ၾကားသိရသမွ်

အျမန္လမ္းက အလုပ္သမား (၁၀) ေယာက္ကို ပါလာတဲ့ လက္စြပ္ ၁၀ ကြင္းနဲ႔ ေငြ (၂) ေသာင္းစီလႉလိုက္တဲ့ ခ်ိန႔္ခ်ိန႔္သဲအလႉေတာ္ႀကီး

အမြန်လမ်းက အလုပ်သမား (၁၀) ယောက်ကို ပါလာတဲ့ လက်စွပ် ၁၀ ကွင်းနဲ့ ငွေ (၂) သောင်းစီလှူလိုက်တဲ့ ချိန့်ချိန့်သဲအလှူတော်ကြီး

အလှူရှင်ကြီးရဲ့ အလှူဒါနကို ယခုလို Facebook မှာ သာဓုခေါ်ဆိုနိုင်ရန် ရေးသားထားပါတယ်….ကဲ အမျိုးတို့ရေ့ းးးးးးးဒီတစ်ခါ အလှုခံပုဂ္ဂိုလ်တွေကတော့ မိုင်တိုင်အမှတ် 137 မိုင် 4 ဖာလုံ နားမှာ ကွက်တိတွေ့တာပါပဲ းးးးး

သူတို့လေးတွေကို အလုပ်သိမ်းလာချိန်လေး မှာ တိုက်ဆိုင်စွာ လှုခဲ့ရခြင်း ဟာလည်း ဆုတောင်းပြည့်တယ်ပဲပြောရမှာပေါ့လေ ပါလာတဲ့လက်စွပ်ပိစိလေးကလဲ ၁၀ ကွင်း လူကလဲ ၁၀ ယောက် ကွက်တိမှကွက်တိပါပဲလေ းးးးး

အမြဲလှုချင်တာနဲ့လှုရတဲ့ပစ္စည်းအရေတွက်အမြဲလိုလိုကွက်တိဖြစ်နေတတ်တာ သဒ္ဓါကိုနတ်တွေက သိပြီး ကွက်တိများလွှတ်လေရော့လားပေါ့လေ းးးးးး

ကလေးတွေကိုမေးကြည့်တော့လဲ ဂရုဏာသက်စရာပါပဲ တောထဲကြံသွားခုတ်ရတာတဲ့ တနေ့မှမိုးလင်းမိုးချုပ် ၄၀၀၀ တဲ့ တောထဲခြေလျင်သွားပြန် ၂နာရီခန့်လမ်းလျှောက်ကြရတယ်တဲ့ ဖိနပ်ပါသူပါ ခြေဗလာဖြစ်သူဖြစ် လေးတွေနဲ့တစ်ကယ့်ဘဝဆိုတဲ့ခရီးလမ်းခက်ခဲစွာ လျှောက်နေရသူလေးတွေပါပဲ လား းးးးး

မုန့်ဖိုးလေးတွေပေးမယ်ဆိုပြီး မုန့်ဖိုး ၂ သောင်းစီပေးတော့ မယုံနိုင်တဲ့မျက်လုံးလေးတွေနဲ့တစ်ယောက်တလှည့်စီကြည့်ရင်း အုပ်စုထဲက ကလေးတစ်ယောက်က အော်ပြောတယ်ဟေး းးးးဒို့တော့ ထီပေါက်တာပဲ ဟေ့တဲ့

ဟိုး တစ်လောက ကြားမိလိုက်တာ လမ်းခရီးသွားရင်း အံတီကြီး တစ်ယောက်က အကျီ င်္တွေမုန့်ဖိုးတွေ ဝေတယ် လို့ကြားဖူးတယ် ဒို့တော့ တွေ့ဖူးပါဘူး ဆိုပြီးပြောနေကြဘူးတာ ခု တော့ တစ်ကယ်ကြီးတွေ့ရပြီတဲ့ဟေ့ းးးးတဲ့ ပျော်နေကြတယ် ပျော်နေကြတယ် ကလေးတွေရယ် းးးးးး

