ၾကားသိရသမွ်

တာဝါတိုင္ဓာတ္ႀကိဳးႏွင့္ မလြတ္ဟု ဆိုကာ ၁ နာရီအတြင္း ပစၥည္းသိမ္းခိုင္းၿပီး အိမ္ေျခ ၆၀ ဝန္းက်င္ ဘူဒိုဇာႏွင့္ ထိုးခ် ဖ်က္ဆီး

မႏၲေလး ရဲေဘာ္ကြက္သစ္ရပ္ကြက္တြင္ တာဝါတိုင္ဓာတ္ႀကိဳးႏွင့္ မလြတ္ဟု ဆိုကာ ၁ နာရီအတြင္း ပစၥည္းသိမ္းခိုင္းၿပီး အိမ္ေျခ ၆၀ ဝန္းက်င္ ဘူဒိုဇာႏွင့္ ထိုးခ် ဖ်က္ဆီး

ရန္ကုန္ ၊ ေဖေဖာ္ဝါရီ ၂၆

မႏၲေလးတိုင္း ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ ရဲေဘာ္ကြက္သစ္ရပ္ကြက္သို႔ ယေန႔ ေဖေဖာ္ဝါရီ ၂၆ ရက္ေန႔ နံနက္ ၁၀ နာရီခန႔္တြင္ အၾကမ္းဖက္ စစ္ေကာင္စီဝင္ စစ္သား၊ ရဲႏွင့္ စည္ပင္မ်ားက ဝင္ေရာက္ကာ

တာဝါတိုင္ ေအာက္ဘက္နားေရာက္ေနသည့္ ဂရံေပါက္ၿပီးသား လူေနအိမ္မ်ား အပါအဝင္ အိမ္ေျခ ၆၀ ဝန္းက်င္ကို ဘူဒိုဇာႏွင့္ ထိုးခ်ဖ်က္ဆီးသြားေၾကာင္း၊ အခ်ိဳ႕အိမ္မ်ားမွာ ပစၥည္းယူခ်ိန္မရဘဲ ဖ်က္ဆီးခံရေၾကာင္း ေဒသခံမ်ားက ရန္ကုန္ေခတ္သစ္သို႔ ေျပာၾကားသည္။

“ဓာတ္ႀကိဳးမလြတ္ဘူးဆိုၿပီး အခ်ိန္ ၁ နာရီအတြင္း ပစၥည္းသိမ္းၿပီး ဖယ္ခိုင္း၊ တစ္ခဏအတြင္း ဝင္ဖ်က္တယ္။ တခ်ိဳ႕ အိမ္တြင္ ဘာပစၥည္းမွ ယူခ်ိန္မရလိုက္ဘူး” ဟု အဆိုပါ ရပ္ကြက္အတြင္း ေနထိုင္သူ တစ္ဦးက ေျပာျပသည္။

ေနအိမ္ဖ်က္ဆီးခံရသူမ်ားတြင္ ဂရံေပါက္ၿပီးသား လူေနအိမ္မ်ား ပါဝင္ေနၿပီး က်ဴးေက်ာ္မ်ား မဟုတ္ေၾကာင္း၊ တာဝါတိုင္ႏွင့္ ေပ ၅၀ အကြာဆိုေသာ္လည္း ကြက္စိတ္တစ္ခုလုံးရွိ လူေနအိမ္မ်ားကို အကုန္ဖ်က္ဆီးသြားျခင္းျဖစ္ေၾကာင္း ရပ္ကြက္အတြင္းေနထိုင္သူမ်ားက ေျပာျပသည္။

“တာဝါတိုင္ေအာက္တည့္တည့္ ေပ ၅၀ အကြာက အိမ္ေတြ ဖ်က္တာ လက္ခံလို႔ ရေပမယ့္ ကြက္စိတ္တစ္ခုလုံးကို ပစၥည္းသယ္ခ်န္ ၁ နာရီပဲ ေပးၿပီး သယ္ခိုင္းတာက် ရက္စက္လြန္းတယ္ဗ်။ မနက္ျဖန္လည္း ထပ္ဖ်က္ဦးမယ္တဲ့ မၿပီးသြားဘူး။

