ၾကားသိရသမွ်

ပူတာအိုဒေသထွက် ကျောက်ဂျပိုးများ တစ်ပိသာ ၁၈၀၀၀၀ နှုန်းဖြင့် တရုတ်က ဝယ်ယူမှုကြောင့် ပိုက်စိတ်တိုက်ရှာဖွေသူ များပြားလာ

ကျောက်ကြမ်းပိုး” တစ်ပိသာ ၁၈၀၀၀၀ ကျပ်တဲ့

ကချင်ပြည်နယ် ပူတာအိုဒေသထွက် ကျောက်ဂျပိုး (ကြမ်းပိုး) ကောင်များကို တ ရုတ်နိုင်ငံက ဈေးကောင်းပေးဝယ်နေသဖြင့် ရှာဖွေသူ များပြားလျက်ရှိကြောင်း သတင်းရရှိသည်။

ယင်းဈေးကောင်းပေးဝယ်မှုကို လွန်ခဲ့သည့်နှစ် အနည်းငယ်တွင် တဖြည်းဖြည်း တွင်ကျယ်လာခြင်း ဖြစ်ပြီး ကျောက်ဂျပိုးများ ဖမ်းရလွယ်ကူသည့်

နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ မေလိခမြစ်ကမ်းနှင့် ကျောက်ခဲပေါများသည့် တခြားချောင်းကြီးများတွင် ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်ဂျပိုးကို ကျောက်တုံး၊ ကျောက်ခဲများ လှန်၍လည်းကောင်း၊ ညနေပိုင်းများတွင် ပိုက်စိပ်မယ်များဖြင့် လည်းကောင်း ဖမ်းယူနေကြခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်ဂျပိုးမှာ အကောင်အကြီးနှင့် အသေးမျိုးရှိရာတွင် အသေးမျိုးမှာ ဈေးပိုရကြောင်း၊ ဒေသခံများအတွက် ဝင်ငွေတစ်ခု ဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။

ပူတာအိုဒေသခံ ဦးအားဖုန်က “ကျွန်တော်တို့က အရင်က ဒီအကောင်ကို ငရုတ်သီးထောင်းစားတယ်။ အနံ့ပြင်းပြင်း ရှိတယ်။ အရသာက ပုရစ်ထက် အဆိမ့်ပိုတယ်။

အရှင်က အသေထက်ပိုပြီး အလေးချိန်ရှိတယ်။ တွေ့ရတာက နိုဝင်ဘာကနေ နွေဦးကာလအထိ တွေ့ရတယ်။

မတ်လကုန်ရင်တော့ ချောင်းရေတွေလည်း တက်ပြီ။ မိုးလည်း ရွာပြီဆိုတော့ မတွေ့ရတော့ဘူး” ဟု ပြောကြားသည်။

ယခင်ကာလများက ကျောက်ဂျပိုးကို မြစ်ဆုံဒေသဝန်းကျင်တွင် ပေါများစွာ တွေ့ခဲ့ရသော်လည်း ရွှေကျင်သည့် လုပ်ငန်းများ များစွာလုပ်ကိုင်ခဲ့ခြင်း၊

မြစ်ချောင်းအနီးတစ်ဝိုက် တောပြုန်းခြင်းများကြောင့် ကျောက်ဂျပိုးကောင်များ တွေ့ရှိမှု နည်းလာရကြောင်း သိရသည်။

သတ္တုတွင်းအလုပ်သမားများအတွက် အရမ်းကောင်းပြီး အကျိုးများရှိပါတယ်…

အဆိပ်အငွေ့ပြေဆေးပါ။ စားလို့ အရမ်းအရသာရှိပါတယ်…

မီးကင်ပြီးဖြစ်ဖြစ် ချက်ပြုတ်ပြီးဖြစ်ဖြစ် အစိမ်းပဲဖြစ်ဖြစ် ငရုပ်သီး ထောင်းစားလို့ရပါတယ်…

ကျောက်ဖရုံသီးဟင်းရည် ဝက်သားဟင်းချက်တွေမှာထည့်ရင်အရသာလဲရှိ အနံ့အမွှေးလဲကောင်း ဆေးလဲဖြစ်ပါတယ်နော် ။

သတိပြုရမှာက သူ့ရဲ့ဖင်ပေါက်ကနေပန်းထွက်လာတဲ့ အရည်ကို အရမ်း သတိထားရပါမယ်နော်…

မျက်စိထဲဝင်လို့မရဘူး…နော် မျက်စိကွယ်သွားနိုင်လို့ပါနော် ။

သတ္တုတွင်းကျင်း လုပ်သားများအတွက် အဆိပ်ပြေဆေးအဖြစ် စားသုံးပေးနေရလို့ ဈေးကောင်းပေး ဝယ်နေရတာပါ ။

Credit to Original Uploader

Zawgyi

ေက်ာက္ၾကမ္းပိုး” တစ္ပိသာ ၁၈၀၀၀၀ က်ပ္တဲ့

ကခ်င္ျပည္နယ္ ပူတာအိုေဒသထြက္ ေက်ာက္ဂ်ပိုး (ၾကမ္းပိုး) ေကာင္မ်ားကို တ ႐ုတ္ႏိုင္ငံက ေဈးေကာင္းေပးဝယ္ေနသျဖင့္ ရွာေဖြသူ မ်ားျပားလ်က္ရွိေၾကာင္း သတင္းရရွိသည္။