ပြန်ခါနီးနှုတ်ဆက်တော့ ဆုတွေပေးပြီး အမေ့ကို ကန်တောနေကြတယ် သိတတ်သူလေးတွေ ကျန်းမာပါစေ ချမ်းသာပါစေ နောင်ဘဝတွေမှာ ခုလိုခက်ခဲပင်ပန်းစွာ ရှာဖွေစားသောက်ခြင်းမှကင်းဝေးပါစေ ချမ်းသာစွာ နေနိုင်စားနိုင်ကြပါစေ

ကျန်းမာကြပါစေလို့ ဆုတောင်းပေးရင်း ပျော်မဆုံး နှုတ်ဆက်မဆုံး အပျော်များစွာနဲ့သူတို့အိမ်ပြန်ခရီး လေး အပျော်တွေ ကူးရင်း တွေးရင်း းးးးးးးး ပံ့သကူအလှုလေး ဒီတစ်ခါ အောင်မြင်ပြန်ပါပြီထိုအလှူရှင်၏ အမည်မှာ ကိုမိုးနှင်း + မခင်မာဝင်း [ သား] မောင်ဉာဏ်ထက်အောင် A 1 – ရွှေဆိုင် မိသားစု

မီးခွက်ဈေး လို့ သိရပြီး။ ယခုလို မကြာခဏ လှူဒါန်းတတ်ပြီး ဘာသာတရားကိုင်းရှိုင်းကာ မရှိဆင်းရဲ သက်ကြီးရွယ်အိုများ ဘုန်းကြီးသံဃာများ နှင့် လိုအပ်တဲ့နေရာများကို လိုရင် လိုသလို လှူဒါန်းလေ့ရှိပါတယ်။

အခြားလှူဒါန်းခဲ့တဲ့နေရာများကို သာဓုခေါ်ဆိုနိုင်ရန် ပူတွဲဖော်ပြပေးလိုက်ပါတယ်။သာဓု သာဓု သာဓု

Credit:Myanmar Live

အျမန္လမ္းက အလုပ္သမား (၁၀) ေယာက္ကို ပါလာတဲ့ လက္စြပ္ ၁၀ ကြင္းနဲ႔ ေငြ (၂) ေသာင္းစီလႉလိုက္တဲ့ ခ်ိန႔္ခ်ိန႔္သဲအလႉေတာ္ႀကီး

အလႉရွင္ႀကီးရဲ႕ အလႉဒါနကို ယခုလို Facebook မွာ သာဓုေခၚဆိုႏိုင္ရန္ ေရးသားထားပါတယ္….ကဲ အမ်ိဳးတို႔ေရ႕ းးးးးးးဒီတစ္ခါ အလႈခံပုဂၢိဳလ္ေတြကေတာ့ မိုင္တိုင္အမွတ္ 137 မိုင္ 4 ဖာလုံ နားမွာ ကြက္တိေတြ႕တာပါပဲ းးးးး

သူတို႔ေလးေတြကို အလုပ္သိမ္းလာခ်ိန္ေလး မွာ တိုက္ဆိုင္စြာ လႈခဲ့ရျခင္း ဟာလည္း ဆုေတာင္းျပည့္တယ္ပဲေျပာရမွာေပါ့ေလ ပါလာတဲ့လက္စြပ္ပိစိေလးကလဲ ၁၀ ကြင္း လူကလဲ ၁၀ ေယာက္ ကြက္တိမွကြက္တိပါပဲေလ းးးးး

အၿမဲလႈခ်င္တာနဲ႔လႈရတဲ့ပစၥည္းအေရတြက္အၿမဲလိုလိုကြက္တိျဖစ္ေနတတ္တာ သဒၶါကိုနတ္ေတြက သိၿပီး ကြက္တိမ်ားလႊတ္ေလေရာ့လားေပါ့ေလ းးးးးး