ဓာတ္ပုံ႐ိုက္လို႔ဆိုၿပီး ေကာင္မေလးတစ္ေယာက္ ဖမ္းတယ္။ အေဖလုပ္တဲ့လူက သမီး႐ူးေနလို႔ပါဆိုၿပီး ဒူးေထာက္ေတာင္းပန္မွ လႊတ္ေပးပါတယ္ဗ်” ဟု အဆိုပါ ရပ္ကြက္အတြင္း ေနထိုင္သူမ်ားထံမွ သိရွိရသည္။.

မန္တလေး ရဲဘော်ကွက်သစ်ရပ်ကွက်တွင် တာဝါတိုင်ဓာတ်ကြိုးနှင့် မလွတ်ဟု ဆိုကာ ၁ နာရီအတွင်း ပစ္စည်းသိမ်းခိုင်းပြီး အိမ်ခြေ ၆၀ ဝန်းကျင် ဘူဒိုဇာနှင့် ထိုးချ ဖျက်ဆီး

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၆

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် ရဲဘော်ကွက်သစ်ရပ်ကွက်သို့ ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီဝင် စစ်သား၊ ရဲနှင့် စည်ပင်များက ဝင်ရောက်ကာ

တာဝါတိုင် အောက်ဘက်နားရောက်နေသည့် ဂရံပေါက်ပြီးသား လူနေအိမ်များ အပါအဝင် အိမ်ခြေ ၆၀ ဝန်းကျင်ကို ဘူဒိုဇာနှင့် ထိုးချဖျက်ဆီးသွားကြောင်း၊ အချို့အိမ်များမှာ ပစ္စည်းယူချိန်မရဘဲ ဖျက်ဆီးခံရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

“ဓာတ်ကြိုးမလွတ်ဘူးဆိုပြီး အချိန် ၁ နာရီအတွင်း ပစ္စည်းသိမ်းပြီး ဖယ်ခိုင်း၊ တစ်ခဏအတွင်း ဝင်ဖျက်တယ်။ တချို့ အိမ်တွင် ဘာပစ္စည်းမှ ယူချိန်မရလိုက်ဘူး” ဟု အဆိုပါ ရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦးက ပြောပြသည်။

နေအိမ်ဖျက်ဆီးခံရသူများတွင် ဂရံပေါက်ပြီးသား လူနေအိမ်များ ပါဝင်နေပြီး ကျူးကျော်များ မဟုတ်ကြောင်း၊ တာဝါတိုင်နှင့် ပေ ၅၀ အကွာဆိုသော်လည်း ကွက်စိတ်တစ်ခုလုံးရှိ လူနေအိမ်များကို အကုန်ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း ရပ်ကွက်အတွင်းနေထိုင်သူများက ပြောပြသည်။

“တာဝါတိုင်အောက်တည့်တည့် ပေ ၅၀ အကွာက အိမ်တွေ ဖျက်တာ လက်ခံလို့ ရပေမယ့် ကွက်စိတ်တစ်ခုလုံးကို ပစ္စည်းသယ်ချန် ၁ နာရီပဲ ပေးပြီး သယ်ခိုင်းတာကျ ရက်စက်လွန်းတယ်ဗျ။ မနက်ဖြန်လည်း ထပ်ဖျက်ဦးမယ်တဲ့ မပြီးသွားဘူး။

ဓာတ်ပုံရိုက်လို့ဆိုပြီး ကောင်မလေးတစ်ယောက် ဖမ်းတယ်။ အဖေလုပ်တဲ့လူက သမီးရူးနေလို့ပါဆိုပြီး ဒူးထောက်တောင်းပန်မှ လွှတ်ပေးပါတယ်ဗျ” ဟု အဆိုပါ ရပ်ကွက်အတွင်း နေထိုင်သူများထံမှ သိရှိရသည်။