ယင္းေဈးေကာင္းေပးဝယ္မႈကို လြန္ခဲ့သည့္ႏွစ္ အနည္းငယ္တြင္ တျဖည္းျဖည္း တြင္က်ယ္လာျခင္းျဖစ္ၿပီး ေက်ာက္ဂ်ပိုးမ်ား ဖမ္းရလြယ္ကူသည့္

ႏိုဝင္ဘာလဆန္းပိုင္းမွ စတင္ကာ ေမလိချမစ္ကမ္းႏွင့္ ေက်ာက္ခဲေပါမ်ားသည့္ တျခားေခ်ာင္းႀကီးမ်ားတြင္ ဖမ္းဆီးေနျခင္းျဖစ္ေၾကာင္း သိရသည္။

ေက်ာက္ဂ်ပိုးကို ေက်ာက္တုံး၊ ေက်ာက္ခဲမ်ား လွန္၍လည္းေကာင္း၊ ညေနပိုင္းမ်ားတြင္ ပိုက္စိပ္မယ္မ်ားျဖင့္ လည္းေကာင္း ဖမ္းယူေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ေက်ာက္ဂ်ပိုးမွာ အေကာင္အႀကီးႏွင့္ အေသးမ်ိဳးရွိရာတြင္ အေသးမ်ိဳးမွာ ေဈးပိုရေၾကာင္း၊ေဒသခံမ်ားအတြက္ ဝင္ေငြတစ္ခု ျဖစ္ေနေၾကာင္း ေဒသခံမ်ားက ဆိုသည္။

ပူတာအိုေဒသခံ ဦးအားဖုန္က “ကြၽန္ေတာ္တို႔က အရင္က ဒီအေကာင္ကို င႐ုတ္သီးေထာင္းစားတယ္။ အနံ႔ျပင္းျပင္းရွိတယ္။ အရသာက ပုရစ္ထက္ အဆိမ့္ပိုတယ္။

အရွင္က အေသထက္ပိုၿပီး အေလးခ်ိန္ရွိတယ္။ ေတြ႕ရတာက ႏိုဝင္ဘာကေန ေႏြဦးကာလအထိ ေတြ႕ရတတ္။

မတ္လကုန္ရင္ေတာ့ ေခ်ာင္းေရေတြလည္း တက္ၿပီ။ မိုးလည္း ႐ြာၿပီဆိုေတာ့ မေတြရေတာ့ဘူး” ဟု ေျပာၾကားသည္။

ယခင္ကာလမ်ားက ေက်ာက္ဂ်ပိုးကို ျမစ္ဆုံေဒသဝန္းက်င္တြင္ ေပါမ်ားစြာ ေတြ႕ခဲ့ရေသာ္လည္း ေ႐ႊက်င္သည့္ လုပ္ငန္းမ်ား မ်ားစြာလုပ္ကိုင္ခဲ့ျခင္း၊

ျမစ္ေခ်ာင္းအနီးတစ္ဝိုက္ ေတာျပဳန္းျခင္းမ်ားေၾကာင့္ ေက်ာက္ဂ်ပိုးေကာင္မ်ား ေတြ႕ရွိမႈ နည္းလာရေၾကာင္း သိရသည္။

သတၱဳတြင္းအလုပ္သမားမ်ားအတြက္ အရမ္းေကာင္းၿပီး အက်ိဳးမ်ားရွိပါတယ္…

အဆိပ္အေငြ႕ေျပေဆးပါ။ စားလို႔ အရမ္းအရသာရွိပါတယ္…

မီးကင္ၿပီးျဖစ္ျဖစ္ ခ်က္ျပဳတ္ၿပီးျဖစ္ျဖစ္ အစိမ္းပဲျဖစ္ျဖစ္ငါး႐ုပ္သီးေထာင္းစားလို႔ရပါတယ္…

ေက်ာက္ဖ႐ုံသီးဟင္းရည္ ဝက္သားဟင္းခ်က္ေတြမွာထည့္ရင္အရသာလဲရွိ အနံ႔အေမႊးလဲေကာင္း ေဆးလဲျဖစ္ပါတယ္ေနာ္ ။

သတိျပဳရမွာက သူ႔ရဲ႕ဖင္ေပါက္ကေနပန္းထြက္လာတဲ့ အရည္ကိုအရမ္းသတိထားရပါမယ္ေနာ္…

မ်က္စိထဲဝင္လို႔မရဘူး…ေနာ္ မ်က္စိကြယ္သြားႏိုင္လို႔ပါေနာ္ ။

သတၱဳတြင္းက်င္းလုပ္သားမ်ားအတြက္ အဆိပ္ေျပေဆးအျဖစ္စားသုံးေပးေနရလို႔ ေဈးေကာင္းေပးဝယ္ေနရတာပါ ။

Credit to Original Uploader