ကေလးေတြကိုေမးၾကည့္ေတာ့လဲ ဂ႐ုဏာသက္စရာပါပဲ ေတာထဲႀကံသြားခုတ္ရတာတဲ့ တေန႔မွမိုးလင္းမိုးခ်ဳပ္ ၄၀၀၀ တဲ့ ေတာထဲေျခလ်င္သြားျပန္ ၂နာရီခန႔္လမ္းေလွ်ာက္ၾကရတယ္တဲ့ ဖိနပ္ပါသူပါ ေျခဗလာျဖစ္သူျဖစ္ ေလးေတြနဲ႔တစ္ကယ့္ဘဝဆိုတဲ့ခရီးလမ္းခက္ခဲစြာ ေလွ်ာက္ေနရသူေလးေတြပါပဲ လား းးးးး

မုန႔္ဖိုးေလးေတြေပးမယ္ဆိုၿပီး မုန႔္ဖိုး ၂ ေသာင္းစီေပးေတာ့ မယုံႏိုင္တဲ့မ်က္လုံးေလးေတြနဲ႔တစ္ေယာက္တလွည့္စီၾကည့္ရင္း အုပ္စုထဲက ကေလးတစ္ေယာက္က ေအာ္ေျပာတယ္ေဟး းးးးဒို႔ေတာ့ ထီေပါက္တာပဲ ေဟ့တဲ့

ဟိုး တစ္ေလာက ၾကားမိလိုက္တာ လမ္းခရီးသြားရင္း အံတီႀကီး တစ္ေယာက္က အက်ီ ေတၤြမုန႔္ဖိုးေတြ ေဝတယ္ လို႔ၾကားဖူးတယ္ ဒို႔ေတာ့ ေတြ႕ဖူးပါဘူး ဆိုၿပီးေျပာေနၾကဘူးတာ ခု ေတာ့ တစ္ကယ္ႀကီးေတြ႕ရၿပီတဲ့ေဟ့ းးးးတဲ့ ေပ်ာ္ေနၾကတယ္ ေပ်ာ္ေနၾကတယ္ ကေလးေတြရယ္ းးးးးး

ျပန္ခါနီးႏႈတ္ဆက္ေတာ့ ဆုေတြေပးၿပီး အေမ့ကို ကန္ေတာေနၾကတယ္ သိတတ္သူေလးေတြ က်န္းမာပါေစ ခ်မ္းသာပါေစ ေနာင္ဘဝေတြမွာ ခုလိုခက္ခဲပင္ပန္းစြာ ရွာေဖြစားေသာက္ျခင္းမွကင္းေဝးပါေစ ခ်မ္းသာစြာ ေနႏိုင္စားႏိုင္ၾကပါေစ

က်န္းမာၾကပါေစလို႔ ဆုေတာင္းေပးရင္း ေပ်ာ္မဆုံး ႏႈတ္ဆက္မဆုံး အေပ်ာ္မ်ားစြာနဲ႔သူတို႔အိမ္ျပန္ခရီး ေလး အေပ်ာ္ေတြ ကူးရင္း ေတြးရင္း းးးးးးးး ပံ့သကူအလႈေလး ဒီတစ္ခါ ေအာင္ျမင္ျပန္ပါၿပီထိုအလႉရွင္၏ အမည္မွာ ကိုမိုးႏွင္း + မခင္မာဝင္း [ သား] ေမာင္ဉာဏ္ထက္ေအာင္ A 1 – ေ႐ႊဆိုင္ မိသားစု

မီးခြက္ေဈး လို႔ သိရၿပီး။ ယခုလို မၾကာခဏ လႉဒါန္းတတ္ၿပီး ဘာသာတရားကိုင္းရႈိင္းကာ မရွိဆင္းရဲ သက္ႀကီး႐ြယ္အိုမ်ား ဘုန္းႀကီးသံဃာမ်ား ႏွင့္ လိုအပ္တဲ့ေနရာမ်ားကို လိုရင္ လိုသလို လႉဒါန္းေလ့ရွိပါတယ္။

အျခားလႉဒါန္းခဲ့တဲ့ေနရာမ်ားကို သာဓုေခၚဆိုႏိုင္ရန္ ပူတြဲေဖာ္ျပေပးလိုက္ပါတယ္။သာဓု သာဓု သာဓု

Credit:Myanmar Live