ်ဖော်ပြောပြခဲ့တဲ့ အမျိုးသား

နှစ်သစ်ရောက်တော့မယ်ဆိုတိုင်း ကျွန်တော်တို့က ကျွန်တော်တို့ရဲ့တူ၊တူမလေးတွေ နဲ့ ကလေးတွေအတွက် ကစားစရာပစ္စည်းတွေဝယ်ပေးလေ့ရှိပြီး ညဆယ့်နှစ်နာရီအထိ အတူတူ ပျော်မြူးစွာ စားပွဲကျင်းပကြလေ့ရှိပါတယ်။ အထူးသဖြင့် ကျွန်တော်တို့မှာ အချို့သော ဆူညံသံများက မကောင်းတဲ့အရာတွေကို ဖယ်ရှားပေးတယ်လို့ ဆိုကြတာကြောင့် နှစ်သစ်မှာ ကံကောင်းခြင်းများ အလွယ်တကူ ရောက်ရှိလာနိုင်စေရန်အတွက် မီးရှူးမီးပန်းများ ဖောက်ခြင်းက ကမ္ဘာတစ်ဝှမ်းရှိ နှစ်သစ်ကူးရိုးရာဓလေ့တစ်ခု ဖြစ်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာ အင်တာနက်အသုံးပြုသူ Leonel Orendain အမည်ရှိအမျိုးသားတစ်ဦးက လွန်ခဲ့သည့်အားလပ်ရက်နှင့်နှစ်သစ်ကူးမဲ့ကာလမှာ Torotot များနှင့် အရုပ်များကို ရောင်းချခဲ့ပြီး ၊

ထိုငါးရက်အတွင်း ရောင်းငွေ PHP 150,000 ( 51 သိန်းကျော် ) အထိရရှိခဲ့ကြောင်းကို အံ့ဩစရာကောင်းအောင် ၎င်းရဲ့ Facebook မှာ မျှဝေခဲ့ပါတယ်။ Leonel က 2021 ခုနှစ် ဒီဇင်ဘာလ 28 ရက်နေ့ မှ 31 ရက်နေ့အထိသာ ဖိလစ်ပိုင် Tagaytay မြို့မှာ ကလေးကစားစရာများနှင့် အခြားနှစ်သစ်ကူးအရုပ်များကို ရောင်းချကြောင်းလည်း ၎င်းရဲ့ Facebook မှာ ရေးသားထားခဲ့ပါတယ်။

ထို့ပြင် “ ဒါက တစ်နှစ်တာလုံး ကျွန်တော်ရဲ့ကံကောင်းခြင်းရဲ့ တကယ့်အခြေခံက ကြိုးစားအားထုတ်မှုနဲ့ ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်းကြောင့်ပါပဲ ၊ ဇွဲလုံ့လသာရှိရင် ဘုရားသခင်ဆီကနေ မျှော်လင့်မထားတဲ့ ကောင်းချီးတွေ ဧကန်စင်စစ် ကောင်းကြီးပေးခံရလိမ့်မယ်၊ ကျွန်တော်ကတော့ ငါးရက်တည်းနဲ့ နှစ်သစ်ကူးကာလမှာ php 150,000 ရရှိခဲ့တယ်ဗျာ ” လို့လည်း ရေးသားထားခဲ့ပါသေးတယ်။

.

.

.

.

.

.

Mia (KB Chimmy one)

Reference : everytruenews24

Zawgyi

ႏွစ္သစ္ေရာက္ေတာ့မယ္ဆိုတိုင္း ကြၽန္ေတာ္တို႔က ကြၽန္ေတာ္တို႔ရဲ႕တူ၊တူမေလးေတြ နဲ႔ ကေလးေတြအတြက္ ကစားစရာပစၥည္းေတြဝယ္ေပးေလ့ရွိၿပီး ညဆယ့္ႏွစ္နာရီအထိ အတူတူ ေပ်ာ္ျမဴးစြာ စားပြဲက်င္းပၾကေလ့ရွိပါတယ္။ အထူးသျဖင့္ ကြၽန္ေတာ္တို႔မွာ အခ်ိဳ႕ေသာ ဆူညံသံမ်ားက မေကာင္းတဲ့အရာေတြကို ဖယ္ရွားေပးတယ္လို႔ ဆိုၾကတာေၾကာင့္ ႏွစ္သစ္မွာ ကံေကာင္းျခင္းမ်ား အလြယ္တကူ ေရာက္ရွိလာႏိုင္ေစရန္အတြက္ မီးရႉးမီးပန္းမ်ား ေဖာက္ျခင္းက ကမာၻတစ္ဝွမ္းရွိ ႏွစ္သစ္ကူး႐ိုးရာဓေလ့တစ္ခု ျဖစ္လာခဲ့ပါတယ္။ တစ္ခ်ိန္တည္းမွာ အင္တာနက္အသုံးျပဳသူ Leonel Orendain အမည္ရွိအမ်ိဳးသားတစ္ဦးက လြန္ခဲ့သည့္အားလပ္ရက္ႏွင့္ႏွစ္သစ္ကူးမဲ့ကာလမွာ Torotot မ်ားႏွင့္ အ႐ုပ္မ်ားကို ေရာင္းခ်ခဲ့ၿပီး ၊

ထိုငါးရက္အတြင္း ေရာင္းေငြ PHP 150,000 ( 51 သိန္းေက်ာ္ ) အထိရရွိခဲ့ေၾကာင္းကို အံ့ဩစရာေကာင္းေအာင္ ၎ရဲ႕ Facebook မွာ မွ်ေဝခဲ့ပါတယ္။ Leonel က 2021 ခုႏွစ္ ဒီဇင္ဘာလ 28 ရက္ေန႔ မွ 31 ရက္ေန႔အထိသာ ဖိလစ္ပိုင္ Tagaytay ၿမိဳ႕မွာ ကေလးကစားစရာမ်ားႏွင့္ အျခားႏွစ္သစ္ကူးအ႐ုပ္မ်ားကို ေရာင္းခ်ေၾကာင္းလည္း ၎ရဲ႕ Facebook မွာ ေရးသားထားခဲ့ပါတယ္။

ထို႔ျပင္ “ ဒါက တစ္ႏွစ္တာလုံး ကြၽန္ေတာ္ရဲ႕ကံေကာင္းျခင္းရဲ႕ တကယ့္အေျခခံက ႀကိဳးစားအားထုတ္မႈနဲ႔ ဘုရားသခင္ကို ယုံၾကည္ကိုးစားျခင္းေၾကာင့္ပါပဲ ၊ ဇြဲလုံ႔လသာရွိရင္ ဘုရားသခင္ဆီကေန ေမွ်ာ္လင့္မထားတဲ့ ေကာင္းခ်ီးေတြ ဧကန္စင္စစ္ ေကာင္းႀကီးေပးခံရလိမ့္မယ္၊ ကြၽန္ေတာ္ကေတာ့ ငါးရက္တည္းနဲ႔ ႏွစ္သစ္ကူးကာလမွာ php 150,000 ရရွိခဲ့တယ္ဗ်ာ ” လို႔လည္း ေရးသားထားခဲ့ပါေသးတယ္။

Mia (KB Chimmy one)